ဖြူး - အုတ်တွင်းလမ်း (သို့မဟုတ်) မစိုးထိတ်ချင်ကြသော လမ်းပိုင်း (လမ်းပိုင်း ဆောင်းပါး)

 348

သုတကျော် (NP News) - ဖေ‌ဖော်ဝါရီလ ၄

" မသိတဲ့သူဆိုရင်တော့ ဘယ်စိုးရိမ်မလဲ။ သိနေတော့ ကျတော့ တက်လာမလား၊ တစ်ခုခု လုပ်မလား စိုးရိမ်တာပေါ့" ဟု ဆိုလာသူက ဖြူးမြို့ နှင့် အုတ်တွင်းမြို့ကြားက ရန်ကုန် - မန္တလေး လမ်းဟောင်းကို အသုံးပြုသွားလာနေသူတစ်ဦး ဖြစ်သည်။
အမှတ် (၁) ပြည်ထောင်စု အဝေးပြေး လမ်းမကြီးဟုခေါ်သည့် ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှ အဆိုပါလမ်းပိုင်းနေရာသည် မြန်မာနိုင်ငံ၏ အဓိက တောင်-မြောက် လမ်းမကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတစ်လျှောက် ဆက်သွယ်ထားကာ ယင်းလမ်းမကြီးသည် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်သည့် ပထမဦးဆုံး ပြည်ထောင်စုလမ်းမကြီးဖြစ်သည်။
(၄၁၅) မိုင် (၆၆၈ ကီလိုမီတာ) ခန့်ရှည် လျားပြီး ရန်ကုန်မှ မိတ္ထီလာအရောက်တွင် အရှေ့ ဘက်သို့ အမှတ် (၄) ပြည်ထောင်စု အဝေးပြေး လမ်းမကြီးနှင့်ဆက်သွယ်လျက်ရှိပြီး မြောက်ဘက် တွင် မန္တလေးမြို့အထိ ဆက်သွယ်ထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့၊ ပဲခူးမြို့၊ ညောင်လေးပင်မြို့၊ ဖြူးမြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့ စသည့် မြို့ကြီးများအပါအဝင် မြို့ပေါင်း (၅၀) ကျော်ကို ဖြတ်သန်းဖောက်လုပ် ထားသည်။
ယင်းလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော ဖြူး - အုတ်တွင်း လမ်းပိုင်းသည် (၂၄) မိုင်ကျော်ရှည်လျားပြီး ရန်ကုန် - မန္တလေး အမြန် လမ်းကြီးနှင့်လည်း မျဉ်းပြိုင်သဖွယ်တည်ရှိနေခြင်း ဖြစ်သည်။ ဖြူးမြို့ဘက်ကလာလျှင် ဇေယျဝတီ - ညောင်ခြေထောက် - ကျွဲပွဲတို့ကို ဖြတ်သန်း ရမည် ဖြစ်၏။ ညောင်ခြေထောက်ခေါ် အောင်မြေမြို့ သည်ကား ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သူပုန်တို့ ၏ စီးနင်းခြင်းကိုခံခဲ့ရသောမြို့ ဖြစ်သည်။ ညောင်ခြေ ထောက်တွင်ဆိုလျှင် ပြီးခဲ့သည့်ရက်ပိုင်းက ဆီဘောက်ဆာကားတစ်စီးကို သူပုန်တို့က လမ်းပိတ် ဆို့စေရန် မီးရှို့ဖျက်ဆီးသွားခဲ့သေး၏။
အဆိုပါလမ်းပိုင်း၏အနောက်ဘက်တွင် ကား စစ်တောင်းမြစ်ကြီးရှိပြီး ယင်းမှအလွန် ကျေးရွာ အချို့ကို ဖြတ်သန်းပြီးနောက်တွင် ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် နယ်စပ်သို့ ရောက်မည် ဖြစ်သည်။ ယင်းလမ်းပိုင်းကို မြေပုံတွင်ကြည့်လျှင် စိမ်းလန်းသော တောတောင်နှစ်ခုကြားမှ လွင်ပြင်ကျယ်တွင်ရှိနေ သော ပထဝီအနေအထားကို မြင်ရမည်ဖြစ်သည်။
" လမ်းပေါ် တက်ချင်တက်လာတယ်။ ကျန်တဲ့အချိန်မှာ သူ့လူကိုယ့်လူပေါ့" ဟု ဖြူး - အုတ်တွင်းလမ်းပိုင်းနှင့်ပတ်သက်၍ အထက်ပါ ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် (၂၀၂၁) နိုင်ငံရေး အခင်းအကျင်း အပြီးတွင် အကြမ်းဖက်အားပေးသူများ၏ခေါ် ဆောင်ခြင်းကြောင့် သူပုန်တို့ ပဲခူးတိုင်းဒေသကြီး အတွင်း တစ်စတစ်စရောက်ရှိလာရာမှ ယင်းနောက် ပိုင်းတွင် လမ်းဟောင်းကို အားစမ်းလာခဲ့ကြသည်။
" စစ်တောင်းမြစ် ဟိုဘက်မှာ PDF တွေ ရှိနေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းသို့ အားစမ်းရာတွင် မူလက လမ်းပေါ် တက်ကာ လမ်းပိုင်းစစ်ဆေးသည့်ပုံစံမျိုးဖြစ်သော် လည်း နောက်ပိုင်းတွင် ရဲကင်းစခန်းများကို ပစ်ပြေးသည့်ပုံစံမျိုး ဆောင်ရွက်လာသည်။ ဤ နေရာတွင် အမြန်လမ်းနှင့်လမ်းဟောင်းကို ယှဉ်တွဲ ဖော်ပြရန် လိုအပ်လာ၏။ အဘယ်ကြောင့်ဆိုသော် ဆောင်းပါး အထက်ပိုင်းတွင် ဖော်ပြထားခဲ့သကဲ့သို့ အမြန်လမ်းမကြီးနှင့် လမ်းဟောင်းသည် အချို့နေရာ တွင် မျဉ်းပြိုင်သဖွယ်ရှိနေသောကြောင့် ဖြစ်သည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် လည်း နွားထိုးကြီးမြို့အနီး ဖြတ်သန်းရာ နေရာမှစတင်ကာ အားစမ်းလာခဲ့ကြသကဲ့သို့ နောက်ပိုင်း ပဲခူးတိုင်းအတွင်းမှ အမြန်လမ်းမကြီးနှင့် နီးကပ်သောလမ်းဟောင်းမှ အချို့နေရာများတွင် PDF တို့က အမြန်လမ်းမကြီး အနီးကပ်ရန် ကြိုးပမ်း လာသည်။ သို့သော် ထင်ထင်ရှားရှား မဟုတ်သေး သည့်တိုင် အမြန်လမ်းမကြီးမှ ရဲကင်းစခန်းများကို ပစ်ခတ်ခြင်းများ ရှိနေ၏။
" ဖြူးနဲ့ ညောင်ခြေထောက်ကြားမှာ ဆိုးတယ်။ ဆားဂွန်းဘက်ကြားထဲမှာအဆိုးဆုံးပဲ။ အဲဒီ နေရာ တော်တော်ဆိုးတယ်" ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
ကျွဲပွဲမြို့အနောက်ဘက် စစ်တောင်းမြစ် ဝှမ်းဘက်တွင် PDF တို့ရှိနေပြီး ယင်းဘက်တွင် ခိုအောင်းနေကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
" လမ်းပေါ် ခဏခဏ တက်တာ။ ကျွဲပွဲ ပတ်ဝန်းကျင်း၊ ညောင်ခြေထောက် ပတ်ဝန်းကျင်ပေါ့။ ပြီးတော့ ဖြူးမှာ ပြန်ကောင်းသွားတယ်" ဟု ၎င်းက ပြောသည်။
ယင်းသို့ လမ်းပိုင်းတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေသောကိစ္စနှင့်ပတ်သက်၍ အဓိက ပြည်သူများ၏ စိတ်လုံခြုံမှုက အရေးကြီးသကဲ့သို့ ကားသမားများ၏ လမ်းပိတ်လျှင် စောင့်ရသည့် အခြေအနေကလည်း လမ်းဟောင်းတွင် ပြဿနာ အသစ်တစ်မျိုး ဖြစ်လာသည်။
" ညောင်ခြေထောက်တုန်းက ဆိုရင် ကားပိတ်သွားတာ။ အကြာကြီး ပိတ်တာမျိုး မဟုတ်ပေမယ့်လည်း စိုးရိမ်တာပေါ့။ ညောင်ခြေ ထောက်တုန်းက မှတ်မှတ်ရရ ကားပိတ်တော့ တစ်ခုခု ဖြစ်တယ်ပေါ့ ပြီးတော့မှ တိုက်ပွဲဖြစ်တာသိတာ။ ဥပမာ ကားလမ်းပေါ်မှာ သူတို့ တက်စစ်တယ်လို့ ပြောတယ်လေ။ အဲဒါဆိုလည်း ကားတွေက ပိတ်ကုန် တာပဲ။ ဥပဒေ ပြင်ပက အဖွဲ့အစည်းဆိုတော့ ကြောက်တာပေါ့။ သူတို့က မသင်္ကာလို့ တစ်ခုခု လုပ်မယ်ဆိုရင် ကိုယ်က ဘာမှအခွင့်အရေးတောင်း လို့ရတာမှ မဟုတ်တာလေ" ဟု ကုန်ကား ယာဉ် မောင်းတစ်ဦးက ပြောသည်။
လမ်းဟောင်းနှင့်ပတ်သက်၍ လမ်းပျက် စီးသည်များကို မွမ်းမံပြင်ဆင်ရင်း လမ်းက တစ်စ ထက်တစ်စ ပိုမိုကောင်းလာသည့်အခြေအနေတွင် လက်နက်ကိုင်တို့က ယင်းအခြေအနေကို ဖျက်ဆီး လာသည်။ သူပုန်တို့၏လုပ်ငန်းစဉ်များအတွက် လမ်း ပန်းဆက်သွယ်ရေးကို ဖျက်ခြင်း၊ အိုးအိမ်စည်းစိမ် တို့ကိုဖျက်ခြင်း စသည်ဖြင့် အဖျက်အမှောင့် လုပ်ငန်း များသည် ဒေသခံတို့၏ လူမှုစီးပွားဘဝများကို ထိခိုက်နေစေပြီ ဖြစ်သည်။ အမှောင်တွင်းမှ လူသားတို့ကို အလင်းမှ လူကမမြင်နိုင်။ သို့သော် အမှောင်အတွင်းမှလူကမူ အလင်းက လူများကို ထင်ထင်ရှားရှားပင် မြင်နေရသည်။
" အထူးသဖြင့် ဇေယျဝတီနဲ့ညောင်ခြေ ထောက်ကြား ကြောက်တယ်။ သူတို့က အမြဲတမ်း ထွက်လာနိုင်တယ်လေ။ တစ်ခါတလေ Live လွှင့်ပြီး သူတို့ လမ်းဘေးမှာရှိတယ်ဆိုတဲ့ပုံစံနဲ့ လွှင့်ပြထား တာမျိုးတွေကို လွန်ခဲ့တဲ့လတွေက လုပ်ထားတော့ မလုံခြုံဘူး" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းအပြင် ပြည်သူများ၏ စိတ်အတွင်း ထပ်မံ ဝင်ရောက်လာသည်က စိတ်ချောက်ချားမှုဖြစ် သည်။ အဆိုပါ ဖြူး-အုတ်တွင်း လမ်းပိုင်းတွင် PDF တို့ ဂိတ်မဖွင့်နိုင်ကြပါ။ ရက်ပေါင်းများစွာ လမ်း ပိတ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ကြသော တိုက်ပွဲကြီးမျိုးလည်းမဖြစ်ပါ။ သို့သော် လက်နက်မဲ့ ပြည်သူတို့တွင် စိုးရိမ်စိတ်ဝင်နေသည်။
" သူတို့ တက်လာဖူးတဲ့နေရာတွေဆို တက်လာမလားဆိုတဲ့စိတ်တဲ့ ကြောက်နေရတယ်။ ဘယ် PDF အဖွဲ့မှန်းလည်းမသိဘူး။ ထိတ်ထိတ် လန့်လန့်နဲ့သွားနေရတာပေါ့။ အရင်ကတော့ အေးအေးဆေးဆေးပဲ သွားလာနေတာ။ အရင်နဲ့ အခုက ခံစားချက်က ဘာမှကိုမတူဘူး။ ရင်တထိတ် ထိတ်နဲ့သွားရတာနဲ့ အေးအေးဆေးဆေးသွားရတာနဲ့ လုံးဝကို ကွာတယ်။ အခုက မလုံခြုံမှုကို ခံစားနေရတဲ့ စိတ်နဲ့သွားနေရတာ" ဟု အထက်ပါဒေသခံက ရင်ဖွင့်သည်။
လက်ရှိတွင် PDF များအနေဖြင့် တစ်စတစ်စဖြင့် ပစ်ခတ်မှုများရှိနေရာ ယင်းလမ်းပိုင်း သည် မြန်မာနိုင်ငံ တွင် စိုးရိမ်ရဆုံး အနီရောင်အဆင့် လမ်းပိုင်းမဟုတ်သည့်တိုင် စိတ်ပူပန်မှုများ ရှိနေသည်။
" ဘယ်ချိန်တက်မှန်းမသိဘူး။ လုပ်ပြီးရင် သူတို့က ပြန်သွားမှာပေါ့။ ဘယ်လိုလုပ်ခံချမလဲ" ဟု ဒေသခံတစ်ဦးက ယင်းလမ်းပိုင်းမှအခြေအနေကို ပြောကြားသည်။
အဆိုပါ PDF တို့ ခိုအောင်းရာ နေရာများ တွင် ဒေသခံများက နိုင်ငံရေးမှိုင်းမိနေခြင်းမျိုး ဖြစ်နိုင်ပြီး ၎င်းတို့နှင့် ရောပါလက်နက်ကိုင်သူများ အနေဖြင့် လက်နက်၏ အရသာကို တွေ့နေပုံရလေပြီ။ အဆိုပါအချက်သည် ယင်းလမ်းပိုင်းအတွက် စိုးရိမ်ရ စေသော အချက်တစ်ချက် ဖြစ်သည်။
လက်နက်ကိုင်ပြီး နောက်ဆက်တွဲပါ လာသောအရာကား ဆက်ကြေးဖြစ်လေရော အနှီ PDF တို့သည် ၎င်းတို့ စတည်းချရာနေရာများတွင် ငွေကြေးကောက်ခံမှုများ ရှိလာသည်။ ငွေကြေး မတတ်နိုင်လည်း ၎င်းတို့သတ်မှတ်ထားသည့် ငွေကြေးပမာဏကို ပေးရသည်။
" လက်နက် အရသာလည်း တွေ့နေမယ်။ သေနတ်ကိုင်တဲ့ အရသာ တွေ့နေတာနေမှာပေါ့" ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါလမ်းပိုင်းတွင် နှောင့်ယှက်သော PDF များအတွင်း ဒေသခံများလည်းပါဝင်ပြီး အချို့မှာ လက်နက်ကိုင်လျှင် PDF ဖြစ်ပြီး လက် နက်မကိုင်ဘဲ အရပ်ဝတ်ဝတ်ထားလျှင် သက်ဆိုင်ရာ ရွာခံ ဖြစ်သွားခြင်းမျိုးလည်း ရှိနေသည်။
" ကျေးရွာတွေက ရှင်းပြီးရင် ထိုင်မှရမှာ။ ရှင်းရင်ခဏပဲ။ ရှင်းရင် ပြန်ဆုတ်မှာပေါ့။ သူက အရပ် သားပဲကို" ဟု ယင်းက ဆိုသည်။
ထိုသို့ လမ်းဟောင်းတွင်ရှိလာသော PDF တို့သည် အမြန်လမ်းပေါ် တက်ခြင်းမျိုး ရှိလာသည်။ ပေါ်ပေါ်ထင်ထင် ရှိခြင်းမျိုးတော့ မဟုတ်ပါ။ အကြိမ်ရေ နည်းသော်လည်း ည အချိန် လမ်းပိုင်းကို ဖြတ်သန်းသွားခြင်းတို့ ရှိသည်။ ယင်းမှာ ရန်ကုန်နှင့် နေပြည်တော်ကြား လမ်းပိုင်းတွင်ဖြစ်၏။
အချို့ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ သစ်ခိုးထုတ်သူ အချို့လည်း PDF တို့နှင့် ပူးပေါင်း ကြောင်း သတင်းများရရှိထားသော်လည်း ယင်းအ ချက်အလက်ကို မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးရန် လိုအပ်နေသည်။ သို့သော် NP News ၏ သတင်းရင်းမြစ် နှစ်ဦးထက်မနည်းကမူ ယင်းမှာ မှန်ကန်ကြောင်း ပြောကြားကြ၏။
တစ်ဖက်တွင်လည်း ယင်း ဖြူး - အုတ် တွင်းလမ်းပိုင်းနှင့်ဆက်စပ်ရာ မြို့အချို့တွင် PDF တို့က အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ရှိနေသည်။ အားလုံးကို ခြုံပြောရလျှင် အဆိုပါ PDF တို့သည် စစ်တောင်းမြစ်ဝှမ်းကို ခြေကုပ်ရယူကာ တောက်လျှောက်လှုပ်ရှားနေသည့်ပုံစံမျိုး ဖြစ်ကြောင်း လည်း မြင်ရသည်။ ထို့ပြင် PDF တို့နှင့်အတူ KNU ကလည်း ရှိနေသည်။
" ဇေယျဝတီအထွက်မှာလည်း ဆိုးတယ်။ ဖြူး နဲ့ ဇေယျဝတီကြားလည်း တက်တတ်တယ်"ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ပဲခူးတိုင်း ဒေသကြီးအရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် တိုက်ပွဲ များဖော်ဆောင်ခဲ့သည်ကို စာဖတ်သူများအနေဖြင့် သိရှိပြီး ဖြစ်ပါလိမ့်မည်။ ယင်းသို့ဖော်ဆောင်သည့် အနက် ထူခြားသည်မှာ PDF တို့သည် ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်းတွင် ရန်ကုန် - ပြည်လမ်း မကြီးကိုပိတ်ဆို့လိုရင်းဖြစ်ပုံရပြီး ပဲခူးတိုင်း အရှေ့ခြမ်း တွင်မူ ရန်ကုန်-မန္တလေးလမ်းဟောင်းကို ပိတ်ဆို့ ချင်ပုံရသည်။
သို့သော် ယင်းတို့၏လုပ်ရပ်မှာ ယခုထက် တိုင်ထိရောက်သည်ဆိုသောအခြေအနေမျိုးကား မမြင်ရပါ။ အဆိုပါ PDF တို့အနေဖြင့် ယင်းလမ်းမကြီး နှစ်ခုအပြင် အမြန်လမ်းမကြီးကိုပါ ထိပါးချင်နေဟန် တူသည်။ သို့သော် မန္တလေးကို ချီတက်မည်ဆိုသော MDY – PDF တို့၏အိပ်မက်ကို အဆုံးတိုင် ရိုက်ချိုးနိုင်ခဲ့သကဲ့သို့ ယခု PDF တို့ကိုလည်း တားဆီးထားနိုင်ကြောင်း မြင်ရသည်။
သို့သော် PDF တို့မှာ အကျိုးစီးပွားဖက်၊ ငွေစုရင်းတိုက်ခိုက်ခြင်းများရှိနေလေရာ တစ်ချက် တစ်ချက် မီးထထတောက်သော အခြေအနေမျိုး တွင်ကား ပြည်သူတို့မှာ စိုးရိမ်စိတ်ကြီးစွာ ဖြစ်ကြရ ကြောင်းကို အားလုံးကမြင်ပြီးဖြစ်ပါသည်။

Zawgyi Version:
ျဖဴး - အုတ္တြင္းလမ္း (သို႔မဟုတ္) မစိုးထိတ္ခ်င္ၾကေသာ လမ္းပိုင္း
(လမ္းပိုင္း ေဆာင္းပါး)
သုတေက်ာ္ (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

" မသိတဲ့သူဆိုရင္ေတာ့ ဘယ္စိုးရိမ္မလဲ။ သိေနေတာ့ က်ေတာ့ တက္လာမလား၊ တစ္ခုခု လုပ္မလား စိုးရိမ္တာေပါ့" ဟု ဆိုလာသူက ျဖဴးၿမိဳ႕ ႏွင့္ အုတ္တြင္းၿမိဳ႕ၾကားက ရန္ကုန္ - မႏၲေလး လမ္းေဟာင္းကို အသုံးျပဳသြားလာေနသူတစ္ဦး ျဖစ္သည္။
အမွတ္ (၁) ျပည္ေထာင္စု အေဝးေျပး လမ္းမႀကီးဟုေခၚသည့္ ရန္ကုန္ - မႏၲေလး လမ္းေဟာင္းေပၚမွ အဆိုပါလမ္းပိုင္းေနရာသည္ ျမန္မာႏိုင္ငံ၏ အဓိက ေတာင္-ေျမာက္ လမ္းမႀကီး တစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံအလယ္ပိုင္းတစ္ေလွ်ာက္ ဆက္သြယ္ထားကာ ယင္းလမ္းမႀကီးသည္ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔ကို ဆက္သြယ္သည့္ ပထမဦးဆုံး ျပည္ေထာင္စုလမ္းမႀကီးျဖစ္သည္။
(၄၁၅) မိုင္ (၆၆၈ ကီလိုမီတာ) ခန႔္ရွည္ လ်ားၿပီး ရန္ကုန္မွ မိတၳီလာအေရာက္တြင္ အေရွ႕ ဘက္သို႔ အမွတ္ (၄) ျပည္ေထာင္စု အေဝးေျပး လမ္းမႀကီးႏွင့္ဆက္သြယ္လ်က္ရွိၿပီး ေျမာက္ဘက္ တြင္ မႏၲေလးၿမိဳ႕အထိ ဆက္သြယ္ထားျခင္း ျဖစ္သည္။
ရန္ကုန္ၿမိဳ႕၊ ပဲခူးၿမိဳ႕၊ ေညာင္ေလးပင္ၿမိဳ႕၊ ျဖဴးၿမိဳ႕၊ ေတာင္ငူၿမိဳ႕၊ ပ်ဥ္းမနားၿမိဳ႕၊ တပ္ကုန္းၿမိဳ႕၊ ရမည္းသင္းၿမိဳ႕၊ ေပ်ာ္ဘြယ္ၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕ စသည့္ ၿမိဳ႕ႀကီးမ်ားအပါအဝင္ ၿမိဳ႕ေပါင္း (၅၀) ေက်ာ္ကို ျဖတ္သန္းေဖာက္လုပ္ ထားသည္။
ယင္းလမ္းမႀကီး၏ အစိတ္အပိုင္းတစ္ခု ျဖစ္ေသာ ျဖဴး - အုတ္တြင္း လမ္းပိုင္းသည္ (၂၄) မိုင္ေက်ာ္ရွည္လ်ားၿပီး ရန္ကုန္ - မႏၲေလး အျမန္ လမ္းႀကီးႏွင့္လည္း မ်ဥ္းၿပိဳင္သဖြယ္တည္ရွိေနျခင္း ျဖစ္သည္။ ျဖဴးၿမိဳ႕ဘက္ကလာလွ်င္ ေဇယ်ဝတီ - ေညာင္ေျခေထာက္ - ကြၽဲပြဲတို႔ကို ျဖတ္သန္း ရမည္ ျဖစ္၏။ ေညာင္ေျခေထာက္ေခၚ ေအာင္ေျမၿမိဳ႕ သည္ကား ၿပီးခဲ့သည့္ရက္ပိုင္းမ်ားအတြင္း သူပုန္တို႔ ၏ စီးနင္းျခင္းကိုခံခဲ့ရေသာၿမိဳ႕ ျဖစ္သည္။ ေညာင္ေျခ ေထာက္တြင္ဆိုလွ်င္ ၿပီးခဲ့သည့္ရက္ပိုင္းက ဆီေဘာက္ဆာကားတစ္စီးကို သူပုန္တို႔က လမ္းပိတ္ ဆို႔ေစရန္ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေသး၏။
အဆိုပါလမ္းပိုင္း၏အေနာက္ဘက္တြင္ ကား စစ္ေတာင္းျမစ္ႀကီးရွိၿပီး ယင္းမွအလြန္ ေက်း႐ြာ အခ်ိဳ႕ကို ျဖတ္သန္းၿပီးေနာက္တြင္ ပဲခူးတိုင္းေဒသႀကီး ႏွင့္ ကရင္ျပည္နယ္ နယ္စပ္သို႔ ေရာက္မည္ ျဖစ္သည္။ ယင္းလမ္းပိုင္းကို ေျမပုံတြင္ၾကည့္လွ်င္ စိမ္းလန္းေသာ ေတာေတာင္ႏွစ္ခုၾကားမွ လြင္ျပင္က်ယ္တြင္ရွိေန ေသာ ပထဝီအေနအထားကို ျမင္ရမည္ျဖစ္သည္။
" လမ္းေပၚ တက္ခ်င္တက္လာတယ္။ က်န္တဲ့အခ်ိန္မွာ သူ႔လူကိုယ့္လူေပါ့" ဟု ျဖဴး - အုတ္တြင္းလမ္းပိုင္းႏွင့္ပတ္သက္၍ အထက္ပါ ေဒသခံမ်ားက ဆိုသည္။
ၿပီးခဲ့သည့္ (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္း အၿပီးတြင္ အၾကမ္းဖက္အားေပးသူမ်ား၏ေခၚ ေဆာင္ျခင္းေၾကာင့္ သူပုန္တို႔ ပဲခူးတိုင္းေဒသႀကီး အတြင္း တစ္စတစ္စေရာက္ရွိလာရာမွ ယင္းေနာက္ ပိုင္းတြင္ လမ္းေဟာင္းကို အားစမ္းလာခဲ့ၾကသည္။
" စစ္ေတာင္းျမစ္ ဟိုဘက္မွာ PDF ေတြ ရွိေနတယ္" ဟု ေဒသခံတစ္ဦးက ဆိုသည္။
ယင္းသို႔ အားစမ္းရာတြင္ မူလက လမ္းေပၚ တက္ကာ လမ္းပိုင္းစစ္ေဆးသည့္ပုံစံမ်ိဳးျဖစ္ေသာ္ လည္း ေနာက္ပိုင္းတြင္ ရဲကင္းစခန္းမ်ားကို ပစ္ေျပးသည့္ပုံစံမ်ိဳး ေဆာင္႐ြက္လာသည္။ ဤ ေနရာတြင္ အျမန္လမ္းႏွင့္လမ္းေဟာင္းကို ယွဥ္တြဲ ေဖာ္ျပရန္ လိုအပ္လာ၏။ အဘယ္ေၾကာင့္ဆိုေသာ္ ေဆာင္းပါး အထက္ပိုင္းတြင္ ေဖာ္ျပထားခဲ့သကဲ့သို႔ အျမန္လမ္းမႀကီးႏွင့္ လမ္းေဟာင္းသည္ အခ်ိဳ႕ေနရာ တြင္ မ်ဥ္းၿပိဳင္သဖြယ္ရွိေနေသာေၾကာင့္ ျဖစ္သည္။
ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးတြင္ လည္း ႏြားထိုးႀကီးၿမိဳ႕အနီး ျဖတ္သန္းရာ ေနရာမွစတင္ကာ အားစမ္းလာခဲ့ၾကသကဲ့သို႔ ေနာက္ပိုင္း ပဲခူးတိုင္းအတြင္းမွ အျမန္လမ္းမႀကီးႏွင့္ နီးကပ္ေသာလမ္းေဟာင္းမွ အခ်ိဳ႕ေနရာမ်ားတြင္ PDF တို႔က အျမန္လမ္းမႀကီး အနီးကပ္ရန္ ႀကိဳးပမ္း လာသည္။ သို႔ေသာ္ ထင္ထင္ရွားရွား မဟုတ္ေသး သည့္တိုင္ အျမန္လမ္းမႀကီးမွ ရဲကင္းစခန္းမ်ားကို ပစ္ခတ္ျခင္းမ်ား ရွိေန၏။
" ျဖဴးနဲ႔ ေညာင္ေျခေထာက္ၾကားမွာ ဆိုးတယ္။ ဆားဂြန္းဘက္ၾကားထဲမွာအဆိုးဆုံးပဲ။ အဲဒီ ေနရာ ေတာ္ေတာ္ဆိုးတယ္" ဟု သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
ကြၽဲပြဲၿမိဳ႕အေနာက္ဘက္ စစ္ေတာင္းျမစ္ ဝွမ္းဘက္တြင္ PDF တို႔ရွိေနၿပီး ယင္းဘက္တြင္ ခိုေအာင္းေနေၾကာင္း အဆိုပါ ေဒသခံက ဆိုသည္။
" လမ္းေပၚ ခဏခဏ တက္တာ။ ကြၽဲပြဲ ပတ္ဝန္းက်င္း၊ ေညာင္ေျခေထာက္ ပတ္ဝန္းက်င္ေပါ့။ ၿပီးေတာ့ ျဖဴးမွာ ျပန္ေကာင္းသြားတယ္" ဟု ၎က ေျပာသည္။
ယင္းသို႔ လမ္းပိုင္းတြင္ စိုးရိမ္စိတ္မ်ား ျဖစ္ေပၚေနေသာကိစၥႏွင့္ပတ္သက္၍ အဓိက ျပည္သူမ်ား၏ စိတ္လုံၿခဳံမႈက အေရးႀကီးသကဲ့သို႔ ကားသမားမ်ား၏ လမ္းပိတ္လွ်င္ ေစာင့္ရသည့္ အေျခအေနကလည္း လမ္းေဟာင္းတြင္ ျပႆနာ အသစ္တစ္မ်ိဳး ျဖစ္လာသည္။
" ေညာင္ေျခေထာက္တုန္းက ဆိုရင္ ကားပိတ္သြားတာ။ အၾကာႀကီး ပိတ္တာမ်ိဳး မဟုတ္ေပမယ့္လည္း စိုးရိမ္တာေပါ့။ ေညာင္ေျခ ေထာက္တုန္းက မွတ္မွတ္ရရ ကားပိတ္ေတာ့ တစ္ခုခု ျဖစ္တယ္ေပါ့ ၿပီးေတာ့မွ တိုက္ပြဲျဖစ္တာသိတာ။ ဥပမာ ကားလမ္းေပၚမွာ သူတို႔ တက္စစ္တယ္လို႔ ေျပာတယ္ေလ။ အဲဒါဆိုလည္း ကားေတြက ပိတ္ကုန္ တာပဲ။ ဥပေဒ ျပင္ပက အဖြဲ႕အစည္းဆိုေတာ့ ေၾကာက္တာေပါ့။ သူတို႔က မသကၤာလို႔ တစ္ခုခု လုပ္မယ္ဆိုရင္ ကိုယ္က ဘာမွအခြင့္အေရးေတာင္း လို႔ရတာမွ မဟုတ္တာေလ" ဟု ကုန္ကား ယာဥ္ ေမာင္းတစ္ဦးက ေျပာသည္။
လမ္းေဟာင္းႏွင့္ပတ္သက္၍ လမ္းပ်က္ စီးသည္မ်ားကို မြမ္းမံျပင္ဆင္ရင္း လမ္းက တစ္စ ထက္တစ္စ ပိုမိုေကာင္းလာသည့္အေျခအေနတြင္ လက္နက္ကိုင္တို႔က ယင္းအေျခအေနကို ဖ်က္ဆီး လာသည္။ သူပုန္တို႔၏လုပ္ငန္းစဥ္မ်ားအတြက္ လမ္း ပန္းဆက္သြယ္ေရးကို ဖ်က္ျခင္း၊ အိုးအိမ္စည္းစိမ္ တို႔ကိုဖ်က္ျခင္း စသည္ျဖင့္ အဖ်က္အေမွာင့္ လုပ္ငန္း မ်ားသည္ ေဒသခံတို႔၏ လူမႈစီးပြားဘဝမ်ားကို ထိခိုက္ေနေစၿပီ ျဖစ္သည္။ အေမွာင္တြင္းမွ လူသားတို႔ကို အလင္းမွ လူကမျမင္ႏိုင္။ သို႔ေသာ္ အေမွာင္အတြင္းမွလူကမူ အလင္းက လူမ်ားကို ထင္ထင္ရွားရွားပင္ ျမင္ေနရသည္။
" အထူးသျဖင့္ ေဇယ်ဝတီနဲ႔ေညာင္ေျခ ေထာက္ၾကား ေၾကာက္တယ္။ သူတို႔က အၿမဲတမ္း ထြက္လာႏိုင္တယ္ေလ။ တစ္ခါတေလ Live လႊင့္ၿပီး သူတို႔ လမ္းေဘးမွာရွိတယ္ဆိုတဲ့ပုံစံနဲ႔ လႊင့္ျပထား တာမ်ိဳးေတြကို လြန္ခဲ့တဲ့လေတြက လုပ္ထားေတာ့ မလုံၿခဳံဘူး" ဟု ေဒသခံတစ္ဦးက ဆိုသည္။
ယင္းအျပင္ ျပည္သူမ်ား၏ စိတ္အတြင္း ထပ္မံ ဝင္ေရာက္လာသည္က စိတ္ေခ်ာက္ခ်ားမႈျဖစ္ သည္။ အဆိုပါ ျဖဴး-အုတ္တြင္း လမ္းပိုင္းတြင္ PDF တို႔ ဂိတ္မဖြင့္ႏိုင္ၾကပါ။ ရက္ေပါင္းမ်ားစြာ လမ္း ပိတ္ၿပီး ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ ၾကေသာ တိုက္ပြဲႀကီးမ်ိဳးလည္းမျဖစ္ပါ။ သို႔ေသာ္ လက္နက္မဲ့ ျပည္သူတို႔တြင္ စိုးရိမ္စိတ္ဝင္ေနသည္။
" သူတို႔ တက္လာဖူးတဲ့ေနရာေတြဆို တက္လာမလားဆိုတဲ့စိတ္တဲ့ ေၾကာက္ေနရတယ္။ ဘယ္ PDF အဖြဲ႕မွန္းလည္းမသိဘူး။ ထိတ္ထိတ္ လန႔္လန႔္နဲ႔သြားေနရတာေပါ့။ အရင္ကေတာ့ ေအးေအးေဆးေဆးပဲ သြားလာေနတာ။ အရင္နဲ႔ အခုက ခံစားခ်က္က ဘာမွကိုမတူဘူး။ ရင္တထိတ္ ထိတ္နဲ႔သြားရတာနဲ႔ ေအးေအးေဆးေဆးသြားရတာနဲ႔ လုံးဝကို ကြာတယ္။ အခုက မလုံၿခဳံမႈကို ခံစားေနရတဲ့ စိတ္နဲ႔သြားေနရတာ" ဟု အထက္ပါေဒသခံက ရင္ဖြင့္သည္။
လက္ရွိတြင္ PDF မ်ားအေနျဖင့္ တစ္စတစ္စျဖင့္ ပစ္ခတ္မႈမ်ားရွိေနရာ ယင္းလမ္းပိုင္း သည္ ျမန္မာႏိုင္ငံ တြင္ စိုးရိမ္ရဆုံး အနီေရာင္အဆင့္ လမ္းပိုင္းမဟုတ္သည့္တိုင္ စိတ္ပူပန္မႈမ်ား ရွိေနသည္။
" ဘယ္ခ်ိန္တက္မွန္းမသိဘူး။ လုပ္ၿပီးရင္ သူတို႔က ျပန္သြားမွာေပါ့။ ဘယ္လိုလုပ္ခံခ်မလဲ" ဟု ေဒသခံတစ္ဦးက ယင္းလမ္းပိုင္းမွအေျခအေနကို ေျပာၾကားသည္။
အဆိုပါ PDF တို႔ ခိုေအာင္းရာ ေနရာမ်ား တြင္ ေဒသခံမ်ားက ႏိုင္ငံေရးမႈိင္းမိေနျခင္းမ်ိဳး ျဖစ္ႏိုင္ၿပီး ၎တို႔ႏွင့္ ေရာပါလက္နက္ကိုင္သူမ်ား အေနျဖင့္ လက္နက္၏ အရသာကို ေတြ႕ေနပုံရေလၿပီ။ အဆိုပါအခ်က္သည္ ယင္းလမ္းပိုင္းအတြက္ စိုးရိမ္ရ ေစေသာ အခ်က္တစ္ခ်က္ ျဖစ္သည္။
လက္နက္ကိုင္ၿပီး ေနာက္ဆက္တြဲပါ လာေသာအရာကား ဆက္ေၾကးျဖစ္ေလေရာ အႏွီ PDF တို႔သည္ ၎တို႔ စတည္းခ်ရာေနရာမ်ားတြင္ ေငြေၾကးေကာက္ခံမႈမ်ား ရွိလာသည္။ ေငြေၾကး မတတ္ႏိုင္လည္း ၎တို႔သတ္မွတ္ထားသည့္ ေငြေၾကးပမာဏကို ေပးရသည္။
" လက္နက္ အရသာလည္း ေတြ႕ေနမယ္။ ေသနတ္ကိုင္တဲ့ အရသာ ေတြ႕ေနတာေနမွာေပါ့" ဟု ေဒသခံ တစ္ဦးက ဆိုသည္။
အဆိုပါလမ္းပိုင္းတြင္ ေႏွာင့္ယွက္ေသာ PDF မ်ားအတြင္း ေဒသခံမ်ားလည္းပါဝင္ၿပီး အခ်ိဳ႕မွာ လက္နက္ကိုင္လွ်င္ PDF ျဖစ္ၿပီး လက္ နက္မကိုင္ဘဲ အရပ္ဝတ္ဝတ္ထားလွ်င္ သက္ဆိုင္ရာ ႐ြာခံ ျဖစ္သြားျခင္းမ်ိဳးလည္း ရွိေနသည္။
" ေက်း႐ြာေတြက ရွင္းၿပီးရင္ ထိုင္မွရမွာ။ ရွင္းရင္ခဏပဲ။ ရွင္းရင္ ျပန္ဆုတ္မွာေပါ့။ သူက အရပ္ သားပဲကို" ဟု ယင္းက ဆိုသည္။
ထိုသို႔ လမ္းေဟာင္းတြင္ရွိလာေသာ PDF တို႔သည္ အျမန္လမ္းေပၚ တက္ျခင္းမ်ိဳး ရွိလာသည္။ ေပၚေပၚထင္ထင္ ရွိျခင္းမ်ိဳးေတာ့ မဟုတ္ပါ။ အႀကိမ္ေရ နည္းေသာ္လည္း ည အခ်ိန္ လမ္းပိုင္းကို ျဖတ္သန္းသြားျခင္းတို႔ ရွိသည္။ ယင္းမွာ ရန္ကုန္ႏွင့္ ေနျပည္ေတာ္ၾကား လမ္းပိုင္းတြင္ျဖစ္၏။
အခ်ိဳ႕ လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းကာ သစ္ခိုးထုတ္သူ အခ်ိဳ႕လည္း PDF တို႔ႏွင့္ ပူးေပါင္း ေၾကာင္း သတင္းမ်ားရရွိထားေသာ္လည္း ယင္းအ ခ်က္အလက္ကို ေျမျပင္တြင္တိုက္ဆိုင္စစ္ေဆးရန္ လိုအပ္ေနသည္။ သို႔ေသာ္ NP News ၏ သတင္းရင္းျမစ္ ႏွစ္ဦးထက္မနည္းကမူ ယင္းမွာ မွန္ကန္ေၾကာင္း ေျပာၾကားၾက၏။
တစ္ဖက္တြင္လည္း ယင္း ျဖဴး - အုတ္ တြင္းလမ္းပိုင္းႏွင့္ဆက္စပ္ရာ ၿမိဳ႕အခ်ိဳ႕တြင္ PDF တို႔က အဖ်က္အေမွာင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း တို႔ရွိေနသည္။ အားလုံးကို ၿခဳံေျပာရလွ်င္ အဆိုပါ PDF တို႔သည္ စစ္ေတာင္းျမစ္ဝွမ္းကို ေျခကုပ္ရယူကာ ေတာက္ေလွ်ာက္လႈပ္ရွားေနသည့္ပုံစံမ်ိဳး ျဖစ္ေၾကာင္း လည္း ျမင္ရသည္။ ထို႔ျပင္ PDF တို႔ႏွင့္အတူ KNU ကလည္း ရွိေနသည္။
" ေဇယ်ဝတီအထြက္မွာလည္း ဆိုးတယ္။ ျဖဴး နဲ႔ ေဇယ်ဝတီၾကားလည္း တက္တတ္တယ္"ဟု ၎က ဆိုသည္။
ၿပီးခဲ့သည့္ရက္ပိုင္းမ်ားအတြင္း ပဲခူးတိုင္း ေဒသႀကီးအေရွ႕ျခမ္းႏွင့္ အေနာက္ျခမ္းတြင္ တိုက္ပြဲ မ်ားေဖာ္ေဆာင္ခဲ့သည္ကို စာဖတ္သူမ်ားအေနျဖင့္ သိရွိၿပီး ျဖစ္ပါလိမ့္မည္။ ယင္းသို႔ေဖာ္ေဆာင္သည့္ အနက္ ထူျခားသည္မွာ PDF တို႔သည္ ပဲခူးတိုင္း ေဒသႀကီးအေနာက္ျခမ္းတြင္ ရန္ကုန္ - ျပည္လမ္း မႀကီးကိုပိတ္ဆို႔လိုရင္းျဖစ္ပုံရၿပီး ပဲခူးတိုင္း အေရွ႕ျခမ္း တြင္မူ ရန္ကုန္-မႏၲေလးလမ္းေဟာင္းကို ပိတ္ဆို႔ ခ်င္ပုံရသည္။
သို႔ေသာ္ ယင္းတို႔၏လုပ္ရပ္မွာ ယခုထက္ တိုင္ထိေရာက္သည္ဆိုေသာအေျခအေနမ်ိဳးကား မျမင္ရပါ။ အဆိုပါ PDF တို႔အေနျဖင့္ ယင္းလမ္းမႀကီး ႏွစ္ခုအျပင္ အျမန္လမ္းမႀကီးကိုပါ ထိပါးခ်င္ေနဟန္ တူသည္။ သို႔ေသာ္ မႏၲေလးကို ခ်ီတက္မည္ဆိုေသာ MDY – PDF တို႔၏အိပ္မက္ကို အဆုံးတိုင္ ႐ိုက္ခ်ိဳးႏိုင္ခဲ့သကဲ့သို႔ ယခု PDF တို႔ကိုလည္း တားဆီးထားႏိုင္ေၾကာင္း ျမင္ရသည္။
သို႔ေသာ္ PDF တို႔မွာ အက်ိဳးစီးပြားဖက္၊ ေငြစုရင္းတိုက္ခိုက္ျခင္းမ်ားရွိေနေလရာ တစ္ခ်က္ တစ္ခ်က္ မီးထထေတာက္ေသာ အေျခအေနမ်ိဳး တြင္ကား ျပည္သူတို႔မွာ စိုးရိမ္စိတ္ႀကီးစြာ ျဖစ္ၾကရ ေၾကာင္းကို အားလုံးကျမင္ၿပီးျဖစ္ပါသည္။

Related news

© 2021. All rights reserved.