၂၀၂၁ တွင် စတင်ကြုံခဲ့သည့် ကြီးမားသော ဆရာ၊ ဆရာမလျော့နည်းမှု အခက်အခဲများကြားမှ လုံခြုံရေးနှင့် သင်ကြားရေး ယန္တရားများကို အစွမ်းကုန်ဖြည့်ဆည်းပေးနေ

 161

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၅
၂၀၂၁ ခုနှစ်တွင် စတင်ကြုံတွေ့ခဲ့ရသည့် ကြီးမားသော ဆရာ၊ ဆရာမလျော့နည်းမှု အခက်အခဲများကြားမှ လုံခြုံရေးနှင့် သင်ကြားရေး ယန္တရားများကို အစွမ်းကုန်ဖြည့်ဆည်းပေးနေရကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းခြင်းအခမ်းအနားတွင် အမှတ်တရမိန့်ခွန်းပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
မိမိတို့အနေဖြင့် တိုင်းရင်းသားဒေသများတွင် ပညာရေးကွာဟမှု မရှိစေရန် ဝေးလံ ခေါင်ဖျားသော ဒေသများအထိ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဆရာ၊ ဆရာမများ ဖြည့်ဆည်း ပေးခြင်းကို ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ဖို့အတွက် ပညာရေးနဲ့ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသအချို့နဲ့ လုံခြုံရေးအရ ထိရှလွယ်တဲ့ နေရာတွေမှာ ကလေးငယ် များ ပညာသင်ကြားခွင့် အနှောင့်အယှက်ဖြစ် နေရတာကို မိမိတို့ အထူးဂရုပြုလျက် ရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှစတင်၍ ဆရာ၊ ဆရာမ အင်အား အဆမတန် လျော့နည်းသွားသည့် အခက်အခဲကြီးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံတော် အနေဖြင့် "ကျောင်းရှိလျှင် ဆရာရှိရမည်၊ ကျောင်းသားရှိလျှင် ဆရာရှိရမည်" ဟူသော မူဝါဒကို ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“၂၀၂၁ ခုနှစ်မှာ စတင်ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ ဆရာ၊ ဆရာမလျော့နည်းမှု အခက်အခဲများကြားက နိုင်ငံတော်အနေနဲ့ ကျောင်းသား ရှိလျှင် ဆရာရှိရမည်၊ ကျောင်းရှိလျှင် ဆရာရှိရမည် ဆိုတဲ့မူဝါဒကို ခိုင်ခိုင်မာမာကိုင်စွဲပြီး လုံခြုံရေးနဲ့ သင်ကြားရေး ယန္တရားများကို အစွမ်းကုန်ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာလည်း ဒေသခံလူငယ်တွေကို ဆရာအတတ် ပညာသင်တန်း များပေးပြီး ပြန်လည်ခန့်အပ်ခြင်းဖြင့် ပညာရည်ကွာဟမှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့် အနာဂတ်တွင် လျှောက်လှမ်းရမည့် ပညာရေးရည်မှန်းချက်ဖြစ်သော “အရည်အသွေးရှိသော ပညာရေးမှသည် နိုင်ငံတော်၏ အင်အားသို့” ဆိုသည့် ဦးတည်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version:
၂၀၂၁ တြင္ စတင္ႀကဳံခဲ့သည့္ ႀကီးမားေသာ ဆရာ၊ ဆရာမေလ်ာ့နည္းမႈ အခက္အခဲမ်ားၾကားမွ လုံၿခဳံေရးႏွင့္ သင္ၾကားေရး ယႏၲရားမ်ားကို အစြမ္းကုန္ျဖည့္ဆည္းေပးေန
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၅
၂၀၂၁ ခုႏွစ္တြင္ စတင္ႀကဳံေတြ႕ခဲ့ရသည့္ ႀကီးမားေသာ ဆရာ၊ ဆရာမေလ်ာ့နည္းမႈ အခက္အခဲမ်ားၾကားမွ လုံၿခဳံေရးႏွင့္ သင္ၾကားေရး ယႏၲရားမ်ားကို အစြမ္းကုန္ျဖည့္ဆည္းေပးေနရေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ေဖေဖာ္ဝါရီ ၅ ရက္) နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္သည့္ ရန္ကုန္တကၠသိုလ္မွ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ အပ္ႏွင္းျခင္းအခမ္းအနားတြင္ အမွတ္တရမိန႔္ခြန္းေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
မိမိတို႔အေနျဖင့္ တိုင္းရင္းသားေဒသမ်ားတြင္ ပညာေရးကြာဟမႈ မရွိေစရန္ ေဝးလံ ေခါင္ဖ်ားေသာ ေဒသမ်ားအထိ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ျခင္းႏွင့္ ဆရာ၊ ဆရာမမ်ား ျဖည့္ဆည္း ေပးျခင္းကို ဦးစားေပးလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“ဒါဟာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု စိတ္ဓာတ္ရွင္သန္ဖို႔အတြက္ ပညာေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံျခင္းပဲ ျဖစ္ပါတယ္။ ေဝးလံေခါင္ဖ်ားတဲ့ေဒသအခ်ိဳ႕နဲ႔ လုံၿခဳံေရးအရ ထိရွလြယ္တဲ့ ေနရာေတြမွာ ကေလးငယ္ မ်ား ပညာသင္ၾကားခြင့္ အေႏွာင့္အယွက္ျဖစ္ ေနရတာကို မိမိတို႔ အထူးဂ႐ုျပဳလ်က္ ရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
၂၀၂၁ ခုႏွစ္မွစတင္၍ ဆရာ၊ ဆရာမ အင္အား အဆမတန္ ေလ်ာ့နည္းသြားသည့္ အခက္အခဲႀကီးႏွင့္ ရင္ဆိုင္ခဲ့ရေသာ္လည္း ႏိုင္ငံေတာ္ အေနျဖင့္ "ေက်ာင္းရွိလွ်င္ ဆရာရွိရမည္၊ ေက်ာင္းသားရွိလွ်င္ ဆရာရွိရမည္" ဟူေသာ မူဝါဒကို ခိုင္ခိုင္မာမာ ခ်မွတ္ေဆာင္႐ြက္ခဲ့ေၾကာင္း လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“၂၀၂၁ ခုႏွစ္မွာ စတင္ႀကဳံေတြ႕ခဲ့ရတဲ့ ႀကီးမားတဲ့ ဆရာ၊ ဆရာမေလ်ာ့နည္းမႈ အခက္အခဲမ်ားၾကားက ႏိုင္ငံေတာ္အေနနဲ႔ ေက်ာင္းသား ရွိလွ်င္ ဆရာရွိရမည္၊ ေက်ာင္းရွိလွ်င္ ဆရာရွိရမည္ ဆိုတဲ့မူဝါဒကို ခိုင္ခိုင္မာမာကိုင္စြဲၿပီး လုံၿခဳံေရးနဲ႔ သင္ၾကားေရး ယႏၲရားမ်ားကို အစြမ္းကုန္ျဖည့္ဆည္းေပးလ်က္ရွိပါတယ္။ ဆရာ၊ ဆရာမ လိုအပ္ခ်က္ရွိတဲ့ ေဒသေတြမွာလည္း ေဒသခံလူငယ္ေတြကို ဆရာအတတ္ ပညာသင္တန္း မ်ားေပးၿပီး ျပန္လည္ခန႔္အပ္ျခင္းျဖင့္ ပညာရည္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္း ေဆာင္႐ြက္ေနပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ မိမိတို႔အေနျဖင့္ အနာဂတ္တြင္ ေလွ်ာက္လွမ္းရမည့္ ပညာေရးရည္မွန္းခ်က္ျဖစ္ေသာ “အရည္အေသြးရွိေသာ ပညာေရးမွသည္ ႏိုင္ငံေတာ္၏ အင္အားသို႔” ဆိုသည့္ ဦးတည္ခ်က္ျဖင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားအား အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္သြားရမည္ ျဖစ္ေၾကာင္း လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.