မြန်မာနိုင်ငံအနေဖြင့် နယ်ပယ်၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ လုပ်ရန် အထူးလိုအပ်နေ

 364

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံအနေဖြင့် နယ်ပယ်၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ လုပ်ကြရန် အထူးလိုအပ်နေကြောင်း နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့( ဖေဖော်ဝါရီ ၅ရက်)၊ မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှု စင်တာ၌ ကျင်းပသော မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြေကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မီးရှူးတန်ဆောင်ဖြစ်သည့် သုတေသနညီလာခံကြီးများ ကျင်းပလာသည်မှာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ် ခြင်းပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက် ကြ သည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ ပြုလုပ်ကြရန် အထူးလိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသန ပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက် အောင်မြင် မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူ ပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက် ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုသည့် ကဏ္ဍ(၃)ရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
ျမန္မာႏိုင္ငံအေနျဖင့္ နယ္ပယ္၊ က႑အသီးသီးတြင္ သုေတသနလုပ္ငန္းမ်ား လုပ္ရန္ အထူးလိုအပ္ေန
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၆

ျမန္မာႏိုင္ငံအေနျဖင့္ နယ္ပယ္၊ က႑အသီးသီးတြင္ သုေတသနလုပ္ငန္းမ်ား လုပ္ၾကရန္ အထူးလိုအပ္ေနေၾကာင္း ႏိုင္ငံေတာ္ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔( ေဖေဖာ္ဝါရီ ၅ရက္)၊ မြန္းလြဲပိုင္းက ရန္ကုန္တကၠသိုလ္ သုေတသနႏွင့္ ဆန္းသစ္တီထြင္မႈ စင္တာ၌ က်င္းပေသာ ျမန္မာႏိုင္ငံဝိဇၨာႏွင့္သိပၸံပညာရွင္အဖြဲ႕၏ (၂၅)ႀကိမ္ေျမာက္ ေငြရတုသုေတသနညီလာခံႏွင့္ သိပၸံပြဲေတာ္ (၂၀၂၆) ဖြင့္ပြဲအခမ္းအနားတြင္ အမွာစကားေျပၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဝိဇၨာႏွင့္ သိပၸံပညာရွင္အဖြဲ႕သည္ စတင္ဖြဲ႕စည္းခဲ့သည့္ ၁၉၉၉ ခုႏွစ္မွစၿပီး ႏိုင္ငံတစ္ဝန္းလုံးရွိ တကၠသိုလ္မ်ားမွ ဝိဇၨာသိပၸံ ပညာရပ္မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ မီးရႉးတန္ေဆာင္ျဖစ္သည့္ သုေတသနညီလာခံႀကီးမ်ား က်င္းပလာသည္မွာ ယခုအခါ (၂၅)ႀကိမ္ေျမာက္ ေငြရတုတိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
သုေတသနဆိုသည္မွာ အေၾကာင္းအရာတစ္ရပ္ကို ေျခေျချမစ္ျမစ္သိရွိႏိုင္ရန္ ပညာအေျမာ္အျမင္ႏွင့္ ေလ့လာရွာေဖြေဖာ္ထုတ္ ျခင္းပင္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံတိုင္း၊ လုပ္ငန္းတိုင္းသည္ သုေတသနျပဳမႈမ်ားကို အထူးဦးစားေပးအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ ၾက သည္ကို ေတြ႕ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္ မိမိတို႔ျမန္မာႏိုင္ငံအေနျဖင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေရး၊ အမ်ိဳးသားအက်ိဳးစီးပြား ေဖာ္ေဆာင္ႏိုင္ေရးတို႔အတြက္ နယ္ပယ္အသီးသီး၊ က႑အသီးသီးတြင္ သုေတသနလုပ္ငန္းမ်ား ျပဳလုပ္ၾကရန္ အထူးလိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လုပ္ငန္းလုပ္ကိုင္ ေဆာင္႐ြက္မႈတိုင္းတြင္ ျပန္လည္သုံးသပ္မႈ၊ သုေတသန ျပဳလုပ္မႈႏွင့္ ဆန္းသစ္တီထြင္မႈမ်ားရွိမွသာ တိုးတက္ ေအာင္ျမင္ မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
သုေတသီမ်ား၏ ပညာရပ္ဆိုင္ရာဖန္တီးမႈ စြမ္းရည္မ်ားသည္ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မ်ားစြာအေထာက္ အကူ ျပဳႏိုင္မည့္ စစ္မွန္ေသာ အင္အားတစ္ရပ္ပင္ ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ပညာဆိုသည္မွာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္ အေျခခံအုတ္ျမစ္ျဖစ္သည့္အတြက္ တစ္ႏိုင္ငံလုံး အသိပညာ အတတ္ပညာ ျမင့္မားတိုးတက္ ေရးႏွင့္ ကုန္ထုတ္လုပ္မႈ အေထာက္အကူျပဳပညာရွင္မ်ား ထြန္းကားလာေရးသည္ အေရးႀကီးေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ လိုအပ္သည့္နည္းပညာအသစ္မ်ား၊ တီထြင္ဆန္းသစ္မႈအသစ္မ်ားကို ေဖာ္ထုတ္ၾကရမည္ ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ပညာေရး၊ သိပၸံႏွင့္ နည္းပညာဆိုသည့္ က႑(၃)ရပ္သည္ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ေနၿပီး သုေတသနႏွင့္ တီထြင္ဆန္းသစ္မႈမ်ားကို ေပါင္းစပ္လိုက္သည့္အခါ လူ႔ေဘာင္အဖြဲ႕အစည္း ႀကီးပြားတိုးတက္ေရးအတြက္ ထိေရာက္အားေကာင္းသည့္ စြမ္းအားတစ္ရပ္ ေပၚထြက္လာမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

Related news

© 2021. All rights reserved.