ဖေဖော်ဝါရီ (၁၂)ရက်နေ့နှင့် (၁၇)ရက်နေ့များအတွက် အထူးရထားများပြေးဆွဲသွားမည်

118

စော(NP News)- ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနေ့(ဖေဖော်ဝါရီ ၁၂ရက်)နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်(ဖေဖော်ဝါရီ ၁၇ရက်)နေ့အတွက် ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထား များကို တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အထူးရထားများမှာ ရန်ကုန်-နေပြည်တော် DEMU အဆန်အထူး ရထားသည် ဖေဖော်ဝါရီ ၁၂ရက်နှင့် ၁၇ရက်တို့တွင် ရန်ကုန်ဘူတာမှ နံနက် (၆)နာရီခွဲအချိန်တွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ မွန်းလွဲ (၁၂)နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထားသည်လည်း အဆိုပါနေ့များ၌ နေပြည်တော်ဘူတာမှ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် စတင်ထွက်ခွာ၍ ညနေ (၆)နာရီအချိန်တွင် ရန်ကုန်ဘူတာသို့ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထားသည် ဖေဖော်ဝါရီ ၁၂ရက်တွင် ရန်ကုန်ဘူတာမှ နံနက် (၉)နာရီ (၁၅)မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ (၆)နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန်လေအိတ် အစုန်အထူးရထားသည် ဖေဖော်ဝါရီ ၁၇ရက်တွင် မော်လမြိုင်ဘူတာမှ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ ညနေ (၅)နာရီ (၅၅)မိနစ်အချိန်တွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်-ပြည်လေအိတ်အဆန်အထူးရထားသည် ဖေဖော်ဝါရီ ၁၂ရက်တွင် ရန်ကုန်ဘူတာမှ နေ့လည် (၁)နာရီအချိန်တွင် ထွက်ခွာ၍ ည (၈)နာရီ (၅၅)မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ပြည်-ရန်ကုန် လေအိတ်အစုန်အထူးရထားသည် ဖေဖော်ဝါရီ ၁၇ရက်တွင် ပြည်ဘူတာမှ ည(၁၀)နာရီ ခွဲအချိန်တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် (၆)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန် ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ပြီး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အထက်တန်းလက်မှတ်ကို ၃ ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက် ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System - ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံး ဘူတာများအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၃ ရက် ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း မြန်မာ့မီရထားမှ အသိပေးထားသည်။

Zawgyi Version:
ေဖေဖာ္ဝါရီ (၁၂)ရက္ေန႔ႏွင့္ (၁၇)ရက္ေန႔မ်ားအတြက္ အထူးရထားမ်ားေျပးဆြဲသြားမည္
ေစာ(NP News)- ေဖေဖာ္ဝါရီ ၆
ျပည္ေထာင္စုေန႔(ေဖေဖာ္ဝါရီ ၁၂ရက္)ႏွင့္ တ႐ုတ္ႏွစ္သစ္ကူး ႐ုံးပိတ္ရက္(ေဖေဖာ္ဝါရီ ၁၇ရက္)ေန႔အတြက္ ခရီးသြားျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား အဆင္ေျပစြာခရီးသြားလာႏိုင္ေစေရးအတြက္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္၊ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ႏွင့္ ရန္ကုန္-ျပည္-ရန္ကုန္ ခရီးစဥ္မ်ားကို ပုံမွန္ရထားမ်ားအျပင္ အထူးရထား မ်ားကို တိုးခ်ဲ႕ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။
အထူးရထားမ်ားမွာ ရန္ကုန္-ေနျပည္ေတာ္ DEMU အဆန္အထူး ရထားသည္ ေဖေဖာ္ဝါရီ ၁၂ရက္ႏွင့္ ၁၇ရက္တို႔တြင္ ရန္ကုန္ဘူတာမွ နံနက္ (၆)နာရီခြဲအခ်ိန္တြင္ စတင္ထြက္ခြာ၍ ေနျပည္ေတာ္ဘူတာသို႔ မြန္းလြဲ (၁၂)နာရီအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ၿပီး ေနျပည္ေတာ္-ရန္ကုန္ DEMUအစုန္အထူးရထားသည္လည္း အဆိုပါေန႔မ်ား၌ ေနျပည္ေတာ္ဘူတာမွ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္တြင္ စတင္ထြက္ခြာ၍ ညေန (၆)နာရီအခ်ိန္တြင္ ရန္ကုန္ဘူတာသို႔ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္-ေမာ္လၿမိဳင္ ေလအိတ္အဆန္အထူးရထားသည္ ေဖေဖာ္ဝါရီ ၁၂ရက္တြင္ ရန္ကုန္ဘူတာမွ နံနက္ (၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ စတင္ထြက္ခြာ၍ ေမာ္လၿမိဳင္ဘူတာသို႔ ညေန (၆)နာရီအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ၿပီး ေမာ္လၿမိဳင္-ရန္ကုန္ေလအိတ္ အစုန္အထူးရထားသည္ ေဖေဖာ္ဝါရီ ၁၇ရက္တြင္ ေမာ္လၿမိဳင္ဘူတာမွ နံနက္ (၉)နာရီ (၁၀)မိနစ္အခ်ိန္တြင္ စတင္ထြက္ခြာ၍ ညေန (၅)နာရီ (၅၅)မိနစ္အခ်ိန္တြင္ ရန္ကုန္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္-ျပည္ေလအိတ္အဆန္အထူးရထားသည္ ေဖေဖာ္ဝါရီ ၁၂ရက္တြင္ ရန္ကုန္ဘူတာမွ ေန႔လည္ (၁)နာရီအခ်ိန္တြင္ ထြက္ခြာ၍ ည (၈)နာရီ (၅၅)မိနစ္တြင္ ဆိုက္ေရာက္မည္ျဖစ္ၿပီး ျပည္-ရန္ကုန္ ေလအိတ္အစုန္အထူးရထားသည္ ေဖေဖာ္ဝါရီ ၁၇ရက္တြင္ ျပည္ဘူတာမွ ည(၁၀)နာရီ ခြဲအခ်ိန္တြင္ ထြက္ခြာ၍ ရန္ကုန္ဘူတာသို႔ နံနက္ (၆)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအထူးရထားမ်ား၏ လက္မွတ္ခႏႈန္းထားႏွင့္ ရပ္တန႔္မည့္ဘူတာမ်ားမွာ ေန႔စဥ္ပုံမွန္ ေျပးဆြဲေပးလ်က္ရွိသည့္ ရထားမ်ားအတိုင္းျဖစ္ၿပီး အဆင္ေျပစြာ သြားလာႏိုင္ေရးအတြက္ အထက္တန္းလက္မွတ္ကို ၃ ရက္ ႀကိဳတင္၍လည္းေကာင္း၊ ႐ိုး႐ိုးတန္းလက္မွတ္ကို ၁ ရက္ ႀကိဳတင္၍လည္းေကာင္း သက္ဆိုင္ရာဘူတာမ်ားတြင္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္ လမ္းပိုင္းအတြင္း ေျပးဆြဲလ်က္ရွိသည့္ ပုံမွန္ရထားမ်ားႏွင့္ အထူးရထားမ်ားအတြက္ Online မွ လက္မွတ္ေရာင္းခ်ျခင္းႏွင့္ ေငြေပးေခ်ျခင္း (Online Railway Ticketing and Payment System - ORTP) စနစ္ျဖင့္ ႀကိဳတင္ဝယ္ယူႏိုင္ၿပီး ခရီးစဥ္အစအဆုံး ဘူတာမ်ားအတြက္ ၇ ရက္ႏွင့္ ၾကားဘူတာမ်ားအတြက္ ၃ ရက္ ႀကိဳတင္၍ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္းလည္း ျမန္မာ့မီရထားမွ အသိေပးထားသည္။