(၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် ဆရာဝန် (သစ်လွင်) များအပါအဝင် ကျန်းမာရေး ဝန်ထမ်း (၁၆၀၀၀) ကျော် ခန့်အပ်နိုင်ခဲ့ဟု ဆို

 101

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၅
(၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် ဆရာဝန် (သစ်လွင်) များအပါအဝင် ကျန်းမာရေး ဝန်ထမ်း (၁၆၀၀၀) ကျော် ခန့်အပ်နိုင်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) ၊ နံနက်ပိုင်း (၉)နာရီက ကျင်းပခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနား တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ထမ်းများအား ပညာရှင်ထောက်ပံ့ကြေး၊ ဘွဲ့လွန်ထောက်ပံ့ကြေး၊ ဘေးအန္တရာယ်ရှိနိုင်မှုအတွက် ထောက်ပံ့ကြေး (Risk allowance)၊ ဆေးရုံညတာဝန်ကျထောက်ပံ့ကြေး (Night duty allowance) စသည်တို့ကို ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကာ အဆင့်မြှင့်တင်ရန်စီစဉ်ခြင်းတို့ကို တိုးမြှင့်ပေးအပ်ရန် စီစဉ်ပေးခြင်းတို့ကို အသိအမှတ်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ပြည်သူ့ဆေးရုံများတွင် ခေတ်နှင့်အညီ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်းလုပ်ငန်းစဉ်များကို နိုင်ငံတကာနည်းစနစ်များနှင့် လိုက်လျောညီထွေခေတ်မီစေရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စွမ်းရည်မြှင့်တင်ခြင်း၊ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် စက်ပစ္စည်းများကို အသစ်တပ်ဆင်ခြင်း၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးရုံအင်္ဂါရပ်များနှင့် ညီညွတ်စေရေး၊ လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် လူနာဆောင်များတိုးချဲ့ တည်ဆောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းတည်ဆောက်ရေး စသည့်လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးပေးမှုနှင့်အတူ မျက်ခြည်မပြတ် ဆန်းစစ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု လည်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆရာဝန် (သစ်လွင်) စုစုပေါင်း ၂၆၃၃ ဦး၊ သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း ၃၅၂ ဦး၊ BNSc (သူနာပြုသိပ္ပံဘွဲ့) ရ ၄၄၇ ဦး၊ သူနာပြုဒီပလိုမာဘွဲ့ရ ၅၈၉၉ ဦး၊ သားဖွားဒီပလိုမာဘွဲ့ရ ၁၈၅ ဦး၊ အကူသူနာပြု ၃၁၇၇ ဦး၊ ဆေးဝါးသိပ္ပံဘွဲ့ရ ၂၃၇ ဦး၊ ဆေးဘက်နည်းပညာဘွဲ့ရ ၅၃၈ ဦး၊ ကျွမ်းကျင် အဆင့် (၄) ဝန်ထမ်း ၃၁၅၀ တို့ကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည် ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

Zawgyi Version:
(၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ ဆရာဝန္ (သစ္လြင္) မ်ားအပါအဝင္ က်န္းမာေရး ဝန္ထမ္း (၁၆၀၀၀) ေက်ာ္ ခန႔္အပ္ႏိုင္ခဲ့ဟု ဆို
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၅
(၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ ဆရာဝန္ (သစ္လြင္) မ်ားအပါအဝင္ က်န္းမာေရး ဝန္ထမ္း (၁၆၀၀၀) ေက်ာ္ ခန႔္အပ္ႏိုင္ခဲ့ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္း က ေျပာသည္။
က်န္းမာေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၄ ရက္) ၊ နံနက္ပိုင္း (၉)နာရီက က်င္းပခဲ့သည့္ က်န္းမာေရးဝန္ႀကီးဌာန ဆရာဝန္ (သစ္လြင္) ႏွင့္ သြားႏွင့္ခံတြင္းဆရာဝန္ (သစ္လြင္) မ်ားအား ႏိုင္ငံ့ဝန္ထမ္းျပန္တမ္းဝင္အရာရွိအျဖစ္ တာဝန္ေပးအပ္ျခင္းအခမ္းအနား တြင္ အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
၂၀၂၁ ခုႏွစ္ ေနာက္ပိုင္းမွစ၍ က်န္းမာေရးဝန္ထမ္းမ်ားအား ပညာရွင္ေထာက္ပံ့ေၾကး၊ ဘြဲ႕လြန္ေထာက္ပံ့ေၾကး၊ ေဘးအႏၲရာယ္ရွိႏိုင္မႈအတြက္ ေထာက္ပံ့ေၾကး (Risk allowance)၊ ေဆး႐ုံညတာဝန္က်ေထာက္ပံ့ေၾကး (Night duty allowance) စသည္တို႔ကို ခ်ီးျမႇင့္ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း၊ သူနာျပဳသင္တန္းေက်ာင္းမ်ားကို သူနာျပဳသိပၸံမ်ားအျဖစ္ အမည္ေျပာင္းလဲသတ္မွတ္ကာ အဆင့္ျမႇင့္တင္ရန္စီစဥ္ျခင္းတို႔ကို တိုးျမႇင့္ေပးအပ္ရန္ စီစဥ္ေပးျခင္းတို႔ကို အသိအမွတ္ျပဳေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။
ျပည္သူ႔ေဆး႐ုံမ်ားတြင္ ေခတ္ႏွင့္အညီ ေရာဂါရွာေဖြေဖာ္ထုတ္ျခင္း၊ ကုသျခင္းလုပ္ငန္းစဥ္မ်ားကို ႏိုင္ငံတကာနည္းစနစ္မ်ားႏွင့္ လိုက္ေလ်ာညီေထြေခတ္မီေစေရးကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ားကို စြမ္းရည္ျမႇင့္တင္ျခင္း၊ ေဆး႐ုံသုံးစက္ပစၥည္းကိရိယာမ်ားကို အဆင့္ျမႇင့္တင္ျခင္း၊ လိုအပ္သည့္ စက္ပစၥည္းမ်ားကို အသစ္တပ္ဆင္ျခင္း၊ ေဆး႐ုံမ်ား၏ ဥပဓိ႐ုပ္ေကာင္းမြန္ေစေရး၊ ေဆး႐ုံအဂၤါရပ္မ်ားႏွင့္ ညီၫြတ္ေစေရး၊ လိုအပ္ခ်က္ရွိသည့္ေဆး႐ုံမ်ားတြင္ လူနာေဆာင္မ်ားတိုးခ်ဲ႕ တည္ေဆာက္ေရး၊ က်န္းမာေရးဝန္ထမ္းမ်ား ေနထိုင္ႏိုင္ေရးအတြက္ ဝန္ထမ္းအိမ္ရာမ်ား ျဖည့္ဆည္းတည္ေဆာက္ေရး စသည့္လုပ္ငန္းစဥ္မ်ားကို က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္လမ္းၫႊန္ပံ့ပိုးေပးမႈႏွင့္အတူ မ်က္ျခည္မျပတ္ ဆန္းစစ္ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိသည္ဟု လည္း ျပည္ေထာင္စု ဝန္ႀကီးက ဆိုသည္။
က်န္းမာေရးဝန္ႀကီးဌာနတြင္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ျဖည့္ဆည္းႏိုင္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ရာ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္းတြင္ ဆရာဝန္ (သစ္လြင္) စုစုေပါင္း ၂၆၃၃ ဦး၊ သြားႏွင့္ ခံတြင္းဆရာဝန္ (သစ္လြင္) စုစုေပါင္း ၃၅၂ ဦး၊ BNSc (သူနာျပဳသိပၸံဘြဲ႕) ရ ၄၄၇ ဦး၊ သူနာျပဳဒီပလိုမာဘြဲ႕ရ ၅၈၉၉ ဦး၊ သားဖြားဒီပလိုမာဘြဲ႕ရ ၁၈၅ ဦး၊ အကူသူနာျပဳ ၃၁၇၇ ဦး၊ ေဆးဝါးသိပၸံဘြဲ႕ရ ၂၃၇ ဦး၊ ေဆးဘက္နည္းပညာဘြဲ႕ရ ၅၃၈ ဦး၊ ကြၽမ္းက်င္ အဆင့္ (၄) ဝန္ထမ္း ၃၁၅၀ တို႔ကို ခန႔္အပ္တာဝန္ေပးႏိုင္ခဲ့သည္ ဟုလည္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။

Related news

© 2021. All rights reserved.