အတင်းအဓမ္မအကြမ်းဖက်၍ ငါးဖမ်းကျားဖောင်ပေါ်သို့ ပို့ဆောင်၍ လုပ်ခများ ခေါင်းပုံဖြတ်သူကို အလုပ် နှင့် ထောင်ဒဏ်ချ

503

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၇
အတင်းအဓမ္မအကြမ်းဖက်၍ ငါးဖမ်းကျားဖောင်ပေါ်သို့ပို့ဆောင်ခဲ့ပြီး လုပ်အားခငွေများ ခေါင်းပုံဖြတ်ရယူသူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဒင်းဆမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော (၃၉ )နှစ် အရွယ်အမျိုးသားသည် ဖျာပုံမြို့နယ် ၊ နောက်မီးကျေးရွာ အုပ်စု၊ အရှေ့ဖျားကျေးရွာသို့ သွားရောက်ရန်ထွက်ခွာ လာခဲ့ရာ ဖျာပုံမြို့သို့အရောက်တွင် (၁၇) ရပ်ကွက်ရှိ ကိုကဏန်း (ခ) လှစိုး ဖွင့်လှစ်ထားသည့်ဆိုင်တွင် ဘီယာသောက်စားပျော်ပါးခဲ့ကြောင်း သိရသည်။
ထို့သို့ ဘီယာသောက်စားပျော်ပါးခဲ့ သည့် (၃၉ )နှစ်အရွယ်ရှိသည့်အမျိုးသားကို ဆိုင်ပိုင်ရှင် ကိုကဏန်း(ခ)လှစိုး ၊ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့မှ ဘီယာသောက်စား ပျော်ပါးခအဖြစ် ငွေ (၁၅) သိန်းကျပ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းငွေကို မပေး နိုင်ပါက ငါးဖမ်းကျားဖောင်တွင် အလုပ်လုပ်ကိုင်ရမည် ဟုပြောသဖြင့် (၃၉ )နှစ် အရွယ် အမျိုးသားမှ မလုပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သောကြောင့် ဆိုင်ပိုင်ရှင်အမျိုးသားတို့မှ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ဖျာပုံမြို့နယ် ကျုံကဒွန်း ကျေးရွာရှိ ငါးဖမ်းကျားဖောင်ပေါ်သို့ အဓမ္မပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၃၉ )နှစ်အရွယ်အမျိုးသားမှာ ကျားဖောင်ပေါ်တွင် (၇) လခန့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရပြီး ရေလုပ်ငန်းရာသီချိန်ပြီးဆုံး၍ ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရေလုပ်ငန်းရှင်မှ လုပ်အားခများ ရှင်းပေးခဲ့ရာ ကိုကဏန်း(ခ)လှစိုး၊ အောင်ပိုင် နှင့် မျိုးမင်းအောင်တို့မှ ငွေကျပ်(၁၀၅၀၀၀၀)ကို ကြိုတင် ထုတ်ယူသွားခဲ့ပြီး ပိုငွေ (၁၄၀၀၀၀)ကျပ်သာပေးခဲ့ကြောင်း သိရသည်။
ထို့သို့ အတင်းအဓမ္မအကြမ်းဖက်၍ ငါးဖမ်းကျားဖောင်ပေါ်သို့ ပို့ဆောင်ခဲ့ပြီး လုပ်အားခငွေများအား ခေါင်းပုံဖြတ် ရယူသွားကြောင်း စိစစ်တွေ့ရှိရသဖြင့် ကိုကဏန်း (ခ) လှစိုး၊ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့အား အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ဖျာပုံ)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဖျာပုံမြို့မရဲစခန်း(ပ)၁၀၄/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၄ ရက်) က ဖျာပုံခရိုင်တရားရုံးမှ ကိုကဏန်း (ခ) လှစိုး ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းမိရန်ကျန်ရှိသူ အောင်ပိုင် နှင့် မျိုးမင်းအောင်တို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အတင္းအဓမၼအၾကမ္းဖက္၍ ငါးဖမ္းက်ားေဖာင္ေပၚသို႔ ပို႔ေဆာင္၍ လုပ္ခမ်ား ေခါင္းပုံျဖတ္သူကို အလုပ္ ႏွင့္ ေထာင္ဒဏ္ခ်
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၇
အတင္းအဓမၼအၾကမ္းဖက္၍ ငါးဖမ္းက်ားေဖာင္ေပၚသို႔ပို႔ေဆာင္ခဲ့ၿပီး လုပ္အားခေငြမ်ား ေခါင္းပုံျဖတ္ရယူသူကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀) ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး ၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ရွိ ဒင္းဆမ္းဆိုင္တြင္ အလုပ္လုပ္ကိုင္ေနေသာ (၃၉ )ႏွစ္ အ႐ြယ္အမ်ိဳးသားသည္ ဖ်ာပုံၿမိဳ႕နယ္ ၊ ေနာက္မီးေက်း႐ြာ အုပ္စု၊ အေရွ႕ဖ်ားေက်း႐ြာသို႔ သြားေရာက္ရန္ထြက္ခြာ လာခဲ့ရာ ဖ်ာပုံၿမိဳ႕သို႔အေရာက္တြင္ (၁၇) ရပ္ကြက္ရွိ ကိုကဏန္း (ခ) လွစိုး ဖြင့္လွစ္ထားသည့္ဆိုင္တြင္ ဘီယာေသာက္စားေပ်ာ္ပါးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ဘီယာေသာက္စားေပ်ာ္ပါးခဲ့ သည့္ (၃၉ )ႏွစ္အ႐ြယ္ရွိသည့္အမ်ိဳးသားကို ဆိုင္ပိုင္ရွင္ ကိုကဏန္း(ခ)လွစိုး ၊ ေအာင္ပိုင္ႏွင့္ မ်ိဳးမင္းေအာင္တို႔မွ ဘီယာေသာက္စား ေပ်ာ္ပါးခအျဖစ္ ေငြ (၁၅) သိန္းက်ပ္ေပးရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ယင္းေငြကို မေပး ႏိုင္ပါက ငါးဖမ္းက်ားေဖာင္တြင္ အလုပ္လုပ္ကိုင္ရမည္ ဟုေျပာသျဖင့္ (၃၉ )ႏွစ္ အ႐ြယ္ အမ်ိဳးသားမွ မလုပ္ႏိုင္ေၾကာင္း ျငင္းဆန္ခဲ့ေသာေၾကာင့္ ဆိုင္ပိုင္ရွင္အမ်ိဳးသားတို႔မွ ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၿပီး ဖ်ာပုံၿမိဳ႕နယ္ က်ဳံကဒြန္း ေက်း႐ြာရွိ ငါးဖမ္းက်ားေဖာင္ေပၚသို႔ အဓမၼပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၃၉ )ႏွစ္အ႐ြယ္အမ်ိဳးသားမွာ က်ားေဖာင္ေပၚတြင္ (၇) လခန႔္ ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္ခဲ့ရၿပီး ေရလုပ္ငန္းရာသီခ်ိန္ၿပီးဆုံး၍ ကမ္းေပၚသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး ေရလုပ္ငန္းရွင္မွ လုပ္အားခမ်ား ရွင္းေပးခဲ့ရာ ကိုကဏန္း(ခ)လွစိုး၊ ေအာင္ပိုင္ ႏွင့္ မ်ိဳးမင္းေအာင္တို႔မွ ေငြက်ပ္(၁၀၅၀၀၀၀)ကို ႀကိဳတင္ ထုတ္ယူသြားခဲ့ၿပီး ပိုေငြ (၁၄၀၀၀၀)က်ပ္သာေပးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ အတင္းအဓမၼအၾကမ္းဖက္၍ ငါးဖမ္းက်ားေဖာင္ေပၚသို႔ ပို႔ေဆာင္ခဲ့ၿပီး လုပ္အားခေငြမ်ားအား ေခါင္းပုံျဖတ္ ရယူသြားေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ကိုကဏန္း (ခ) လွစိုး၊ ေအာင္ပိုင္ႏွင့္ မ်ိဳးမင္းေအာင္တို႔အား အမွတ္(၃)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စိတ္(ဖ်ာပုံ)မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
၎တို႔အား ဖ်ာပုံၿမိဳ႕မရဲစခန္း(ပ)၁၀၄/ ၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၆/၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၄ ရက္) က ဖ်ာပုံခ႐ိုင္တရား႐ုံးမွ ကိုကဏန္း (ခ) လွစိုး ကို လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးဥပေဒ ပုဒ္မ ၃၈ (ခ) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းမိရန္က်န္ရွိသူ ေအာင္ပိုင္ ႏွင့္ မ်ိဳးမင္းေအာင္တို႔အား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။