အင်ဒိုနီးရှားမှ အာဖဂန်နစ္စတန်အထိ မှေးမှိန်ပျောက်ကွယ်နိုင်သော ဘာသာရေးစိန်ခေါ်မှုများ (ဘာသာပြန် သုံးသပ်ဆောင်းပါး)

468

တင်ဇာ (NP News) - ဖေဖော်ဝါရီလ ၄
ကမ္ဘာ့မြေပုံကိုကြည့်လိုက်ရင် အစ္စလာမ် ဘာသာရဲ့ ဗဟိုချက်မ အရှေ့အလယ်ပိုင်းနဲ့ အင်ဒို နီးရှားဟာ တကယ်ကို အလှမ်းဝေးကွာနေတာကို တွေ့ရပါလိမ့်မယ်။ ဆော်ဒီအာရေဗျရဲ့ သဲကန္တာရ ထဲမှာ စတင်ခဲ့တဲ့ ယုံကြည်မှုစနစ်တစ်ခုဟာ အလှမ်း ဝေးတဲ့ အရှေ့ တောင်အာရှလိုနိုင်ငံတစ်ခုအပေါ်မှာ ဘယ်လိုမျိုး အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့တာလဲ။ အိန္ဒိယ၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင် ကုန်သည်တွေဟာ အခုခေတ် အင်ဒိုနီးရှားလို့ သိကြ တဲ့ ကျွန်းစုတွေမှာရှိတဲ့ ြွကယ်ဝတဲ့ သယံဇာတတွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့အတွက် အစ္စလာမ်ဘာသာဟာ အင်ဒိုနီးရှားနိုင်ငံထဲကို တဖြည်းဖြည်းချင်းနဲ့ တစ်စ စချင်း စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ်လို့ ဆိုကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အနောက် ဘက် နိုင်ငံတွေအကြား ကုန်သွယ်ရေးနဲ့ ယဉ်ကျေး မှုဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု အဖြစ် တည်ရှိခဲ့ပါတယ်။ အစ္စလာမ်ဘာသာဟာ (၁၃) ရာစု မှာ အင်ဒိုနီးရှားနိုင်ငံအတွင်းကို စတင်ဝင်ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်မှာ ဆူမားတြားမြောက်ပိုင်းက အုပ်ချုပ်သူအသီးသီးဟာ မွတ်စလင်ကုန်သည်တွေနဲ့ ထိတွေ့ဆက်ဆံရာကနေ အစ္စလာမ်ဘာသာကို စတင်ကူးပြောင်းခဲ့ကြပြီး သူတို့ရဲ့ လက်အောက်ခံ ပြည်သူတွေကိုလည်း ဘာသာပြောင်းစေခဲ့ပါတယ်။
(၁၅) ရာစုမှာတော့ မလက္ကာ စူလတန် (ယနေ့ခေတ် မလေးရှားအနောက်ပိုင်း)က အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားတဲ့အခါ ပိုမိုအားကောင်းလာခဲ့ပါတယ်။ သူဟာ မလက္ကာကို အစ္စလာမ်အခြေခံ ကုန်သွယ်ရေးနဲ့ ပညာသင်ကြားရေး ဗဟိုချက်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ မလက္ကာ မှာတင်မကဘဲ ဆူမားတြား၊ ဂျာဗား၊ ဘော်နီယိုကျွန်းနဲ့ ဖိလစ်ပိုင် အနောက်တောင်ပိုင်း (မင်ဒါနာအို) လို နေရာမျိုး တွေမှာပါ အစ္စလာမ်ဘာသာ ဖွံ့ဖြိုးလာအောင် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
အင်ဒိုနီးရှားက အစ္စလာမ်ဘာသာရဲ့ သဘော သဘာဝဟာ တခြားနေရာတွေနဲ့ ကွဲပြားပါတယ်။ အစ္စလာမ်ဘာသာဟာ "ကုန်သည်များ" နဲ့ ဆက်စပ်နေ တဲ့အတွက် အင်ဒိုနီးရှားမှာ "ခေတ်သစ်ဝါဒီ" အယူ အဆက လွှမ်းမိုးထားပါတယ်။ ဆိုလိုတာကတော့ အဲဒီမှာ ဘာသာတရားဟာ လူမှုရေးအရ ရှေ့တန်း ရောက်ပြီး စီးပွားရေးအရ ဆက်စပ်နေပါတယ်။ ဒါဟာ ရှေးရိုးစွဲအစ္စလာမ်ဘာသာတရားကို ဆုပ်ကိုင်ထားတဲ့ အရှေ့အလယ်ပိုင်းက သဲကန္တာရနိုင်ငံတွေနဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အင်ဒိုနီးရှားပုံစံ အစ္စလာမ်ဘာသာဟာ တခြားနေရာ တွေထက်စာရင် ပိုပြီးသည်းခံစိတ်ရှိသလို တင်းကျပ် မှုလည်း ပိုနည်းတာကို တွေ့ရပါတယ်။
အင်ဒိုနီးရှားကျွန်းစုတွေဟာ ပြင်ပကျူးကျော်သူ တွေရဲ့ တိုက်ခိုက်ခြင်းနဲ့ အတင်းအဓမ္မ ဘာသာ ပြောင်းခိုင်းခြင်းမျိုးကို မကြုံတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားတဲ့ နိုင်ငံ ငယ်တွေက ရှေးဟောင်း ဟိန္ဒူ-ဗုဒ္ဓဘာသာ အစဉ် အလာတွေကို ဆက်လက်ကိုင်စွဲထားတဲ့ နိုင်ငံငယ် တွေနဲ့ မကြာခဏ စစ်မက်ဖြစ်ပွားခဲ့ကြပါတယ်။ သို့သော်ငြားလည်း ဂျာဗားကျွန်းရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ကိစ္စရပ်တွေမှာ ဘာသာရေးစည်းမျဉ်းတွေကို တိတိ ကျကျ ပိုင်းခြားသတ်မှတ်ထားခြင်း မရှိခဲ့တာကြောင့် စစ်မက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ခြင်းမရှိတာကို တွေ့ရှိ ရပါတယ်။
အစ္စလာမ်ဘာသာမထွန်းကားခင် အင်ဒိုနီးရှား နိုင်ငံရဲ့ အခြေအနေက ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေး မှုတွေ အထွတ်အထိပ်သို့ ရောက်ရှိနေတဲ့ ကာလဖြစ် ပြီး ဒီကာလကို " ဟိန္ဒူ-ဗုဒ္ဓဘာသာခေတ်" လို့ သမိုင်း တွင် ခေါ်ဆိုကြပါတယ်။ အေဒီ (၇) ရာစုခန့်မှစတင်ကာ ဆူမားတြားကျွန်းမှာ အခြေစိုက်တဲ့ သီရိဝိဇယဗုဒ္ဓဘာ သာ အင်ပါယာဟာ ပင်လယ်ရေကြောင်းကုန်သွယ်ရေး ကို စိုးမိုးထားခဲ့ပြီး အရှေ့တောင် အာရှမှာ ဗုဒ္ဓဘာသာ စာပေနဲ့ ပညာရေးအတွက် အဓိကဗဟိုဌာနကြီး ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျာဗားကျွန်း အလယ်ပိုင်းမှာ သေလိန္ဒာမင်းဆက်တို့က ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓဘာသာစေတီတော်ကြီး ဖြစ်သော ဗောရောဗုဒ္ဓေါဘုရားကို တည်ထားခဲ့သလို (၉) ရာစု လောက်မှာလည်း ဟိန္ဒူယဉ်ကျေးမှုကို အခိုင်အမာ ထူထောင်ဖို့အတွက် ပရမ်ဘာနန်ကဲ့သို့သော နတ် ကွန်းကြီးတွေကို တည်ဆောက်ခဲ့ကြပါတယ်။ (၁၃) ရာစုမှ (၁၆) ရာစုအတွင်းမှာတော့ မာဂျာပါဟစ် အင်ပါယာက အင်ဒိုနီးရှားကျွန်းစု တစ်ခုလုံးနီးပါးကို ဟိန္ဒူ-ဗုဒ္ဓဘာသာ အလံအောက်မှာ စုစည်းနိုင်ခဲ့ပြီး အနုပညာ၊ စာပေနဲ့ နိုင်ငံရေးအရ အင်အားအကြီးဆုံး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခေတ်က လူမှုဖွဲ့စည်းပုံအရ ပြည်သူတွေအကြား နတ်ကိုး ကွယ်မှု၊ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာတို့ကို ရောနှော ကိုးကွယ်ကြပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတဲ့အတွက် အစ္စလာမ် ဘာသာ စတင်ဝင်ရောက်လာချိန်မှာလည်း သူ့ရဲ့အခြေခံအယူအဆတွေက မူလရှိနေပြီးသား ဟိန္ဒူ-ဗုဒ္ဓဘာသာ အငွေ့အသက်တွေနဲ့ လွယ်လွယ် ကူကူ ပေါင်းစပ်သွားနိုင်ခြင်း ဖြစ်ပါတယ်။
ဒီလိုနဲ့ ဗုဒ္ဓသာသနာရောင်ဝါဟာ အဲဒီကျွန်းစု တွေမှာ (အေဒီ - ၃ ရာစုကနေ ၁၄ ရာစုအထိ) နှစ်ပေါင်း (၁၈၀ဝ) လောက် ထွန်းကား ပျံ့နှံ့ခဲ့ပြီး ကမ္ဘာကျော် ကမ္ဘာ့အံ့မခန်းဖြစ်တဲ့ ဗောရောဗုဒ္ဓေါ ဘုရားနဲ့ စေတီပုထိုးပေါင်း မြောက်မြားစွာ တည် ဆောက်ခဲ့ပါတယ်။ ယဉ်ကျေးမှုလက်ရာလည်း အလွန်ပြောင်မြောက်ခဲ့ပါတယ်။ ဘုရားကြီးဟာ ကမ္ဘာမှာ အကြီးဆုံးဘုရားကြီးဖြစ်ပြီး ဘိုးတော်ဘုရား မပြီးစီးခဲ့တဲ့ မင်းကွန်းပုထိုးတော်ကြီးထက်လည်း ကြီးမားပါတယ်။ စေတီရံပေါင်း ရုပ်ပွားတော်ပေါင်း မြောက်မြားစွာနဲ့ ခမ်းခမ်းနားနားရှိလို့ ကမ္ဘာ့အမွေ အနှစ်ရှေးဟောင်းယဉ်ကျေးမှုအဖြစ် ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှား အစိုးရ အကူအညီနဲ့ ဒေါ်လာသန်းပေါင်း များစွာ အကုန်ကျခံပြီး (၁၉၈၃) ခုနှစ်လောက်မှာ အောင်မြင်စွာတည်ထားပြီးစီးပြီးဖြစ်ပါတယ်။ အဲဒီလို ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှားအစိုးရတို့ ပူးတွဲပြီး ကမ္ဘာ့ ယဉ်ကျေးမှုအမြင်သဘောနဲ့ ပြုပြင်ခဲ့တဲ့ ဗောရော ဗုဒ္ဓေါဘုရားကြီးရဲ့ စေတီတော်တော်များကို မွတ်စလင် အစွန်းရောက် အကြမ်းဖက်အုပ်စုတစ်စုက ဗုံးဖောက် ခွဲ ဖျက်ဆီးပစ်ကြပါတယ်။ အစွန်းရောက်သမားတွေရဲ့ ဗုံးခွဲဖျက်ဆီးမှုကြောင့် စေတီ (၉) ခုပျက်စီးခဲ့ရာ ဒေါ်လာ (၂၅) သန်းကျော် အကုန်အကျခံပြုပြင်ခဲ့ရပါ တယ်။ ဒါဟာ အင်ဒိုနီးရှားသမိုင်းမှာ ဗုဒ္ဓဘာသာ အဆောက်အအုံတစ်ခုကို အကြီးအကျယ်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာ ပျံ့နှံ့ လာမှုဟာ စစ်မက်ပြုသိမ်းပိုက်ခြင်းထက် ကုန်သွယ် ရေးနဲ့ လက်ထပ်ထိမ်းမြားခြင်းဟူသော နည်းလမ်းတွေ ပေါ်မှာ များစွာအခြေခံခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ အစ္စလာမ်ဘာသာ ပျံ့နှံ့လာပုံဟာ စစ်မက်ပြုတာထက် ကုန်သွယ်ရေးနဲ့ လက်ထပ်ထိမ်းမြားခြင်း နည်းလမ်း တွေအပေါ်မှာ အခြေခံခဲ့တာပါ။ (၁၃) ရာစုခန့်ကစပြီး အာရပ်၊ ပါရှန်းနဲ့ အိန္ဒိယနိုင်ငံတွေက မွတ်စလင် ကုန်သည်တွေဟာ အင်ဒိုနီးရှားကျွန်းစုတွေကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ချမ်းသာ ြွကယ် ဝသလို လူမှုရေးအဆင့်အတန်းလည်း မြင့်မားတာ ကြောင့် ဒေသခံတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ဒေသခံမင်းစိုးရာဇာတွေနဲ့ အ ထက်တန်းလွှာမိသားစုဝင်အမျိုးသမီးတွေကို လက်ထပ်ပြီး ခိုင်မာတဲ့ လူမှုကွန်ရက်တွေကို တည် ဆောက်ခဲ့ကြပါတယ်။ အဲဒီလို လက်ထပ်တဲ့အခါမှာ ဘာသာကူးပြောင်းဖို့ကို ကြိုတင်သတ်မှတ်ချက် အနေနဲ့ ထားရှိခဲ့တဲ့အတွက် အမျိုးသမီးတွေနဲ့ သူတို့ ရဲ့ မိသားစုတွေဟာ အစ္စလာမ်ဘာသာထဲကို တဖြည်း ဖြည်း ကူးပြောင်းလာခဲ့ကြပါတယ်။ အထူးသဖြင့် ဒေသခံအုပ်ချုပ်သူတွေကိုယ်တိုင် ဘာသာပြောင်း သွားတဲ့အခါမှာတော့ သူတို့ရဲ့ လက်အောက်ခံပြည်သူ တွေလည်း လိုက်ပါကူးပြောင်းလာကြလို့ ဘာသာရေး ဩဇာဟာ ပိုပြီးကျယ်ပြန့်လာခဲ့တာပါ။ ဒါကြောင့် လက်ထပ်ထိမ်းမြားခြင်းဟာ မျိုးဆက်သစ်တွေကို ဘာသာဝင်သစ်တွေဖြစ်အောင် ပျိုးထောင်ပေးဖို့နဲ့ ဒေသခံယဉ်ကျေးမှုထဲမှာ အစ္စလာမ်ဘာသာ အမြစ် တွယ်သွားဖို့အတွက် အထိရောက်ဆုံး နည်းဗျူဟာ တစ်ခုဖြစ်ခဲ့တာပါ။ ဒါကတော့ အစ္စလာမ်ဘာသာက အနုနည်းနဲ့ ဘာသာရေးသွတ်သွင်းခြင်းလို့ မှတ်ယူနိုင် ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံထဲကို အစ္စလာမ်ဘာသာ ပျံ့နှံ့လာပုံကတော့ အင်ဒိုနီးရှားနဲ့မတူဘဲ အဓိက အားဖြင့် စစ်ရေးအရ သိမ်းပိုက်ခြင်းတွေကနေ စတင် ခဲ့တာပါ။ အေဒီ (၇) ရာစုအလယ်ပိုင်းမှာ အာရပ် မွတ်စလင်စစ်တပ်တွေဟာ ပါရှန်းဒေသကို အောင် နိုင်ပြီးတဲ့နောက် အာဖဂန်နစ္စတန်ဘက်ကို ဆက်လက် ချီတက်လာပြီး အဲဒီခေတ်က ကိုးကွယ်ကြတဲ့ ဗုဒ္ဓ ဘာသာ၊ ဟိန္ဒူဘာသာနဲ့ ဇိုရိုအက်စတာ ဘာသာ ဝင်တွေကို တိုက်ခိုက်အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အာရပ်အုပ်ချုပ်သူတွေက နယ်မြေ စိုးမိုးရေးနဲ့ အခွန်ရဖို့ကိုပဲ အဓိကထားခဲ့ပေမဲ့ အေဒီ (၉) ရာစုနဲ့ (၁၀) ရာစုတွေမှာ ပေါ်ထွက်လာတဲ့ ဒေသခံမွတ်စလင်မင်းဆက်တွေလက်ထက်မှာတော့ အစ္စလာမ်ဘာသာဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွား ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရှုံးတာကြောင့်သော် လည်းကောင်း၊ အခွန်ကင်းလွတ်ခွင့်နဲ့ လူမှုရေး အခွင့် အလမ်းတွေရဖို့အတွက်သော်လည်းကောင်း ဒေသခံပြည်သူတွေဟာ ဗုဒ္ဓဘာသာနဲ့ တခြားကိုး ကွယ်မှုတွေကို စွန့်လွှတ်ပြီး အစ္စလာမ်ဘာသာထဲကို အစုလိုက်အပြုံလိုက် ကူးပြောင်းလာခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ အာဖဂန်နစ္စတန်ဟာ အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ ဒေသတစ်ခု ဖြစ်လာခဲ့တာပါ။
အာဖဂန်နစ္စတန်ဟာ တစ်ချိန်က ဂန္ဓာရယဉ် ကျေးမှု ထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာရဲ့ ဗဟိုချက်မကြီး ဖြစ်ခဲ့တာပါ။ အေဒီ (၁) ရာစုကနေ (၇) ရာစုအထိ အာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာဟာ အလွန်တရာ အားကောင်းခဲ့ပြီး ဘာမီယံဗုဒ္ဓရုပ်ပွားတော်ကြီးတွေ လို သမိုင်းဝင် အဆောက်အအုံတွေ အများကြီးရှိခဲ့ တာပါ။ ဒါပေမဲ့ အေဒီ (၇) ရာစု အလယ်ပိုင်းမှာတော့ အာရပ်မွတ်စလင် စစ်တပ်တွေဟာ ပါရှန်း အင်ပါ ယာကို အောင်နိုင်ပြီးနောက် အာဖဂန်နစ္စတန်ဒေသ ဆီကို စတင်ချီတက်လာခဲ့ကြပါတယ်။ အစောပိုင်း မှာတော့ အာရပ်တွေဟာ ဟဲရတ်နဲ့ စီစတန်လို မြို့ကြီး တွေကို အောင်နိုင်ခဲ့ပေမယ့် ဒေသခံ ဗုဒ္ဓဘာသာဝင် တွေနဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုကို ရင်ဆိုင်ခဲ့ရပါသေးတယ်။
အဆင့်ဆင့် ပြောင်းလဲလာပုံမှာ အေဒီ (၉) ရာစုနှောင်းပိုင်းက ပေါ်ထွက်လာတဲ့ ဆဖာရစ် မင်း ဆက်လက်ထက်ဟာ အလှည့်အပြောင်း ဖြစ်ခဲ့ပါ တယ်။ သူတို့ဟာ ကဘူးလ်အပါအဝင် ဒေသ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဗုဒ္ဓ ဘာသာဘုရားကျောင်းတွေကို ဖျက်ဆီးတာ ဒါမှ မဟုတ် ဗလီတွေအဖြစ် ပြောင်းလဲတာမျိုးတွေ လုပ်ခဲ့ ပါတယ်။ အဲဒီနောက် (၁၀) ရာစုမှာ ပေါ်ထွက်လာတဲ့ ဂါဇာနဗစ် မင်းဆက် လက်ထက်မှာတော့ အစ္စလာမ် ဘာသာဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမြစ် တွယ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓဘာသာဝင် တွေဟာ စစ်ရှုံးတာကြောင့် တစ်ကြောင်း၊ ဂျစ်ဇ်ယာ (Jizya) လို့ ခေါ်တဲ့ ဘာသာခြားအခွန်ကို မဆောင် ချင်တာကြောင့် တစ်ကြောင်း၊ လူမှုရေးအခွင့်အလမ်း တွေ ပိုရချင်တာကြောင့်တစ်ကြောင်း အစ္စလာမ် ဘာသာထဲကို အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြ တာပါ။
ဒီလိုနဲ့ပဲ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ ဗုဒ္ဓဘာ သာဘုန်းကြီးကျောင်းတွေဟာ တဖြည်းဖြည်း လူသူကင်းမဲ့လာပြီး ပျက်စီးသွားခဲ့သလို၊ လူဦးရေ အများစုဟာလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာဖဂန်နစ္စ တန်ဟာ ဗုဒ္ဓဘာသာရဲ့ အရိပ်အယောင်တွေ ပျောက် ကွယ်လုနီးပါးဖြစ်သွားပြီး အစ္စလာမ်ဘာသာ အခိုင် အမာထွန်းကားတဲ့ နိုင်ငံတစ်ခု ဖြစ်သွားခဲ့တာပါ။ အနီးအနားမှာရှိတဲ့ ပါကစ္စတန်နိုင်ငံဟာလည်း ရှေးက ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့နိုင်ငံပါ။ အဲဒီနိုင်ငံထဲမှာ ရှိတဲ့ တက္ကဆီလာဆိုတဲ့ အရပ်ဒေသဟာလည်း ဗုဒ္ဓ ကျမ်းစာတွေထဲမှာပါတဲ့ အဋ္ဌာရသ ( ၁၈ )ရပ် ပညာ ဆည်းပူးရာ တက္ကသိုလ်ကျာင်းတော်ကြီးရှိခဲ့ရာ ဒေသပဲဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ မွတ်စလင်တွေ ဝါးမျိုးခြင်းကြောင့် ယခုအခါ ဗုဒ္ဓ ဘာသာ လုံးဝချုပ်ငြိမ်းသွားခဲ့ပါပြီ။
ကမ္ဘာပေါ်မှာ မွတ်စလင်လူဦးရေဟာ တခြား ဘာသာဝင်တွေထက် ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ တိုးပွား နေတာပါ။ လက်ရှိ ကမ္ဘာ့လူဦးရေစာရင်းတွေအရ မွတ်စလင်ဦးရေဟာ (၂) ဘီလီယံကျော်ရှိနေပြီး ကမ္ဘာ့လူဦးရေရဲ့ (၂၅) ရာခိုင်နှုန်းကျော် ရှိနေတာပါ။ သုတေသနပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ (၂၀၅၀) ပြည့်နှစ်လောက်မှာ မွတ်စလင်လူဦးရေဟာ ခရစ် ယာန်ဘာသာဝင်ဦးရေနီးပါးအထိ တိုးတက်လာဖို့ ရှိနေပါတယ်။ ဒီလိုတိုးပွားလာရတဲ့ အဓိကအချက် ကတော့ မွေးဖွားနှုန်း မြင့်မားခြင်းကြောင့်ပဲ ဖြစ်ပါ တယ်။ မွတ်စလင်မိသားစုတွေမှာ ပျမ်းမျှအားဖြင့် ကလေးမွေးဖွားနှုန်းဟာ တခြားဘာသာဝင် မိသားစုတွေထက် ပိုများနေတာပါ။
ဒုတိယအချက်ကတော့ လူဦးရေဖွဲ့စည်းပုံ အသက်အရွယ်ကြောင့်ပါ။ မွတ်စလင်လူဦးရေရဲ့ အများစုဟာ အသက်ငယ်ရွယ်သူတွေ ဖြစ်ကြပြီး ကလေးမွေးဖွားနိုင်တဲ့ အရွယ်အစားက အလွန်ကြီးမား နေတာပါ။ ဒါ့အပြင် အာဖရိကနဲ့ အာရှတိုက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွတ်စလင်လူဦးရေ အများဆုံး ရှိနေပြီး အဲဒီဒေသတွေမှာ လူဦးရေတိုးနှုန်းက ယေဘုယျအားဖြင့် မြင့်မားနေတာလည်း ပါဝင်ပါ တယ်။ နောက်ထပ်အချက်တစ်ခုကတော့ ဘာသာကူး ပြောင်းမှု ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ တခြား ဒေသအချို့မှာ အစ္စလာမ်ဘာသာထဲကို ကူးပြောင်း ဝင်ရောက်လာသူတွေ ရှိနေပေမဲ့၊ တကယ့် လူဦးရေ တိုးနှုန်း အများစုကတော့ သဘာဝအတိုင်း မွေးဖွား နှုန်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ကြောင့် (၂၁) ရာစုအကုန်မှာတော့ အစ္စလာမ်ဘာ သာဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာနီးပါး ဖြစ်လာနိုင်တယ်လို့ လူဦး ရေဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါ တယ်။
အခုလို အစ္စလာမ်ဘာသာဝင်လူဦးရေတိုးပွား လာတဲ့ အရှိန်အဟုန်ဟာ ရေရှည်မှာ ကမ္ဘာ့ဘာသာ ရေး ဖွဲ့စည်းပုံကို သိသိသာသာ ပြောင်းလဲသွား စေမှာဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရ တဲ့အတိုင်း အင်အားနည်းသွားတဲ့ တခြားဘာသာ တရားတွေဟာ ပိုပြီးတော့ မှေးမှိန်သွားနိုင်တဲ့ အခြေ အနေကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ရှေးဟောင်းဗုဒ္ဓဘာသာ အမွေအနှစ်တွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာဟာ ဒီနေ့ခေတ်အတွက် အထူးအရေးကြီးတဲ့ စိန်ခေါ် မှုတစ်ရပ် ဖြစ်လာနေကြောင်း ရေးသားလိုက်ရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားမွ အာဖဂန္နစၥတန္အထိ ေမွးမွိန္ေပ်ာက္ကြယ္ႏိုင္ေသာ ဘာသာေရးစိန္ေခၚမႈမ်ား
(ဘာသာျပန္ သုံးသပ္ေဆာင္းပါး)
တင္ဇာ (NP News) - ေဖေဖာ္ဝါရီလ ၄
ကမာၻ႔ေျမပုံကိုၾကည့္လိုက္ရင္ အစၥလာမ္ ဘာသာရဲ႕ ဗဟိုခ်က္မ အေရွ႕အလယ္ပိုင္းနဲ႔ အင္ဒို နီးရွားဟာ တကယ္ကို အလွမ္းေဝးကြာေနတာကို ေတြ႕ရပါလိမ့္မယ္။ ေဆာ္ဒီအာေရဗ်ရဲ႕ သဲကႏၲာရ ထဲမွာ စတင္ခဲ့တဲ့ ယုံၾကည္မႈစနစ္တစ္ခုဟာ အလွမ္း ေဝးတဲ့ အေရွ႕ ေတာင္အာရွလိုႏိုင္ငံတစ္ခုအေပၚမွာ ဘယ္လိုမ်ိဳး အခိုင္အမာ ေျခကုပ္ယူႏိုင္ခဲ့တာလဲ။ အိႏၵိယ၊ တ႐ုတ္နဲ႔ အေရွ႕အလယ္ပိုင္းက မြတ္စလင္ ကုန္သည္ေတြဟာ အခုေခတ္ အင္ဒိုနီးရွားလို႔ သိၾက တဲ့ ကြၽန္းစုေတြမွာရွိတဲ့ ျြကယ္ဝတဲ့ သယံဇာတေတြကို ရွာေဖြေတြ႕ရွိခဲ့ၾကတဲ့အတြက္ အစၥလာမ္ဘာသာဟာ အင္ဒိုနီးရွားႏိုင္ငံထဲကို တျဖည္းျဖည္းခ်င္းနဲ႔ တစ္စ စခ်င္း စိမ့္ဝင္ပ်ံ႕ႏွံ႔လာခဲ့တယ္လို႔ ဆိုၾကပါတယ္။ အိႏၵိယ သမုဒၵရာဟာ အင္ဒိုနီးရွားႏိုင္ငံနဲ႔ အေနာက္ ဘက္ ႏိုင္ငံေတြအၾကား ကုန္သြယ္ေရးနဲ႔ ယဥ္ေက်း မႈဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခု အျဖစ္ တည္ရွိခဲ့ပါတယ္။ အစၥလာမ္ဘာသာဟာ (၁၃) ရာစု မွာ အင္ဒိုနီးရွားႏိုင္ငံအတြင္းကို စတင္ဝင္ေရာက္လာခဲ့ ပါတယ္။ အဲဒီအခ်ိန္မွာ ဆူမားၾတားေျမာက္ပိုင္းက အုပ္ခ်ဳပ္သူအသီးသီးဟာ မြတ္စလင္ကုန္သည္ေတြနဲ႔ ထိေတြ႕ဆက္ဆံရာကေန အစၥလာမ္ဘာသာကို စတင္ကူးေျပာင္းခဲ့ၾကၿပီး သူတို႔ရဲ႕ လက္ေအာက္ခံ ျပည္သူေတြကိုလည္း ဘာသာေျပာင္းေစခဲ့ပါတယ္။
(၁၅) ရာစုမွာေတာ့ မလကၠာ စူလတန္ (ယေန႔ေခတ္ မေလးရွားအေနာက္ပိုင္း)က အစၥလာမ္ ဘာသာသို႔ ကူးေျပာင္းသြားတဲ့အခါ ပိုမိုအားေကာင္းလာခဲ့ပါတယ္။ သူဟာ မလကၠာကို အစၥလာမ္အေျခခံ ကုန္သြယ္ေရးနဲ႔ ပညာသင္ၾကားေရး ဗဟိုခ်က္တစ္ခု ျဖစ္လာေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါဟာ မလကၠာ မွာတင္မကဘဲ ဆူမားၾတား၊ ဂ်ာဗား၊ ေဘာ္နီယိုကြၽန္းနဲ႔ ဖိလစ္ပိုင္ အေနာက္ေတာင္ပိုင္း (မင္ဒါနာအို) လို ေနရာမ်ိဳး ေတြမွာပါ အစၥလာမ္ဘာသာ ဖြံ႕ၿဖိဳးလာေအာင္ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။
အင္ဒိုနီးရွားက အစၥလာမ္ဘာသာရဲ႕ သေဘာ သဘာဝဟာ တျခားေနရာေတြနဲ႔ ကြဲျပားပါတယ္။ အစၥလာမ္ဘာသာဟာ "ကုန္သည္မ်ား" နဲ႔ ဆက္စပ္ေန တဲ့အတြက္ အင္ဒိုနီးရွားမွာ "ေခတ္သစ္ဝါဒီ" အယူ အဆက လႊမ္းမိုးထားပါတယ္။ ဆိုလိုတာကေတာ့ အဲဒီမွာ ဘာသာတရားဟာ လူမႈေရးအရ ေရွ႕တန္း ေရာက္ၿပီး စီးပြားေရးအရ ဆက္စပ္ေနပါတယ္။ ဒါဟာ ေရွး႐ိုးစြဲအစၥလာမ္ဘာသာတရားကို ဆုပ္ကိုင္ထားတဲ့ အေရွ႕အလယ္ပိုင္းက သဲကႏၲာရႏိုင္ငံေတြနဲ႔ ကြာျခားခ်က္ပဲ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ အင္ဒိုနီးရွားပုံစံ အစၥလာမ္ဘာသာဟာ တျခားေနရာ ေတြထက္စာရင္ ပိုၿပီးသည္းခံစိတ္ရွိသလို တင္းက်ပ္ မႈလည္း ပိုနည္းတာကို ေတြ႕ရပါတယ္။
အင္ဒိုနီးရွားကြၽန္းစုေတြဟာ ျပင္ပက်ဴးေက်ာ္သူ ေတြရဲ႕ တိုက္ခိုက္ျခင္းနဲ႔ အတင္းအဓမၼ ဘာသာ ေျပာင္းခိုင္းျခင္းမ်ိဳးကို မႀကဳံေတြ႕ခဲ့ရပါဘူး။ ဒါေပမဲ့ လည္း အစၥလာမ္ဘာသာသို႔ ကူးေျပာင္းသြားတဲ့ ႏိုင္ငံ ငယ္ေတြက ေရွးေဟာင္း ဟိႏၵဴ-ဗုဒၶဘာသာ အစဥ္ အလာေတြကို ဆက္လက္ကိုင္စြဲထားတဲ့ ႏိုင္ငံငယ္ ေတြနဲ႔ မၾကာခဏ စစ္မက္ျဖစ္ပြားခဲ့ၾကပါတယ္။ သို႔ေသာ္ျငားလည္း ဂ်ာဗားကြၽန္းရဲ႕ ႏိုင္ငံေရးနဲ႔ စစ္ေရး ကိစၥရပ္ေတြမွာ ဘာသာေရးစည္းမ်ဥ္းေတြကို တိတိ က်က် ပိုင္းျခားသတ္မွတ္ထားျခင္း မရွိခဲ့တာေၾကာင့္ စစ္မက္ပဋိပကၡေတြ ျဖစ္ပြားခဲ့ျခင္းမရွိတာကို ေတြ႕ရွိ ရပါတယ္။
အစၥလာမ္ဘာသာမထြန္းကားခင္ အင္ဒိုနီးရွား ႏိုင္ငံရဲ႕ အေျခအေနက ဟိႏၵဴနဲ႔ ဗုဒၶဘာသာ ယဥ္ေက်း မႈေတြ အထြတ္အထိပ္သို႔ ေရာက္ရွိေနတဲ့ ကာလျဖစ္ ၿပီး ဒီကာလကို " ဟိႏၵဴ-ဗုဒၶဘာသာေခတ္" လို႔ သမိုင္း တြင္ ေခၚဆိုၾကပါတယ္။ ေအဒီ (၇) ရာစုခန႔္မွစတင္ကာ ဆူမားၾတားကြၽန္းမွာ အေျခစိုက္တဲ့ သီရိဝိဇယဗုဒၶဘာ သာ အင္ပါယာဟာ ပင္လယ္ေရေၾကာင္းကုန္သြယ္ေရး ကို စိုးမိုးထားခဲ့ၿပီး အေရွ႕ေတာင္ အာရွမွာ ဗုဒၶဘာသာ စာေပနဲ႔ ပညာေရးအတြက္ အဓိကဗဟိုဌာနႀကီး ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဂ်ာဗားကြၽန္း အလယ္ပိုင္းမွာ ေသလိႏၵာမင္းဆက္တို႔က ကမာၻ႔ အႀကီးဆုံး ဗုဒၶဘာသာေစတီေတာ္ႀကီး ျဖစ္ေသာ ေဗာေရာဗုေဒၶါဘုရားကို တည္ထားခဲ့သလို (၉) ရာစု ေလာက္မွာလည္း ဟိႏၵဴယဥ္ေက်းမႈကို အခိုင္အမာ ထူေထာင္ဖို႔အတြက္ ပရမ္ဘာနန္ကဲ့သို႔ေသာ နတ္ ကြန္းႀကီးေတြကို တည္ေဆာက္ခဲ့ၾကပါတယ္။ (၁၃) ရာစုမွ (၁၆) ရာစုအတြင္းမွာေတာ့ မာဂ်ာပါဟစ္ အင္ပါယာက အင္ဒိုနီးရွားကြၽန္းစု တစ္ခုလုံးနီးပါးကို ဟိႏၵဴ-ဗုဒၶဘာသာ အလံေအာက္မွာ စုစည္းႏိုင္ခဲ့ၿပီး အႏုပညာ၊ စာေပနဲ႔ ႏိုင္ငံေရးအရ အင္အားအႀကီးဆုံး အေျခအေနကို ေရာက္ရွိခဲ့ပါတယ္။ အဲ့ဒီေခတ္က လူမႈဖြဲ႕စည္းပုံအရ ျပည္သူေတြအၾကား နတ္ကိုး ကြယ္မႈ၊ ဟိႏၵဴဘာသာနဲ႔ ဗုဒၶဘာသာတို႔ကို ေရာေႏွာ ကိုးကြယ္ၾကၿပီး ၿငိမ္းခ်မ္းစြာ ေနထိုင္ခဲ့ၾကတဲ့အတြက္ အစၥလာမ္ ဘာသာ စတင္ဝင္ေရာက္လာခ်ိန္မွာလည္း သူ႔ရဲ႕အေျခခံအယူအဆေတြက မူလရွိေနၿပီးသား ဟိႏၵဴ-ဗုဒၶဘာသာ အေငြ႕အသက္ေတြနဲ႔ လြယ္လြယ္ ကူကူ ေပါင္းစပ္သြားႏိုင္ျခင္း ျဖစ္ပါတယ္။
ဒီလိုနဲ႔ ဗုဒၶသာသနာေရာင္ဝါဟာ အဲဒီကြၽန္းစု ေတြမွာ (ေအဒီ - ၃ ရာစုကေန ၁၄ ရာစုအထိ) ႏွစ္ေပါင္း (၁၈၀ဝ) ေလာက္ ထြန္းကား ပ်ံ႕ႏွံ႔ခဲ့ၿပီး ကမာၻေက်ာ္ ကမာၻ႔အံ့မခန္းျဖစ္တဲ့ ေဗာေရာဗုေဒၶါ ဘုရားနဲ႔ ေစတီပုထိုးေပါင္း ေျမာက္ျမားစြာ တည္ ေဆာက္ခဲ့ပါတယ္။ ယဥ္ေက်းမႈလက္ရာလည္း အလြန္ေျပာင္ေျမာက္ခဲ့ပါတယ္။ ဘုရားႀကီးဟာ ကမာၻမွာ အႀကီးဆုံးဘုရားႀကီးျဖစ္ၿပီး ဘိုးေတာ္ဘုရား မၿပီးစီးခဲ့တဲ့ မင္းကြန္းပုထိုးေတာ္ႀကီးထက္လည္း ႀကီးမားပါတယ္။ ေစတီရံေပါင္း ႐ုပ္ပြားေတာ္ေပါင္း ေျမာက္ျမားစြာနဲ႔ ခမ္းခမ္းနားနားရွိလို႔ ကမာၻ႔အေမြ အႏွစ္ေရွးေဟာင္းယဥ္ေက်းမႈအျဖစ္ ကုလသမဂၢနဲ႔ အင္ဒိုနီးရွား အစိုးရ အကူအညီနဲ႔ ေဒၚလာသန္းေပါင္း မ်ားစြာ အကုန္က်ခံၿပီး (၁၉၈၃) ခုႏွစ္ေလာက္မွာ ေအာင္ျမင္စြာတည္ထားၿပီးစီးၿပီးျဖစ္ပါတယ္။ အဲဒီလို ကုလသမဂၢနဲ႔ အင္ဒိုနီးရွားအစိုးရတို႔ ပူးတြဲၿပီး ကမာၻ႔ ယဥ္ေက်းမႈအျမင္သေဘာနဲ႔ ျပဳျပင္ခဲ့တဲ့ ေဗာေရာ ဗုေဒၶါဘုရားႀကီးရဲ႕ ေစတီေတာ္ေတာ္မ်ားကို မြတ္စလင္ အစြန္းေရာက္ အၾကမ္းဖက္အုပ္စုတစ္စုက ဗုံးေဖာက္ ခြဲ ဖ်က္ဆီးပစ္ၾကပါတယ္။ အစြန္းေရာက္သမားေတြရဲ႕ ဗုံးခြဲဖ်က္ဆီးမႈေၾကာင့္ ေစတီ (၉) ခုပ်က္စီးခဲ့ရာ ေဒၚလာ (၂၅) သန္းေက်ာ္ အကုန္အက်ခံျပဳျပင္ခဲ့ရပါ တယ္။ ဒါဟာ အင္ဒိုနီးရွားသမိုင္းမွာ ဗုဒၶဘာသာ အေဆာက္အအုံတစ္ခုကို အႀကီးအက်ယ္ဆုံး တိုက္ခိုက္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမွာ အစၥလာမ္ဘာသာ ပ်ံ႕ႏွံ႔ လာမႈဟာ စစ္မက္ျပဳသိမ္းပိုက္ျခင္းထက္ ကုန္သြယ္ ေရးနဲ႔ လက္ထပ္ထိမ္းျမားျခင္းဟူေသာ နည္းလမ္းေတြ ေပၚမွာ မ်ားစြာအေျခခံခဲ့ပါတယ္။ အင္ဒိုနီးရွား ႏိုင္ငံမွာ အစၥလာမ္ဘာသာ ပ်ံ႕ႏွံ႔လာပုံဟာ စစ္မက္ျပဳတာထက္ ကုန္သြယ္ေရးနဲ႔ လက္ထပ္ထိမ္းျမားျခင္း နည္းလမ္း ေတြအေပၚမွာ အေျခခံခဲ့တာပါ။ (၁၃) ရာစုခန႔္ကစၿပီး အာရပ္၊ ပါရွန္းနဲ႔ အိႏၵိယႏိုင္ငံေတြက မြတ္စလင္ ကုန္သည္ေတြဟာ အင္ဒိုနီးရွားကြၽန္းစုေတြကို ေရာက္ရွိလာခဲ့ၾကပါတယ္။ သူတို႔ဟာ ခ်မ္းသာ ျြကယ္ ဝသလို လူမႈေရးအဆင့္အတန္းလည္း ျမင့္မားတာ ေၾကာင့္ ေဒသခံေတြရဲ႕ ယုံၾကည္မႈကို ရရွိခဲ့ၾကတာပါ။ အဲဒီေနာက္မွာေတာ့ ေဒသခံမင္းစိုးရာဇာေတြနဲ႔ အ ထက္တန္းလႊာမိသားစုဝင္အမ်ိဳးသမီးေတြကို လက္ထပ္ၿပီး ခိုင္မာတဲ့ လူမႈကြန္ရက္ေတြကို တည္ ေဆာက္ခဲ့ၾကပါတယ္။ အဲဒီလို လက္ထပ္တဲ့အခါမွာ ဘာသာကူးေျပာင္းဖို႔ကို ႀကိဳတင္သတ္မွတ္ခ်က္ အေနနဲ႔ ထားရွိခဲ့တဲ့အတြက္ အမ်ိဳးသမီးေတြနဲ႔ သူတို႔ ရဲ႕ မိသားစုေတြဟာ အစၥလာမ္ဘာသာထဲကို တျဖည္း ျဖည္း ကူးေျပာင္းလာခဲ့ၾကပါတယ္။ အထူးသျဖင့္ ေဒသခံအုပ္ခ်ဳပ္သူေတြကိုယ္တိုင္ ဘာသာေျပာင္း သြားတဲ့အခါမွာေတာ့ သူတို႔ရဲ႕ လက္ေအာက္ခံျပည္သူ ေတြလည္း လိုက္ပါကူးေျပာင္းလာၾကလို႔ ဘာသာေရး ဩဇာဟာ ပိုၿပီးက်ယ္ျပန႔္လာခဲ့တာပါ။ ဒါေၾကာင့္ လက္ထပ္ထိမ္းျမားျခင္းဟာ မ်ိဳးဆက္သစ္ေတြကို ဘာသာဝင္သစ္ေတြျဖစ္ေအာင္ ပ်ိဳးေထာင္ေပးဖို႔နဲ႔ ေဒသခံယဥ္ေက်းမႈထဲမွာ အစၥလာမ္ဘာသာ အျမစ္ တြယ္သြားဖို႔အတြက္ အထိေရာက္ဆုံး နည္းဗ်ဴဟာ တစ္ခုျဖစ္ခဲ့တာပါ။ ဒါကေတာ့ အစၥလာမ္ဘာသာက အႏုနည္းနဲ႔ ဘာသာေရးသြတ္သြင္းျခင္းလို႔ မွတ္ယူႏိုင္ ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံထဲကို အစၥလာမ္ဘာသာ ပ်ံ႕ႏွံ႔လာပုံကေတာ့ အင္ဒိုနီးရွားနဲ႔မတူဘဲ အဓိက အားျဖင့္ စစ္ေရးအရ သိမ္းပိုက္ျခင္းေတြကေန စတင္ ခဲ့တာပါ။ ေအဒီ (၇) ရာစုအလယ္ပိုင္းမွာ အာရပ္ မြတ္စလင္စစ္တပ္ေတြဟာ ပါရွန္းေဒသကို ေအာင္ ႏိုင္ၿပီးတဲ့ေနာက္ အာဖဂန္နစၥတန္ဘက္ကို ဆက္လက္ ခ်ီတက္လာၿပီး အဲဒီေခတ္က ကိုးကြယ္ၾကတဲ့ ဗုဒၶ ဘာသာ၊ ဟိႏၵဴဘာသာနဲ႔ ဇို႐ိုအက္စတာ ဘာသာ ဝင္ေတြကို တိုက္ခိုက္ေအာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အေစာပိုင္းမွာေတာ့ အာရပ္အုပ္ခ်ဳပ္သူေတြက နယ္ေျမ စိုးမိုးေရးနဲ႔ အခြန္ရဖို႔ကိုပဲ အဓိကထားခဲ့ေပမဲ့ ေအဒီ (၉) ရာစုနဲ႔ (၁၀) ရာစုေတြမွာ ေပၚထြက္လာတဲ့ ေဒသခံမြတ္စလင္မင္းဆက္ေတြလက္ထက္မွာေတာ့ အစၥလာမ္ဘာသာဟာ အရွိန္အဟုန္နဲ႔ ပ်ံ႕ႏွံ႔သြား ခဲ့ပါတယ္။ အထူးသျဖင့္ စစ္ရႈံးတာေၾကာင့္ေသာ္ လည္းေကာင္း၊ အခြန္ကင္းလြတ္ခြင့္နဲ႔ လူမႈေရး အခြင့္ အလမ္းေတြရဖို႔အတြက္ေသာ္လည္းေကာင္း ေဒသခံျပည္သူေတြဟာ ဗုဒၶဘာသာနဲ႔ တျခားကိုး ကြယ္မႈေတြကို စြန႔္လႊတ္ၿပီး အစၥလာမ္ဘာသာထဲကို အစုလိုက္အၿပဳံလိုက္ ကူးေျပာင္းလာခဲ့ၾကတာပါ။ ဒီလိုနဲ႔ပဲ အာဖဂန္နစၥတန္ဟာ အစၥလာမ္ဘာသာဝင္ အမ်ားစုရွိတဲ့ ေဒသတစ္ခု ျဖစ္လာခဲ့တာပါ။
အာဖဂန္နစၥတန္ဟာ တစ္ခ်ိန္က ဂႏၶာရယဥ္ ေက်းမႈ ထြန္းကားခဲ့ၿပီး ဗုဒၶဘာသာရဲ႕ ဗဟိုခ်က္မႀကီး ျဖစ္ခဲ့တာပါ။ ေအဒီ (၁) ရာစုကေန (၇) ရာစုအထိ အာဖဂန္နစၥတန္မွာ ဗုဒၶဘာသာဟာ အလြန္တရာ အားေကာင္းခဲ့ၿပီး ဘာမီယံဗုဒၶ႐ုပ္ပြားေတာ္ႀကီးေတြ လို သမိုင္းဝင္ အေဆာက္အအုံေတြ အမ်ားႀကီးရွိခဲ့ တာပါ။ ဒါေပမဲ့ ေအဒီ (၇) ရာစု အလယ္ပိုင္းမွာေတာ့ အာရပ္မြတ္စလင္ စစ္တပ္ေတြဟာ ပါရွန္း အင္ပါ ယာကို ေအာင္ႏိုင္ၿပီးေနာက္ အာဖဂန္နစၥတန္ေဒသ ဆီကို စတင္ခ်ီတက္လာခဲ့ၾကပါတယ္။ အေစာပိုင္း မွာေတာ့ အာရပ္ေတြဟာ ဟဲရတ္နဲ႔ စီစတန္လို ၿမိဳ႕ႀကီး ေတြကို ေအာင္ႏိုင္ခဲ့ေပမယ့္ ေဒသခံ ဗုဒၶဘာသာဝင္ ေတြနဲ႔ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ခုခံမႈကို ရင္ဆိုင္ခဲ့ရပါေသးတယ္။
အဆင့္ဆင့္ ေျပာင္းလဲလာပုံမွာ ေအဒီ (၉) ရာစုေႏွာင္းပိုင္းက ေပၚထြက္လာတဲ့ ဆဖာရစ္ မင္း ဆက္လက္ထက္ဟာ အလွည့္အေျပာင္း ျဖစ္ခဲ့ပါ တယ္။ သူတို႔ဟာ ကဘူးလ္အပါအဝင္ ေဒသ အေတာ္မ်ားမ်ားကို တိုက္ခိုက္သိမ္းပိုက္ၿပီး ဗုဒၶ ဘာသာဘုရားေက်ာင္းေတြကို ဖ်က္ဆီးတာ ဒါမွ မဟုတ္ ဗလီေတြအျဖစ္ ေျပာင္းလဲတာမ်ိဳးေတြ လုပ္ခဲ့ ပါတယ္။ အဲဒီေနာက္ (၁၀) ရာစုမွာ ေပၚထြက္လာတဲ့ ဂါဇာနဗစ္ မင္းဆက္ လက္ထက္မွာေတာ့ အစၥလာမ္ ဘာသာဟာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အျမစ္ တြယ္သြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဗုဒၶဘာသာဝင္ ေတြဟာ စစ္ရႈံးတာေၾကာင့္ တစ္ေၾကာင္း၊ ဂ်စ္ဇ္ယာ (Jizya) လို႔ ေခၚတဲ့ ဘာသာျခားအခြန္ကို မေဆာင္ ခ်င္တာေၾကာင့္ တစ္ေၾကာင္း၊ လူမႈေရးအခြင့္အလမ္း ေတြ ပိုရခ်င္တာေၾကာင့္တစ္ေၾကာင္း အစၥလာမ္ ဘာသာထဲကို အစုလိုက္အၿပဳံလိုက္ ကူးေျပာင္းခဲ့ၾက တာပါ။
ဒီလိုနဲ႔ပဲ ရာစုႏွစ္ေပါင္းမ်ားစြာအတြင္းမွာ ဗုဒၶဘာ သာဘုန္းႀကီးေက်ာင္းေတြဟာ တျဖည္းျဖည္း လူသူကင္းမဲ့လာၿပီး ပ်က္စီးသြားခဲ့သလို၊ လူဦးေရ အမ်ားစုဟာလည္း အစၥလာမ္ဘာသာဝင္ေတြ ျဖစ္သြားခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အာဖဂန္နစၥ တန္ဟာ ဗုဒၶဘာသာရဲ႕ အရိပ္အေယာင္ေတြ ေပ်ာက္ ကြယ္လုနီးပါးျဖစ္သြားၿပီး အစၥလာမ္ဘာသာ အခိုင္ အမာထြန္းကားတဲ့ ႏိုင္ငံတစ္ခု ျဖစ္သြားခဲ့တာပါ။ အနီးအနားမွာရွိတဲ့ ပါကစၥတန္ႏိုင္ငံဟာလည္း ေရွးက ဗုဒၶဘာသာ ထြန္းကားခဲ့တဲ့ႏိုင္ငံပါ။ အဲဒီႏိုင္ငံထဲမွာ ရွိတဲ့ တကၠဆီလာဆိုတဲ့ အရပ္ေဒသဟာလည္း ဗုဒၶ က်မ္းစာေတြထဲမွာပါတဲ့ အ႒ာရသ ( ၁၈ )ရပ္ ပညာ ဆည္းပူးရာ တကၠသိုလ္က်ာင္းေတာ္ႀကီးရွိခဲ့ရာ ေဒသပဲျဖစ္ပါတယ္။ ဒါေပမယ့္ ယေန႔ေခတ္မွာေတာ့ မြတ္စလင္ေတြ ဝါးမ်ိဳးျခင္းေၾကာင့္ ယခုအခါ ဗုဒၶ ဘာသာ လုံးဝခ်ဳပ္ၿငိမ္းသြားခဲ့ပါၿပီ။
ကမာၻေပၚမွာ မြတ္စလင္လူဦးေရဟာ တျခား ဘာသာဝင္ေတြထက္ ပိုမိုျမန္ဆန္တဲ့ႏႈန္းနဲ႔ တိုးပြား ေနတာပါ။ လက္ရွိ ကမာၻ႔လူဦးေရစာရင္းေတြအရ မြတ္စလင္ဦးေရဟာ (၂) ဘီလီယံေက်ာ္ရွိေနၿပီး ကမာၻ႔လူဦးေရရဲ႕ (၂၅) ရာခိုင္ႏႈန္းေက်ာ္ ရွိေနတာပါ။ သုေတသနပညာရွင္ေတြရဲ႕ ခန႔္မွန္းခ်က္အရ (၂၀၅၀) ျပည့္ႏွစ္ေလာက္မွာ မြတ္စလင္လူဦးေရဟာ ခရစ္ ယာန္ဘာသာဝင္ဦးေရနီးပါးအထိ တိုးတက္လာဖို႔ ရွိေနပါတယ္။ ဒီလိုတိုးပြားလာရတဲ့ အဓိကအခ်က္ ကေတာ့ ေမြးဖြားႏႈန္း ျမင့္မားျခင္းေၾကာင့္ပဲ ျဖစ္ပါ တယ္။ မြတ္စလင္မိသားစုေတြမွာ ပ်မ္းမွ်အားျဖင့္ ကေလးေမြးဖြားႏႈန္းဟာ တျခားဘာသာဝင္ မိသားစုေတြထက္ ပိုမ်ားေနတာပါ။
ဒုတိယအခ်က္ကေတာ့ လူဦးေရဖြဲ႕စည္းပုံ အသက္အ႐ြယ္ေၾကာင့္ပါ။ မြတ္စလင္လူဦးေရရဲ႕ အမ်ားစုဟာ အသက္ငယ္႐ြယ္သူေတြ ျဖစ္ၾကၿပီး ကေလးေမြးဖြားႏိုင္တဲ့ အ႐ြယ္အစားက အလြန္ႀကီးမား ေနတာပါ။ ဒါ့အျပင္ အာဖရိကနဲ႔ အာရွတိုက္က ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ မြတ္စလင္လူဦးေရ အမ်ားဆုံး ရွိေနၿပီး အဲဒီေဒသေတြမွာ လူဦးေရတိုးႏႈန္းက ေယဘုယ်အားျဖင့္ ျမင့္မားေနတာလည္း ပါဝင္ပါ တယ္။ ေနာက္ထပ္အခ်က္တစ္ခုကေတာ့ ဘာသာကူး ေျပာင္းမႈ ျဖစ္ပါတယ္။ အေနာက္ႏိုင္ငံေတြနဲ႔ တျခား ေဒသအခ်ိဳ႕မွာ အစၥလာမ္ဘာသာထဲကို ကူးေျပာင္း ဝင္ေရာက္လာသူေတြ ရွိေနေပမဲ့၊ တကယ့္ လူဦးေရ တိုးႏႈန္း အမ်ားစုကေတာ့ သဘာဝအတိုင္း ေမြးဖြား ႏႈန္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြ ေၾကာင့္ (၂၁) ရာစုအကုန္မွာေတာ့ အစၥလာမ္ဘာ သာဟာ ကမာၻေပၚမွာ လူဦးေရအမ်ားဆုံး ကိုးကြယ္တဲ့ ခရစ္ယာန္ဘာသာနီးပါး ျဖစ္လာႏိုင္တယ္လို႔ လူဦး ေရဆိုင္ရာ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါ တယ္။
အခုလို အစၥလာမ္ဘာသာဝင္လူဦးေရတိုးပြား လာတဲ့ အရွိန္အဟုန္ဟာ ေရရွည္မွာ ကမာၻ႔ဘာသာ ေရး ဖြဲ႕စည္းပုံကို သိသိသာသာ ေျပာင္းလဲသြား ေစမွာျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္မွာ ျမင္ေတြ႕ခဲ့ရ တဲ့အတိုင္း အင္အားနည္းသြားတဲ့ တျခားဘာသာ တရားေတြဟာ ပိုၿပီးေတာ့ ေမွးမွိန္သြားႏိုင္တဲ့ အေျခ အေနကို ေရာက္သြားႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါေၾကာင့္ ေရွးေဟာင္းဗုဒၶဘာသာ အေမြအႏွစ္ေတြနဲ႔ ယဥ္ေက်းမႈေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ဆိုတာဟာ ဒီေန႔ေခတ္အတြက္ အထူးအေရးႀကီးတဲ့ စိန္ေခၚ မႈတစ္ရပ္ ျဖစ္လာေနေၾကာင္း ေရးသားလိုက္ရပါတယ္။