Myanmar Star သီချင်းဆိုပြိုင်ပွဲတွင် Host လုပ်ကာ ဝေဖန်ခံနေရသူ အောင်ခန့်ပိုင် ခံဝန်ထိုးရ

1428
ထိုက်စံ(NP News)-ဖေဖော်ဝါရီ ၆
Myanmar Star သီချင်းဆိုပြိုင်ပွဲတွင် Host လုပ်ကာ ဝေဖန်ခံနေရသူ အဆိုတော်အောင်ခန့်ပိုင် ခံဝန်ထိုးထားရကြောင်း မြန်မာနိုင်ငံဂီတ အစည်အရုံး (ဗဟို)က ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
Myanmar Star Season 3 သီချင်းဆိုပြိုင်ပွဲတွင် Host လုပ်ကာ အင်္ဂလိပ်အသံထွက်အမှားများဖြင့်တင်ဆက်ခဲ့ခြင်းနှင့် အစီစဉ်တင်ဆက် ရာတွင် လွဲချော်မှုများကြောင့် အဆိုတော်အောင်ခန့်ပိုင်သည် လူမှုကွန်ယက်တွင် ဝေခံရမှုမြင့်တက်နေသူဖြစ်သည်။
ယင်းသီချင်းဆိုပြိုင်ပွဲ၏ Top 7 Rehearsal အပြီးတွင် Host အဖြစ် အောင်ခန့်ပိုင်က ပြိုင်ပွဲဝင်များနှင့် အပြန်အလှန်စကားပြောစဉ် အင်္ဂလိပ်အသံထွက်အမှားများကြောင့် လူအများ၏ ဝေဖန်မှုကို ခံနေရသူလည်းဖြစ်သည်။
ထို့ပြင် ယခင်ကလည်း အဆိုတော်အောင်ခန့်ပိုင်သည် အင်တာဗျူးများဖြေဆိုရာတွင်လည်း “မသိအုံးဟ” ဟူသော ပြောစကားကြောင့် ဝေဖန်ခံရသူလည်းဖြစ်ကြောင်း သိရသည်။
Zawgyi Version:
Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲတြင္ Host လုပ္ကာ ေဝဖန္ခံေနရသူ ေအာင္ခန႔္ပိုင္ခံဝန္ထိုးရ
ထိုက္စံ(NP News)-ေဖေဖာ္ဝါရီ ၆
Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲတြင္ Host လုပ္ကာ ေဝဖန္ခံေနရသူ အဆိုေတာ္ေအာင္ခန႔္ပိုင္ ခံဝန္ထိုးထားရေၾကာင္း ျမန္မာႏိုင္ငံဂီတ အစည္အ႐ုံး (ဗဟို)က ယေန႔ (ေဖေဖာ္ဝါရီ ၆ ရက္) တြင္ ထုတ္ျပန္ထားခ်က္အရ သိရသည္။
Myanmar Star Season 3 သီခ်င္းဆိုၿပိဳင္ပြဲတြင္ Host လုပ္ကာ အဂၤလိပ္အသံထြက္အမွားမ်ားျဖင့္တင္ဆက္ခဲ့ျခင္းႏွင့္ အစီစဥ္တင္ဆက္ ရာတြင္ လြဲေခ်ာ္မႈမ်ားေၾကာင့္ အဆိုေတာ္ေအာင္ခန႔္ပိုင္သည္ လူမႈကြန္ယက္တြင္ ေဝခံရမႈျမင့္တက္ေနသူျဖစ္သည္။
ယင္းသီခ်င္းဆိုၿပိဳင္ပြဲ၏ Top 7 Rehearsal အၿပီးတြင္ Host အျဖစ္ ေအာင္ခန႔္ပိုင္က ၿပိဳင္ပြဲဝင္မ်ားႏွင့္ အျပန္အလွန္စကားေျပာစဥ္ အဂၤလိပ္အသံထြက္အမွားမ်ားေၾကာင့္ လူအမ်ား၏ ေဝဖန္မႈကို ခံေနရသူလည္းျဖစ္သည္။
ထို႔ျပင္ ယခင္ကလည္း အဆိုေတာ္ေအာင္ခန႔္ပိုင္သည္ အင္တာဗ်ဴးမ်ားေျဖဆိုရာတြင္လည္း “မသိအုံးဟ” ဟူေသာ ေျပာစကားေၾကာင့္ ေဝဖန္ခံရသူလည္းျဖစ္ေၾကာင္း သိရသည္။