လက်ရှိအဆင့်မျိုးဖြင့် နျူကလီးယားဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ဟု တရုတ်အစိုးရပြော

450

Pika(NP News)-ဖေဖော်ဝါရီ ၇
လက်ရှိအဆင့်မျိုးဖြင့် နျူကလီးယားဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား New START စာချုပ်က သက်တမ်းကုန်ဆုံးသွားမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာလက်နက်ပြိုင်ဆိုင်မှုများအပေါ် စိုးရိမ်မှုများမြင့်တက်လာချိန်တွင် တရုတ်က ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်-ရုရှား New START စာချုပ် သက်တမ်းကုန်ဆုံးသွားမှုက တရုတ်နိုင်ငံအား ၎င်း၏ကိုယ်ပိုင်လက်နက်တိုက်ကို တိုးချဲ့ရန် တွန်းအားပေးသွားနိုင်ဖွယ်ရှိကြောင်း လှုပ်ရှားတက်ကြွသူများက သတိပေးပြောဆိုခဲ့သည်။ထို့ပြင် မည်သည့်နျူကလီးယားသဘောတူညီချက်အသစ်တွင်မဆို တရုတ်နိုင်ငံပါဝင်ရမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သော်လည်း ဆွေးနွေးပွဲများတွင်ပါဝင်ရန် တရုတ်အားတွန်းအားပေးသည့် နိုင်ငံတကာ၏ကြိုးပမ်းမှုများမှာ လက်ရှိအချိန်အထိ အောင်မြင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီယန်က”လက်နက်ထိန်းချုပ်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာကိစ္စရပ်တွေဟာ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက်တည်ငြိမ်မှု ထိန်းသိမ်းမှုဆိုင်ရာမူတွေကို လိုက်နာရမယ်ဆိုတာကို တရုတ်ဘက်က အမြဲတမ်းအခိုင်အမာပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်တွေဟာ အမေရိကန်နဲ့ရုရှားတို့ရဲ့ စွမ်းရည်တွေနဲ့ လုံးဝကွဲပြားတဲ့ အတိုင်းအတာမှာရှိနေတာဖြစ်ပြီး ဒီအဆင့်မျိုးနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှာမဟုတ်ပါဘူး။”ဟုပြောဆိုခဲ့သည်။ နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် New STARTကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးရန် ရုရှားဘက်က ကမ်းလှမ်းချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်ပြောဆိုခြင်းမျိုးမရှိခဲ့မှုနှင့်အတူ စာချုပ်မှာ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် တရားဝင်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
လက္ရွိအဆင့္မ်ိဳးျဖင့္ န်ဴကလီးယားေဆြးေႏြးပြဲမ်ားတြင္ ပါဝင္မည္မဟုတ္ဟု တ႐ုတ္အစိုးရေျပာ
Pika(NP News)-ေဖေဖာ္ဝါရီ ၇
လက္ရွိအဆင့္မ်ိဳးျဖင့္ န်ဴကလီးယားေဆြးေႏြးပြဲမ်ားတြင္ ပါဝင္မည္မဟုတ္ေၾကာင္း တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အေမရိကန္-႐ုရွား New START စာခ်ဳပ္က သက္တမ္းကုန္ဆုံးသြားမႈႏွင့္အတူ ကမာၻလုံးဆိုင္ရာလက္နက္ၿပိဳင္ဆိုင္မႈမ်ားအေပၚ စိုးရိမ္မႈမ်ားျမင့္တက္လာခ်ိန္တြင္ တ႐ုတ္က ယခုကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္-႐ုရွား New START စာခ်ဳပ္ သက္တမ္းကုန္ဆုံးသြားမႈက တ႐ုတ္ႏိုင္ငံအား ၎၏ကိုယ္ပိုင္လက္နက္တိုက္ကို တိုးခ်ဲ႕ရန္ တြန္းအားေပးသြားႏိုင္ဖြယ္ရွိေၾကာင္း လႈပ္ရွားတက္ႂကြသူမ်ားက သတိေပးေျပာဆိုခဲ့သည္။ထို႔ျပင္ မည္သည့္န်ဴကလီးယားသေဘာတူညီခ်က္အသစ္တြင္မဆို တ႐ုတ္ႏိုင္ငံပါဝင္ရမည္ျဖစ္ေၾကာင္း အေမရိကန္က ေျပာဆိုခဲ့ေသာ္လည္း ေဆြးေႏြးပြဲမ်ားတြင္ပါဝင္ရန္ တ႐ုတ္အားတြန္းအားေပးသည့္ ႏိုင္ငံတကာ၏ႀကိဳးပမ္းမႈမ်ားမွာ လက္ရွိအခ်ိန္အထိ ေအာင္ျမင္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ လင္ဂ်ီယန္က”လက္နက္ထိန္းခ်ဳပ္ေရးနဲ႔ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာကိစၥရပ္ေတြဟာ ကမာၻလုံးဆိုင္ရာမဟာဗ်ဴဟာေျမာက္တည္ၿငိမ္မႈ ထိန္းသိမ္းမႈဆိုင္ရာမူေတြကို လိုက္နာရမယ္ဆိုတာကို တ႐ုတ္ဘက္က အၿမဲတမ္းအခိုင္အမာေျပာဆိုခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံရဲ႕ န်ဴကလီးယားစြမ္းရည္ေတြဟာ အေမရိကန္နဲ႔႐ုရွားတို႔ရဲ႕ စြမ္းရည္ေတြနဲ႔ လုံးဝကြဲျပားတဲ့ အတိုင္းအတာမွာရွိေနတာျဖစ္ၿပီး ဒီအဆင့္မ်ိဳးနဲ႔ န်ဴကလီးယားလက္နက္ဖ်က္သိမ္းေရးေဆြးေႏြးပြဲေတြမွာ ပါဝင္မွာမဟုတ္ပါဘူး။”ဟုေျပာဆိုခဲ့သည္။ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ New STARTကို ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးရန္ ႐ုရွားဘက္က ကမ္းလွမ္းခ်က္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တုံ႔ျပန္ေျပာဆိုျခင္းမ်ိဳးမရွိခဲ့မႈႏွင့္အတူ စာခ်ဳပ္မွာ ေဖေဖာ္ဝါရီလ(၅)ရက္ေန႔တြင္ တရားဝင္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္ေၾကာင္းလည္းသိရသည္။