ငလျင်ကြောင့် ပျက်စီးခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းမှ ဝန်ထမ်းအိမ်ရာများကို လာမည့် အောက်တိုဘာတွင် အပြီးဆောက်မည်

 172

စော (NP News) - ဖေ‌ဖော်ဝါရီလ ၄

ငလျင်ကြောင့်ပျက်စီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန် ထမ်းအိမ်ရာအသစ်များကို လာမည့်အောက်တို ဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း Myanmar Developer Association မှ ဥက္ကဋ္ဌ ဦးသန်းနိုင်က NP News သို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ ဝန်ထမ်းအိမ်ရာ (၂၆)လုံး၏ Infrastructure လုပ်ငန်းများအတွက် မကြာသေးခင်အချိန်က မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေး တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
" ဒီနှစ်အောက်တိုဘာ အပြီး ဆောက် သွားမှာ။ အခုကတော့ Foundation ပဲ ရှိသေးတာ။ ရာခိုင်နှုန်းနဲ့တော့ ပြောလို့မရသေးဘူး။ Foundation ထဲမှာလုပ်တုန်းပဲရှိသေးတာဆိုတော့။ တချို့ဟာက ငလျင်ကြောင့် အဆောက်အအုံတွေက ပြိုပျက်သွား တာရှိတယ်။ အဲဒီအတွက် ဝန်ထမ်းတွေကို ပြန်ပေးဖို့ ပြန်ဆောက်တာ။ စစ်ကိုင်းမှာလည်း (၇)လုံး။ စစ်ကိုင်း ကလည်း နိုင်ငံ့ဝန်ထမ်းအိမ်ရာပဲ။ သူတို့က တစ်ခါတည်း သွားတာဆိုတော့ အတူတူပဲ။ နေပြည်တော်လည်း အတူတူပဲ One Package နဲ့လာတာဆိုတော့" ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ အထပ်မြင့် (၇)လုံး တည်ဆောက်ရေးအတွက် ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေမှ လွှတ်တော်အဆောက်အအုံများအား ပြန်လည် ပြင်ဆင်နေခြင်းကို လာမည့် ဖေဖော်ဝါလ (၁၅) ရက် တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ဆည်မြောင်း တာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေး ကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံနှင့် အလုပ်ရုံ၊ ရုံးအဆောက်အအုံစသည့် အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှုမှာ ငွေကျပ် (၄၇၇၉) ဘီလျံကျော်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်၏အချက်အလက်များအရ သိရသည်။
ထို့ပြင် လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ် ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစာသင် ကျောင်းများ၊ ဆေးရုံနှင့် ဆေးခန်းများ၊ စိုက်ပျိုးသီးနှံ များအစရှိသည့် ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ် ဘီလျံ (၃၂၀ဝ)ကျော် ဖြစ်သည့်အတွက် စုစုပေါင်း ဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလျံ (၇၉၇၉)ကျော် အမေရိကန်ဒေါ်လာသန်း (၃၈၀ဝ) ခန့် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ မႏၲေလးႏွင့္ စစ္ကိုင္းမွ ဝန္ထမ္းအိမ္ရာမ်ားကို လာမည့္ ေအာက္တိုဘာ တြင္ အၿပီးေဆာက္မည္
ေစာ (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

ငလ်င္ေၾကာင့္ပ်က္စီးခဲ့သည့္ မႏၲေလး တိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔မွ ဝန္ ထမ္းအိမ္ရာအသစ္မ်ားကို လာမည့္ေအာက္တို ဘာလတြင္ အၿပီးတည္ေဆာက္သြားမည္ျဖစ္ ေၾကာင္း Myanmar Developer Association မွ ဥကၠ႒ ဦးသန္းႏိုင္က NP News သို႔ ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးရွိ ဝန္ထမ္းအိမ္ရာ (၂၆)လုံး၏ Infrastructure လုပ္ငန္းမ်ားအတြက္ မၾကာေသးခင္အခ်ိန္က မႏၲေလးတိုင္းေဒသႀကီး၊ ၿမိဳ႕ျပႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာန႐ုံး အစည္းအေဝး တြင္ က်င္းပေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
" ဒီႏွစ္ေအာက္တိုဘာ အၿပီး ေဆာက္ သြားမွာ။ အခုကေတာ့ Foundation ပဲ ရွိေသးတာ။ ရာခိုင္ႏႈန္းနဲ႔ေတာ့ ေျပာလို႔မရေသးဘူး။ Foundation ထဲမွာလုပ္တုန္းပဲရွိေသးတာဆိုေတာ့။ တခ်ိဳ႕ဟာက ငလ်င္ေၾကာင့္ အေဆာက္အအုံေတြက ၿပိဳပ်က္သြား တာရွိတယ္။ အဲဒီအတြက္ ဝန္ထမ္းေတြကို ျပန္ေပးဖို႔ ျပန္ေဆာက္တာ။ စစ္ကိုင္းမွာလည္း (၇)လုံး။ စစ္ကိုင္း ကလည္း ႏိုင္ငံ့ဝန္ထမ္းအိမ္ရာပဲ။ သူတို႔က တစ္ခါတည္း သြားတာဆိုေတာ့ အတူတူပဲ။ ေနျပည္ေတာ္လည္း အတူတူပဲ One Package နဲ႔လာတာဆိုေတာ့" ဟု ၎ကေျပာသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္လည္း ဝန္ထမ္းမ်ားအတြက္ ဝန္ထမ္းအိမ္ရာ အထပ္ျမင့္ (၇)လုံး တည္ေဆာက္ေရးအတြက္ ကြင္းဆင္းမႈမ်ား ေဆာင္႐ြက္ခဲ့ၾကေၾကာင္းသိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ ပ်က္စီးခဲ့ရသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ လႊတ္ေတာ္အေဆာက္အအုံမ်ားအား ျပန္လည္ ျပင္ဆင္ေနျခင္းကို လာမည့္ ေဖေဖာ္ဝါလ (၁၅) ရက္ တြင္ ရာႏႈန္းျပည့္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ဆည္ေျမာင္း တာတမံ၊ လမ္းတံတား၊ ပညာေရးက႑၊ က်န္းမာေရး က႑၊ ရထားပို႔ေဆာင္ေရးက႑၊ လွ်ပ္စစ္က႑၊ စြမ္းအင္က႑၊ ဆက္သြယ္ေရးက႑၊ သာသနာေရး က႑၊ ယဥ္ေက်းမႈက႑၊ အစိုးရစက္႐ုံႏွင့္ အလုပ္႐ုံ၊ ႐ုံးအေဆာက္အအုံစသည့္ အစိုးရက႑ပ်က္စီး ဆုံးရႈံးမႈမွာ ေငြက်ပ္ (၄၇၇၉) ဘီလ်ံေက်ာ္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ မရွင္၏အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ လူေနအိမ္၊ ပုဂၢလိကစက္႐ုံ အလုပ္ ႐ုံ၊ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ား၊ ပုဂၢလိကစာသင္ ေက်ာင္းမ်ား၊ ေဆး႐ုံႏွင့္ ေဆးခန္းမ်ား၊ စိုက္ပ်ိဳးသီးႏွံ မ်ားအစရွိသည့္ ပုဂၢလိကက႑ဆုံးရႈံးမႈမွာ ေငြက်ပ္ ဘီလ်ံ (၃၂၀ဝ)ေက်ာ္ ျဖစ္သည့္အတြက္ စုစုေပါင္း ဆုံးရႈံးမႈမွာ ျမန္မာက်ပ္ေငြဘီလ်ံ (၇၉၇၉)ေက်ာ္ အေမရိကန္ေဒၚလာသန္း (၃၈၀ဝ) ခန႔္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.