အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာမြို့ (ကမ္ဘာ့မြို့များ အကြောင်း)

300

Pika (NP News)
ဆော်ဒီအာရေးဗျနိုင်ငံတွင် တည်ရှိသော မက္ကာမြို့သည် အစ္စလမ်ဘာသာတွင် အမြင့်မြတ်ဆုံး မြို့ တစ်မြို့ဖြစ်ပြီး နိုင်ငံအနောက်ပိုင်းရှိ ဟီဂျက်ဇ်ဒေသတွင်တည်ရှိကာ မက္ကာပြည်နယ်၏မြို့တော်လည်းဖြစ် သည်။ မက္ကာမြို့သည် တမန်တော် မိုဟာမက်၏မွေးရပ်မြေဖြစ်ပြီး နာမည်ကျော်ကြားသော Al Kaaba ဝတ်ပြုရာ နေရာကို နှစ်စဉ် နှစ်တိုင်းဘုရားဖူးသန်းချီ လာရောက်လေ့ရှိကြကာ ကမ္ဘာပေါ်တွင် အမြင့်မြတ် ဆုံးနေရာတစ်ခုအဖြစ် မွတ်စလင်များက သတ်မှတ်ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ မက္ကာမြို့သည် ပင်လယ်နီပေါ်ရှိ ဂျီဒက်မြို့မှ (၇၀)ကီလိုမီတာအကွာ ပင်လယ်ရေမျက်နှာပြင်ထက် (၂၇၇)မီတာမြင့် သော ချိုင့်ဝှမ်းပေါ်တွင် တည်ရှိသည့်မြို့တစ်မြို့လည်းဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင် မက္ကာမြို့၏ စုစုပေါင်း လူဦးရေမှာ(၂ဒသမ၄)သန်းရှိပြီး ရီယာ့ဒ် နှင့်ဂျီဒက်မြို့တို့ပြီးလျှင် ဆော်ဒီအာရေးဗျနိုင်ငံ တွင်းတွင် တတိ ယမြောက်လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် မက္ကာမြို့သည် ကမ္ဘာတစ်ဝန်းရှိ မွတ် စလင်များအားလုံးက လာရောက်ဘုရားဖူးကာ ဆုတောင်းမှုများလုပ်ဆောင်ကြသည့်အချက်အချာ နေရာ တစ်ခုလည်းဖြစ်သည်။ မက္ကာမြို့လူဦးရေ၏(၄၄ ဒသမ ၅) ရာခိုင် နှုန်းခန့်သည် ဆော်ဒီအာရေးဗျ နိုင်ငံ သားများဖြစ်ပြီး (၅၅ ဒသမ ၅)ရာခိုင်နှုန်းခန့်မှာ တခြားနိုင်ငံများမှလာသော မွတ်စလင်နိုင်ငံခြားသားများ ဖြစ်ကြောင်းသိရသည်။ မက္ကာမြို့၏ ဘုရားဖူးကာလအတွင်း နှစ်စဉ်လာရောက်လည်ပတ်သူဦးရေမှာ ၎င်း ၏နေထိုင်သူလူဦးရေထက်သုံးဆကျော် ပိုများကြောင်းလည်းသိရသည်။ (၂၀၂၃)ခုနှစ်တွင် မက္ကာမြို့ကို နိုင်ငံတကာခရီးသွား(၁၀ ဒသမ ၈)သန်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာပေါ်တွင်လာရောက် လည်ပတ်မှုအများဆုံး မြို့(၁၀)မြို့ထဲမှတစ်မြို့အဖြစ် ပါဝင်ခဲ့ကြောင်းသိရသည်။
သမိုင်းကြောင်း
ဒေသတွင်းနှင့် အနီးတစ်ဝိုက်ရှိ မွတ်စလင်အုပ်ချုပ်သူများသည် မက္ကာမြို့ကို သိမ်းပိုက်ရန်နှင့် ၎င်း တို့၏အုပ်ချုပ်မှုအောက်တွင် ထိန်းသိမ်း ထားရန် နှစ်ရှည်လများစွာ ကြိုးပမ်းခဲ့ကြမှုနှင့်အတူ မြို့တွင် အုပ် ချုပ်မှုအပြောင်းအလဲများစွာကို ကြုံတွေ့ ခဲ့ရကြောင်းသိရသည်။ (၁၉၂၅)ခုနှစ်တွင် Ibn Saud နှင့် ၎င်း၏ မဟာမိတ်များသည် မက္ကာမြို့ကို သိမ်းပိုက်ခဲ့ပြီး အဆိုပါအချိန်မှစတင်ကာ မြို့သည် အရွယ်အစားနှင့် အခြေခံအဆောက်အအုံများတွင် ကြီးမားသောတိုးချဲ့မှုများကို တွေ့ကြုံခဲ့ရကြောင်းသိရသည်။ ထို့ပြင် တိုး ချဲ့မှုများနှင့်အတူ ဆော်ဒီအာရေးဗျ အစိုးရသည် Ajyad ခံတပ်ကဲ့သို့သော သမိုင်းဝင် အဆောက်အအုံများ နှင့် ရှေးဟောင်းသုတေသနနေရာများစွာကို ဖြိုဖျက်ခဲ့ပြီး ဘုရားလာဖူးသူများကို နေရာထိုင်ခင်းပေးနိုင် ရန်အတွက် စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း မွတ်စလင်မဟုတ် သူများကို မက္ကာမြို့တွင်းသို့ဝင် ရောက်ခွင့်မပေးသည့် ဥပဒေတစ်ခုရှိကြောင်းလည်း သိရသည်။ ဆော်ဒီ အာရေးဗျအစိုးရလက်ထက်တွင် ဆော်ဒီအစိုးရကခန့်အပ်ထားသော မြို့တော်ဝန်ဦးဆောင်သည့် ဒေသ တွင်းရွေးကောက်တင်မြှောက်ထားသော အဖွဲ့ဝင်(၁၄)ဦးပါ မြူနီစီပယ်ကောင်စီဖြစ်သည့် မက္ကာဒေသ ဆိုင်ရာမြူနီစီပယ်က မက္ကာမြို့ကိုအုပ်ချုပ်ကြောင်းလည်းသိရသည်။
စီးပွားရေး
မက္ကာမြို့၏စီးပွားရေးသည် နှစ်စဉ်လာရောက်လည်ပတ်သော ဘုရားဖူးခရီးသည်သန်းချီ အပေါ် ကို မှီခိုနေရသည်။ ဘုရားဖူးများဆီမှရရှိသောဝင်ငွေသည် မက္ကာမြို့၏ စီးပွားရေးကို အားကောင်းစေရုံ သာမက အာရေးဗျကျွန်းဆွယ်တစ်ခုလုံး၏ စီးပွားရေးအပေါ် သမိုင်းကြောင်းအရ ကြီးမားသော အကျိုး သက်ရောက်မှုများလည်းရှိခဲ့သည်။ မက္ကာမြို့သည် ဝင်ငွေကိုနည်းလမ်းအမျိုးမျိုးဖြင့်ရရှိပြီး ယင်း နည်း လမ်းများထဲမှတစ်ခုမှာ ဘုရားဖူးခရီးသည်များကို အခွန်ကောက်ခံခြင်းဖြစ်ကြောင်းလည်း သိရသည်။ စီးပွားရေးပျက်ကပ်ကြီးအတွင်း မက္ကာမြို့သည် အခွန်များကို အထူးတိုးမြှင့်ခဲ့ပြီး တိုးမြှင့်ထားသည့်အခွန် ကောက်ခံမှုများစွာမှာ (၁၉၇၂)ခုနှစ်အထိ ရှိခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ဘုရားဖူးခရီးသည်များက မက္ကာမြို့သို့ ကုန်းလမ်းဖြင့်လာရန်အတွက် ပေးဆောင်ရသော ခရီးစဉ်ခများကလည်း ဝင်ငွေရရှိစေ ကြောင်း သိရသည်။ မက္ကာမြို့သည် ဘုရားဖူးခရီးသည်များထံမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀ဝ) ကျော်ရရှိပြီး ဘုရာဖူးဝတ်ပြုရာ နေရာနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများအတွက် အမေရိကန်ဒေါ်လာ သန်း(၅၀)ကျော် သုံးစွဲလေ့ရှိ ကြောင်းလည်းသိရသည်။ မက္ကာမြို့တွင် စက်မှုလုပ်ငန်းများနှင့် စက်ရုံ အချို့ ရှိသော်လည်း မက္ကာမြို့သည် ရေနံတင်ပို့မှုအပေါ် အဓိကအခြေခံသည့် ဆော်ဒီအာ ရေးဗျ၏စီးပွားရေး တွင် အဓိကအခန်းကဏ္ဍမှပါဝင် ခြင်းမျိုးမရှိတော့ကြောင်းသိရသည်။ မက္ကာမြို့တွင် လည်ပတ်နေသည့် စက်မှုလုပ်ငန်းအနည်းငယ်တွင် အထည်အလိပ်၊ ပရိဘောဂနှင့် အသုံးအဆောင်များပါဝင်ပြီး စီးပွားရေး အများစုမှာ ဝန်ဆောင်မှုအပေါ် အခြေခံထားကြောင်းသိရသည်။
သို့သော်လည်း မက္ကာမြို့တွင် စက်မှုလုပ်ငန်းများစွာကို တည်ထောင်ခဲ့ဖူးကြောင်းသိရသည်။ (၁၉၇၀)ပြည့်နှစ်မှစတင်ပြီး မက္ကာမြို့တွင်တည်ရှိခဲ့သော လုပ်ငန်းအမျိုးအစားများတွင် ကြေးနီထုတ်ယူ ခြင်း၊ လက်သမားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဘဏ်လုပ် ငန်းတို့ပါဝင်ခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် လေယာဉ်ခရီးစဉ်များအဆင်ပြေလာမှုနှင့် ဘုရားဖူးခရီး သည်အရေအတွက် သိသိသာသာမြင့်တက်လာခြင်းတို့ကြောင့် (၂၀)ရာစုနှင့်(၂၁)ရာစုများတွင် မြို့သည် သိသိသာသာ ကြီးထွားဖွံ့ဖြိုးလာခဲ့ကြောင်းသိရသည်။ ထို့ပြင် ဝတ်ပြုရာနေရာကို ကြီးကြပ်ရန်နှင့် ဘုရား ဖူးများအတွက် ဝန်ဆောင်မှုပေးသော ဟိုတယ်များနှင့် ဆိုင်များတွင် ဝန်ထမ်းအဖြစ် ဆော်ဒီအာရေး နိုင်ငံ သား ထောင်ပေါင်းများစွာကို တစ်နှစ်ပတ်လုံး အလုပ်ခန့်အပ်ထားကြောင်းလည်းသိရသည်။ အဆိုပါ လုပ် သားများသည် အိမ်ရာနှင့်ဝန်ဆောင်မှုများအတွက် ဝယ်လိုအားကို တိုးမြင့်စေခဲ့ပြီး အာဏာပိုင်များက မက္ကာမြို့၏ Al Akashiya ခရိုင်တွင် စက်မှုမြို့သစ်တစ်ခုကို တည်ဆောက်နေကြောင်းလည်းသိရသည်။ ယင်းစက်မှုမြို့သစ်သည် (၄၅)စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မက္ကာမြို့အတွက် အရေးပါသောစက်မှု ဇုန်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းသိရသည်။
ယဉ်ကျေးမှု
မက္ကာမြို့တွင် နှစ်စဉ်လာရောက်လည်ပတ်သော ဘုရားဖူးခရီးသည်အများအပြားနှင့် အတူ ယဉ် ကျေးမှုအမွေအနှစ်များစွာရှိကြောင်း သိရသည်။ နှစ်စဉ် ဘုရားဖူးခရီးသည်အများ အပြားက မက္ကာမြို့ သို့ လာရောက်လည်ပတ်မှုနှင့် အတူ ၎င်းသည် မွတ်စလင် ကမ္ဘာတွင် ကွဲပြားမှုအရှိဆုံးမြို့တစ်မြို့ဖြစ် လာခဲ့ကြောင်းလည်းသိရသည်။
ဗိသုကာလက်ရာ အထင်ကရနေရာများ
မက္ကာမြို့ရှိ Abraj al-Bait Complex အဆောက်အအုံသည် အဆောက်အအုံ(၇)ခုပါဝင်သည့် မိုး မျှော်တိုက်အဆောက်အဦးဖြစ်ပြီး အလယ် ဗဟိုရှိနာရီစင်သည် အမြင့် (၆၀၁)မီတာရှိကာ ကမ္ဘာပေါ်တွင် လေးခုမြောက် အမြင့်ဆုံး အဆောက်အအုံ ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် အဆောက်အအုံ (၇)ခု စလုံး၏ ကြမ်းပြင် ဧရိယာအတိုင်းအတာအရ ၎င်းသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး အ ဆောက်အအုံဖြစ်ကြောင်းလည်းသိရသည်။ မက္ကာဂိတ်သည် မြို့၏အနောက်ဘက်ဝင်ပေါက်တွင်တည်ရှိ ပြီး ဂျီဒက်မြို့သို့ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မက္ကာဂိတ်သည် အဝေးပြေး လမ်းမကြီး (၄၀)တွင်တည်ရှိပြီး မွတ်စလင်မဟုတ်သူများဝင်ရောက်ခွင့်မရှိသောဒေသ၏ နယ်နိမိတ်ကို အမှတ်အသားပြုထားသည့်နေရာ လည်းဖြစ်သည်။ ယင်းဂိတ်တံခါးကို (၁၉၇၉)ခုနှစ်တွင် အီဂျစ်ဗိသုကာ ပညာရှင် Samir Elabd က ဗိသုကာကုမ္ပဏီ IDEA Center အတွက် ဒီဇိုင်း ဆွဲပေးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ အဆိုပါဂိတ် တံခါး၏ဖွဲ့စည်းပုံသည် စာအုပ်စင်ပေါ်တွင်တင်ထားသည့် ကုရ်အာန်ကျမ်းကို ကိုယ် စားပြုထားသည့် စာအုပ်တစ်အုပ်လိုမျိုးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
အစၥလာမ္ဘာသာဝင္တို႔ အထြတ္အျမတ္ထားရာ မကၠာၿမိဳ႕
(ကမာၻ႔ၿမိဳ႕မ်ား အေၾကာင္း)
Pika (NP News)
ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ တည္ရွိေသာ မကၠာၿမိဳ႕သည္ အစၥလမ္ဘာသာတြင္ အျမင့္ျမတ္ဆုံး ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံအေနာက္ပိုင္းရွိ ဟီဂ်က္ဇ္ေဒသတြင္တည္ရွိကာ မကၠာျပည္နယ္၏ၿမိဳ႕ေတာ္လည္းျဖစ္ သည္။ မကၠာၿမိဳ႕သည္ တမန္ေတာ္ မိုဟာမက္၏ေမြးရပ္ေျမျဖစ္ၿပီး နာမည္ေက်ာ္ၾကားေသာ Al Kaaba ဝတ္ျပဳရာ ေနရာကို ႏွစ္စဥ္ ႏွစ္တိုင္းဘုရားဖူးသန္းခ်ီ လာေရာက္ေလ့ရွိၾကကာ ကမာၻေပၚတြင္ အျမင့္ျမတ္ ဆုံးေနရာတစ္ခုအျဖစ္ မြတ္စလင္မ်ားက သတ္မွတ္ထားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ မကၠာၿမိဳ႕သည္ ပင္လယ္နီေပၚရွိ ဂ်ီဒက္ၿမိဳ႕မွ (၇၀)ကီလိုမီတာအကြာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ (၂၇၇)မီတာျမင့္ ေသာ ခ်ိဳင့္ဝွမ္းေပၚတြင္ တည္ရွိသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ (၂၀၂၂)ခုႏွစ္တြင္ မကၠာၿမိဳ႕၏ စုစုေပါင္း လူဦးေရမွာ(၂ဒသမ၄)သန္းရွိၿပီး ရီယာ့ဒ္ ႏွင့္ဂ်ီဒက္ၿမိဳ႕တို႔ၿပီးလွ်င္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ တြင္းတြင္ တတိ ယေျမာက္လူဦးေရအထူထပ္ဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ မကၠာၿမိဳ႕သည္ ကမာၻတစ္ဝန္းရွိ မြတ္ စလင္မ်ားအားလုံးက လာေရာက္ဘုရားဖူးကာ ဆုေတာင္းမႈမ်ားလုပ္ေဆာင္ၾကသည့္အခ်က္အခ်ာ ေနရာ တစ္ခုလည္းျဖစ္သည္။ မကၠာၿမိဳ႕လူဦးေရ၏(၄၄ ဒသမ ၅) ရာခိုင္ ႏႈန္းခန႔္သည္ ေဆာ္ဒီအာေရးဗ် ႏိုင္ငံ သားမ်ားျဖစ္ၿပီး (၅၅ ဒသမ ၅)ရာခိုင္ႏႈန္းခန႔္မွာ တျခားႏိုင္ငံမ်ားမွလာေသာ မြတ္စလင္ႏိုင္ငံျခားသားမ်ား ျဖစ္ေၾကာင္းသိရသည္။ မကၠာၿမိဳ႕၏ ဘုရားဖူးကာလအတြင္း ႏွစ္စဥ္လာေရာက္လည္ပတ္သူဦးေရမွာ ၎ ၏ေနထိုင္သူလူဦးေရထက္သုံးဆေက်ာ္ ပိုမ်ားေၾကာင္းလည္းသိရသည္။ (၂၀၂၃)ခုႏွစ္တြင္ မကၠာၿမိဳ႕ကို ႏိုင္ငံတကာခရီးသြား(၁၀ ဒသမ ၈)သန္းေက်ာ္လာေရာက္လည္ပတ္ခဲ့ၿပီး ကမာၻေပၚတြင္လာေရာက္ လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕(၁၀)ၿမိဳ႕ထဲမွတစ္ၿမိဳ႕အျဖစ္ ပါဝင္ခဲ့ေၾကာင္းသိရသည္။
သမိုင္းေၾကာင္း
ေဒသတြင္းႏွင့္ အနီးတစ္ဝိုက္ရွိ မြတ္စလင္အုပ္ခ်ဳပ္သူမ်ားသည္ မကၠာၿမိဳ႕ကို သိမ္းပိုက္ရန္ႏွင့္ ၎ တို႔၏အုပ္ခ်ဳပ္မႈေအာက္တြင္ ထိန္းသိမ္း ထားရန္ ႏွစ္ရွည္လမ်ားစြာ ႀကိဳးပမ္းခဲ့ၾကမႈႏွင့္အတူ ၿမိဳ႕တြင္ အုပ္ ခ်ဳပ္မႈအေျပာင္းအလဲမ်ားစြာကို ႀကဳံေတြ႕ ခဲ့ရေၾကာင္းသိရသည္။ (၁၉၂၅)ခုႏွစ္တြင္ Ibn Saud ႏွင့္ ၎၏ မဟာမိတ္မ်ားသည္ မကၠာၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီး အဆိုပါအခ်ိန္မွစတင္ကာ ၿမိဳ႕သည္ အ႐ြယ္အစားႏွင့္ အေျခခံအေဆာက္အအုံမ်ားတြင္ ႀကီးမားေသာတိုးခ်ဲ႕မႈမ်ားကို ေတြ႕ႀကဳံခဲ့ရေၾကာင္းသိရသည္။ ထို႔ျပင္ တိုး ခ်ဲ႕မႈမ်ားႏွင့္အတူ ေဆာ္ဒီအာေရးဗ် အစိုးရသည္ Ajyad ခံတပ္ကဲ့သို႔ေသာ သမိုင္းဝင္ အေဆာက္အအုံမ်ား ႏွင့္ ေရွးေဟာင္းသုေတသနေနရာမ်ားစြာကို ၿဖိဳဖ်က္ခဲ့ၿပီး ဘုရားလာဖူးသူမ်ားကို ေနရာထိုင္ခင္းေပးႏိုင္ ရန္အတြက္ စီစဥ္မႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း မြတ္စလင္မဟုတ္ သူမ်ားကို မကၠာၿမိဳ႕တြင္းသို႔ဝင္ ေရာက္ခြင့္မေပးသည့္ ဥပေဒတစ္ခုရွိေၾကာင္းလည္း သိရသည္။ ေဆာ္ဒီ အာေရးဗ်အစိုးရလက္ထက္တြင္ ေဆာ္ဒီအစိုးရကခန႔္အပ္ထားေသာ ၿမိဳ႕ေတာ္ဝန္ဦးေဆာင္သည့္ ေဒသ တြင္းေ႐ြးေကာက္တင္ေျမႇာက္ထားေသာ အဖြဲ႕ဝင္(၁၄)ဦးပါ ျမဴနီစီပယ္ေကာင္စီျဖစ္သည့္ မကၠာေဒသ ဆိုင္ရာျမဴနီစီပယ္က မကၠာၿမိဳ႕ကိုအုပ္ခ်ဳပ္ေၾကာင္းလည္းသိရသည္။
စီးပြားေရး
မကၠာၿမိဳ႕၏စီးပြားေရးသည္ ႏွစ္စဥ္လာေရာက္လည္ပတ္ေသာ ဘုရားဖူးခရီးသည္သန္းခ်ီ အေပၚ ကို မွီခိုေနရသည္။ ဘုရားဖူးမ်ားဆီမွရရွိေသာဝင္ေငြသည္ မကၠာၿမိဳ႕၏ စီးပြားေရးကို အားေကာင္းေစ႐ုံ သာမက အာေရးဗ်ကြၽန္းဆြယ္တစ္ခုလုံး၏ စီးပြားေရးအေပၚ သမိုင္းေၾကာင္းအရ ႀကီးမားေသာ အက်ိဳး သက္ေရာက္မႈမ်ားလည္းရွိခဲ့သည္။ မကၠာၿမိဳ႕သည္ ဝင္ေငြကိုနည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ရရွိၿပီး ယင္း နည္း လမ္းမ်ားထဲမွတစ္ခုမွာ ဘုရားဖူးခရီးသည္မ်ားကို အခြန္ေကာက္ခံျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ စီးပြားေရးပ်က္ကပ္ႀကီးအတြင္း မကၠာၿမိဳ႕သည္ အခြန္မ်ားကို အထူးတိုးျမႇင့္ခဲ့ၿပီး တိုးျမႇင့္ထားသည့္အခြန္ ေကာက္ခံမႈမ်ားစြာမွာ (၁၉၇၂)ခုႏွစ္အထိ ရွိခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဘုရားဖူးခရီးသည္မ်ားက မကၠာၿမိဳ႕သို႔ ကုန္းလမ္းျဖင့္လာရန္အတြက္ ေပးေဆာင္ရေသာ ခရီးစဥ္ခမ်ားကလည္း ဝင္ေငြရရွိေစ ေၾကာင္း သိရသည္။ မကၠာၿမိဳ႕သည္ ဘုရားဖူးခရီးသည္မ်ားထံမွ ဝင္ေငြ အေမရိကန္ေဒၚလာ သန္း(၁၀ဝ) ေက်ာ္ရရွိၿပီး ဘုရာဖူးဝတ္ျပဳရာ ေနရာႏွင့္ပတ္သက္သည့္ ဝန္ေဆာင္မႈမ်ားအတြက္ အေမရိကန္ေဒၚလာ သန္း(၅၀)ေက်ာ္ သုံးစြဲေလ့ရွိ ေၾကာင္းလည္းသိရသည္။ မကၠာၿမိဳ႕တြင္ စက္မႈလုပ္ငန္းမ်ားႏွင့္ စက္႐ုံ အခ်ိဳ႕ ရွိေသာ္လည္း မကၠာၿမိဳ႕သည္ ေရနံတင္ပို႔မႈအေပၚ အဓိကအေျခခံသည့္ ေဆာ္ဒီအာ ေရးဗ်၏စီးပြားေရး တြင္ အဓိကအခန္းက႑မွပါဝင္ ျခင္းမ်ိဳးမရွိေတာ့ေၾကာင္းသိရသည္။ မကၠာၿမိဳ႕တြင္ လည္ပတ္ေနသည့္ စက္မႈလုပ္ငန္းအနည္းငယ္တြင္ အထည္အလိပ္၊ ပရိေဘာဂႏွင့္ အသုံးအေဆာင္မ်ားပါဝင္ၿပီး စီးပြားေရး အမ်ားစုမွာ ဝန္ေဆာင္မႈအေပၚ အေျခခံထားေၾကာင္းသိရသည္။
သို႔ေသာ္လည္း မကၠာၿမိဳ႕တြင္ စက္မႈလုပ္ငန္းမ်ားစြာကို တည္ေထာင္ခဲ့ဖူးေၾကာင္းသိရသည္။ (၁၉၇၀)ျပည့္ႏွစ္မွစတင္ၿပီး မကၠာၿမိဳ႕တြင္တည္ရွိခဲ့ေသာ လုပ္ငန္းအမ်ိဳးအစားမ်ားတြင္ ေၾကးနီထုတ္ယူ ျခင္း၊ လက္သမားလုပ္ငန္း၊ အထည္ခ်ဳပ္လုပ္ငန္း၊ မုန႔္ဖုတ္လုပ္ငန္း၊ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဘဏ္လုပ္ ငန္းတို႔ပါဝင္ခဲ့ေၾကာင္းသိရသည္။ ေနာက္ပိုင္းတြင္ ေလယာဥ္ခရီးစဥ္မ်ားအဆင္ေျပလာမႈႏွင့္ ဘုရားဖူးခရီး သည္အေရအတြက္ သိသိသာသာျမင့္တက္လာျခင္းတို႔ေၾကာင့္ (၂၀)ရာစုႏွင့္(၂၁)ရာစုမ်ားတြင္ ၿမိဳ႕သည္ သိသိသာသာ ႀကီးထြားဖြံ႕ၿဖိဳးလာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဝတ္ျပဳရာေနရာကို ႀကီးၾကပ္ရန္ႏွင့္ ဘုရား ဖူးမ်ားအတြက္ ဝန္ေဆာင္မႈေပးေသာ ဟိုတယ္မ်ားႏွင့္ ဆိုင္မ်ားတြင္ ဝန္ထမ္းအျဖစ္ ေဆာ္ဒီအာေရး ႏိုင္ငံ သား ေထာင္ေပါင္းမ်ားစြာကို တစ္ႏွစ္ပတ္လုံး အလုပ္ခန႔္အပ္ထားေၾကာင္းလည္းသိရသည္။ အဆိုပါ လုပ္ သားမ်ားသည္ အိမ္ရာႏွင့္ဝန္ေဆာင္မႈမ်ားအတြက္ ဝယ္လိုအားကို တိုးျမင့္ေစခဲ့ၿပီး အာဏာပိုင္မ်ားက မကၠာၿမိဳ႕၏ Al Akashiya ခ႐ိုင္တြင္ စက္မႈၿမိဳ႕သစ္တစ္ခုကို တည္ေဆာက္ေနေၾကာင္းလည္းသိရသည္။ ယင္းစက္မႈၿမိဳ႕သစ္သည္ (၄၅)စတုရန္းကီလိုမီတာ က်ယ္ဝန္းၿပီး မကၠာၿမိဳ႕အတြက္ အေရးပါေသာစက္မႈ ဇုန္တစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။
ယဥ္ေက်းမႈ
မကၠာၿမိဳ႕တြင္ ႏွစ္စဥ္လာေရာက္လည္ပတ္ေသာ ဘုရားဖူးခရီးသည္အမ်ားအျပားႏွင့္ အတူ ယဥ္ ေက်းမႈအေမြအႏွစ္မ်ားစြာရွိေၾကာင္း သိရသည္။ ႏွစ္စဥ္ ဘုရားဖူးခရီးသည္အမ်ား အျပားက မကၠာၿမိဳ႕ သို႔ လာေရာက္လည္ပတ္မႈႏွင့္ အတူ ၎သည္ မြတ္စလင္ ကမာၻတြင္ ကြဲျပားမႈအရွိဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ လာခဲ့ေၾကာင္းလည္းသိရသည္။
ဗိသုကာလက္ရာ အထင္ကရေနရာမ်ား
မကၠာၿမိဳ႕ရွိ Abraj al-Bait Complex အေဆာက္အအုံသည္ အေဆာက္အအုံ(၇)ခုပါဝင္သည့္ မိုး ေမွ်ာ္တိုက္အေဆာက္အဦးျဖစ္ၿပီး အလယ္ ဗဟိုရွိနာရီစင္သည္ အျမင့္ (၆၀၁)မီတာရွိကာ ကမာၻေပၚတြင္ ေလးခုေျမာက္ အျမင့္ဆုံး အေဆာက္အအုံ ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အေဆာက္အအုံ (၇)ခု စလုံး၏ ၾကမ္းျပင္ ဧရိယာအတိုင္းအတာအရ ၎သည္ ကမာၻေပၚတြင္ တတိယေျမာက္အႀကီးဆုံး အ ေဆာက္အအုံျဖစ္ေၾကာင္းလည္းသိရသည္။ မကၠာဂိတ္သည္ ၿမိဳ႕၏အေနာက္ဘက္ဝင္ေပါက္တြင္တည္ရွိ ၿပီး ဂ်ီဒက္ၿမိဳ႕သို႔ဆက္သြယ္ထားသည့္ လမ္းေၾကာင္းတစ္ခုလည္း ျဖစ္သည္။ မကၠာဂိတ္သည္ အေဝးေျပး လမ္းမႀကီး (၄၀)တြင္တည္ရွိၿပီး မြတ္စလင္မဟုတ္သူမ်ားဝင္ေရာက္ခြင့္မရွိေသာေဒသ၏ နယ္နိမိတ္ကို အမွတ္အသားျပဳထားသည့္ေနရာ လည္းျဖစ္သည္။ ယင္းဂိတ္တံခါးကို (၁၉၇၉)ခုႏွစ္တြင္ အီဂ်စ္ဗိသုကာ ပညာရွင္ Samir Elabd က ဗိသုကာကုမၸဏီ IDEA Center အတြက္ ဒီဇိုင္း ဆြဲေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။ အဆိုပါဂိတ္ တံခါး၏ဖြဲ႕စည္းပုံသည္ စာအုပ္စင္ေပၚတြင္တင္ထားသည့္ ကုရ္အာန္က်မ္းကို ကိုယ္ စားျပဳထားသည့္ စာအုပ္တစ္အုပ္လိုမ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။