မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းရန် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရဆို

 100

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းရန် ထောက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကပြောကြားခဲ့ကြောင်း သိရသည်။
Mr. Lin Jian က မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ Bloomberg သတင်းထောက်၏ မေးမြန်းမှုအပေါ် အထက်ပါ ကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၎င်းတို့နိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီမှု ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းရန် ထောက်ခံကြောင်း Mr. Lin Jian က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ အဖွဲ့အစည်းဘက်အသီးသီးတို့မှ ပိုမိုကျယ်ပြန့်၊ ခိုင်မာ၊ ကြာရှည်၊ တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ပူးပေါင်းထိန်းသိမ်းကြရန် ထောက်ခံပါကြောင်းလည်း Mr. Lin Jian က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်သူများ၏ ရွေးချယ်မှုကို လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိစေရန် အပြုသဘော ဆောင်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း Mr. Lin Jian က ဆိုသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ ကိုယ္ပိုင္အေျခအေနႏွင့္ ကိုက္ညီမႈရွိေသာ ဖြံ႕ၿဖိဳးတိုးတက္ေရး လမ္းေၾကာင္းကို ေလွ်ာက္လွမ္းရန္ ေထာက္ခံေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရဆို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၅

ျမန္မာႏိုင္ငံ၏ ကိုယ္ပိုင္အေျခအေနႏွင့္ ကိုက္ညီမႈရွိေသာ ဖြံ႕ၿဖိဳးတိုးတက္ေရး လမ္းေၾကာင္းကို ေလွ်ာက္လွမ္းရန္ ေထာက္ခံေၾကာင္း တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Mr. Lin Jian ကေျပာၾကားခဲ့ေၾကာင္း သိရသည္။
Mr. Lin Jian က ျမန္မာႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ စပ္လ်ဥ္း၍ Bloomberg သတင္းေထာက္၏ ေမးျမန္းမႈအေပၚ အထက္ပါ ကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ခ်စ္ၾကည္ရင္းႏွီးေသာ အိမ္နီးခ်င္းႏိုင္ငံအေနျဖင့္၊ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအား ၎တို႔ႏိုင္ငံ၏ ကိုယ္ပိုင္အေျခအေနႏွင့္ ကိုက္ညီမႈ ရွိေသာ ဖြံ႕ၿဖိဳးတိုးတက္ေရး လမ္းေၾကာင္းကို ေလွ်ာက္လွမ္းရန္ ေထာက္ခံေၾကာင္း Mr. Lin Jian က ဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ အဖြဲ႕အစည္းဘက္အသီးသီးတို႔မွ ပိုမိုက်ယ္ျပန႔္၊ ခိုင္မာ၊ ၾကာရွည္၊ တည္တံ့သည့္ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္ သင့္ျမတ္ေရးကို အေကာင္အထည္ေဖာ္ၿပီး ႏိုင္ငံေရးအေျခအေန တည္ၿငိမ္ေအာင္ ပူးေပါင္းထိန္းသိမ္းၾကရန္ ေထာက္ခံပါေၾကာင္းလည္း Mr. Lin Jian က ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံျပည္သူမ်ား၏ ေ႐ြးခ်ယ္မႈကို ေလးစားပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးျပန္လည္ရရွိေစရန္ အျပဳသေဘာ ေဆာင္ေသာ အကူအညီမ်ား ဆက္လက္ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္းလည္း Mr. Lin Jian က ဆိုသည္။

Related news

© 2021. All rights reserved.