မြန်မာနိုင်ငံသား (၂၇) ဦးကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

 253

Pearl (NP News) -‌ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံသား (၂၇) ဦးကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီး၍ ပြန်လည်လွတ်မြောက်လာကာ မဏိပူရ် ပြည်နယ်ရှိ Foreigners Detention Centre တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်းစိစစ်ပြီးသူ (၂၄)ဦး နှင့် Women Foreigners Detention Centre တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ(၃)ဦး ၊ စုစုပေါင်း(၂၇)ဦးကို ပြည်တွင်းသို့ ပြန်လည်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ဖေဖော်ဝါရီလ ၄ ရက်တွင် တမူးမြို့၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက် ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(Ministry of External Affairs-MEA)မှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသား (၂၇) ဦးကို အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္
Pearl (NP News) -‌ေဖေဖာ္ဝါရီ ၅
ျမန္မာႏိုင္ငံသား (၂၇) ဦးကို အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
အိႏၵိယႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပစ္ဒဏ္မ်ားက်ခံၿပီး၍ ျပန္လည္လြတ္ေျမာက္လာကာ မဏိပူရ္ ျပည္နယ္ရွိ Foreigners Detention Centre တြင္ ထိန္းသိမ္းထားရွိသည့္ ျမန္မာႏိုင္ငံသားမွန္ကန္ေၾကာင္းစိစစ္ၿပီးသူ (၂၄)ဦး ႏွင့္ Women Foreigners Detention Centre တြင္ ထိန္းသိမ္းထားရွိသည့္ ျမန္မာႏိုင္ငံသားမွန္ကန္ေၾကာင္း စိစစ္ၿပီးသူ(၃)ဦး ၊ စုစုေပါင္း(၂၇)ဦးကို ျပည္တြင္းသို႔ ျပန္လည္း ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
၎တို႔ကို ေဖေဖာ္ဝါရီလ ၄ ရက္တြင္ တမူးၿမိဳ႕၊ အျပည္ျပည္ဆိုင္ရာ နယ္စပ္ဝင္/ထြက္ ဂိတ္မွတစ္ဆင့္ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္မႈ အစီအစဥ္ျဖင့္ ေနရပ္အသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ေပး ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ျပန္လည္ ပို႔ေဆာင္ႏိုင္ေရးအတြက္ ျမန္မာသံ႐ုံးက အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန(Ministry of External Affairs-MEA)မွတစ္ဆင့္ မဏိပူရ္ျပည္နယ္ရွိ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.