ဆင်းကတ်နှင့်အီလက်ထရွန်နစ်ပစ္စည်းများမှ ရွှေစများကိုထုတ်ယူကာ (၁၉၁)ဂရမ်အထိ စုဆောင်းနိုင်ခဲ့သည့် တရုတ်ဘလော့ဂါ

59

Pika (NP News) - ဖေဖော်ဝါရီ ၆
တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်တွင်နေထိုင်သည့် ဘလော့ဂါတစ်ဦးသည် ဆင်းကတ်အဟောင်း များနှင့် အခြားအီလက်ထရွန်နစ်အစိတ်အပိုင်းများမှ ရွှေစုစုပေါင်း (၁၉၁ ဒသမ ၇၃) ဂရမ်ကို အောင်မြင် စွာ သန့်စင်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းသည် ဆင်းကတ်များနှင့်အီလက်ထရွန်နစ်အစိတ် အပိုင်းများမှရွှေများကိုထုတ်ယူသည့် လုပ်ငန်းစဉ် တစ်ခုလုံးကိုပင် ဗီဒီယိုရိုက်ကာမျှဝေခဲ့ပြီး လူအများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ကြောင်းသိရသည်။ ဆိုရှယ်မီဒီ ယာအသုံးပြုသူတစ်ဦးက “(၁၀)နှစ်လောက်အလုပ် လုပ်တာက ဒီဆင်းကတ်တွေကို တစ်နှစ်လောက်စု ဆောင်းတာလောက်တောင် ပိုက်ဆံရမှာ မဟုတ်ဘူး။ သင်တန်းသားအဖြစ် လက်ခံပေးပါလား”ဟု ကွန်မန့် ဝင်မန့်ခဲ့သည်။ အခြားတစ်ဦးက “ဆင်းကတ်တွေ ကနေ ရွှေထုတ်ယူနိုင်တာ သိတောင်မသိခဲ့ဖူးဘူး။ အရင်တုန်းက ဒါမျိုးကို ကြားတောင်မကြားခဲ့ဖူးဘူး” ဟု ရေးသားခဲ့သည်။ အဆိုပါဘလော့ဂါ၏ ဗီဒီယိုဖိုင်သည် ဆိုရှယ်မီဒီယာပေါ်တွင် တုံ့ပြန်မှုများစွာကိုရရှိခဲ့ ပြီး ဆင်းကတ်၏ချစ်ပ်တွင် ရွှေပါဝင်မှုပမာဏမှာ အလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများက ပြော ကြားခဲ့သည်။
ထို့ပြင် ဆင်းကတ်တစ်ခုတွင် ရွှေ(ဝ.ဝ၂) ဂရမ်သာပါဝင်ပြီး ရွှေ(၁၉၁)ဂရမ်ထုတ်ယူရန်အတွက် ဆင်းကတ်ပေါင်း(၄)သိန်းခန့်လိုအပ်ကြောင်း ဗီဒီယိုဖိုင်ထဲတွင်ရှင်းပြထားသည်။ ၎င်းထုတ်ယူခဲ့သည့် ရွှေ ပမာဏစုစုပေါင်းမှာ ဆင်းကတ်တစ်မျိုးတည်းမှ မဟုတ်ဘဲ ဆက်သွယ်ရေးအီလက်ထရွန်နစ်ပစ္စည်းများ တွင်ပါဝင်သည့် ရွှေချထားသောချစ်ပ်များမှလည်း ပါဝင်ကြောင်း အဆိုပါဘလော့ဂါက ထုတ်ပြန်ပြော ကြားခဲ့သည်။

Zawgyi Version;
ဆင္းကတ္ႏွင့္အီလက္ထ႐ြန္နစ္ပစၥည္းမ်ားမွ ေ႐ႊစမ်ားကိုထုတ္ယူကာ (၁၉၁)ဂရမ္အထိ စုေဆာင္းႏိုင္ခဲ့ သည့္ တ႐ုတ္ဘေလာ့ဂါ
Pika (NP News) - ေဖေဖာ္ဝါရီ ၆
တ႐ုတ္ႏိုင္ငံ ဂြမ္ေဒါင္ျပည္နယ္တြင္ေနထိုင္သည့္ ဘေလာ့ဂါတစ္ဦးသည္ ဆင္းကတ္အေဟာင္း မ်ားႏွင့္ အျခားအီလက္ထ႐ြန္နစ္အစိတ္အပိုင္းမ်ားမွ ေ႐ႊစုစုေပါင္း (၁၉၁ ဒသမ ၇၃) ဂရမ္ကို ေအာင္ျမင္ စြာ သန႔္စင္ထုတ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎သည္ ဆင္းကတ္မ်ားႏွင့္အီလက္ထ႐ြန္နစ္အစိတ္ အပိုင္းမ်ားမွေ႐ႊမ်ားကိုထုတ္ယူသည့္ လုပ္ငန္းစဥ္ တစ္ခုလုံးကိုပင္ ဗီဒီယို႐ိုက္ကာမွ်ေဝခဲ့ၿပီး လူအမ်ား၏ စိတ္ဝင္စားမႈကိုရရွိခဲ့ေၾကာင္းသိရသည္။ ဆိုရွယ္မီဒီ ယာအသုံးျပဳသူတစ္ဦးက “(၁၀)ႏွစ္ေလာက္အလုပ္ လုပ္တာက ဒီဆင္းကတ္ေတြကို တစ္ႏွစ္ေလာက္စု ေဆာင္းတာေလာက္ေတာင္ ပိုက္ဆံရမွာ မဟုတ္ဘူး။ သင္တန္းသားအျဖစ္ လက္ခံေပးပါလား”ဟု ကြန္မန႔္ ဝင္မန႔္ခဲ့သည္။ အျခားတစ္ဦးက “ဆင္းကတ္ေတြ ကေန ေ႐ႊထုတ္ယူႏိုင္တာ သိေတာင္မသိခဲ့ဖူးဘူး။ အရင္တုန္းက ဒါမ်ိဳးကို ၾကားေတာင္မၾကားခဲ့ဖူးဘူး” ဟု ေရးသားခဲ့သည္။ အဆိုပါဘေလာ့ဂါ၏ ဗီဒီယိုဖိုင္သည္ ဆိုရွယ္မီဒီယာေပၚတြင္ တုံ႔ျပန္မႈမ်ားစြာကိုရရွိခဲ့ ၿပီး ဆင္းကတ္၏ခ်စ္ပ္တြင္ ေ႐ႊပါဝင္မႈပမာဏမွာ အလြန္နည္းပါးေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာ ၾကားခဲ့သည္။
ထို႔ျပင္ ဆင္းကတ္တစ္ခုတြင္ ေ႐ႊ(ဝ.ဝ၂) ဂရမ္သာပါဝင္ၿပီး ေ႐ႊ(၁၉၁)ဂရမ္ထုတ္ယူရန္အတြက္ ဆင္းကတ္ေပါင္း(၄)သိန္းခန႔္လိုအပ္ေၾကာင္း ဗီဒီယိုဖိုင္ထဲတြင္ရွင္းျပထားသည္။ ၎ထုတ္ယူခဲ့သည့္ ေ႐ႊ ပမာဏစုစုေပါင္းမွာ ဆင္းကတ္တစ္မ်ိဳးတည္းမွ မဟုတ္ဘဲ ဆက္သြယ္ေရးအီလက္ထ႐ြန္နစ္ပစၥည္းမ်ား တြင္ပါဝင္သည့္ ေ႐ႊခ်ထားေသာခ်စ္ပ္မ်ားမွလည္း ပါဝင္ေၾကာင္း အဆိုပါဘေလာ့ဂါက ထုတ္ျပန္ေျပာ ၾကားခဲ့သည္။