တရုတ်ပြည်မှာ စစ်တပ်ဟာ Institution လား Industry လား.... (အတွေးအမြင် သုံးသပ်ဆောင်းပါး)

275

Htay Oung(NP News)-ဇန်နဝါရီ-၆
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗဟိုစစ်ကော်မရှင် CMC ဗိုလ်ချုပ်ကြီးများကို ရာထူးမှ ဖယ်ရှားလိုက်နဲ့အတွက် သမ္မတကို တရုတ်စစ်တပ်က ပုန်ကန်နေပြီဖြစ်ကြောင်း၊ ပေကျင်းမြို့တွင်း ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ယခုရက်ပိုင်း လူမှုကွန်ရက်မှာ မြန်မာဘာသာနဲ့ ရေးသားမှုများ တွေ့ရှိရပါတယ်။
ယူနန်- ရှန်ဟိုင်းနဲ့ ပေကျင်းမှာ ပုံမှန်အတိုင်း ရှိနေပြီး ဇန်ဝါရီ နောက်ဆုံးပတ်မှ ဖေဖော်ဝါရီ ၃-ရက်နေ့ထိ ယူ ကေ၊ ဥရုဂွေး၊ အဇာဘိုင်ဂျန်၊ ဗီယက်နမ်၊ ရုရှားတို့မှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရထိပ်တန်းပုဂ္ဂိုလ်များ၊ အမျိုးသားလုံခြုံရေးအကြံပေးများက တရုတ်ပြည်ကို ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်နဲ့ ကမ္ဘာ့နိုင်ငံများပါဝင်တဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးကို ယခုလာမယ့် ဖေဖော်ဝါရီ ၁၀-ရက်နေ့မှ နိုဝင်ဘာလအထိ ရှန်ကျန်းမြို့မှာ အပိုင်းလိုက်ခွဲပြီး ကျင်းပဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်မကြီးမှာ ပုံမှန်အတိုင်း ရှိနေကြောင်း ထင်ရှားတယ်။
ဒါပေမဲ့ ကျွန်တော်တို့ အွန်လိုင်း စကရကတွေကတော့ မရဘူး။- တရုတ်မှာ ပြည်တွင်းစစ် စတင်နေခြင်းမှ တစ်ပြား မလျော့ပါ။ သူတို့ပြောသလိုမျိုး တရုတ်ကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဝေဖန်သုံးသပ်နေတဲ့ ကမ္ဘာ့သတင်းမီဒီယာကြီးများရဲ့ ဘယ် တရုတ်အရေး ကျွမ်းကျင်သူမျှ အဲ့ဒီလို မပြောကြ မရေးကြပါ။
ဒါပေမဲ့ သမ္မတရှီကျင့်ဖျင်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အကြီးတန်းကွပ်ကဲမှုအဖွဲ့များအကြား သိသာထင်ရှားတဲ့ အသံတိတ် ပွတ်တိုက်မှုများ ရှိနေပုံရကြောင်း၊ ၂၀၂၄-၂၀၂၆ ခုနှစ်များအတွင်း အကြီးတန်းဗိုလ်ချုပ်ကြီးများကို ဖယ်ရှားခြင်းအပါအဝင် မကြာသေးမီက ပြင်းထန်တဲ့ ထုတ်ပယ်မှုများဟာ တရုတ်ပြည်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ၂၀၁၇-ခုနှစ် စစ်ရေး အသင့်ဖြစ်မှု၊ သစ္စာစောင့်သိမှု၊ တွန့်ဆုတ်မှုများကို ပြင်ဆင်ခြင်း၊ မဟာဗျူဟာ ရေးရာတို့မှာ တင်းမာမှုများ ရှိနေကြောင်း ညွှန်ပြနေတယ်လို့ ပြောကြ ရေးကြပါတယ်။ အဲ့ဒါတွေ အားလုံးဟာ ထင်ကြေးပေးမှုသာ ဖြစ်ပြီး ဘာအထောက်အထားမှ မရှိပါ။
ကျွန်တော် ကိုယ်တိုင် မကြာသေးခင် နှစ်များအထိ ဟောင်ကောင်-ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအတွင်း အသက်မွေးအလုပ်အရ နှစ် (၂၀) မျှ သွားလာဝင်ထွက်နေခဲ့သူ ဖြစ်ပါတယ်။ ရောက်ရာနေရာမှာ ဒေသခံတို့နဲ့ ရင်းနှီးစွာ စကားပြောဆိုခွင့် ရရှိအောင် ကြိုးစားခဲ့ပါတယ်။ တရုတ်ပြည်မကြီးနဲ့ အာရှ ပစိဖိတ်ဒေသအပါအဝင် နိုင်ငံတကာ စစ်ရေး-စီးပွားရေး-နိုင်ငံရေးသတင်းများကို အချိန်နဲ့ တပြေးညီ ဘာသာပြန် ဖော်ပြနေသူဖြစ်ပါတယ်။
တရုတ်ပြည်မှာ PLA နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် ဖြစ်နိုင်ခြေဟာ “သုံည” ဖြစ်ပါတယ်။ တကယ်တော့ တရုတ်ပြည်ကို ရှီကျင့်ဖျင် အစိုးရက အုပ်ချုပ်နေခြင်း မဟုတ်ပဲ တရုတ်ကွန်မြူနစ်ပါတီ CCP က အုပ်ချုပ်နေပါတယ်။ အမေရိကန်-ဥရောပနဲ့ ကမ္ဘာအရပ်ရပ်မှာ ခေါင်းဆောင်ပြောင်းသွားရင် နိင်ငံခြားရေးအစ မူဝါဒ ပြောင်းလဲသွား ပေမယ့် တရုတ်မှာ မပြောင်းပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝါဒဟာ
-မက်စ် လီနင်ဝါဒအခြေခံတယ်
-မော်စီတုန်းအတွေးအခေါ်
-တိန့်ရှောင်ဖိန် သီအိုရီ
-ကျန်ဇီမင်းရဲ့ ကိုယ်စားပြုမှု ၃ရပ်
-ဟူဂျင်းတောင်ရဲ့ သိပ္ပံနည်းကျ တိုးတက်တဲ့ အမြင်သဘောထား
-လက်ရှိ ရှီကျင့်ဖျင်ရဲ့ တရုတ်ပုံစံ ဆိုရှယ်လစ်အတွေးအခေါ်များက နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။
ဒီလိုဖြစ်လာရခြင်းဟာ မော်စီတုန်းမှ ယနေ့အထိ (က) ကွန်မြူနစ်ပါတီသင်တန်းကျောင်း (ခ) ကေဒါမွေးမြူ လေ့ကျင့်ရေး (ဂ) ပါတီဝင်တိုင်း မဖြစ်မနေလေ့လာရတဲ့ ဆောင်ရွက်ရတဲ့ ကဏ္ဍများ (ဃ) ပါတီတွင်း သမိုင်းမှတ်တမ်း အထောက်အထားများက အလွန်သိပ်သည်းစွာ ထောက်ကူပေးနေတယ်။
အဲ့ဒါကို CMC ဗိုလ်ချုပ်ကြီး ၃ ဦးကို ဖယ်ရှားရုံနဲ့ ရှီကျင့်ဖျင်လက်တွင်း အလုံးစုံ အာဏာ မရရှိနိုင်ပါ၊ ဩဇာကျယ်ပြန့်လာရုံသာဖြစ်ပြီး တရုတ်စစ်တပ်တည်ဆောက်မှုမှာ ဘာဆုတ်ယုတ်မှုမှ မဖြစ်ပါ။
ဆိုလိုတာ တရုတ်ပြည်မှာ စစ်တပ်ဟာ Institution မဟုတ်ပဲ Industry ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပါ၊
ဂျပန်နိုင်ငံမှာ မေဂျီဘုရင်ပြုပြင်ပြောင်းလဲရေးခေတ် ၁၈၆၈ ခုနှစ်အထိ အင်ပါယာအရှင် ရှိပေမယ့် ရှိုးဂန်း စစ်ဘုရင်များနဲ့ ဆာမူရိုင်းတို့ဟာ institution ဖြစ်နေတယ်။
မေဂျီဘုရင်ဟာ ရှိုးဂန်းနဲ့ ဆာမူရိုင်းတွေကို ပထမစစ်တိုက်ပြီး အနိုင်ယူတယ်၊၊ နောက် ဒါးတွေ သိမ်းတာမျိုး အပါအဝင် ဥပဒေစည်းကမ်းတွေ ထုတ်ပြန်ပြီး ရှိုဂန်းနဲ့ ဆာမူရိုင်းတွေကို industry အဖြစ် ဂျပန်လူ့အဖွဲ့အစည်း အတွင်း သွတ်သွင်းလိုက်တယ်၊၊ ဒီနေ့ မစ်ဆူဘီရှီ Mitsubishi အပါအဝင် စီးပွားရေးကုမ္ပဏီကြီးအချို့ဟာ တစ်ချိန်က ရှိုးဂန်းနဲ့ ဆာမူရိုင်းတွေပါ။ အဲ့ဒါမျိုး တရုတ်ပြည်မှာ လုပ်စရာ မလိုပါ။
တစ်ဆက်တည်း မြန်မာ့တပ်မတော်ဟာ Institution လား Industry လား၊ တပ်မတော်ရဲ့ NCA နဲ့ ယမန်နေ့ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် အကြံပေးကောင်စီဟာ ဘာကို ရည်ရွယ်ဟန် တူပါသလဲ အသေးစိတ်ရေးချင်ပါသေးတယ်။
.

Zawgyi Version:
တ႐ုတ္ျပည္မွာ စစ္တပ္ဟာ Institution လား Industry လား....
(အေတြးအျမင္ သုံးသပ္ေဆာင္းပါး)
Htay Oung(NP News)-ဇန္နဝါရီ-၆
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ဗဟိုစစ္ေကာ္မရွင္ CMC ဗိုလ္ခ်ဳပ္ႀကီးမ်ားကို ရာထူးမွ ဖယ္ရွားလိုက္နဲ႔အတြက္ သမၼတကို တ႐ုတ္စစ္တပ္က ပုန္ကန္ေနၿပီျဖစ္ေၾကာင္း၊ ေပက်င္းၿမိဳ႕တြင္း ပစ္ခတ္မႈမ်ားျဖစ္ပြားေနေၾကာင္း ယခုရက္ပိုင္း လူမႈကြန္ရက္မွာ ျမန္မာဘာသာနဲ႔ ေရးသားမႈမ်ား ေတြ႕ရွိရပါတယ္။
ယူနန္- ရွန္ဟိုင္းနဲ႔ ေပက်င္းမွာ ပုံမွန္အတိုင္း ရွိေနၿပီး ဇန္ဝါရီ ေနာက္ဆုံးပတ္မွ ေဖေဖာ္ဝါရီ ၃-ရက္ေန႔ထိ ယူ ေက၊ ဥ႐ုေဂြး၊ အဇာဘိုင္ဂ်န္၊ ဗီယက္နမ္၊ ႐ုရွားတို႔မွ ႏိုင္ငံ့အႀကီးအကဲမ်ား၊ အစိုးရထိပ္တန္းပုဂၢိဳလ္မ်ား၊ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးမ်ားက တ႐ုတ္ျပည္ကို ေရာက္ရွိလာခဲ့ေၾကာင္း၊ တ႐ုတ္နဲ႔ ကမာၻ႔ႏိုင္ငံမ်ားပါဝင္တဲ့ အာရွ-ပစိဖိတ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ APEC အစည္းအေဝးကို ယခုလာမယ့္ ေဖေဖာ္ဝါရီ ၁၀-ရက္ေန႔မွ ႏိုဝင္ဘာလအထိ ရွန္က်န္းၿမိဳ႕မွာ အပိုင္းလိုက္ခြဲၿပီး က်င္းပဖို႔ ရွိေနပါတယ္။ ဒါ့ေၾကာင့္ တ႐ုတ္ျပည္မႀကီးမွာ ပုံမွန္အတိုင္း ရွိေနေၾကာင္း ထင္ရွားတယ္။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ အြန္လိုင္း စကရကေတြကေတာ့ မရဘူး။- တ႐ုတ္မွာ ျပည္တြင္းစစ္ စတင္ေနျခင္းမွ တစ္ျပား မေလ်ာ့ပါ။ သူတို႔ေျပာသလိုမ်ိဳး တ႐ုတ္ကို အခ်ိန္ျပည့္ေစာင့္ၾကည့္ေနၿပီး ေဝဖန္သုံးသပ္ေနတဲ့ ကမာၻ႔သတင္းမီဒီယာႀကီးမ်ားရဲ႕ ဘယ္ တ႐ုတ္အေရး ကြၽမ္းက်င္သူမွ် အဲ့ဒီလို မေျပာၾက မေရးၾကပါ။
ဒါေပမဲ့ သမၼတရွီက်င့္ဖ်င္နဲ႔ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) အႀကီးတန္းကြပ္ကဲမႈအဖြဲ႕မ်ားအၾကား သိသာထင္ရွားတဲ့ အသံတိတ္ ပြတ္တိုက္မႈမ်ား ရွိေနပုံရေၾကာင္း၊ ၂၀၂၄-၂၀၂၆ ခုႏွစ္မ်ားအတြင္း အႀကီးတန္းဗိုလ္ခ်ဳပ္ႀကီးမ်ားကို ဖယ္ရွားျခင္းအပါအဝင္ မၾကာေသးမီက ျပင္းထန္တဲ့ ထုတ္ပယ္မႈမ်ားဟာ တ႐ုတ္ျပည္ရဲ႕ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး၊ ထိုင္ဝမ္နဲ႔ပတ္သက္ၿပီး ၂၀၁၇-ခုႏွစ္ စစ္ေရး အသင့္ျဖစ္မႈ၊ သစၥာေစာင့္သိမႈ၊ တြန႔္ဆုတ္မႈမ်ားကို ျပင္ဆင္ျခင္း၊ မဟာဗ်ဴဟာ ေရးရာတို႔မွာ တင္းမာမႈမ်ား ရွိေနေၾကာင္း ၫႊန္ျပေနတယ္လို႔ ေျပာၾက ေရးၾကပါတယ္။ အဲ့ဒါေတြ အားလုံးဟာ ထင္ေၾကးေပးမႈသာ ျဖစ္ၿပီး ဘာအေထာက္အထားမွ မရွိပါ။
ကြၽန္ေတာ္ ကိုယ္တိုင္ မၾကာေသးခင္ ႏွစ္မ်ားအထိ ေဟာင္ေကာင္-ထိုင္ဝမ္နဲ႔ တ႐ုတ္ျပည္မႀကီးအတြင္း အသက္ေမြးအလုပ္အရ ႏွစ္ (၂၀) မွ် သြားလာဝင္ထြက္ေနခဲ့သူ ျဖစ္ပါတယ္။ ေရာက္ရာေနရာမွာ ေဒသခံတို႔နဲ႔ ရင္းႏွီးစြာ စကားေျပာဆိုခြင့္ ရရွိေအာင္ ႀကိဳးစားခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီးနဲ႔ အာရွ ပစိဖိတ္ေဒသအပါအဝင္ ႏိုင္ငံတကာ စစ္ေရး-စီးပြားေရး-ႏိုင္ငံေရးသတင္းမ်ားကို အခ်ိန္နဲ႔ တေျပးညီ ဘာသာျပန္ ေဖာ္ျပေနသူျဖစ္ပါတယ္။
တ႐ုတ္ျပည္မွာ PLA ႏွစ္ျခမ္းကြဲၿပီး ျပည္တြင္းစစ္ ျဖစ္ႏိုင္ေျခဟာ “သုံည” ျဖစ္ပါတယ္။ တကယ္ေတာ့ တ႐ုတ္ျပည္ကို ရွီက်င့္ဖ်င္ အစိုးရက အုပ္ခ်ဳပ္ေနျခင္း မဟုတ္ပဲ တ႐ုတ္ကြန္ျမဴနစ္ပါတီ CCP က အုပ္ခ်ဳပ္ေနပါတယ္။ အေမရိကန္-ဥေရာပနဲ႔ ကမာၻအရပ္ရပ္မွာ ေခါင္းေဆာင္ေျပာင္းသြားရင္ နိင္ငံျခားေရးအစ မူဝါဒ ေျပာင္းလဲသြား ေပမယ့္ တ႐ုတ္မွာ မေျပာင္းပါ။ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ဝါဒဟာ
-မက္စ္ လီနင္ဝါဒအေျခခံတယ္
-ေမာ္စီတုန္းအေတြးအေခၚ
-တိန႔္ေရွာင္ဖိန္ သီအိုရီ
-က်န္ဇီမင္းရဲ႕ ကိုယ္စားျပဳမႈ ၃ရပ္
-ဟူဂ်င္းေတာင္ရဲ႕ သိပၸံနည္းက် တိုးတက္တဲ့ အျမင္သေဘာထား
-လက္ရွိ ရွီက်င့္ဖ်င္ရဲ႕ တ႐ုတ္ပုံစံ ဆိုရွယ္လစ္အေတြးအေခၚမ်ားက နက္ရႈိင္းစြာ အျမစ္တြယ္ေနပါတယ္။
ဒီလိုျဖစ္လာရျခင္းဟာ ေမာ္စီတုန္းမွ ယေန႔အထိ (က) ကြန္ျမဴနစ္ပါတီသင္တန္းေက်ာင္း (ခ) ေကဒါေမြးျမဴ ေလ့က်င့္ေရး (ဂ) ပါတီဝင္တိုင္း မျဖစ္မေနေလ့လာရတဲ့ ေဆာင္႐ြက္ရတဲ့ က႑မ်ား (ဃ) ပါတီတြင္း သမိုင္းမွတ္တမ္း အေထာက္အထားမ်ားက အလြန္သိပ္သည္းစြာ ေထာက္ကူေပးေနတယ္။
အဲ့ဒါကို CMC ဗိုလ္ခ်ဳပ္ႀကီး ၃ ဦးကို ဖယ္ရွား႐ုံနဲ႔ ရွီက်င့္ဖ်င္လက္တြင္း အလုံးစုံ အာဏာ မရရွိႏိုင္ပါ၊ ဩဇာက်ယ္ျပန္႔လာ႐ုံသာျဖစ္ၿပီး တ႐ုတ္စစ္တပ္တည္ေဆာက္မႈမွာ ဘာဆုတ္ယုတ္မႈမွ မျဖစ္ပါ။
ဆိုလိုတာ တ႐ုတ္ျပည္မွာ စစ္တပ္ဟာ Institution မဟုတ္ပဲ Industry ရဲ႕ ေသးငယ္တဲ့ အစိတ္အပိုင္းတစ္ခုပါ၊
ဂ်ပန္ႏိုင္ငံမွာ ေမဂ်ီဘုရင္ျပဳျပင္ေျပာင္းလဲေရးေခတ္ ၁၈၆၈ ခုႏွစ္အထိ အင္ပါယာအရွင္ ရွိေပမယ့္ ရႈိးဂန္း စစ္ဘုရင္မ်ားနဲ႔ ဆာမူ႐ိုင္းတို႔ဟာ institution ျဖစ္ေနတယ္။
ေမဂ်ီဘုရင္ဟာ ရႈိးဂန္းနဲ႔ ဆာမူ႐ိုင္းေတြကို ပထမစစ္တိုက္ၿပီး အႏိုင္ယူတယ္၊၊ ေနာက္ ဒါးေတြ သိမ္းတာမ်ိဳး အပါအဝင္ ဥပေဒစည္းကမ္းေတြ ထုတ္ျပန္ၿပီး ရႈိဂန္းနဲ႔ ဆာမူ႐ိုင္းေတြကို industry အျဖစ္ ဂ်ပန္လူ႔အဖြဲ႕အစည္း အတြင္း သြတ္သြင္းလိုက္တယ္၊၊ ဒီေန႔ မစ္ဆူဘီရွီ Mitsubishi အပါအဝင္ စီးပြားေရးကုမၸဏီႀကီးအခ်ိဳ႕ဟာ တစ္ခ်ိန္က ရႈိးဂန္းနဲ႔ ဆာမူ႐ိုင္းေတြပါ။ အဲ့ဒါမ်ိဳး တ႐ုတ္ျပည္မွာ လုပ္စရာ မလိုပါ။
တစ္ဆက္တည္း ျမန္မာ့တပ္မေတာ္ဟာ Institution လား Industry လား၊ တပ္မေတာ္ရဲ႕ NCA နဲ႔ ယမန္ေန႔ ဖြဲ႕စည္းလိုက္တဲ့ ႏိုင္ငံေတာ္ အႀကံေပးေကာင္စီဟာ ဘာကို ရည္႐ြယ္ဟန္ တူပါသလဲ အေသးစိတ္ေရးခ်င္ပါေသးတယ္။
.