အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့်ဆက်နွှယ်ပတ်သက်ဖူးသူများ မူးယစ်ဆေးစွဲသကဲ့သို့ ဖြတ်ရခက်နေနိုင်

 170

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၆

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့် ဆက်နွှယ်ပတ်သက်ဖူးသူများက ယင်းအလုပ် ဆက်မလုပ်ရန် မူးယစ်ဆေးဖြတ်သကဲ့သို့ဖြတ်ရန်လိုကြောင်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆောင်ရွက်နေသူ တစ်ဦးက NP News သို့ ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို အမျိုးသားတာဝန်တစ်ရပ် အနေဖြင့် ပြင်းပြင်းထန်ထန်တိုက်ဖျက်နေရာ မြန်မာ-ထိုင်းနယ်စပ်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တွင်အလုပ်လုပ်ခဲ့သူများအနက် အချို့ကလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်ရာနယ်မြေမှ အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်ပနိုင်ငံမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသို့ ကူးပြောင်းသွားလာလုပ်ကိုင်ခြင်းများ ရှိနေသည်။
အချို့ကမူ မိမိတို့နေရပ်သို့ ပြန်လာကြသည့်အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်ဖူးသူ အချို့မှာ မိမိတို့၏နေရပ်တွင်ပင် Mobile Scam Centre များသဖွယ် သင်တန်းကျောင်း အမည်ခံကာ အွန် လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိတ်တဆိတ်ဆောင်ရွက်ခြင်းများ ရှိလာနေသည်။ ယင်းသို့ ဆောင် ရွက်ခြင်းမျိုးကို အညာဒေသဘက်တွင် တွေ့လာရပြီး အခြားနေရာများတွင် တွေ့ရခြင်းမရှိ သေးသော် လည်း ဆက်လက်စောင့်ကြည့်ရမည့်အနေ အထား ဖြစ်သည်။
“အခုက တရုတ်ကနေဖမ်းတယ်။ ပြစ် ဒဏ်ချမှတ်တာတွေ၊ သေဒဏ်ချမှတ်တာတွေ ကျွန်တော် တို့ကြားရတာပဲ။ ဒါပေမဲ့ ဒါက ပင်စည်အကြီးကြီးကို လုံးဝဖြိုနိုင်တဲ့အဆင့်မဟုတ်ဘူး။ ပင်စည်ကြီးဆို တာ သူတို့က ပင်စည်ထဲက အပင်ကြီးတစ်ပင်ဖြစ်နေတယ်ဗျာ။ ညောင်ပင်နေရာကဟာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကုက္ကိုပင်နေရာက ကျန်နေတုန်းပဲ။ ရှေ့မှာ ဖြိုလိုက်တဲ့ဟာတစ်ခုက အောက်ကဟာတွေကို မဖြို နိုင်ဘူးဆိုရင် ဒီအလုပ်ရဲ့သဘောတရားကိုသိထားတဲ့ ငွေဟာဘယ်လိုဝင်တယ်၊ ဘယ်လိုလိမ်လို့ ရလဲဆို တာ ကိုသိနေတဲ့လူတွေက ဆက်ပြီးလုပ်ဦးမှာပဲခင်ဗျ။ အရင်းအမြစ်တစ်ခု ဒါမှမဟုတ် ဒီလူတွေကို လုံးဝ နှစ်သိမ့်ဆွေးနွေးမှုတွေ ဒါကို လုံးဝမလုပ်အောင် နံပါတ် ဖိုးဆေးပြတ်သွားသလို ပြတ်အောင်၊ ဖြတ်နိုင် အောင် ဘယ်လိုလုပ်မလဲ။ လုပ်နိုင်မှပဲ အွန်လိုင်းလိမ်လည်မှုဟာ ငြိမ်သက်ပါလိမ့်မယ်။ ပြီးတော့ ဥပဒေ စိုးမိုးမှု အရမ်းလိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွင်း အကျုံးဝင်သည့် အွန်လိုင်းလောင်းကစားလုပ် ကိုင်သူများသည် ကျောင်းသားအရွယ်ကိုပစ်မှတ်ထားကာ ဖောက်သည်ရှာခြင်းမျိုးရှိနေပြီး ယင်းမှာလည်း သတိထားရမည့်အရာဖြစ်ကြောင်း ၎င်းကပြောသည်။
“သူတို့တွေက ကျွန်တော်တို့ထက်တောင် ပိုဆိုးပါတယ်။ Viber ၊ Telegram ဒါအများကြီး သုံးနိုင် တယ်လေ။ သူတို့ Facebook အကောင့်တွေ ရှိကြတယ်။ ပြီးတော့ ကျောင်းသားတွေထဲမှာကို သူတို့က ပြန်ပြီးအသုံးချတာရှိတယ်။ သူတို့ထဲက စလော့ဂိမ်းတွေဆော့တယ်။ ကျောင်းသားလေးတွေက ပိုက်ဆံ ရလာတယ်။ ပိုက်ဆံရလာတော့ သူတို့က ဒါကို ကျန်တဲ့တစ်ယောက်ဆီကိုဖြန့်ပေးရင်၊ လူဆယ်ယောက် ကို ဖြန့်ပေးရင် ဘောနပ်စ်ဘယ်လောက်၊ ဘာဘယ်လောက်ဆိုပြီး သူတို့ကို မက်လုံးတွေပေးထားတော့ အဲဒီကလေးတွေကိုယ်တိုင်က အွန်လိုင်းလိမ်လည်မှုထဲကို ရောက်မှန်းမသိရောက်သွားတယ်။ သူတို့ ကိုယ်တိုင်က အွန်လိုင်းလိမ်လည်မှုလို့မသိဘူး ဗျာ။ ဒါပေမဲ့ သူတို့လုပ်နေတဲ့အလုပ်က အွန်လိုင်းလိမ် လည်မှုပဲလေ”ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version;
အြန္လိုင္းလိမ္လည္မႈလုပ္ငန္းႏွင့္ဆက္ႏႊယ္ပတ္သက္ဖူးသူမ်ား မူးယစ္ေဆးစြဲသကဲ့သို႔ ျဖတ္ရခက္ေနႏိုင္
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၆
အြန္လိုင္းလိမ္လည္မႈလုပ္ငန္းႏွင့္ ဆက္ႏႊယ္ပတ္သက္ဖူးသူမ်ားက ယင္းအလုပ္ ဆက္မလုပ္ရန္ မူးယစ္ေဆးျဖတ္သကဲ့သို႔ျဖတ္ရန္လိုေၾကာင္း အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးေဆာင္႐ြက္ေနသူ တစ္ဦးက NP News သို႔ ေျပာသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္း လိမ္လည္မႈလုပ္ငန္းမ်ားကို အမ်ိဳးသားတာဝန္တစ္ရပ္ အေနျဖင့္ ျပင္းျပင္းထန္ထန္တိုက္ဖ်က္ေနရာ ျမန္မာ-ထိုင္းနယ္စပ္မွ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ား တြင္အလုပ္လုပ္ခဲ့သူမ်ားအနက္ အခ်ိဳ႕ကလက္နက္ကိုင္အဖြဲ႕မ်ား၏ ထိန္းခ်ဳပ္ရာနယ္ေျမမွ အြန္လိုင္းလိမ္ လည္မႈလုပ္ငန္းမ်ားသို႔ သြားေရာက္လုပ္ကိုင္ျခင္း၊ ျပည္ပႏိုင္ငံမွ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားသို႔ ကူးေျပာင္းသြားလာလုပ္ကိုင္ျခင္းမ်ား ရွိေနသည္။
အခ်ိဳ႕ကမူ မိမိတို႔ေနရပ္သို႔ ျပန္လာၾကသည့္အနက္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္း လုပ္ကိုင္ဖူးသူ အခ်ိဳ႕မွာ မိမိတို႔၏ေနရပ္တြင္ပင္ Mobile Scam Centre မ်ားသဖြယ္ သင္တန္းေက်ာင္း အမည္ခံကာ အြန္ လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားကို တိတ္တဆိတ္ေဆာင္႐ြက္ျခင္းမ်ား ရွိလာေနသည္။ ယင္းသို႔ ေဆာင္ ႐ြက္ျခင္းမ်ိဳးကို အညာေဒသဘက္တြင္ ေတြ႕လာရၿပီး အျခားေနရာမ်ားတြင္ ေတြ႕ရျခင္းမရွိ ေသးေသာ္ လည္း ဆက္လက္ေစာင့္ၾကည့္ရမည့္အေန အထား ျဖစ္သည္။
“အခုက တ႐ုတ္ကေနဖမ္းတယ္။ ျပစ္ ဒဏ္ခ်မွတ္တာေတြ၊ ေသဒဏ္ခ်မွတ္တာေတြ ကြၽန္ေတာ္ တို႔ၾကားရတာပဲ။ ဒါေပမဲ့ ဒါက ပင္စည္အႀကီးႀကီးကို လုံးဝၿဖိဳႏိုင္တဲ့အဆင့္မဟုတ္ဘူး။ ပင္စည္ႀကီးဆို တာ သူတို႔က ပင္စည္ထဲက အပင္ႀကီးတစ္ပင္ျဖစ္ေနတယ္ဗ်ာ။ ေညာင္ပင္ေနရာကဟာျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ ကုကၠိဳပင္ေနရာက က်န္ေနတုန္းပဲ။ ေရွ႕မွာ ၿဖိဳလိုက္တဲ့ဟာတစ္ခုက ေအာက္ကဟာေတြကို မၿဖိဳ ႏိုင္ဘူးဆိုရင္ ဒီအလုပ္ရဲ႕သေဘာတရားကိုသိထားတဲ့ ေငြဟာဘယ္လိုဝင္တယ္၊ ဘယ္လိုလိမ္လို႔ ရလဲဆို တာ ကိုသိေနတဲ့လူေတြက ဆက္ၿပီးလုပ္ဦးမွာပဲခင္ဗ်။ အရင္းအျမစ္တစ္ခု ဒါမွမဟုတ္ ဒီလူေတြကို လုံးဝ ႏွစ္သိမ့္ေဆြးေႏြးမႈေတြ ဒါကို လုံးဝမလုပ္ေအာင္ နံပါတ္ ဖိုးေဆးျပတ္သြားသလို ျပတ္ေအာင္၊ ျဖတ္ႏိုင္ ေအာင္ ဘယ္လိုလုပ္မလဲ။ လုပ္ႏိုင္မွပဲ အြန္လိုင္းလိမ္လည္မႈဟာ ၿငိမ္သက္ပါလိမ့္မယ္။ ၿပီးေတာ့ ဥပေဒ စိုးမိုးမႈ အရမ္းလိုအပ္ပါတယ္”ဟု ၎ကဆိုသည္။
ထို႔ျပင္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားအတြင္း အက်ဳံးဝင္သည့္ အြန္လိုင္းေလာင္းကစားလုပ္ ကိုင္သူမ်ားသည္ ေက်ာင္းသားအ႐ြယ္ကိုပစ္မွတ္ထားကာ ေဖာက္သည္ရွာျခင္းမ်ိဳးရွိေနၿပီး ယင္းမွာလည္း သတိထားရမည့္အရာျဖစ္ေၾကာင္း ၎ကေျပာသည္။
“သူတို႔ေတြက ကြၽန္ေတာ္တို႔ထက္ေတာင္ ပိုဆိုးပါတယ္။ Viber ၊ Telegram ဒါအမ်ားႀကီး သုံးႏိုင္ တယ္ေလ။ သူတို႔ Facebook အေကာင့္ေတြ ရွိၾကတယ္။ ၿပီးေတာ့ ေက်ာင္းသားေတြထဲမွာကို သူတို႔က ျပန္ၿပီးအသုံးခ်တာရွိတယ္။ သူတို႔ထဲက စေလာ့ဂိမ္းေတြေဆာ့တယ္။ ေက်ာင္းသားေလးေတြက ပိုက္ဆံ ရလာတယ္။ ပိုက္ဆံရလာေတာ့ သူတို႔က ဒါကို က်န္တဲ့တစ္ေယာက္ဆီကိုျဖန႔္ေပးရင္၊ လူဆယ္ေယာက္ ကို ျဖန႔္ေပးရင္ ေဘာနပ္စ္ဘယ္ေလာက္၊ ဘာဘယ္ေလာက္ဆိုၿပီး သူတို႔ကို မက္လုံးေတြေပးထားေတာ့ အဲဒီကေလးေတြကိုယ္တိုင္က အြန္လိုင္းလိမ္လည္မႈထဲကို ေရာက္မွန္းမသိေရာက္သြားတယ္။ သူတို႔ ကိုယ္တိုင္က အြန္လိုင္းလိမ္လည္မႈလို႔မသိဘူး ဗ်ာ။ ဒါေပမဲ့ သူတို႔လုပ္ေနတဲ့အလုပ္က အြန္လိုင္းလိမ္ လည္မႈပဲေလ”ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.