ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁) အပါအဝင် (၃)ဦးကို ဖော်ထုတ်အရေးယူ

1158

သုတကျော် (NP News) - ဖေဖော်ဝါရီ (၅)
ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင်
ဖြန့်ဖြူးရောင်းချခဲ့သော ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁) အပါအဝင် သုံးဦးကို ဖော်ထုတ် အရေးယူလိုက်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ထုတ်ပြန်ထားသည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်း/ဝယ်ခြင်းများပြုလုပ်ဆောင်ရွက်ကြရန်ကို လည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားထားသည်။
သို့ရာတွင် အချို့သောရွှေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘဖြင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်စေရန်နှင့် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်တို့ဖြင့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီကနေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသောရွှေရည်ညွှန်းဈေးထက် ကျော်လွန် သည့်ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများအားဝယ်ယူ၍ တရားမဝင်သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ် ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ ၃ ဦးသည် ရွှေဈေးနှုန်းတည်ငြိမ်စေရေး အတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများဖြစ်လျှက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိအခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင် ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ ၃ ဦးသည် ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ ၃ ဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္တိုင္းေဒသႀကီးအဖိုးတန္သတၱဳ(ေ႐ႊ) ေရာင္းဝယ္သူမ်ား အသင္း ဥကၠ႒၊ ဒုတိယ ဥကၠ႒ (၁) အပါအဝင္ (၃)ဦးကို ေဖာ္ထုတ္အေရးယူ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ (၅)
ျပည္တြင္းေ႐ႊေဈးကြက္မတည္မၿငိမ္ျဖစ္ေစရန္ရည္႐ြယ္ခ်က္ျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားအား သိုေလွာင္
ျဖန႔္ျဖဴးေရာင္းခ်ခဲ့ေသာ ရန္ကုန္တိုင္းေဒသႀကီးအဖိုးတန္သတၱဳ(ေ႐ႊ) ေရာင္းဝယ္သူမ်ား အသင္း ဥကၠ႒၊ ဒုတိယ ဥကၠ႒ (၁) အပါအဝင္ သုံးဦးကို ေဖာ္ထုတ္ အေရးယူလိုက္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရက ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစေရးတို႔အတြက္ေဆာင္႐ြက္လ်က္ရွိရာတြင္ ျပည္တြင္းေ႐ႊေဈးကြက္ တည္ၿငိမ္ေစေရးအတြက္ လိုအပ္သည့္ အမိန႔္ၫႊန္ၾကားခ်က္မ်ားထုတ္ျပန္ျခင္း၊ ေန႔စဥ္ဓာတ္သတၱဳ(ေ႐ႊ)ရည္ၫႊန္း ေဈးႏႈန္းမ်ား သတ္မွတ္ထုတ္ျပန္ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိပါသည္။ ထို႔အျပင္ထုတ္ျပန္ထားသည့္ ဓာတ္သတၱဳ(ေ႐ႊ) ရည္ၫႊန္းသတ္မွတ္ေဈးႏႈန္းအတိုင္း ေရာင္း/ဝယ္ျခင္းမ်ားျပဳလုပ္ေဆာင္႐ြက္ၾကရန္ကို လည္း ေ႐ႊလုပ္ငန္းရွင္မ်ားအား အသိေပးေျပာၾကားထားသည္။
သို႔ရာတြင္ အခ်ိဳ႕ေသာေ႐ႊလုပ္ငန္းရွင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအား အေႏွာင့္အယွက္ျဖစ္ေစရန္အတြက္ ဝိသမေလာဘျဖင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးႏႈန္း ျမင့္တက္ေစရန္ႏွင့္ ေ႐ႊေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေစရန္ရည္႐ြယ္ခ်က္တို႔ျဖင့္ ဓာတ္သတၱဳ(ေ႐ႊ)ရည္ၫႊန္း ေဈးသတ္မွတ္ေရးေကာ္မတီကေန႔စဥ္သတ္မွတ္ထုတ္ျပန္ထားေသာေ႐ႊရည္ၫႊန္းေဈးထက္ ေက်ာ္လြန္ သည့္ေဈးႏႈန္းမ်ားျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားအားဝယ္ယူ၍ တရားမဝင္သိုေလွာင္ျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္းသတင္းရရွိသျဖင့္ စုံစမ္းေဖာ္ထုတ္ခဲ့သည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီးအဖိုးတန္ သတၱဳ(ေ႐ႊ)ေရာင္းဝယ္သူမ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္(သိန္းသန္း စိန္ေ႐ႊရတနာဆိုင္)၊ ဒုတိယဥကၠ႒(၁) ဦးမ်ိဳးသူဝင္း(အကယ္ဒမီေ႐ႊဆိုင္)ႏွင့္ အတြင္းေရးမႉး ဦးေနမ်ိဳးထက္(ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္)တို႔ ၃ ဦးသည္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရး အတြက္ ၾကပ္မတ္ထိန္းသိမ္းေဆာင္႐ြက္သြားရန္တာဝန္ရွိသူမ်ားျဖစ္လွ်က္ႏွင့္ ၎တို႔ကိုယ္တိုင္က ေ႐ႊေဈးကြက္မတည္မၿငိမ္ျဖစ္ေစရန္ရည္႐ြယ္၍ ျပင္ပေ႐ႊေပါက္ေဈးႏႈန္းျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားကို ဝယ္ယူ/သိုေလွာင္ျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဦးမ်ိဳးျမင့္အေနျဖင့္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလအတြင္း အေလးခ်ိန္စုစုေပါင္း ၇၀ က်ပ္သားရွိအေခါက္ေ႐ႊတုံး ၈ တုံးကို ျပင္ပေပါက္ေဈးျဖင့္ ဝယ္ယူခဲ့ၿပီး အျမတ္တင္ျပန္လည္ေရာင္းခ်ရန္ သိုေလွာင္ ထားရွိခဲ့ေၾကာင္း၊ ထို႔အတူ ဦးမ်ိဳးသူဝင္းအေနျဖင့္ ၎၏ေ႐ႊဆိုင္မ်ား၌ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊ ၉၇၀ က်ပ္သားအား ျပင္ပေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူ၍ ေ႐ႊ ၉၅၀ က်ပ္သားအား အျမတ္ရယူကာ ေဈးႏႈန္းျမႇင့္တင္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း၊ အလားတူ ဦးေနမ်ိဳးထက္အေနျဖင့္ ၎၏ေ႐ႊဆိုင္မ်ား၌ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ အတြင္း အေခါက္ေ႐ႊ ၃၁၉ က်ပ္သားအား ျပင္ပေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူ၍ ေ႐ႊ ၂၆၈ က်ပ္သားအား အျမတ္ရယူကာ ေဈးႏႈန္းျမႇင့္တင္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
ဦးမ်ိဳးျမင့္၊ ဦးမ်ိဳးသူဝင္းႏွင့္ ဦးေနမ်ိဳးထက္တို႔ ၃ ဦးသည္ ေ႐ႊေဈးကြက္မတည္မၿငိမ္ျဖစ္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားကို ဝယ္ယူ/သိုေလွာင္ျခင္း၊ ေဈးႏႈန္းျမႇင့္တင္ ျပန္လည္ေရာင္းခ်ခဲ့ျခင္းမ်ားမွာ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ အမိန႔္ ေၾကာ္ျငာစာပါ တားျမစ္ခ်က္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္ရာေရာက္သျဖင့္ ၎တို႔ ၃ ဦးအေပၚ တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ေ႐ႊလုပ္ငန္းရွင္မ်ားအေနျဖင့္ ျပည္တြင္းေ႐ႊေဈးကြက္တည္ၿငိမ္ေစေရးအတြက္ ဝိုင္းဝန္း ထိန္းသိမ္းေဆာင္႐ြက္သြားၾကရန္၊ ႏိုင္ငံေတာ္မွထုတ္ျပန္ထားသည့္အမိန႔္၊ ၫႊန္ၾကားခ်က္မ်ားအား တိက်စြာ လိုက္နာေဆာင္႐ြက္သြားၾကရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိသည့္ေ႐ႊလုပ္ငန္းရွင္မ်ားကို ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္ထားသည္။