" တစ်နှစ် ကို လူ (၆၀ဝဝဝ) လောက် စစ်မှုထမ်းဖို့ကိစ္စကြောင့် လူသိန်းချီ ပြည်ပထွက်ပြေးနေတာ တိုင်းပြည် ပိုမနစ်နာဘူးလား .... " (သီးသန့် အင်တာဗျူး)

 1001

စော (NP News) - ဖေ‌ဖော်ဝါရီလ ၄

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံသို့ လုပ်သားများကိုအကန့်အသတ်ဖြင့် အခြားနိုင်ငံများသို့ စေလွှတ်ခြင်းထက် ဂျပန်နိုင်ငံသို့စေလွှတ်ခြင်းက ပိုမိုကောင်းမွန်သည့်အတွက် အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်းနှင့် ဂျပန်နိုင်ငံသို့ တရားဝင်လုပ်သား လွယ်ကူစွာစေလွှတ်ခွင့်ပြုလိုက်ပါက ပြည်တွင်း၌ လိုအပ်နေသော လုပ်သားရှားပါးမှုကိုလည်းဖြေရှင်းနိုင်ပြီး ဝင်ငွေနည်းနိုင်ငံခြားတိုင်းပြည်များသို့ လူငယ်များ တရားမဝင်ထွက်ခွာနေမှုကိုလည်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် အကြံပြုဆွေးနွေးထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး။ အခုတစ်လောပွဲဆူနေတဲ့ ပြည်ပအလုပ်သမား ပို့တဲ့ကိစ္စမှာ ဂျပန်လုပ်သားလွှတ်တာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ ဂျပန်အလုပ်သမားပို့တဲ့ကိစ္စက ဘယ်လိုဖြစ်လဲ ဆိုတော့ တော်တော်များများပေါ့နော်။ အခု(၈)လ ပိုင်းအလယ်လောက်ကလူတွေကစပြီးတော့ အခု ထက်ထိပေါ့။ ဗီဇာတွေကျထားပြီး ဃဥန တွေကျထား ပြီးတော့ မထွက်ရ‌သေးတဲ့ တန်းစီနေတာတွေ အများ ကြီးဖြစ်နေတယ်။ အများကြီးဖြစ်နေတဲ့အခါကျတော့ အခု ဂျပန်ကလည်း ဈေးကွက်က လာမယ့်နှစ်နှစ်အ တွင်းမှာ အလုပ်သမားတွေ (၁.၂၅)သန်းလောက်ကို အလုပ်သမားခေါ်မယ်လုပ်ထားတယ်။ သူက မြန်မာ ပြည်ကအလုပ်သမားတွေကိုလည်း သူကကြိုက် တယ်။ အဲဒီလိုပေါ့။ ကျန်တဲ့လူမျိုးတွေကျတော့လည်း ခေါ်ဖို့က ဓလေ့စရိုက်က တော်တော်လေးကွာနေတဲ့ အခါကျတော့ သူတို့တွေက တခြားနိုင်ငံကခေါ်ဖို့ကျ တော့ နည်းနည်းစဉ်းစားနေကြတယ်။ သိပ်ပြီးတော့ မခေါ်ချင်ကြဘူး။ အဲဒီတော့ မြန်မာတွေခေါ်ဖို့ကျတော့ လည်း ဒီဘက်က စစ်မှုမထမ်းမနေရဥပဒေရှိတဲ့အ တွက်ကြောင့် ယောကျာ်းလေးက အသက်(၃၅)နှစ် အထက်မှလွှတ်ရမယ်ဆိုရင် ဒီဘက်က (၃၅)နှစ်အ ထက်ဆိုရင် ဂျပန်ဘက်ကလည်း အလုပ်ခိုင်းဖို့ အဆင်မပြေဘူး။ အဲဒီလိုအခြေအနေလေးတွေဖြစ် နေတယ်။
မေး။ သွားဖို့မလွယ်တော့ ကလေးတွေက ဘယ်လို တွေလုပ်လာကြလဲ။
ဖြေ။ ဒီဟာကို ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် အဲဒီလို အခက်အခဲတွေဖြစ်တဲ့အတွက် တာချီလိတ်ကနေ ထွက်တယ်တို့၊ အလိမ်ခံရတယ်တို့ဆိုတဲ့ ပြဿနာတွေ ဖြစ်လာပေါ့။ အဲဒါကို ပြုပြင်ပြောင်းလဲမယ့်စနစ်လေး လုပ်ရင်တော့ ပိုသင့်တော်မယ်လို့ထင်တယ်။ ဥပမာ စစ်မှုမထမ်းမနေရဆိုတာက နှစ်နှစ်လောက်ရှိပြီပေါ့။ နှစ်နှစ်လောက်မှာမှ သိန်းဂဏန်းလောက်ပဲရှိတာ။ တစ်ခါခေါ်ရင် လူ (၅၀ဝဝ)၊ (၆၀ဝဝ)လောက်ပဲရှိ တယ်။ တစ်နှစ်မှ ဘယ်လောက်မှမရှိဘူး။ အဲဒီလောက် လူလေးအတွက်ကို လူတွေ သန်းချီပြီးတော့ ထိုင်းတို့၊ မလေးရှားတို့လို အမြန်ထွက်လို့ရတဲ့နိုင်ငံလေးတွေကို အကုန်ခိုးထွက်နေကြတယ်။ ဥပမာ ဗီဇာလွယ်တဲ့ လာအိုတို့ ကမ္ဘောဒီးယားတို့ကိုသွားနေတာအများကြီး ပဲ။ အဲဒီလိုသွားနေတဲ့အခါကျတော့ အဲဒီနိုင်ငံလေး တွေရဲ့လစာနဲ့ပြန်တွက်ရင် အဲဒီလစာက ဘာမှမဟုတ် ဘူး။ ဘာမှမဟုတ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က လည်း စိုးရိမ်တာက ဒီစစ်မှုမထမ်းမနေရတစ်ခုပဲ မဟုတ်ဘဲနဲ့ ပြည်တွင်းမှာ အလုပ်သမားရှားပါးတယ် ဆိုတဲ့ ပြဿနာတစ်ခုကလည်းရှိနေတယ်။ အဲဒီတော့ သူတို့က စစ်မှုမထမ်းမနေရဆိုတာကို ခေါ်ရင် ဥပမာ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အထိခေါ်တာမ လား။ ခေါ်တာဆိုတော့ ဥပမာ အသက် (၁၈)နှစ်က နေပြီးတော့ (၂၁)လောက်ဆိုလည်း (၂)နှစ်လောက် ထမ်းဆောင်ပြီးရင် ပြီးတယ်။ အဲဒီလိုမျိုးဆို ပြီးသွား မှာ။ အဲဒီနောက်ပိုင်းဟာကို ခေါ်ရင်လည်းရတယ်။ ဒါတွေက သူ့ရပ်ကွက်အလိုက် လျာထားလိုက်ရင်ရ တယ်။ အဲဒါမှမဟုတ်ရင်လည်း အသက်(၂၆)နှစ် လောက်ကနေစပြီး (၂၇)၊ (၂၈) အသက်ပြည့်နေတဲ့ လူတွေ ဒါမှမဟုတ် (၂၇)လောက်ကစပြီးတော့ (၃၄) ပေါ့။ (၂)နှစ်ပဲထမ်းရမှာကို အသက် (၃၀)လောက်က စပြီးတော့ပဲဖြစ်ဖြစ် အဲဒီလူဦးရေလောက်ကို (၁)နှစ် အတွက်ကို သူတို့ လျာထားလိုက်ရင်မရဘူးလား။ (၁)နှစ်ကို ဥပမာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွားတဲ့အတွက် မြို့နယ်တစ်ခုဆို လူဦးရေက ဘယ် လောက်မှမရှိဘူးလေ။ အဲဒါက စာရင်းနဲ့လုပ်ပြီးတော့ လျာလိုက်လို့ရတာပဲ။ သိတယ်မလား။ (၂)နှစ်ဆို (၂)နှစ်၊ အဲဒီလိုလျာလိုက်ရင် ကျန်တဲ့လူတွေက အရန် (၁၀)ရာခိုင်နှုန်း အပိုဆောင်းထားပြီးတော့ ဘယ်လူ စာရင်းကိုကြိုလုပ်ပါ။ ကြိုလုပ်ပြီးတော့ အဲဒီလူတွေ ရှိ မရှိကြည့်ထား။ ကြည့်ထားပြီးတော့ သူတို့ စစ်မှုထမ်း လျာထားလိုက်လို့ရတယ်။ ကျန်တဲ့လူ တွေကိုပေးထွက်လိုက်။ အဲဒီထဲမှာမပါတဲ့လူတွေဆိုရင် တစ်နှစ်စာလျာမလား လူ(၆)သောင်း။ လူ(၆)သောင်း ဆိုဘယ်လောက်မှမဟုတ်ဘူး။ မြို့နယ်တစ်ခုနဲ့ ခွဲတမ်းကို တစ်ခါတည်းလျာထားလိုက်။ လျာထား လိုက်ရင် ဘယ်လိုဖြစ်မလဲဆိုရင် ကျန်တဲ့လူတွေက အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်သွားလို့ရ တယ်။ အဲဒါဆိုရင် အဲဒီအသက်အရွယ်နဲ့ညီတဲ့ ကျန်တဲ့လူတွေက တခြားနိုင်ငံလေးတွေမှာ ရောက် နေတယ်။ ဂျပန်လိုနိုင်ငံမျိုး ထွက်လို့ရမယ်ဆိုရင် အများစုကပြန်လာကြမှာပဲ။ ဟိုနိုင်ငံမှာ မစို့မပို့လစာနဲ့ ဒုက္ခရောက်နေကြမယ့်အတူတူ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ အဲဒီဟာမျိုးကို အကျိုးရှိအောင် ဒီလူတွေကိုပြန်ခေါ်လိုက်။ ဒီနိုင်ငံလေးတွေမှာ ရောက်နေတဲ့လူတွေက တကယ်သာ ဂျပန်ကို တရား ဝင် သင်တန်းကျောင်း (၆)လလောက် တက်ပြီးသွားလို့ရတယ်ဆိုရင်ပြန်လာကြမှာအကုန်လုံး။ ဒါတွေက လည်း လုံးဝငြင်းလို့ရတဲ့အရာမဟုတ်ဘူး။
မေး။ ပြည်သူ့စစ်မှုထမ်းခေါ်တဲ့စနစ်ကို ပြန်လည်ပြင် ဆင်ရမှာပေါ့၊ ဒီလိုလား။
ဖြေ။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှုမထမ်းမနေရမှာ ဘယ်ဟာစာရင်းအတိအကျပေါ့။ လုပ်မယ် ဥပမာ ငယ်တဲ့လူတွေက ပြန်လာလည်းလုပ်လို့ရတယ် ဟုတ် တယ်မလား။ ဂျပန်ဆိုရင်(၅)နှစ်ပဲ။ တချို့ဆို (၃)နှစ်ပဲ ပေးမှာ။ (၃)နှစ်ပြီးရင် အရင်လို နိုင်ငံရေးလျှောက်ပြီး နေဖို့မလွယ်တော့ဘူး။ ဂျပန်အစိုးရရဲ့ပေါ်လစီတွေ ပြောင်းလာပြီ။ ဥပမာ အလုပ်နဲ့သွားမယ်ဆိုလည်း (၅)နှစ်အများဆုံးပဲ။ ပြီးရင် ပြန်ကိုပြန်လာရတော့မှာ ထပ် ကိုမထားတော့ဘူး။ ဘာလို့ဆို ဏျွ ပေးရမှာရှိတဲ့အ တွက် မပေးတော့ဘူးလေ။ အဲဒီလူတွေ အကုန်ပြန်လာ ရမယ်။ ပထမဦးဆုံး ဒီဝန်ကြီးချုပ်မပြောင်းခင် စနစ် ဆိုရင်တော့ ပုံစံမျိုးစုံနဲ့နေလို့ရတဲ့အတွက် သူတို့စိုးရိမ် တာ လက်ခံလို့ရတယ်။ အဲဒီလိုမဟုတ်တော့ဘူး ဟိုဘက်ကလည်း ပေါ်လစီကပြောင်းနေပြီ။ အစိုးရ သစ်က ဂျပန်မှာလည်းပြောင်းပြီဆိုတော့ ဒီဘက်က လည်း အလိုက်သင့်ပြန်ပြောင်းသင့်တယ်။ ဘာလို့ဆို ဒီဟာက ဈေးကွက်စီးပွားရေးစနစ်ကိုသွားတာဖြစ် တဲ့အတွက် ဒီနိုင်ငံသားကိုကြိုက်ပေမယ့် ခေါ်မရရင် နောက်နိုင်ငံတွေရှာပြီးတော့ ဈေးကွက်ကိုလုသွားမှာ ပဲ၊ ဈေးကွက်ကဝင်သွားမှာပဲ။ ဝင်သွားမှာဆိုတော့ အ ချိန်မီလုပ်ဖို့လိုတယ် ပြုပြင်ပြောင်းလဲရေးက။
မေး။ လုပ်လို့ရနေတဲ့ကိစ္စတစ်ခုမှာ ဘယ်ဟာတွေက ခက်ခဲနေကြတာလဲ။
ခက်နေတာအများစုက တွေ့တဲ့အချိန်မှာ ဘာ လဲဆိုတော့ အားလုံးကိုလေ့လာကြည့်တဲ့အချိန်မှာ ဝန်ကြီးတွေက အသစ်တွေအသစ်တွေချိန်းပြီးတော့ အဲဒီလောက်မဟုတ်ဘူး။ ဒါပေမဲ့ အလုပ်သမားဝန်ကြီး ဌာနရဲ့ ဗျူရိုကရေစီယန္တရားကြီးက ပြုပြင်ရမယ့်အဆင့် ကိုဖြစ်နေတယ်။ အခုအခက်အခဲတွေ့နေတဲ့ဟာမှာ လည်း အဂတိတွေရှိနေတယ်လို့ကြားနေရတယ်။ ဟုတ်၊ မဟုတ်တော့မသိဘူး။ ဒါက နိုင်ငံတော်က ဖော် ထုတ်မှရမယ့်ဟာတွေ။ ဥပမာ ဒီလိုတန်းစီနေရတယ် ထွက်လို့မရဘူး ဂျပန်ဆို သိန်း(၁၀ဝ)ပေးရတယ်ဆို တဲ့သတင်းအပြင်မှာ ကောလာဟလလည်း ဟုတ်ချင် ဟုတ်မယ်။ သတင်းတွေထွက်နေတယ်။ သတင်းတွေ ထွက်နေတော့ အဲဒါတွေကို အစိုးရအနေနဲ့ အမြန်စိ စစ်သင့်တယ်။ ကိုယ့်ဆီကလူက ဗီဇာကျထားတယ်။ COE တွေ။ COE ရဲ့သက်တမ်းက ရက်(၉၀)ပဲရှိ တာ။ ဂျပန်အစိုးရက ထပ်တိုးပေးလည်း အလွန်ဆုံး ရက်(၉၀)ပဲဖြစ်မယ်။ အဲဒီ COE ကျပြီးသားလူ မသွားရဘူးဆိုရင် ကိုယ့်ဆီကလူ အရမ်းနစ်နာတယ်။ ဒါ ဗီဇာကျပြီးသွားပြီ။ ဗီဇာကျပြီးသားလူက COE ကျပြီး မသွားရရင် နောက်တစ်ကြိမ်ပြန်လျှောက်ရင် ရဖို့ဆိုတာ ခက်သွားပြီ။ ကိုယ့်လူမျိုးတွေပဲ နစ်နာနေ တာ။ ဥပမာ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ အလည်စာအုပ်တွေနဲ့ PV နဲ့သွားတာပဲဖြစ်ဖြစ်၊ ထိုင်းကိုသွားတာပဲဖြစ်ဖြစ်၊ နောက်တစ်ခါကျတော့ တာချီလိတ်ကနေ ခိုးထွက်တာပဲဖြစ်ဖြစ် ခိုးထွက်ရင် ဟိုနိုင်ငံတွေမှာ ကျောင်း(၆)လဗီဇာဆိုတာ လျှောက် လို့လွယ်တယ်။ ထိုင်းတို့၊ လာအိုတို့မှာ ‌ကျောင်း(၆)လဗီဇာလျှောက်လိုက်ရင် သူတို့အတွက် ကုန်ကျစ ရိတ်တွေထပ်ဖြစ်လာတယ်။ ဒီကနေတာချီလိတ်သွား တဲ့ဈေးကလည်းမသေးဘူး။ ကိုယ့်နိုင်ငံသားတွေပဲ အဓိကဝန်ထုပ်ဝန်ပိုးတွေဖြစ်ပြီး ဒုက္ခရောက်နေတယ်။ ထိုင်းတို့ကကြိုက်တယ်။ ကိုယ့်ဆီကသွားရင် ကျောင်း နဲ့လာတယ်။ (၆)လတက်ရမယ်ဆိုရင် သူတို့က(၆)လ ဗီဇာပေးထားမယ့်အချိန်မှာ ဂျပန်စာကျောင်းတွေနဲ့ Join ပြီးတော့ အဲဒီကနေတစ်ဆင့်သွားတာတွေလည်း ရှိတယ်။ ဟိုဘက်နိုင်ငံတွေက ဂျပန်ကိုသွားနေကြတာ ရှိတယ်။ အဲဒီအခါမှာ ဝန်ဆောင်ခက အစိုးရ ထိန်းလို့ မရတော့ဘူး။ ဒီကနေ ထရိန်နင်နဲ့သွားရင် ဝန်ဆောင် ခ(၂၈၀ဝ)၊ အလုပ်နဲ့သွားရင်(၁၅၀ဝ)။ ဒါက အစိုးရ ကထိန်းချုပ်ထားလို့ရတယ်။ အဲဒီတော့ ကလေးတွေ ကသက်သာတယ်။ ဟိုဘက်ကိုရောက်သွားတဲ့အချိန် မှာ ထိုင်းကိုသွားပြီး (၆)လ ကျောင်းတက်ရမယ့်ဈေးရှိ တယ်။ (၆)လကျောင်းတက်နေတဲ့အချိန်အတွင်း ထိုင်းက ဒီလူတွေကို Part-time အလုပ်တွေပေး ထားတယ်။ အခုနောက်ပိုင်းမှာ Part-time အလုပ် တွေကလည်း လူမလိုတဲ့အခါကျတော့ ကလေးတွေက မဟုတ်တဲ့နေရာရောက်ကုန်ကြတာတွေ အများကြီး ဖြစ်နေတယ်။ အဲဒီ ထိုင်းမှာလည်း။ ကလေးတွေ နစ်နာတယ်။ တာချီလိတ်က ခိုးဝင်သွားတဲ့လူတွေကျ တော့လည်းအဲဒီအတိုင်းပဲ။ တာချီလိတ်ကနေဝင်လိုက် တယ်။ ဗီဇာ တစ်ပတ်ပေးလိုက်တယ်။ ပြီးရင် အစော ကပြောတဲ့ ဂျပန်စာကျောင်းတက်နေတဲ့၊ ဘာကျောင်း တက်တယ်တို့ အဲဒီဗီဇာပေးလိုက်တယ်။ အဲဒီဗီဇာအ ပေါ်မှာလည်း ကုန်ကျမှုရှိတယ်။ ပြီးတဲ့အခါကျတော့ ဂျပန်စာကျောင်းတက်တယ်။ ဒီဘက်မှာ သင်သွားတဲ့ အပြင်ကို ဟိုဘက်မှာထပ်တက်ရတယ်။ တက်ပြီးတော့ မှ အဲဒီကြားမှာ ဗီဇာပရိုစီဂျာကို ဂျပန်နဲ့လှမ်း Join ပြီး လုပ်ကြတယ်။ လုပ်ကြပြီးတော့ အဲဒီကလေးတွေက ဂျပန်ရောက်သွားတယ်။ စာအုပ်တွေက PV တွေနဲ့ ရောက်သွားတာရှိတယ်။ PJ တွေနဲ့ရောက်သွားတာ တွေရှိတယ်။
မေး။ ဒီလိုမျိုးနဲ့ ဂျပန်ရောက်သွားတော့ ကလေးတွေ ဟိုမှာ ဘယ်လိုတွေဆက်ဖြစ်ကြလဲ။
ဖြေ။ အဲဒီလူတွေက ဂျပန်ရောက်သွားပြီဆိုကြပါစို့။ Passport သက်တမ်းကုန်သွားရင် PV ကနေ PJ လည်းချိန်းလို့မရဘူး။ PV လည်းသက်တမ်းတိုးလို့မရ ဘူး အလုပ်လုပ်နေရင်။ နောက်တစ်ခါကျတော့ PJ နဲ့သွားရင်လည်း တရားဝင်ထွက်လာတာမဟုတ်တဲ့ အတွက် သံရုံးက OWIC ကတ်မပြနိုင်ရင် သက် တမ်းမတိုးပေးဘူး။ ဟိုဘက်မှာရှိတဲ့ ဂျပန်သံရုံးအနေနဲ့ ဒါတွေက ဘယ်လိုပြောမလဲ စီမံခန့်ခွဲမှုအရမ်းခက် လာပြီးတော့ နောက်ဆုံး ကိုယ့်ကလေးတွေပဲနစ်နာ တာ။ ကလေးတစ်ယောက်က ဒီကသွားရင် ဒေါ်လာ (၂၈၀ဝ)။ Plus ပေါင်းရင် သိန်း(၁၀ဝ)လောက်နဲ့ တစ်ဆင့်ခံပြီးသွားရင် သိန်း(၂၀ဝ)၊ (၃၀ဝ) အနည်း ဆုံးကုန်သွားမှာ။ ကုန်သွားပြီးတော့ အကျိုးအမြတ် ဖြစ်သွားတာက ထိုင်းကဖြစ်သွားလိမ့်မယ်။ နောက်ဆုံး ဒီကလေးတွေက ဟိုဘက်ရောက်သွားပြီးတော့ ငွေ လည်း တရားဝင်လမ်းကြောင်းက ပြန်လွှဲဖို့လုပ်မှာ မဟုတ်ဘူး။ ဒီကလေးတွေနဲ့ နိုင်ငံတော်ပဲ နစ်နာနေ တာ။ ဒါနဲ့ အဲဒါတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆိုတာက ဝန်ကြီးဌာနမှာရှိတဲ့ ဗျူရိုကရေစီယန္တရားကို မပြုပြင်လို့မရဘူးဖြစ်နေတယ်။ မြင်ရတဲ့အမြင်က။ အဲဒီတော့ ရုရှားတောင်မှ အသက်ကန့်သတ်ချက်မရှိဘဲ လွှတ်ပေးနေတယ်။ အဲဒီလိုပဲ ဂျပန်နိုင်ငံကိုကော လွှတ်ပေးလို့မရနိုင်ဘူးလား ရုရှားလိုမျိုးစဉ်းစားပြီး တော့။ ဥပမာ ယောကျာ်းလေးတွေကို စစ်မှုမထမ်းမ နေရဆိုတာကို ခဏထားဖယ်ထားပြီးတော့ စောနက ပြောတဲ့စနစ်နဲ့ စစ်မှုမထမ်းမနေရစနစ်နဲ့ အဲဒီဟာကို Management လုပ်လိုက်။ လုပ်လိုက်ပြီးတော့ ဘယ်အသက်နဲ့ဘယ်အသက် ယောကျာ်းလေး ထွက် လို့မရဘူး။ သူတို့လျာလိုက်ရင် ကျန်တဲ့လူတွေက ပို နေတာလေ သိတယ်မလား။ တစ်နှစ်ကို လူ(၆)သောင်းလောက်စစ်မှုထမ်းဖို့ကိစ္စကြောင့် လူတွေ သိန်းချီပြီးတော့ ထွက်ပြေးနေတာ ပိုမနစ်နာဘူး လား။ အဲဒီလူတွေက စာရင်းမှာအကုန်ပါလားဆိုတော့ ပါတဲ့ လူတွေလည်းမဟုတ်ဘူး။ ကြောက်လို့ မူဝါဒမရှိတဲ့အ တွက်ကြောင့် ပါနိုး၊ ပါနိုးနဲ့ အကုန်ထွက်ပြေးနေကြတာ။ အဲဒီတော့ စောနကပြောသလို အသက်တစ်ခုကို ဖြတ်လိုက်။ (၃၂)ကနေပြီးတော့ စခေါ်မယ်။ (၃၂)ကနေစစ်မှုထမ်းမနေရ ခေါ်လိုက်ရင် နှစ်နှစ် ထမ်းပြီး (၃၄)ကွက်တိပဲ။ အဲဒီလိုလူတွေစာရင်းက ဥပမာ တစ်မြို့နယ်ဘယ်လောက်ဆိုရင် မြို့နယ်မှာစာရင်း ဆွဲပြီးတော့ တစ်ခါတည်းလျာပြီးတော့ အဲဒီလူတွေ ခေါ်ပြီးတော့ စောစောစီစီးခေါ်ပြီး အသိပေး ဘယ်မှာမသွားလက်မှတ်ထိုး မိသားစုတွေကို ခံဝန် ချုပ်ချုပ် အဲဒီလူတွေ ပျောက်သွားမှာဆိုးလို့ အရန် (၁၀) ရာခိုင်နှုန်း လျာလို့ရသေးတယ်။ အဲဒီတော့ တစ်နှစ်ကို လူ(၆)သောင်းလောက်ခေါ်တဲ့ဟာအတွက် ကို လူတွေ သိန်းနဲ့ချီပြီး နိုင်ငံခြားကိုထွက်နေတယ်။ ကိုယ့်လူမျိုးတွေပဲ ဒုက္ခရောက်နေတယ်။ သွားတဲ့နိုင်ငံ တွေကလည်း နိုင်ငံငယ်လေးတွေ။ ပြီးတော့ တကယ် ပိုက်ဆံရတဲ့နိုင်ငံမျိုးလည်းမဟုတ်ဘူး။ နောက် မဟုတ်တဲ့နေရာတွေမှာလည်း ကလေးတွေ‌အများကြီး ရောက်နေကြတယ်။ ရောက်နေမယ့်အတူတူ ကိုယ့် နိုင်ငံသားတွေကို ဂျပန်တို့လိုနိုင်ငံမျိုးကိုသာ တရား ဝင် (၆)လလောက်နေပြီးတော့သာ ယောကျာ်းလေး တွေရော ထွက်ခွင့်ရတယ်ဆိုရင် ဈေးကွက်လည်း ကောင်းမယ်။ ‌ဈေးကွက်အနေအထားအရ ဝင်ငွေ ကောင်းတဲ့နိုင်ငံကိုရတယ်။
မေး။ ဒီလို ဈေးကောင်းရတဲ့ ဂျပန်လိုနိုင်ငံကို လူငယ် တွေများများပို့နိုင်ခဲ့ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။
ဖြေ။ စနစ်ကျတဲ့နိုင်ငံရဲ့စနစ်ကို ငယ်ရွယ်စဉ်မှာ သူတို့ရမယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စနစ်တကျဖြစ်သွား မယ်။ ပြန်လာရင် အဲဒီကလေးတွေက ဒီမှာ စနစ်ကျ တဲ့လူသားအရင်းအမြစ်ကို ဒီနိုင်ငံအနေနဲ့ပြန်ရမယ်။ တရားဝင်ငွေလွှဲတဲ့စနစ်ကိုလည်း ပိုပြီးတော့ ကောင်း အောင် အကောင်အထည်ဖော်ပေးမယ်ဆိုရင် ဥပမာ ဟိုဘက်မှာ ဟွန်ဒီနဲ့လွှဲတဲ့ ငွေပေါက်ဈေးနီးနီးနဲ့ရတယ် ဆိုရင် ဘယ်သူမှ ဟွန်ဒီနဲ့မလွှဲဘူး။ ဟွန်ဒီနဲ့လွှဲတယ်ဆို တာကကြောက်စရာ။ လိမ်သွားမလားဆိုတဲ့ ရင်တ မမနဲ့လွှဲနေကြတာအားလုံးက။ နိုင်ငံတော်အနေနဲ့ လည်းပိုရလာမယ်။ အခုသတ်မှတ်ထားတဲ့သတ်မှတ် ချက်မဟုတ်ဘဲနဲ့ ဥပမာ တကယ်ဈေးကွက်ပေါက်ဈေး နီးပါးရမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတော့ အကုန်လုံးနီးပါးပေါ့။ (၃)လတစ်ကြိမ် ဘယ်လောက် လွှဲမလဲ မဟုတ်ဘူး။ သူတို့မိဘကို ပုံမှန်လွှဲနေကျနှုန်း အတိုင်း သူတို့စုထားတာအကုန်လွှဲမှာပဲ။ အဲဒီလို လွှဲလာရင် နိုင်ငံတော်အနေနဲ့ကော နိုင်ငံခြားဝင်ငွေ ပိုရမလာဘူးလား။ ဈေးကွက်ကြီးက (၁.၂၅) သန်း ကြီးက အကြီးကြီးဖြစ်နေတယ်။ အဲဒီလို ဈေးကွက်အ ကြီးကြီးတွေကို အစိုးရအနေနဲ့စဉ်းစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားကနေ ပြန်ပြီးဝင်လာ မယ့်ဝင်ငွေကိုအားထားမယ်ဆိုရင် ဒီ Labour ကိစ္စ က မဖြစ်မနေဖြေရှင်းရမယ်။
မေး။ ဒါဆို အကောင်အထည်ဖော်ပေးရမယ့်အစိုးရပိုင်းက အရေးကြီးတာပေါ့။
ဖြေ။ အခုနိုင်ငံတော်အကြီးအကဲတွေက အဲဒီလောက် ထိ သိချင်မှသိလိမ့်မယ်။ တချို့သတင်းတွေက ဝန်ကြီးတွေကိုယ်တိုင်ကိုမှ အဲဒီဝန်ကြီးဌာနမှာရှိတဲ့ ဗျူရိုကရေစီယန္တရားရဲ့ ခြယ်လှယ်တာကိုခံနေရတယ် လို့ အခု အေဂျင်စီအနေနဲ့သတ်မှတ်ထားတယ်။ အမှန်က ဒါမျိုးတွေကို အစိုးရက မြန်မြန်စိစစ်ပြီးတော့ မြန်မြန်လုပ်သင့်တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသား ဗီဇာကျပြီးတဲ့လူတွေမထွက်ရဘူးဆိုရင်၊ တန်းစီပြီး စောင့်နေရတယ်ဆိုရင် ဘယ်သူနစ်နာလဲ။ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ Trust လည်းကျတယ်။ " ဒီနိုင်ငံကလူ တွေကကွာ ဗီဇာကျတာတောင်လာလို့မရပါဘူး}}ဆိုပြီး ဈေးကွက်ကပြောင်းသွားမှာ။ အဲဒါအပြင် ငါတို့က လွှတ်တော်တွေပေါ်မှလုပ်မယ်တို့ အဲဒီလောက်ထိ သွားဆွဲလို့မရဘူး။ ဈေးကွက်စီးပွားရေးဆိုတာ ကိုယ် က ဦးအောင် အရင်ဝင်ယူရတာ။ ဈေးကွက်ကိုဝင်မယူ ဘဲနဲ့ ဘယ်လိုမှ ဈေးကွက်စီးပွားရေးထဲ ဝင်လို့မရဘူး။ အခုခက်နေတာက ဝန်ကြီးဌာနတွေအားလုံး Labour တစ်ခုတည်းမဟုတ်ဘူးပေါ့။ ကျန်တဲ့ ဝန်ကြီးဌာနတွေ ရော စီးပွားရေးလုပ်ငန်းကို အကူအညီပေးနေတယ်။ အားပေးတယ်ဆိုတာ ပါးစပ်ပဲရှိတယ်။ တကယ် လုပ်ကြည့်လိုက် အကုန်လုံးကလည်ထွက်သွားပြီး ဘယ်သူမှလုပ်မရဘူး။ အဲဒီအခါကျရင် အကုန်‌ ဘော် လီဘောပုတ်ထုတ်နေတယ်။ ဟိုဌာနနဲ့ဆိုင်တယ်၊ ဒီဌာနနဲ့ဆိုင်တယ်။ ဟိုက မူဝါဒ၊ ဒီက မူဝါဒဖြစ်နေတာ။ အမှန်က ဂျပန်ကိစ္စကို ရုရှားလိုပဲ ယောကျာ်းလေးတွေ လည်း စစ်မှုထမ်းတဲ့ဟာကို အဲဒါကို ကင်းလွတ်ပေးပြီး တော့သွားခိုင်းသင့်တယ်။ အဲဒီဟာလေးကို အဓိက ပြောချင်တာ အခုသူများတွေပြောနေတဲ့ဟာထက် အခုဟာတွေက ကွာနေလို့လေ။ ပြောချင်တာ သူတို့ ပြောချင်တာတော့ သဘောပေါက်တယ်။ ဒါပေမဲ့ အခုဟာက သွားမယ့်ကလေးတောင် သွားမရဘူးဆို ရင် အင်မတန်နစ်နာနေတယ်။ အသစ်လုပ်မယ့်က လေးတွေကိုပြောတာမဟုတ်ဘူးနော်။ ဗီဇာကျပြီးသား ကလေးတွေတောင် ထွက်မရဘူးဖြစ်နေတယ်။ အကုန်ပိတ်မိနေတယ်ဗီဇာတွေ။ မိန်းကလေးတွေ နော်။ ယောကျာ်းလေးစစ်မှုမထမ်းမနေရကြောင့် ယောကျာ်းလေးမထွက်ရတာ ခဏထားဦး။ မိန်းက လေးတွေကိုယ်တိုင်ကို ဗီဇာကျပြီးထွက်မရတဲ့ဟာ တွေဖြစ်နေတာအကုန်လုံး။ ဒါတွေက အမှန်ဆို မြန် မြန်ရှင်းထုတ်ပေးလိုက်ရမှာ။ မြန်မြန်မရှင်းထုတ်ပေး လိုက်ရတဲ့အခါကျတော့ စောနကပြောသလို ဟိုဘက် က အလုပ်သမားခေါ်တဲ့ကုမ္ပဏီ Trust ကကျလာ တယ်။ အဲဒါမျိုးကျလာရင် အခုဈေးကွက်က တခြား နိုင်ငံတွေကိုရောက်သွားရင် ရွေးကောက်ပွဲပြီးမှလုပ် မယ်ဆိုတာက မမီတော့ဘူး။ အခုလုပ်ရမယ့်ဟာက အခုလုပ်မှ ရမှာ။ လူကြီးတွေအနေနဲ့လည်း ဒါကို သိ သင့်တယ်။ ဒီအလုပ်သမားဝန်ကြီးဌာနရဲ့ ဗျူရိုကရေစီ ယန္တရားက ပြင်ကိုပြင်ရမှာ။ အဲဒီဗျူရိုကရေစီယန္တရား မှာ ပြဿနာရှိနေတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆို တော့ ဝန်ကြီးတွေက အသစ် အသစ်တွေပြောင်းလာ တိုင်း ဝန်ကြီးတွေ ချက်ချင်းမလုပ်နိုင်ဘူး။ အဲဒီမှာ သူ တို့တွေက ဝန်ကြီးတွေဟာ အဘ ဒီလိုရှိတယ်ဆိုရင် ဝန်ကြီးတွေက လည်ထွက်သွားရော။ အဓိကက ဗျူရို ကရေစီယန္တရားတွေက ဌာနဆိုင်ရာအားလုံးက ပြင်မှ ကိုရမှာ။ သူ့ဘာသာအစိုးရအဖွဲ့ပြောင်းတာနဲ့မဆိုင် ဘူး။ အစိုးရအဖွဲ့ပြောင်းပြီး ဝန်ကြီးပြောင်းတိုင်းလည်း မဖြစ်ဘူး။ ဗျူရိုကရေစီယန္တရားတွေက အစိုးရအသစ်နဲ့ အတူ အကုန်လုံး ပြောင်းဖို့လိုတယ်။
မေး။ ဒီတော့ ဂျပန်ကိုယ်တိုင်ကလည်း မြန်မာကို ကြိုက်တယ်၊ လုပ်သားခေါ်လိုတဲ့ဆန္ဒလည်းရှိတော့ ဒီအခွင့်အလမ်းကို အချိန်မီ လက်ဆုပ်လက်ကိုင်ရယူ သင့်တယ်လို့ ပြောချင်တာလား။
ဖြေ။ ။ အများစုကတော့ မြန်မာလူမျိုးခေါ်ချင်တဲ့ ကုမ္ပဏီများတယ်။ ဒါပေမဲ့ တခြားနိုင်ငံခေါ်မယ့်ကုမ္ပဏီ လည်းရှိတာပေါ့။ ချိတ်ဆက်ထားပြီးသားတွေက။ ဒါပေမဲ့ ဥပမာ ဗီယက်နမ်လူမျိုး သူတို့လုံးဝမကြိုက် တော့ဘူး။ မကြိုက်တော့ဘူးဆိုတာ ဟိုး‌ရှေ့ပိုင်းတုန်း က ဗီယက်နမ်လူမျိုးတွေက လူကောင်းတွေ တော် တော်များများရောက်သွားပြီးသွားပြီ။ ‌ရောက်သွားပြီး နောက်ပိုင်းမှာမှ Quality သိပ်မရှိတော့တဲ့လူကို နောက်ဆုံးခေါ်ရတာပေါ့။ ခေါ်ရတဲ့အတွက် ဟိုမှာ ရာဇဝတ်မှုတွေ အရမ်းများလာပြီးတော့ ဗီယက်နမ်ကို လည်း မခေါ်ချင်ကြတော့ဘူး။ အဲဒီလိုပဲ ကမ္ဘောဒီးယား ကျတော့လည်း ဘယ်လောက်မှ သိပ်ရှိတာမဟုတ်ဘူး။ ထိုင်းကျတော့လည်း သူတို့နိုင်ငံရဲ့ဝင်ငွေနဲ့စာရင် သိပ် မကွာတဲ့အတွက် ထိုင်းတွေကလည်း သိပ်မသွားတော့ ဘူး။ အခု တရုတ်ဆိုလည်း နိုင်ငံရေးအခြေအနေအရ တရုတ်ကမသွားတော့ဘူး။ ဆိုတော့ သူတို့ ဘယ်နိုင်ငံ ကခေါ်မယ်။ အင်ဒိုနီးရှားကျတော့ ဘာသာရေးအရ နည်းနည်းခက်တယ်။ ဒါပေမဲ့ သူတို့ Market ကို တော့လှည့်ရှာနေတယ်။ လှည့်ရှာနေတဲ့အချိန်မှာ ကိုယ်တွေမြန်မာက လက်ရှိမှာ Market အသာစီးရ နေတဲ့အချိန်။
မေး။ လွှတ်မယ်ဆိုရင်ကော အစိုးရအနေနဲ့ ဘယ်လို စီမံပြီးလွှတ်သင့်လဲ။
ဖြေ။ ။ မိန်းကလေးကျတော့ စစ်မှုထမ်းနဲ့မဆိုင်သေး ဘူး။ မိန်းကလေးကျတော့ နိုင်ငံတိုင်းကို လျာပြီး‌တော့ ခွဲတမ်းဘယ်လောက်ဆိုပြီးလုပ်နေတော့ ခွဲတမ်း ဒီ လောက်မရဘူး။ ဥပမာ ထိုင်းတို့ကိုလွှတ်မယ့်အစား ကိုရီးယားဆိုသွားတယ်။ တော်တော်များများ ထိန်းမရ ဘူး။ ရောက်တာနဲ့ နိုင်ငံရေးအသိုင်းအဝိုင်း အရမ်း ကြီးတယ်။ ကိုရီးယားအစိုးရကိုယ်တိုင်ကကို နိုင်ငံ ရေးလျှောက်တဲ့ဟာတွေ နေထိုင်ခွင့်တွေ အကုန်ပေး နေတာ။ အဲဒီနိုင်ငံတွေသွားမှာထက်စာရင် ဂျပန်ကို ဦးစားပေးပြီး လူဦးရေအဓိက Focus ကို ထားပြီးလုပ် လိုက်ရင် ထိုင်းရောက်နေတဲ့မြန်မာအများစု ပြန်လာ မယ်။ ပြန်လာခြင်းမှာ သူတို့လည်း ဒီမှာလာပြီးတော့ လတ်တလော မြန်မာမှာရှိတဲ့အလုပ်သမား မားကက် ကို ယာယီမသွားခင် ကျောင်းတက်ရင်း ဝင်လုပ်ကြ မှာပဲ။ အခုလည်း မိန်းကလေးတွေ အဲဒီလိုပဲလုပ်နေ တာ။ ဂျပန်သွားတဲ့လူတွေက ဥပမာ G & G တို့မှာ အချိန်ပိုင်းဝင်လုပ်တာ။ ကျောင်းသူမိန်းကလေးတွေ အဲဒီလိုပဲ နိုင်ငံခြားသွားခါနီးကိုထိုင်စောင့်နေတာ။ နောက်ပြီး NurseAid တွေမှာရှိတယ်။ အဲဒါတွေက သွားခါနီးကို လာထိုင်စောင့်နေကြတာဆိုတော့ အဲဒီ လူတွေပြန်လာရင် ကိုယ့်နိုင်ငံမှာ လိုအပ်တဲ့အလုပ်သ မားဈေးကွက်လည်း ယာယီ ပြန်ပြည့်သွားလိမ့်တယ်။ မထွက်မချင်းတော့ သူတို့ အလုပ်လုပ်နေရမှာပဲလေသူတို့ရပ်တည်မှုအတွက်။ အဲဒီလူတွေ အများဆုံးပြန် လာလိမ့်မယ်။ လာမယ်ဆိုတဲ့ဂဏန်းကလည်း အများ ကြီးလာမှာ။ ဘာလို့ပြန်လာမှာလဲ သူတို့စာရင်းမပါဘူး ဆိုတာသိသွားမယ်။ စစ်မှုမထမ်းမနေရထဲမှာ သူတို့ မပါဘူး။ စာရင်းလည်းအတိအကျသွားမယ်။ အဲဒီ တော့ လူဦးရေ ဒီတစ်နှစ်စာအတွက်ကိုလျာလေ။ တစ်နှစ်စာ လူဦးရေ(၆)သောင်းအတွက်ကို ဘယ်နေ ရာက ဘယ်နှယောက်၊ အသက်မတူ ဘယ်နှနှစ်၊ ဘယ်မိသားစုတွေပါတယ်။ လဝက ကြိုပြီးတော့ ဒါ တွေလုပ်ထားရင် ပလန်ဆွဲထားလိုက်ရင် ဒီလို အုတ် အော်သောင်းတင်းလည်းမဖြစ်ဘူး။ အဲဒါကိုမှ ထပ် ဆောင်းပြီးတော့ လူတွေထွက်ပြေးနိုင်သေးတာကို ရည်ရွယ်ပြီးတော့ (၁၀)ရာခိုင်နှုန်းထပ်ဆောင်းလိုက်။ (၂၀)ရာခိုင်နှုန်းထပ်ဆောင်းမလား။ ထပ်ဆောင်းဦး။ (၂၀)ရာခိုင်နှုန်းထပ်ဆောင်းမှ (၇၂၀ဝဝ)လောက်ပဲ ဖြစ်မှာ (၇၂၀ဝဝ)လောက်ပဲဖြစ်မယ့်ဟာကို သိန်းနဲ့ သန်းနဲ့ချီပြီးထွက်ပြေးနေတယ်။ ဒီမှာလည်း အလုပ်သ မားဆုံးရှုံးတယ်။ နောက်ပြီးတော့ ဈေးကွက်လည်းမရ ဘူး။ လွှတ်သင့်တာကို အကုန်လွှတ်ပစ်လိုက်။ ဗီဇာ ကျပြီးသားလူ အကုန်လွှတ်ပစ်လိုက်။ ဘာမှ ဟိုနိုင်ငံ ဒီနိုင်ငံ SOP တွေနဲ့ချိန်မနေနဲ့။ ဗျူရိုကရေစီယန္တရားက စားကွက်လုပ်ထားတာ။ SOP ဆိုတာ သူတို့စားကွက်ရ အောင်ဆွဲထားတဲ့ SOP တွေ။
မေး။ လွှတ်ကိုလွှတ်ပေးရမယ့် သဘောပေါ့။
ဖြေ။ ။ အဲဒီလိုလွှတ်ပေးလိုက်ရင် ဒီလူတွေ တရားဝင် ထွက်လို့ရသွားတယ်။ စောနကပြောသလို လူငယ် တွေလည်း စစ်မှုမထမ်းမနေရမှာလည်း အသက်ကန့် သတ်ပြီးတော့လူဦးရေလျာလိုက်ရင် ကျန်တဲ့လူတွေ က တရားဝင် အေးဆေးနေ ကျောင်းတက်မယ်။ ယောကျာ်းလေးတွေလည်းထွက်လို့ရမယ်။ ဆိုရင် တခြားနိုင်ငံမှာသွားနေတဲ့ လာအို၊ ထိုင်းတို့ကလူတွေ က မစို့မပို့နဲ့လုပ်နေရတာ ပြန်လာမှာ ဒီလမ်းကြောင်း က။ တရားဝင်လမ်းကြောင်းကပွင့်သွားပြီ။ ဥပမာ ထိုင်းကိုလည်းလျာတယ်။ ထိုင်းမှာ ပိုလျှံပြီးတော့ ပေါက်ကရနေရာကိုရောက်နေပြီ။ မြန်မာယောကျာ်း လေးရော၊ မိန်းကလေးရော အဲဒီလိုထက်စာရင် အဲဒီ လူတွေကို ပြန်ခေါ်ရမှာမဟုတ်ဘူးလား။ ထိုင်းတို့ကိုပိတ်ရမှာမဟုတ်ဘူးလား။ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားတို့ ပိတ်ပစ်ရတော့မယ်။ အဲဒီနိုင်ငံအ တွက်ကိုလည်း ခွဲတမ်းထည့်ဆွဲထားတဲ့အတွက်ကြောင့် ဒီလွှတ်ရမယ့်လူဦးရေကို ချိန်ပြီးလွှတ်ရပါတယ်ဆိုပြီး မလွှတ်ဘူး။ မလွှတ်ဘဲနဲ့ မလွှတ်လို့ တကယ် SOP အတိုင်း အစီအစဉ်အတိုင်းသွားလားဆိုတော့လည်း မြန် မာပြည်ရဲ့ထုံးစံအတိုင်း သူတို့လုပ်စားပြီးတော့ ကြား ပေါက်ထပ်ထည့်ပြီးတော့လွှတ်နေတာတွေရှိတယ်။ OWIC ကိစ္စ တကယ် လေဆိပ်မှာဖြစ်နေတာ အုတ် အော်သောင်းတင်း။ ဥပမာ (၅)ရက်ကြိုတင်ပြီးပြော ရမယ် သူတို့ကုမ္ပဏီရဲ့အလုပ်ကိစ္စနဲ့ဖြစ်ပါစေ၊ သူတို့ မိသားစုအကြောင်းအရာနဲ့ဖြစ်ပါစေ၊ ခွင့်က (၅)ရက်၊ (၆)ရက်ပဲရတယ်။ အလွန်ဆုံး (၁၀)ရက်ရတယ်ထား။ အဲဒီ(၁၀)ရက်ရတဲ့ဟာမှာ OWIC ကိုပြန်ပြီး နိုင်ငံ ခြားထွက်ခွင့်တင်တယ်ဆိုတာ လွယ်တယ်များမှတ်နေ လား။ အဲဒီလူများ ထွက်မရရင် ဟိုဘက်မှာ အလုပ်က ပြုတ်ဦးမယ်။ ကုမ္ပဏီကအရမ်းကြိုက်ရင်တော့ စောင့် မှာ။ နိုင်ငံခြားကုမ္ပဏီက လူက အတိအကျလျာထား တာ။ လူတွေ ပိုလျာထားတာမဟုတ်ဘူး။ အဲဒီအတွက် OWIC နဲ့ ပြန်လာတဲ့လူတွေ အဲဒီ(၁၀)ရက်အတွင်းမှာ အလုပ်လုပ်ရက် (၅)ရက်လျှောက်ရမယ်လို့ ပြန်ထွက်ခွင့် အဲဒါတွေက တကယ်တော့မလုပ်သင့် ဘူး။ မကြပ်သင့်ဘူး။ OWIC ကတ် တစ်ခါပေးထား ပြီးပြီ။ သူအခွန်ဆောင်လား၊ တရားဝင်ငွေလွှဲထားလား။ အဲဒီ သူ့တာဝန်ကျေနေတယ်ဆို လေဆိပ်မှာစစ်ပြီး လွှတ်လိုက်ရုံပဲ အမှန်က။ အခုလုပ်ပုံက အလုပ်ပြုတ် သွားမှာ အကုန်လုံး။ နောက်ဆုံး ကိုယ့်နိုင်ငံကလူတွေ ပဲနစ်နာတာကို ခွင်တစ်ခုအနေနဲ့လုပ်စားနေတယ်။ အဲဒီ အလုပ်သမားဝန်ကြီးဌာနကဆွဲထားတဲ့ SOP ဆိုတာ အဲဒီထဲက ဗျူရိုကရေစီကဝန်ထမ်းတွေ လုပ် စားလို့ရတဲ့အကွက်ဖြစ်နေတာ။ လုပ်ကိုလုပ်စားနေကြ တာအခုက။ ဂျပန်ကို သီးသန့်ပို့ဖို့လုပ်လိုက် ဂျပန်ကို ဖွင့်ပေးမယ်။ ဟုတ်ပြီ ယောကျာ်းလေးလည်းလွှတ် ပေးမယ်။ ဒါပေမဲ့ အဲဒီယောကျာ်းလေးတွေက စစ်မှုမ ထမ်းမနေရစာရင်းထဲမှာ ပါမနေမှရမယ်။ အသက်အ ရွယ်မရွေး။ အဲဒါက ကိုယ့်ဘာသာကိုယ် ရပ်ကွက်ရုံး၊ ကော်မတီတို့ကနေ စာရင်းလုပ်ထားလိုက်။ လုပ်ထား ပြီး အဲဒီလူတွေသွားစစ်လိုက်။ စာရင်းထဲမပါဘူးဆိုရင် မင်းတို့သွားလို့ရတယ်။ ဖွင့်ပေးလိုက်ပေါ့။ ဂျပန်ကိုသာ ဖွင့်ပေးလိုက်ရင် ဝင်ငွေလည်းကောင်းမယ်။ အားလုံး နောက်ဆုံး စည်းစနစ်ကျတဲ့လူငယ်တွေ ဖြစ်လာလိမ့် မယ်။ ဂျပန်ရဲ့ဘောင်ထဲမှာ ရိုက်ထည့်လိုက်တဲ့အတွက် စည်းစနစ်ကျတဲ့ လူသားအရင်းအမြစ်ဖြစ်သွားမယ်။ အဲဒီလူသားအရင်းအမြစ်တွေက (၃)နှစ်ပြည့်သည် ဖြစ်စေ၊ (၅)နှစ်ပြည့်သည်ဖြစ်စေ ပြန်လာခဲ့ရင် ကိုယ့် နိုင်ငံအတွက်ပဲအကျိုးရှိတာ။ ဆိုတော့ ဒီတိုင်းထက် စာရင် ဟိုမှာက ကျွန်တော်တို့စနစ်နဲ့သွားတာ System ထဲထည့်နေတာ။ စနစ်ကျတဲ့လူတွေရမယ်။ သိတယ် မလား။ ယိုးဒယားသွားတယ်။ စင်ကာပူသွားလည်း စနစ်တကျလူမရနိုင်ဘူး။ အလုပ်ထဲမှာ စည်းစနစ်ရိုက် ထည့်တာမဟုတ်ဘူး။ ဂျပန်ကျတော့ System တစ်ခုတည်းကိုရိုက်သွင်းလိုက်တာဖြစ်တဲ့အတွက် စနစ် ကျတဲ့လူမျိုးကိုရလာမယ်။ ဒါပေမဲ့ မြန်မာပြည်မှာထက် စာရင်တော့ နိုင်ငံခြားထွက်တာက ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်တဲ့လူဖြစ်တာပေါ့။ ဒါတော့ ဘယ်နိုင်ငံထွက်ထွက်။
မေး။ အခု ဂျပန်ကို မြန်လုပ်သား ဘယ်လောက်လွှတ် ထားလဲ။
ဖြေ။ ။ လက်ရှိကို လွှတ်ထားပြီးသား(၂)သိန်းကျော် (၃) သိန်းနီးပါးရှိတယ်ထင်တယ်။ အဲဒါ တခြားနိုင်ငံနဲ့ ယှဉ်ရင်နည်းတာ။ တစ်လကို လူ(၁၀ဝဝ)နီးပါးပဲလွှတ် မှာ။ အဲဒါတောင် ကျန်တဲ့နိုင်ငံတွေရဲ့ခွဲတမ်းတွေ ကြည့်ဦးမှာ။ ဆိုတော့ စနစ်မှားနေတာ။ ခုနပြောသလို စစ်မှုမထမ်းမနေရဟာကို ဘယ်အသက်နဲ့ဘယ် အ သက်ဆိုတာ ကန့်ကိုကန့်သတ်လိုက်။ လောလော ဆယ်ပေါ့နော် ဖြစ်နိုင်ခြေ။ အဲဒီကြားကိုလွှတ်ပေး လိုက်။ (၅)သောင်းနဲ့ (၆)သောင်းခေါ်တာကို အဲဒီအ တွက်ကို သန်းနဲ့ချီပြီးထွက်ပြေးတော့ ကိုယ့်နိုင်ငံပဲ အင်အားတွေ ဆုံးရှုံးတာ။
ဟုတ်ကဲ့ အခုလို အကြံပြုဆွေးနွေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Zawgyi Version:
" တစ္ႏွစ္ ကို လူ (၆၀ဝဝဝ) ေလာက္ စစ္မႈထမ္းဖို႔ကိစၥေၾကာင့္ လူသိန္းခ်ီ ျပည္ပထြက္ေျပးေနတာ တိုင္းျပည္ ပိုမနစ္နာဘူးလား .... "
(သီးသန႔္ အင္တာဗ်ဴး)
ေစာ (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

အလုပ္သမားဝန္ႀကီးဌာနသည္ ျပည္ပႏိုင္ငံသို႔ လုပ္သားမ်ားကိုအကန႔္အသတ္ျဖင့္ အျခားႏိုင္ငံမ်ားသို႔ ေစလႊတ္ျခင္းထက္ ဂ်ပန္ႏိုင္ငံသို႔ေစလႊတ္ျခင္းက ပိုမိုေကာင္းမြန္သည့္အတြက္ အျမန္ဆုံး အေကာင္အထည္ ေဖာ္သင့္ေၾကာင္းႏွင့္ ဂ်ပန္ႏိုင္ငံသို႔ တရားဝင္လုပ္သား လြယ္ကူစြာေစလႊတ္ခြင့္ျပဳလိုက္ပါက ျပည္တြင္း၌ လိုအပ္ေနေသာ လုပ္သားရွားပါးမႈကိုလည္းေျဖရွင္းႏိုင္ၿပီး ဝင္ေငြနည္းႏိုင္ငံျခားတိုင္းျပည္မ်ားသို႔ လူငယ္မ်ား တရားမဝင္ထြက္ခြာေနမႈကိုလည္းေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေဆြးေႏြးထားသည္ကို ေဖာ္ျပလိုက္ပါသည္။

ေမး။ အခုတစ္ေလာပြဲဆူေနတဲ့ ျပည္ပအလုပ္သမား ပို႔တဲ့ကိစၥမွာ ဂ်ပန္လုပ္သားလႊတ္တာနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါဦး။
ေျဖ။ ။ ဂ်ပန္အလုပ္သမားပို႔တဲ့ကိစၥက ဘယ္လိုျဖစ္လဲ ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ အခု(၈)လ ပိုင္းအလယ္ေလာက္ကလူေတြကစၿပီးေတာ့ အခု ထက္ထိေပါ့။ ဗီဇာေတြက်ထားၿပီး ဃဥန ေတြက်ထား ၿပီးေတာ့ မထြက္ရ‌ေသးတဲ့ တန္းစီေနတာေတြ အမ်ား ႀကီးျဖစ္ေနတယ္။ အမ်ားႀကီးျဖစ္ေနတဲ့အခါက်ေတာ့ အခု ဂ်ပန္ကလည္း ေဈးကြက္က လာမယ့္ႏွစ္ႏွစ္အ တြင္းမွာ အလုပ္သမားေတြ (၁.၂၅)သန္းေလာက္ကို အလုပ္သမားေခၚမယ္လုပ္ထားတယ္။ သူက ျမန္မာ ျပည္ကအလုပ္သမားေတြကိုလည္း သူကႀကိဳက္ တယ္။ အဲဒီလိုေပါ့။ က်န္တဲ့လူမ်ိဳးေတြက်ေတာ့လည္း ေခၚဖို႔က ဓေလ့စ႐ိုက္က ေတာ္ေတာ္ေလးကြာေနတဲ့ အခါက်ေတာ့ သူတို႔ေတြက တျခားႏိုင္ငံကေခၚဖို႔က် ေတာ့ နည္းနည္းစဥ္းစားေနၾကတယ္။ သိပ္ၿပီးေတာ့ မေခၚခ်င္ၾကဘူး။ အဲဒီေတာ့ ျမန္မာေတြေခၚဖို႔က်ေတာ့ လည္း ဒီဘက္က စစ္မႈမထမ္းမေနရဥပေဒရွိတဲ့အ တြက္ေၾကာင့္ ေယာက်ာ္းေလးက အသက္(၃၅)ႏွစ္ အထက္မွလႊတ္ရမယ္ဆိုရင္ ဒီဘက္က (၃၅)ႏွစ္အ ထက္ဆိုရင္ ဂ်ပန္ဘက္ကလည္း အလုပ္ခိုင္းဖို႔ အဆင္မေျပဘူး။ အဲဒီလိုအေျခအေနေလးေတြျဖစ္ ေနတယ္။
ေမး။ သြားဖို႔မလြယ္ေတာ့ ကေလးေတြက ဘယ္လို ေတြလုပ္လာၾကလဲ။
ေျဖ။ ဒီဟာကို ျပန္ၿပီးသုံးသပ္ၾကည့္လိုက္ရင္ အဲဒီလို အခက္အခဲေတြျဖစ္တဲ့အတြက္ တာခ်ီလိတ္ကေန ထြက္တယ္တို႔၊ အလိမ္ခံရတယ္တို႔ဆိုတဲ့ ျပႆနာေတြ ျဖစ္လာေပါ့။ အဲဒါကို ျပဳျပင္ေျပာင္းလဲမယ့္စနစ္ေလး လုပ္ရင္ေတာ့ ပိုသင့္ေတာ္မယ္လို႔ထင္တယ္။ ဥပမာ စစ္မႈမထမ္းမေနရဆိုတာက ႏွစ္ႏွစ္ေလာက္ရွိၿပီေပါ့။ ႏွစ္ႏွစ္ေလာက္မွာမွ သိန္းဂဏန္းေလာက္ပဲရွိတာ။ တစ္ခါေခၚရင္ လူ (၅၀ဝဝ)၊ (၆၀ဝဝ)ေလာက္ပဲရွိ တယ္။ တစ္ႏွစ္မွ ဘယ္ေလာက္မွမရွိဘူး။ အဲဒီေလာက္ လူေလးအတြက္ကို လူေတြ သန္းခ်ီၿပီးေတာ့ ထိုင္းတို႔၊ မေလးရွားတို႔လို အျမန္ထြက္လို႔ရတဲ့ႏိုင္ငံေလးေတြကို အကုန္ခိုးထြက္ေနၾကတယ္။ ဥပမာ ဗီဇာလြယ္တဲ့ လာအိုတို႔ ကေမာၻဒီးယားတို႔ကိုသြားေနတာအမ်ားႀကီး ပဲ။ အဲဒီလိုသြားေနတဲ့အခါက်ေတာ့ အဲဒီႏိုင္ငံေလး ေတြရဲ႕လစာနဲ႔ျပန္တြက္ရင္ အဲဒီလစာက ဘာမွမဟုတ္ ဘူး။ ဘာမွမဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူတို႔က လည္း စိုးရိမ္တာက ဒီစစ္မႈမထမ္းမေနရတစ္ခုပဲ မဟုတ္ဘဲနဲ႔ ျပည္တြင္းမွာ အလုပ္သမားရွားပါးတယ္ ဆိုတဲ့ ျပႆနာတစ္ခုကလည္းရွိေနတယ္။ အဲဒီေတာ့ သူတို႔က စစ္မႈမထမ္းမေနရဆိုတာကို ေခၚရင္ ဥပမာ အသက္(၁၈)ႏွစ္ကေန (၃၅)ႏွစ္အထိေခၚတာမ လား။ ေခၚတာဆိုေတာ့ ဥပမာ အသက္ (၁၈)ႏွစ္က ေနၿပီးေတာ့ (၂၁)ေလာက္ဆိုလည္း (၂)ႏွစ္ေလာက္ ထမ္းေဆာင္ၿပီးရင္ ၿပီးတယ္။ အဲဒီလိုမ်ိဳးဆို ၿပီးသြား မွာ။ အဲဒီေနာက္ပိုင္းဟာကို ေခၚရင္လည္းရတယ္။ ဒါေတြက သူ႔ရပ္ကြက္အလိုက္ လ်ာထားလိုက္ရင္ရ တယ္။ အဲဒါမွမဟုတ္ရင္လည္း အသက္(၂၆)ႏွစ္ ေလာက္ကေနစၿပီး (၂၇)၊ (၂၈) အသက္ျပည့္ေနတဲ့ လူေတြ ဒါမွမဟုတ္ (၂၇)ေလာက္ကစၿပီးေတာ့ (၃၄) ေပါ့။ (၂)ႏွစ္ပဲထမ္းရမွာကို အသက္ (၃၀)ေလာက္က စၿပီးေတာ့ပဲျဖစ္ျဖစ္ အဲဒီလူဦးေရေလာက္ကို (၁)ႏွစ္ အတြက္ကို သူတို႔ လ်ာထားလိုက္ရင္မရဘူးလား။ (၁)ႏွစ္ကို ဥပမာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သြားတဲ့အတြက္ ၿမိဳ႕နယ္တစ္ခုဆို လူဦးေရက ဘယ္ ေလာက္မွမရွိဘူးေလ။ အဲဒါက စာရင္းနဲ႔လုပ္ၿပီးေတာ့ လ်ာလိုက္လို႔ရတာပဲ။ သိတယ္မလား။ (၂)ႏွစ္ဆို (၂)ႏွစ္၊ အဲဒီလိုလ်ာလိုက္ရင္ က်န္တဲ့လူေတြက အရန္ (၁၀)ရာခိုင္ႏႈန္း အပိုေဆာင္းထားၿပီးေတာ့ ဘယ္လူ စာရင္းကိုႀကိဳလုပ္ပါ။ ႀကိဳလုပ္ၿပီးေတာ့ အဲဒီလူေတြ ရွိ မရွိၾကည့္ထား။ ၾကည့္ထားၿပီးေတာ့ သူတို႔ စစ္မႈထမ္း လ်ာထားလိုက္လို႔ရတယ္။ က်န္တဲ့လူ ေတြကိုေပးထြက္လိုက္။ အဲဒီထဲမွာမပါတဲ့လူေတြဆိုရင္ တစ္ႏွစ္စာလ်ာမလား လူ(၆)ေသာင္း။ လူ(၆)ေသာင္း ဆိုဘယ္ေလာက္မွမဟုတ္ဘူး။ ၿမိဳ႕နယ္တစ္ခုနဲ႔ ခြဲတမ္းကို တစ္ခါတည္းလ်ာထားလိုက္။ လ်ာထား လိုက္ရင္ ဘယ္လိုျဖစ္မလဲဆိုရင္ က်န္တဲ့လူေတြက ေအးေအးေဆးေဆးလြတ္လြတ္လပ္လပ္သြားလို႔ရ တယ္။ အဲဒါဆိုရင္ အဲဒီအသက္အ႐ြယ္နဲ႔ညီတဲ့ က်န္တဲ့လူေတြက တျခားႏိုင္ငံေလးေတြမွာ ေရာက္ ေနတယ္။ ဂ်ပန္လိုႏိုင္ငံမ်ိဳး ထြက္လို႔ရမယ္ဆိုရင္ အမ်ားစုကျပန္လာၾကမွာပဲ။ ဟိုႏိုင္ငံမွာ မစို႔မပို႔လစာနဲ႔ ဒုကၡေရာက္ေနၾကမယ့္အတူတူ ႏိုင္ငံအတြက္လည္း အက်ိဳးမရွိဘူး။ အဲဒီဟာမ်ိဳးကို အက်ိဳးရွိေအာင္ ဒီလူေတြကိုျပန္ေခၚလိုက္။ ဒီႏိုင္ငံေလးေတြမွာ ေရာက္ေနတဲ့လူေတြက တကယ္သာ ဂ်ပန္ကို တရား ဝင္ သင္တန္းေက်ာင္း (၆)လေလာက္ တက္ၿပီးသြားလို႔ရတယ္ဆိုရင္ျပန္လာၾကမွာအကုန္လုံး။ ဒါေတြက လည္း လုံးဝျငင္းလို႔ရတဲ့အရာမဟုတ္ဘူး။
ေမး။ ျပည္သူ႔စစ္မႈထမ္းေခၚတဲ့စနစ္ကို ျပန္လည္ျပင္ ဆင္ရမွာေပါ့၊ ဒီလိုလား။
ေျဖ။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္မႈမထမ္းမေနရမွာ ဘယ္ဟာစာရင္းအတိအက်ေပါ့။ လုပ္မယ္ ဥပမာ ငယ္တဲ့လူေတြက ျပန္လာလည္းလုပ္လို႔ရတယ္ ဟုတ္ တယ္မလား။ ဂ်ပန္ဆိုရင္(၅)ႏွစ္ပဲ။ တခ်ိဳ႕ဆို (၃)ႏွစ္ပဲ ေပးမွာ။ (၃)ႏွစ္ၿပီးရင္ အရင္လို ႏိုင္ငံေရးေလွ်ာက္ၿပီး ေနဖို႔မလြယ္ေတာ့ဘူး။ ဂ်ပန္အစိုးရရဲ႕ေပၚလစီေတြ ေျပာင္းလာၿပီ။ ဥပမာ အလုပ္နဲ႔သြားမယ္ဆိုလည္း (၅)ႏွစ္အမ်ားဆုံးပဲ။ ၿပီးရင္ ျပန္ကိုျပန္လာရေတာ့မွာ ထပ္ ကိုမထားေတာ့ဘူး။ ဘာလို႔ဆို ဏြၽ ေပးရမွာရွိတဲ့အ တြက္ မေပးေတာ့ဘူးေလ။ အဲဒီလူေတြ အကုန္ျပန္လာ ရမယ္။ ပထမဦးဆုံး ဒီဝန္ႀကီးခ်ဳပ္မေျပာင္းခင္ စနစ္ ဆိုရင္ေတာ့ ပုံစံမ်ိဳးစုံနဲ႔ေနလို႔ရတဲ့အတြက္ သူတို႔စိုးရိမ္ တာ လက္ခံလို႔ရတယ္။ အဲဒီလိုမဟုတ္ေတာ့ဘူး ဟိုဘက္ကလည္း ေပၚလစီကေျပာင္းေနၿပီ။ အစိုးရ သစ္က ဂ်ပန္မွာလည္းေျပာင္းၿပီဆိုေတာ့ ဒီဘက္က လည္း အလိုက္သင့္ျပန္ေျပာင္းသင့္တယ္။ ဘာလို႔ဆို ဒီဟာက ေဈးကြက္စီးပြားေရးစနစ္ကိုသြားတာျဖစ္ တဲ့အတြက္ ဒီႏိုင္ငံသားကိုႀကိဳက္ေပမယ့္ ေခၚမရရင္ ေနာက္ႏိုင္ငံေတြရွာၿပီးေတာ့ ေဈးကြက္ကိုလုသြားမွာ ပဲ၊ ေဈးကြက္ကဝင္သြားမွာပဲ။ ဝင္သြားမွာဆိုေတာ့ အ ခ်ိန္မီလုပ္ဖို႔လိုတယ္ ျပဳျပင္ေျပာင္းလဲေရးက။
ေမး။ လုပ္လို႔ရေနတဲ့ကိစၥတစ္ခုမွာ ဘယ္ဟာေတြက ခက္ခဲေနၾကတာလဲ။
ခက္ေနတာအမ်ားစုက ေတြ႕တဲ့အခ်ိန္မွာ ဘာ လဲဆိုေတာ့ အားလုံးကိုေလ့လာၾကည့္တဲ့အခ်ိန္မွာ ဝန္ႀကီးေတြက အသစ္ေတြအသစ္ေတြခ်ိန္းၿပီးေတာ့ အဲဒီေလာက္မဟုတ္ဘူး။ ဒါေပမဲ့ အလုပ္သမားဝန္ႀကီး ဌာနရဲ႕ ဗ်ဴ႐ိုကေရစီယႏၲရားႀကီးက ျပဳျပင္ရမယ့္အဆင့္ ကိုျဖစ္ေနတယ္။ အခုအခက္အခဲေတြ႕ေနတဲ့ဟာမွာ လည္း အဂတိေတြရွိေနတယ္လို႔ၾကားေနရတယ္။ ဟုတ္၊ မဟုတ္ေတာ့မသိဘူး။ ဒါက ႏိုင္ငံေတာ္က ေဖာ္ ထုတ္မွရမယ့္ဟာေတြ။ ဥပမာ ဒီလိုတန္းစီေနရတယ္ ထြက္လို႔မရဘူး ဂ်ပန္ဆို သိန္း(၁၀ဝ)ေပးရတယ္ဆို တဲ့သတင္းအျပင္မွာ ေကာလာဟလလည္း ဟုတ္ခ်င္ ဟုတ္မယ္။ သတင္းေတြထြက္ေနတယ္။ သတင္းေတြ ထြက္ေနေတာ့ အဲဒါေတြကို အစိုးရအေနနဲ႔ အျမန္စိ စစ္သင့္တယ္။ ကိုယ့္ဆီကလူက ဗီဇာက်ထားတယ္။ COE ေတြ။ COE ရဲ႕သက္တမ္းက ရက္(၉၀)ပဲရွိ တာ။ ဂ်ပန္အစိုးရက ထပ္တိုးေပးလည္း အလြန္ဆုံး ရက္(၉၀)ပဲျဖစ္မယ္။ အဲဒီ COE က်ၿပီးသားလူ မသြားရဘူးဆိုရင္ ကိုယ့္ဆီကလူ အရမ္းနစ္နာတယ္။ ဒါ ဗီဇာက်ၿပီးသြားၿပီ။ ဗီဇာက်ၿပီးသားလူက COE က်ၿပီး မသြားရရင္ ေနာက္တစ္ႀကိမ္ျပန္ေလွ်ာက္ရင္ ရဖို႔ဆိုတာ ခက္သြားၿပီ။ ကိုယ့္လူမ်ိဳးေတြပဲ နစ္နာေန တာ။ ဥပမာ အဲဒီလိုျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အလည္စာအုပ္ေတြနဲ႔ PV နဲ႔သြားတာပဲျဖစ္ျဖစ္၊ ထိုင္းကိုသြားတာပဲျဖစ္ျဖစ္၊ ေနာက္တစ္ခါက်ေတာ့ တာခ်ီလိတ္ကေန ခိုးထြက္တာပဲျဖစ္ျဖစ္ ခိုးထြက္ရင္ ဟိုႏိုင္ငံေတြမွာ ေက်ာင္း(၆)လဗီဇာဆိုတာ ေလွ်ာက္ လို႔လြယ္တယ္။ ထိုင္းတို႔၊ လာအိုတို႔မွာ ‌ေက်ာင္း(၆)လဗီဇာေလွ်ာက္လိုက္ရင္ သူတို႔အတြက္ ကုန္က်စ ရိတ္ေတြထပ္ျဖစ္လာတယ္။ ဒီကေနတာခ်ီလိတ္သြား တဲ့ေဈးကလည္းမေသးဘူး။ ကိုယ့္ႏိုင္ငံသားေတြပဲ အဓိကဝန္ထုပ္ဝန္ပိုးေတြျဖစ္ၿပီး ဒုကၡေရာက္ေနတယ္။ ထိုင္းတို႔ကႀကိဳက္တယ္။ ကိုယ့္ဆီကသြားရင္ ေက်ာင္း နဲ႔လာတယ္။ (၆)လတက္ရမယ္ဆိုရင္ သူတို႔က(၆)လ ဗီဇာေပးထားမယ့္အခ်ိန္မွာ ဂ်ပန္စာေက်ာင္းေတြနဲ႔ Join ၿပီးေတာ့ အဲဒီကေနတစ္ဆင့္သြားတာေတြလည္း ရွိတယ္။ ဟိုဘက္ႏိုင္ငံေတြက ဂ်ပန္ကိုသြားေနၾကတာ ရွိတယ္။ အဲဒီအခါမွာ ဝန္ေဆာင္ခက အစိုးရ ထိန္းလို႔ မရေတာ့ဘူး။ ဒီကေန ထရိန္နင္နဲ႔သြားရင္ ဝန္ေဆာင္ ခ(၂၈၀ဝ)၊ အလုပ္နဲ႔သြားရင္(၁၅၀ဝ)။ ဒါက အစိုးရ ကထိန္းခ်ဳပ္ထားလို႔ရတယ္။ အဲဒီေတာ့ ကေလးေတြ ကသက္သာတယ္။ ဟိုဘက္ကိုေရာက္သြားတဲ့အခ်ိန္ မွာ ထိုင္းကိုသြားၿပီး (၆)လ ေက်ာင္းတက္ရမယ့္ေဈးရွိ တယ္။ (၆)လေက်ာင္းတက္ေနတဲ့အခ်ိန္အတြင္း ထိုင္းက ဒီလူေတြကို Part-time အလုပ္ေတြေပး ထားတယ္။ အခုေနာက္ပိုင္းမွာ Part-time အလုပ္ ေတြကလည္း လူမလိုတဲ့အခါက်ေတာ့ ကေလးေတြက မဟုတ္တဲ့ေနရာေရာက္ကုန္ၾကတာေတြ အမ်ားႀကီး ျဖစ္ေနတယ္။ အဲဒီ ထိုင္းမွာလည္း။ ကေလးေတြ နစ္နာတယ္။ တာခ်ီလိတ္က ခိုးဝင္သြားတဲ့လူေတြက် ေတာ့လည္းအဲဒီအတိုင္းပဲ။ တာခ်ီလိတ္ကေနဝင္လိုက္ တယ္။ ဗီဇာ တစ္ပတ္ေပးလိုက္တယ္။ ၿပီးရင္ အေစာ ကေျပာတဲ့ ဂ်ပန္စာေက်ာင္းတက္ေနတဲ့၊ ဘာေက်ာင္း တက္တယ္တို႔ အဲဒီဗီဇာေပးလိုက္တယ္။ အဲဒီဗီဇာအ ေပၚမွာလည္း ကုန္က်မႈရွိတယ္။ ၿပီးတဲ့အခါက်ေတာ့ ဂ်ပန္စာေက်ာင္းတက္တယ္။ ဒီဘက္မွာ သင္သြားတဲ့ အျပင္ကို ဟိုဘက္မွာထပ္တက္ရတယ္။ တက္ၿပီးေတာ့ မွ အဲဒီၾကားမွာ ဗီဇာပ႐ိုစီဂ်ာကို ဂ်ပန္နဲ႔လွမ္း Join ၿပီး လုပ္ၾကတယ္။ လုပ္ၾကၿပီးေတာ့ အဲဒီကေလးေတြက ဂ်ပန္ေရာက္သြားတယ္။ စာအုပ္ေတြက PV ေတြနဲ႔ ေရာက္သြားတာရွိတယ္။ PJ ေတြနဲ႔ေရာက္သြားတာ ေတြရွိတယ္။
ေမး။ ဒီလိုမ်ိဳးနဲ႔ ဂ်ပန္ေရာက္သြားေတာ့ ကေလးေတြ ဟိုမွာ ဘယ္လိုေတြဆက္ျဖစ္ၾကလဲ။
ေျဖ။ အဲဒီလူေတြက ဂ်ပန္ေရာက္သြားၿပီဆိုၾကပါစို႔။ Passport သက္တမ္းကုန္သြားရင္ PV ကေန PJ လည္းခ်ိန္းလို႔မရဘူး။ PV လည္းသက္တမ္းတိုးလို႔မရ ဘူး အလုပ္လုပ္ေနရင္။ ေနာက္တစ္ခါက်ေတာ့ PJ နဲ႔သြားရင္လည္း တရားဝင္ထြက္လာတာမဟုတ္တဲ့ အတြက္ သံ႐ုံးက OWIC ကတ္မျပႏိုင္ရင္ သက္ တမ္းမတိုးေပးဘူး။ ဟိုဘက္မွာရွိတဲ့ ဂ်ပန္သံ႐ုံးအေနနဲ႔ ဒါေတြက ဘယ္လိုေျပာမလဲ စီမံခန႔္ခြဲမႈအရမ္းခက္ လာၿပီးေတာ့ ေနာက္ဆုံး ကိုယ့္ကေလးေတြပဲနစ္နာ တာ။ ကေလးတစ္ေယာက္က ဒီကသြားရင္ ေဒၚလာ (၂၈၀ဝ)။ Plus ေပါင္းရင္ သိန္း(၁၀ဝ)ေလာက္နဲ႔ တစ္ဆင့္ခံၿပီးသြားရင္ သိန္း(၂၀ဝ)၊ (၃၀ဝ) အနည္း ဆုံးကုန္သြားမွာ။ ကုန္သြားၿပီးေတာ့ အက်ိဳးအျမတ္ ျဖစ္သြားတာက ထိုင္းကျဖစ္သြားလိမ့္မယ္။ ေနာက္ဆုံး ဒီကေလးေတြက ဟိုဘက္ေရာက္သြားၿပီးေတာ့ ေငြ လည္း တရားဝင္လမ္းေၾကာင္းက ျပန္လႊဲဖို႔လုပ္မွာ မဟုတ္ဘူး။ ဒီကေလးေတြနဲ႔ ႏိုင္ငံေတာ္ပဲ နစ္နာေန တာ။ ဒါနဲ႔ အဲဒါေတြကို ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ဆိုတာက ဝန္ႀကီးဌာနမွာရွိတဲ့ ဗ်ဴ႐ိုကေရစီယႏၲရားကို မျပဳျပင္လို႔မရဘူးျဖစ္ေနတယ္။ ျမင္ရတဲ့အျမင္က။ အဲဒီေတာ့ ႐ုရွားေတာင္မွ အသက္ကန႔္သတ္ခ်က္မရွိဘဲ လႊတ္ေပးေနတယ္။ အဲဒီလိုပဲ ဂ်ပန္ႏိုင္ငံကိုေကာ လႊတ္ေပးလို႔မရႏိုင္ဘူးလား ႐ုရွားလိုမ်ိဳးစဥ္းစားၿပီး ေတာ့။ ဥပမာ ေယာက်ာ္းေလးေတြကို စစ္မႈမထမ္းမ ေနရဆိုတာကို ခဏထားဖယ္ထားၿပီးေတာ့ ေစာနက ေျပာတဲ့စနစ္နဲ႔ စစ္မႈမထမ္းမေနရစနစ္နဲ႔ အဲဒီဟာကို Management လုပ္လိုက္။ လုပ္လိုက္ၿပီးေတာ့ ဘယ္အသက္နဲ႔ဘယ္အသက္ ေယာက်ာ္းေလး ထြက္ လို႔မရဘူး။ သူတို႔လ်ာလိုက္ရင္ က်န္တဲ့လူေတြက ပို ေနတာေလ သိတယ္မလား။ တစ္ႏွစ္ကို လူ(၆)ေသာင္းေလာက္စစ္မႈထမ္းဖို႔ကိစၥေၾကာင့္ လူေတြ သိန္းခ်ီၿပီးေတာ့ ထြက္ေျပးေနတာ ပိုမနစ္နာဘူး လား။ အဲဒီလူေတြက စာရင္းမွာအကုန္ပါလားဆိုေတာ့ ပါတဲ့ လူေတြလည္းမဟုတ္ဘူး။ ေၾကာက္လို႔ မူဝါဒမရွိတဲ့အ တြက္ေၾကာင့္ ပါႏိုး၊ ပါႏိုးနဲ႔ အကုန္ထြက္ေျပးေနၾကတာ။ အဲဒီေတာ့ ေစာနကေျပာသလို အသက္တစ္ခုကို ျဖတ္လိုက္။ (၃၂)ကေနၿပီးေတာ့ စေခၚမယ္။ (၃၂)ကေနစစ္မႈထမ္းမေနရ ေခၚလိုက္ရင္ ႏွစ္ႏွစ္ ထမ္းၿပီး (၃၄)ကြက္တိပဲ။ အဲဒီလိုလူေတြစာရင္းက ဥပမာ တစ္ၿမိဳ႕နယ္ဘယ္ေလာက္ဆိုရင္ ၿမိဳ႕နယ္မွာစာရင္း ဆြဲၿပီးေတာ့ တစ္ခါတည္းလ်ာၿပီးေတာ့ အဲဒီလူေတြ ေခၚၿပီးေတာ့ ေစာေစာစီစီးေခၚၿပီး အသိေပး ဘယ္မွာမသြားလက္မွတ္ထိုး မိသားစုေတြကို ခံဝန္ ခ်ဳပ္ခ်ဳပ္ အဲဒီလူေတြ ေပ်ာက္သြားမွာဆိုးလို႔ အရန္ (၁၀) ရာခိုင္ႏႈန္း လ်ာလို႔ရေသးတယ္။ အဲဒီေတာ့ တစ္ႏွစ္ကို လူ(၆)ေသာင္းေလာက္ေခၚတဲ့ဟာအတြက္ ကို လူေတြ သိန္းနဲ႔ခ်ီၿပီး ႏိုင္ငံျခားကိုထြက္ေနတယ္။ ကိုယ့္လူမ်ိဳးေတြပဲ ဒုကၡေရာက္ေနတယ္။ သြားတဲ့ႏိုင္ငံ ေတြကလည္း ႏိုင္ငံငယ္ေလးေတြ။ ၿပီးေတာ့ တကယ္ ပိုက္ဆံရတဲ့ႏိုင္ငံမ်ိဳးလည္းမဟုတ္ဘူး။ ေနာက္ မဟုတ္တဲ့ေနရာေတြမွာလည္း ကေလးေတြ‌အမ်ားႀကီး ေရာက္ေနၾကတယ္။ ေရာက္ေနမယ့္အတူတူ ကိုယ့္ ႏိုင္ငံသားေတြကို ဂ်ပန္တို႔လိုႏိုင္ငံမ်ိဳးကိုသာ တရား ဝင္ (၆)လေလာက္ေနၿပီးေတာ့သာ ေယာက်ာ္းေလး ေတြေရာ ထြက္ခြင့္ရတယ္ဆိုရင္ ေဈးကြက္လည္း ေကာင္းမယ္။ ‌ေဈးကြက္အေနအထားအရ ဝင္ေငြ ေကာင္းတဲ့ႏိုင္ငံကိုရတယ္။
ေမး။ ဒီလို ေဈးေကာင္းရတဲ့ ဂ်ပန္လိုႏိုင္ငံကို လူငယ္ ေတြမ်ားမ်ားပို႔ႏိုင္ခဲ့ရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရႏိုင္မလဲ။
ေျဖ။ စနစ္က်တဲ့ႏိုင္ငံရဲ႕စနစ္ကို ငယ္႐ြယ္စဥ္မွာ သူတို႔ရမယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ စနစ္တက်ျဖစ္သြား မယ္။ ျပန္လာရင္ အဲဒီကေလးေတြက ဒီမွာ စနစ္က် တဲ့လူသားအရင္းအျမစ္ကို ဒီႏိုင္ငံအေနနဲ႔ျပန္ရမယ္။ တရားဝင္ေငြလႊဲတဲ့စနစ္ကိုလည္း ပိုၿပီးေတာ့ ေကာင္း ေအာင္ အေကာင္အထည္ေဖာ္ေပးမယ္ဆိုရင္ ဥပမာ ဟိုဘက္မွာ ဟြန္ဒီနဲ႔လႊဲတဲ့ ေငြေပါက္ေဈးနီးနီးနဲ႔ရတယ္ ဆိုရင္ ဘယ္သူမွ ဟြန္ဒီနဲ႔မလႊဲဘူး။ ဟြန္ဒီနဲ႔လႊဲတယ္ဆို တာကေၾကာက္စရာ။ လိမ္သြားမလားဆိုတဲ့ ရင္တ မမနဲ႔လႊဲေနၾကတာအားလုံးက။ ႏိုင္ငံေတာ္အေနနဲ႔ လည္းပိုရလာမယ္။ အခုသတ္မွတ္ထားတဲ့သတ္မွတ္ ခ်က္မဟုတ္ဘဲနဲ႔ ဥပမာ တကယ္ေဈးကြက္ေပါက္ေဈး နီးပါးရမယ္ဆိုရင္ ဘယ္လိုျဖစ္လာမလဲဆိုေတာ့ အကုန္လုံးနီးပါးေပါ့။ (၃)လတစ္ႀကိမ္ ဘယ္ေလာက္ လႊဲမလဲ မဟုတ္ဘူး။ သူတို႔မိဘကို ပုံမွန္လႊဲေနက်ႏႈန္း အတိုင္း သူတို႔စုထားတာအကုန္လႊဲမွာပဲ။ အဲဒီလို လႊဲလာရင္ ႏိုင္ငံေတာ္အေနနဲ႔ေကာ ႏိုင္ငံျခားဝင္ေငြ ပိုရမလာဘူးလား။ ေဈးကြက္ႀကီးက (၁.၂၅) သန္း ႀကီးက အႀကီးႀကီးျဖစ္ေနတယ္။ အဲဒီလို ေဈးကြက္အ ႀကီးႀကီးေတြကို အစိုးရအေနနဲ႔စဥ္းစားသင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံျခားကေန ျပန္ၿပီးဝင္လာ မယ့္ဝင္ေငြကိုအားထားမယ္ဆိုရင္ ဒီ Labour ကိစၥ က မျဖစ္မေနေျဖရွင္းရမယ္။
ေမး။ ဒါဆို အေကာင္အထည္ေဖာ္ေပးရမယ့္အစိုးရပိုင္းက အေရးႀကီးတာေပါ့။
ေျဖ။ အခုႏိုင္ငံေတာ္အႀကီးအကဲေတြက အဲဒီေလာက္ ထိ သိခ်င္မွသိလိမ့္မယ္။ တခ်ိဳ႕သတင္းေတြက ဝန္ႀကီးေတြကိုယ္တိုင္ကိုမွ အဲဒီဝန္ႀကီးဌာနမွာရွိတဲ့ ဗ်ဴ႐ိုကေရစီယႏၲရားရဲ႕ ျခယ္လွယ္တာကိုခံေနရတယ္ လို႔ အခု ေအဂ်င္စီအေနနဲ႔သတ္မွတ္ထားတယ္။ အမွန္က ဒါမ်ိဳးေတြကို အစိုးရက ျမန္ျမန္စိစစ္ၿပီးေတာ့ ျမန္ျမန္လုပ္သင့္တယ္။ အထူးသျဖင့္ ကိုယ့္ႏိုင္ငံသား ဗီဇာက်ၿပီးတဲ့လူေတြမထြက္ရဘူးဆိုရင္၊ တန္းစီၿပီး ေစာင့္ေနရတယ္ဆိုရင္ ဘယ္သူနစ္နာလဲ။ ႏိုင္ငံျခား ကုမၸဏီေတြရဲ႕ Trust လည္းက်တယ္။ " ဒီႏိုင္ငံကလူ ေတြကကြာ ဗီဇာက်တာေတာင္လာလို႔မရပါဘူး}}ဆိုၿပီး ေဈးကြက္ကေျပာင္းသြားမွာ။ အဲဒါအျပင္ ငါတို႔က လႊတ္ေတာ္ေတြေပၚမွလုပ္မယ္တို႔ အဲဒီေလာက္ထိ သြားဆြဲလို႔မရဘူး။ ေဈးကြက္စီးပြားေရးဆိုတာ ကိုယ္ က ဦးေအာင္ အရင္ဝင္ယူရတာ။ ေဈးကြက္ကိုဝင္မယူ ဘဲနဲ႔ ဘယ္လိုမွ ေဈးကြက္စီးပြားေရးထဲ ဝင္လို႔မရဘူး။ အခုခက္ေနတာက ဝန္ႀကီးဌာနေတြအားလုံး Labour တစ္ခုတည္းမဟုတ္ဘူးေပါ့။ က်န္တဲ့ ဝန္ႀကီးဌာနေတြ ေရာ စီးပြားေရးလုပ္ငန္းကို အကူအညီေပးေနတယ္။ အားေပးတယ္ဆိုတာ ပါးစပ္ပဲရွိတယ္။ တကယ္ လုပ္ၾကည့္လိုက္ အကုန္လုံးကလည္ထြက္သြားၿပီး ဘယ္သူမွလုပ္မရဘူး။ အဲဒီအခါက်ရင္ အကုန္‌ ေဘာ္ လီေဘာပုတ္ထုတ္ေနတယ္။ ဟိုဌာနနဲ႔ဆိုင္တယ္၊ ဒီဌာနနဲ႔ဆိုင္တယ္။ ဟိုက မူဝါဒ၊ ဒီက မူဝါဒျဖစ္ေနတာ။ အမွန္က ဂ်ပန္ကိစၥကို ႐ုရွားလိုပဲ ေယာက်ာ္းေလးေတြ လည္း စစ္မႈထမ္းတဲ့ဟာကို အဲဒါကို ကင္းလြတ္ေပးၿပီး ေတာ့သြားခိုင္းသင့္တယ္။ အဲဒီဟာေလးကို အဓိက ေျပာခ်င္တာ အခုသူမ်ားေတြေျပာေနတဲ့ဟာထက္ အခုဟာေတြက ကြာေနလို႔ေလ။ ေျပာခ်င္တာ သူတို႔ ေျပာခ်င္တာေတာ့ သေဘာေပါက္တယ္။ ဒါေပမဲ့ အခုဟာက သြားမယ့္ကေလးေတာင္ သြားမရဘူးဆို ရင္ အင္မတန္နစ္နာေနတယ္။ အသစ္လုပ္မယ့္က ေလးေတြကိုေျပာတာမဟုတ္ဘူးေနာ္။ ဗီဇာက်ၿပီးသား ကေလးေတြေတာင္ ထြက္မရဘူးျဖစ္ေနတယ္။ အကုန္ပိတ္မိေနတယ္ဗီဇာေတြ။ မိန္းကေလးေတြ ေနာ္။ ေယာက်ာ္းေလးစစ္မႈမထမ္းမေနရေၾကာင့္ ေယာက်ာ္းေလးမထြက္ရတာ ခဏထားဦး။ မိန္းက ေလးေတြကိုယ္တိုင္ကို ဗီဇာက်ၿပီးထြက္မရတဲ့ဟာ ေတြျဖစ္ေနတာအကုန္လုံး။ ဒါေတြက အမွန္ဆို ျမန္ ျမန္ရွင္းထုတ္ေပးလိုက္ရမွာ။ ျမန္ျမန္မရွင္းထုတ္ေပး လိုက္ရတဲ့အခါက်ေတာ့ ေစာနကေျပာသလို ဟိုဘက္ က အလုပ္သမားေခၚတဲ့ကုမၸဏီ Trust ကက်လာ တယ္။ အဲဒါမ်ိဳးက်လာရင္ အခုေဈးကြက္က တျခား ႏိုင္ငံေတြကိုေရာက္သြားရင္ ေ႐ြးေကာက္ပြဲၿပီးမွလုပ္ မယ္ဆိုတာက မမီေတာ့ဘူး။ အခုလုပ္ရမယ့္ဟာက အခုလုပ္မွ ရမွာ။ လူႀကီးေတြအေနနဲ႔လည္း ဒါကို သိ သင့္တယ္။ ဒီအလုပ္သမားဝန္ႀကီးဌာနရဲ႕ ဗ်ဴ႐ိုကေရစီ ယႏၲရားက ျပင္ကိုျပင္ရမွာ။ အဲဒီဗ်ဴ႐ိုကေရစီယႏၲရား မွာ ျပႆနာရွိေနတယ္လို႔ျမင္တယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ ဝန္ႀကီးေတြက အသစ္ အသစ္ေတြေျပာင္းလာ တိုင္း ဝန္ႀကီးေတြ ခ်က္ခ်င္းမလုပ္ႏိုင္ဘူး။ အဲဒီမွာ သူ တို႔ေတြက ဝန္ႀကီးေတြဟာ အဘ ဒီလိုရွိတယ္ဆိုရင္ ဝန္ႀကီးေတြက လည္ထြက္သြားေရာ။ အဓိကက ဗ်ဴ႐ို ကေရစီယႏၲရားေတြက ဌာနဆိုင္ရာအားလုံးက ျပင္မွ ကိုရမွာ။ သူ႔ဘာသာအစိုးရအဖြဲ႕ေျပာင္းတာနဲ႔မဆိုင္ ဘူး။ အစိုးရအဖြဲ႕ေျပာင္းၿပီး ဝန္ႀကီးေျပာင္းတိုင္းလည္း မျဖစ္ဘူး။ ဗ်ဴ႐ိုကေရစီယႏၲရားေတြက အစိုးရအသစ္နဲ႔ အတူ အကုန္လုံး ေျပာင္းဖို႔လိုတယ္။
ေမး။ ဒီေတာ့ ဂ်ပန္ကိုယ္တိုင္ကလည္း ျမန္မာကို ႀကိဳက္တယ္၊ လုပ္သားေခၚလိုတဲ့ဆႏၵလည္းရွိေတာ့ ဒီအခြင့္အလမ္းကို အခ်ိန္မီ လက္ဆုပ္လက္ကိုင္ရယူ သင့္တယ္လို႔ ေျပာခ်င္တာလား။
ေျဖ။ ။ အမ်ားစုကေတာ့ ျမန္မာလူမ်ိဳးေခၚခ်င္တဲ့ ကုမၸဏီမ်ားတယ္။ ဒါေပမဲ့ တျခားႏိုင္ငံေခၚမယ့္ကုမၸဏီ လည္းရွိတာေပါ့။ ခ်ိတ္ဆက္ထားၿပီးသားေတြက။ ဒါေပမဲ့ ဥပမာ ဗီယက္နမ္လူမ်ိဳး သူတို႔လုံးဝမႀကိဳက္ ေတာ့ဘူး။ မႀကိဳက္ေတာ့ဘူးဆိုတာ ဟိုး‌ေရွ႕ပိုင္းတုန္း က ဗီယက္နမ္လူမ်ိဳးေတြက လူေကာင္းေတြ ေတာ္ ေတာ္မ်ားမ်ားေရာက္သြားၿပီးသြားၿပီ။ ‌ေရာက္သြားၿပီး ေနာက္ပိုင္းမွာမွ Quality သိပ္မရွိေတာ့တဲ့လူကို ေနာက္ဆုံးေခၚရတာေပါ့။ ေခၚရတဲ့အတြက္ ဟိုမွာ ရာဇဝတ္မႈေတြ အရမ္းမ်ားလာၿပီးေတာ့ ဗီယက္နမ္ကို လည္း မေခၚခ်င္ၾကေတာ့ဘူး။ အဲဒီလိုပဲ ကေမာၻဒီးယား က်ေတာ့လည္း ဘယ္ေလာက္မွ သိပ္ရွိတာမဟုတ္ဘူး။ ထိုင္းက်ေတာ့လည္း သူတို႔ႏိုင္ငံရဲ႕ဝင္ေငြနဲ႔စာရင္ သိပ္ မကြာတဲ့အတြက္ ထိုင္းေတြကလည္း သိပ္မသြားေတာ့ ဘူး။ အခု တ႐ုတ္ဆိုလည္း ႏိုင္ငံေရးအေျခအေနအရ တ႐ုတ္ကမသြားေတာ့ဘူး။ ဆိုေတာ့ သူတို႔ ဘယ္ႏိုင္ငံ ကေခၚမယ္။ အင္ဒိုနီးရွားက်ေတာ့ ဘာသာေရးအရ နည္းနည္းခက္တယ္။ ဒါေပမဲ့ သူတို႔ Market ကို ေတာ့လွည့္ရွာေနတယ္။ လွည့္ရွာေနတဲ့အခ်ိန္မွာ ကိုယ္ေတြျမန္မာက လက္ရွိမွာ Market အသာစီးရ ေနတဲ့အခ်ိန္။
ေမး။ လႊတ္မယ္ဆိုရင္ေကာ အစိုးရအေနနဲ႔ ဘယ္လို စီမံၿပီးလႊတ္သင့္လဲ။
ေျဖ။ ။ မိန္းကေလးက်ေတာ့ စစ္မႈထမ္းနဲ႔မဆိုင္ေသး ဘူး။ မိန္းကေလးက်ေတာ့ ႏိုင္ငံတိုင္းကို လ်ာၿပီး‌ေတာ့ ခြဲတမ္းဘယ္ေလာက္ဆိုၿပီးလုပ္ေနေတာ့ ခြဲတမ္း ဒီ ေလာက္မရဘူး။ ဥပမာ ထိုင္းတို႔ကိုလႊတ္မယ့္အစား ကိုရီးယားဆိုသြားတယ္။ ေတာ္ေတာ္မ်ားမ်ား ထိန္းမရ ဘူး။ ေရာက္တာနဲ႔ ႏိုင္ငံေရးအသိုင္းအဝိုင္း အရမ္း ႀကီးတယ္။ ကိုရီးယားအစိုးရကိုယ္တိုင္ကကို ႏိုင္ငံ ေရးေလွ်ာက္တဲ့ဟာေတြ ေနထိုင္ခြင့္ေတြ အကုန္ေပး ေနတာ။ အဲဒီႏိုင္ငံေတြသြားမွာထက္စာရင္ ဂ်ပန္ကို ဦးစားေပးၿပီး လူဦးေရအဓိက Focus ကို ထားၿပီးလုပ္ လိုက္ရင္ ထိုင္းေရာက္ေနတဲ့ျမန္မာအမ်ားစု ျပန္လာ မယ္။ ျပန္လာျခင္းမွာ သူတို႔လည္း ဒီမွာလာၿပီးေတာ့ လတ္တေလာ ျမန္မာမွာရွိတဲ့အလုပ္သမား မားကက္ ကို ယာယီမသြားခင္ ေက်ာင္းတက္ရင္း ဝင္လုပ္ၾက မွာပဲ။ အခုလည္း မိန္းကေလးေတြ အဲဒီလိုပဲလုပ္ေန တာ။ ဂ်ပန္သြားတဲ့လူေတြက ဥပမာ G & G တို႔မွာ အခ်ိန္ပိုင္းဝင္လုပ္တာ။ ေက်ာင္းသူမိန္းကေလးေတြ အဲဒီလိုပဲ ႏိုင္ငံျခားသြားခါနီးကိုထိုင္ေစာင့္ေနတာ။ ေနာက္ၿပီး NurseAid ေတြမွာရွိတယ္။ အဲဒါေတြက သြားခါနီးကို လာထိုင္ေစာင့္ေနၾကတာဆိုေတာ့ အဲဒီ လူေတြျပန္လာရင္ ကိုယ့္ႏိုင္ငံမွာ လိုအပ္တဲ့အလုပ္သ မားေဈးကြက္လည္း ယာယီ ျပန္ျပည့္သြားလိမ့္တယ္။ မထြက္မခ်င္းေတာ့ သူတို႔ အလုပ္လုပ္ေနရမွာပဲေလသူတို႔ရပ္တည္မႈအတြက္။ အဲဒီလူေတြ အမ်ားဆုံးျပန္ လာလိမ့္မယ္။ လာမယ္ဆိုတဲ့ဂဏန္းကလည္း အမ်ား ႀကီးလာမွာ။ ဘာလို႔ျပန္လာမွာလဲ သူတို႔စာရင္းမပါဘူး ဆိုတာသိသြားမယ္။ စစ္မႈမထမ္းမေနရထဲမွာ သူတို႔ မပါဘူး။ စာရင္းလည္းအတိအက်သြားမယ္။ အဲဒီ ေတာ့ လူဦးေရ ဒီတစ္ႏွစ္စာအတြက္ကိုလ်ာေလ။ တစ္ႏွစ္စာ လူဦးေရ(၆)ေသာင္းအတြက္ကို ဘယ္ေန ရာက ဘယ္ႏွေယာက္၊ အသက္မတူ ဘယ္ႏွႏွစ္၊ ဘယ္မိသားစုေတြပါတယ္။ လဝက ႀကိဳၿပီးေတာ့ ဒါ ေတြလုပ္ထားရင္ ပလန္ဆြဲထားလိုက္ရင္ ဒီလို အုတ္ ေအာ္ေသာင္းတင္းလည္းမျဖစ္ဘူး။ အဲဒါကိုမွ ထပ္ ေဆာင္းၿပီးေတာ့ လူေတြထြက္ေျပးႏိုင္ေသးတာကို ရည္႐ြယ္ၿပီးေတာ့ (၁၀)ရာခိုင္ႏႈန္းထပ္ေဆာင္းလိုက္။ (၂၀)ရာခိုင္ႏႈန္းထပ္ေဆာင္းမလား။ ထပ္ေဆာင္းဦး။ (၂၀)ရာခိုင္ႏႈန္းထပ္ေဆာင္းမွ (၇၂၀ဝဝ)ေလာက္ပဲ ျဖစ္မွာ (၇၂၀ဝဝ)ေလာက္ပဲျဖစ္မယ့္ဟာကို သိန္းနဲ႔ သန္းနဲ႔ခ်ီၿပီးထြက္ေျပးေနတယ္။ ဒီမွာလည္း အလုပ္သ မားဆုံးရႈံးတယ္။ ေနာက္ၿပီးေတာ့ ေဈးကြက္လည္းမရ ဘူး။ လႊတ္သင့္တာကို အကုန္လႊတ္ပစ္လိုက္။ ဗီဇာ က်ၿပီးသားလူ အကုန္လႊတ္ပစ္လိုက္။ ဘာမွ ဟိုႏိုင္ငံ ဒီႏိုင္ငံ SOP ေတြနဲ႔ခ်ိန္မေနနဲ႔။ ဗ်ဴ႐ိုကေရစီယႏၲရားက စားကြက္လုပ္ထားတာ။ SOP ဆိုတာ သူတို႔စားကြက္ရ ေအာင္ဆြဲထားတဲ့ SOP ေတြ။
ေမး။ လႊတ္ကိုလႊတ္ေပးရမယ့္ သေဘာေပါ့။
ေျဖ။ ။ အဲဒီလိုလႊတ္ေပးလိုက္ရင္ ဒီလူေတြ တရားဝင္ ထြက္လို႔ရသြားတယ္။ ေစာနကေျပာသလို လူငယ္ ေတြလည္း စစ္မႈမထမ္းမေနရမွာလည္း အသက္ကန႔္ သတ္ၿပီးေတာ့လူဦးေရလ်ာလိုက္ရင္ က်န္တဲ့လူေတြ က တရားဝင္ ေအးေဆးေန ေက်ာင္းတက္မယ္။ ေယာက်ာ္းေလးေတြလည္းထြက္လို႔ရမယ္။ ဆိုရင္ တျခားႏိုင္ငံမွာသြားေနတဲ့ လာအို၊ ထိုင္းတို႔ကလူေတြ က မစို႔မပို႔နဲ႔လုပ္ေနရတာ ျပန္လာမွာ ဒီလမ္းေၾကာင္း က။ တရားဝင္လမ္းေၾကာင္းကပြင့္သြားၿပီ။ ဥပမာ ထိုင္းကိုလည္းလ်ာတယ္။ ထိုင္းမွာ ပိုလွ်ံၿပီးေတာ့ ေပါက္ကရေနရာကိုေရာက္ေနၿပီ။ ျမန္မာေယာက်ာ္း ေလးေရာ၊ မိန္းကေလးေရာ အဲဒီလိုထက္စာရင္ အဲဒီ လူေတြကို ျပန္ေခၚရမွာမဟုတ္ဘူးလား။ ထိုင္းတို႔ကိုပိတ္ရမွာမဟုတ္ဘူးလား။ ထိုင္း၊ လာအို၊ ဗီယက္နမ္၊ ကေမာၻဒီယားတို႔ ပိတ္ပစ္ရေတာ့မယ္။ အဲဒီႏိုင္ငံအ တြက္ကိုလည္း ခြဲတမ္းထည့္ဆြဲထားတဲ့အတြက္ေၾကာင့္ ဒီလႊတ္ရမယ့္လူဦးေရကို ခ်ိန္ၿပီးလႊတ္ရပါတယ္ဆိုၿပီး မလႊတ္ဘူး။ မလႊတ္ဘဲနဲ႔ မလႊတ္လို႔ တကယ္ SOP အတိုင္း အစီအစဥ္အတိုင္းသြားလားဆိုေတာ့လည္း ျမန္ မာျပည္ရဲ႕ထုံးစံအတိုင္း သူတို႔လုပ္စားၿပီးေတာ့ ၾကား ေပါက္ထပ္ထည့္ၿပီးေတာ့လႊတ္ေနတာေတြရွိတယ္။ OWIC ကိစၥ တကယ္ ေလဆိပ္မွာျဖစ္ေနတာ အုတ္ ေအာ္ေသာင္းတင္း။ ဥပမာ (၅)ရက္ႀကိဳတင္ၿပီးေျပာ ရမယ္ သူတို႔ကုမၸဏီရဲ႕အလုပ္ကိစၥနဲ႔ျဖစ္ပါေစ၊ သူတို႔ မိသားစုအေၾကာင္းအရာနဲ႔ျဖစ္ပါေစ၊ ခြင့္က (၅)ရက္၊ (၆)ရက္ပဲရတယ္။ အလြန္ဆုံး (၁၀)ရက္ရတယ္ထား။ အဲဒီ(၁၀)ရက္ရတဲ့ဟာမွာ OWIC ကိုျပန္ၿပီး ႏိုင္ငံ ျခားထြက္ခြင့္တင္တယ္ဆိုတာ လြယ္တယ္မ်ားမွတ္ေန လား။ အဲဒီလူမ်ား ထြက္မရရင္ ဟိုဘက္မွာ အလုပ္က ျပဳတ္ဦးမယ္။ ကုမၸဏီကအရမ္းႀကိဳက္ရင္ေတာ့ ေစာင့္ မွာ။ ႏိုင္ငံျခားကုမၸဏီက လူက အတိအက်လ်ာထား တာ။ လူေတြ ပိုလ်ာထားတာမဟုတ္ဘူး။ အဲဒီအတြက္ OWIC နဲ႔ ျပန္လာတဲ့လူေတြ အဲဒီ(၁၀)ရက္အတြင္းမွာ အလုပ္လုပ္ရက္ (၅)ရက္ေလွ်ာက္ရမယ္လို႔ ျပန္ထြက္ခြင့္ အဲဒါေတြက တကယ္ေတာ့မလုပ္သင့္ ဘူး။ မၾကပ္သင့္ဘူး။ OWIC ကတ္ တစ္ခါေပးထား ၿပီးၿပီ။ သူအခြန္ေဆာင္လား၊ တရားဝင္ေငြလႊဲထားလား။ အဲဒီ သူ႔တာဝန္ေက်ေနတယ္ဆို ေလဆိပ္မွာစစ္ၿပီး လႊတ္လိုက္႐ုံပဲ အမွန္က။ အခုလုပ္ပုံက အလုပ္ျပဳတ္ သြားမွာ အကုန္လုံး။ ေနာက္ဆုံး ကိုယ့္ႏိုင္ငံကလူေတြ ပဲနစ္နာတာကို ခြင္တစ္ခုအေနနဲ႔လုပ္စားေနတယ္။ အဲဒီ အလုပ္သမားဝန္ႀကီးဌာနကဆြဲထားတဲ့ SOP ဆိုတာ အဲဒီထဲက ဗ်ဴ႐ိုကေရစီကဝန္ထမ္းေတြ လုပ္ စားလို႔ရတဲ့အကြက္ျဖစ္ေနတာ။ လုပ္ကိုလုပ္စားေနၾက တာအခုက။ ဂ်ပန္ကို သီးသန႔္ပို႔ဖို႔လုပ္လိုက္ ဂ်ပန္ကို ဖြင့္ေပးမယ္။ ဟုတ္ၿပီ ေယာက်ာ္းေလးလည္းလႊတ္ ေပးမယ္။ ဒါေပမဲ့ အဲဒီေယာက်ာ္းေလးေတြက စစ္မႈမ ထမ္းမေနရစာရင္းထဲမွာ ပါမေနမွရမယ္။ အသက္အ ႐ြယ္မေ႐ြး။ အဲဒါက ကိုယ့္ဘာသာကိုယ္ ရပ္ကြက္႐ုံး၊ ေကာ္မတီတို႔ကေန စာရင္းလုပ္ထားလိုက္။ လုပ္ထား ၿပီး အဲဒီလူေတြသြားစစ္လိုက္။ စာရင္းထဲမပါဘူးဆိုရင္ မင္းတို႔သြားလို႔ရတယ္။ ဖြင့္ေပးလိုက္ေပါ့။ ဂ်ပန္ကိုသာ ဖြင့္ေပးလိုက္ရင္ ဝင္ေငြလည္းေကာင္းမယ္။ အားလုံး ေနာက္ဆုံး စည္းစနစ္က်တဲ့လူငယ္ေတြ ျဖစ္လာလိမ့္ မယ္။ ဂ်ပန္ရဲ႕ေဘာင္ထဲမွာ ႐ိုက္ထည့္လိုက္တဲ့အတြက္ စည္းစနစ္က်တဲ့ လူသားအရင္းအျမစ္ျဖစ္သြားမယ္။ အဲဒီလူသားအရင္းအျမစ္ေတြက (၃)ႏွစ္ျပည့္သည္ ျဖစ္ေစ၊ (၅)ႏွစ္ျပည့္သည္ျဖစ္ေစ ျပန္လာခဲ့ရင္ ကိုယ့္ ႏိုင္ငံအတြက္ပဲအက်ိဳးရွိတာ။ ဆိုေတာ့ ဒီတိုင္းထက္ စာရင္ ဟိုမွာက ကြၽန္ေတာ္တို႔စနစ္နဲ႔သြားတာ System ထဲထည့္ေနတာ။ စနစ္က်တဲ့လူေတြရမယ္။ သိတယ္ မလား။ ယိုးဒယားသြားတယ္။ စင္ကာပူသြားလည္း စနစ္တက်လူမရႏိုင္ဘူး။ အလုပ္ထဲမွာ စည္းစနစ္႐ိုက္ ထည့္တာမဟုတ္ဘူး။ ဂ်ပန္က်ေတာ့ System တစ္ခုတည္းကို႐ိုက္သြင္းလိုက္တာျဖစ္တဲ့အတြက္ စနစ္ က်တဲ့လူမ်ိဳးကိုရလာမယ္။ ဒါေပမဲ့ ျမန္မာျပည္မွာထက္ စာရင္ေတာ့ ႏိုင္ငံျခားထြက္တာက ကိုယ့္ေျခေထာက္ ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့လူျဖစ္တာေပါ့။ ဒါေတာ့ ဘယ္ႏိုင္ငံထြက္ထြက္။
ေမး။ အခု ဂ်ပန္ကို ျမန္လုပ္သား ဘယ္ေလာက္လႊတ္ ထားလဲ။
ေျဖ။ ။ လက္ရွိကို လႊတ္ထားၿပီးသား(၂)သိန္းေက်ာ္ (၃) သိန္းနီးပါးရွိတယ္ထင္တယ္။ အဲဒါ တျခားႏိုင္ငံနဲ႔ ယွဥ္ရင္နည္းတာ။ တစ္လကို လူ(၁၀ဝဝ)နီးပါးပဲလႊတ္ မွာ။ အဲဒါေတာင္ က်န္တဲ့ႏိုင္ငံေတြရဲ႕ခြဲတမ္းေတြ ၾကည့္ဦးမွာ။ ဆိုေတာ့ စနစ္မွားေနတာ။ ခုနေျပာသလို စစ္မႈမထမ္းမေနရဟာကို ဘယ္အသက္နဲ႔ဘယ္ အ သက္ဆိုတာ ကန႔္ကိုကန႔္သတ္လိုက္။ ေလာေလာ ဆယ္ေပါ့ေနာ္ ျဖစ္ႏိုင္ေျခ။ အဲဒီၾကားကိုလႊတ္ေပး လိုက္။ (၅)ေသာင္းနဲ႔ (၆)ေသာင္းေခၚတာကို အဲဒီအ တြက္ကို သန္းနဲ႔ခ်ီၿပီးထြက္ေျပးေတာ့ ကိုယ့္ႏိုင္ငံပဲ အင္အားေတြ ဆုံးရႈံးတာ။
ဟုတ္ကဲ့ အခုလို အႀကံျပဳေဆြးေႏြးေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.