ရှမ်းပြည်နယ်အတွင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်တည်ဆောက်ရန်အတွက် ငွေကျပ် (၁၄၀) ဘီလျံ ကျော် ခွဲဝေပေးခဲ့

117

စိမ့်စမ်းရေ (NP News) -ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်အတွင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်တည်ဆောက်ရန်အတွက် ငွေကျပ် (၁၄၀) ဘီလျံ ကျော် ခွဲဝေပေးခဲ့ကြောင်း ရှမ်းပြည်နယ်နေ့အခမ်းအနားအတွက် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးပို့သော သဝဏ်လွှာအရ သိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အချိန်တိုကာလအတွင်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးဖြစ်ပွားမှု တို့ကြောင့် ကြုံတွေ့လာရသည့် ထိခိုက်ပျက်စီးမှုများကိုလည်း ငွေကြေးဘီလျံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေးလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။
ဤကဲ့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၁၄၇ ဘီလျံကျော် ခွဲဝေချထားပေးခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ခွဲဝေချထားပေးကာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက် ပေးလျက် ရှိကြောင်းလည်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ဆည်မြောင်း တာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေး ကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံနှင့် အလုပ်ရုံ၊ ရုံးအဆောက်အအုံစသည့် အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှုမှာ ငွေကျပ် (၄၇၇၉) ဘီလျံကျော်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်၏အချက်အလက်များအရ သိရသည်။
ထို့ပြင် လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ် ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစာသင် ကျောင်းများ၊ ဆေးရုံနှင့် ဆေးခန်းများ၊ စိုက်ပျိုးသီးနှံ များအစရှိသည့် ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ် ဘီလျံ (၃၂၀ဝ)ကျော် ဖြစ်သည့်အတွက် စုစုပေါင်း ဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလျံ (၇၉၇၉)ကျော် အမေရိကန်ဒေါ်လာသန်း (၃၈၀ဝ) ခန့် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္အတြင္း ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား ျပန္လည္တည္ေဆာက္ရန္အတြက္ ေငြက်ပ္ (၁၄၀) ဘီလ်ံ ေက်ာ္ ခြဲေဝေပးခဲ့
စိမ့္စမ္းေရ (NP News) -ေဖေဖာ္ဝါရီ ၇
ရွမ္းျပည္နယ္အတြင္း ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား ျပန္လည္တည္ေဆာက္ရန္အတြက္ ေငြက်ပ္ (၁၄၀) ဘီလ်ံ ေက်ာ္ ခြဲေဝေပးခဲ့ေၾကာင္း ရွမ္းျပည္နယ္ ေန႔အခမ္းအနားအတြက္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္မွ ေပးပို႔ေသာ သဝဏ္လႊာအရ သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ ျပည္ေထာင္စုႀကီးတစ္ခုလုံး ေအးခ်မ္းသာယာေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို အခ်ိန္တိုကာလအတြင္း အားသြန္ခြန္စိုက္ႀကိဳးပမ္းေဆာင္႐ြက္ရသကဲ့သို႔ ျပည္တြင္းလက္နက္ ကိုင္ပဋိပကၡမ်ား၊ ဆူပူအၾကမ္းဖက္မႈမ်ားႏွင့္ သဘာဝေဘးျဖစ္ပြားမႈ တို႔ေၾကာင့္ ႀကဳံေတြ႕လာရသည့္ ထိခိုက္ပ်က္စီးမႈမ်ားကိုလည္း ေငြေၾကးဘီလ်ံေပါင္းမ်ားစြာက်ခံၿပီး ျပန္လည္တည္ေဆာက္ေပးလ်က္ရွိေၾကာင္း ထည့္သြင္းေဖာ္ျပထားသည္။
ဤကဲ့သို႔ေဆာင္႐ြက္ရာတြင္ ရွမ္းျပည္နယ္အတြင္း ၂၀၂၅ ခုႏွစ္ မတ္လ ၂၈ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ အစိုးရ႐ုံးဌာနအေဆာက္အအုံမ်ား၊ ဝန္ထမ္းအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အအုံမ်ားႏွင့္ ေစတီပုထိုးမ်ား၊ ေဆး႐ုံမ်ား၊ ေက်ာင္းမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ား ျပန္လည္တည္ေဆာက္ႏိုင္ေရးအတြက္ ေငြက်ပ္ ၁၄၇ ဘီလ်ံေက်ာ္ ခြဲေဝခ်ထားေပးခဲ့ေၾကာင္းလည္း သိရသည္။
ထိုသို႔ ခြဲေဝခ်ထားေပးကာ သက္ဆိုင္ရာဌာနမ်ားမွ ကြၽမ္းက်င္ပညာရွင္မ်ား ဦးေဆာင္ေစလ်က္ ေဆာင္႐ြက္ ေပးလ်က္ ရွိေၾကာင္းလည္း သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ဆည္ေျမာင္း တာတမံ၊ လမ္းတံတား၊ ပညာေရးက႑၊ က်န္းမာေရး က႑၊ ရထားပို႔ေဆာင္ေရးက႑၊ လွ်ပ္စစ္က႑၊ စြမ္းအင္က႑၊ ဆက္သြယ္ေရးက႑၊ သာသနာေရး က႑၊ ယဥ္ေက်းမႈက႑၊ အစိုးရစက္႐ုံႏွင့္ အလုပ္႐ုံ၊ ႐ုံးအေဆာက္အအုံစသည့္ အစိုးရက႑ပ်က္စီး ဆုံးရႈံးမႈမွာ ေငြက်ပ္ (၄၇၇၉) ဘီလ်ံေက်ာ္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ မရွင္၏အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ လူေနအိမ္၊ ပုဂၢလိကစက္႐ုံ အလုပ္ ႐ုံ၊ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ား၊ ပုဂၢလိကစာသင္ ေက်ာင္းမ်ား၊ ေဆး႐ုံႏွင့္ ေဆးခန္းမ်ား၊ စိုက္ပ်ိဳးသီးႏွံ မ်ားအစရွိသည့္ ပုဂၢလိကက႑ဆုံးရႈံးမႈမွာ ေငြက်ပ္ ဘီလ်ံ (၃၂၀ဝ)ေက်ာ္ ျဖစ္သည့္အတြက္ စုစုေပါင္း ဆုံးရႈံးမႈမွာ ျမန္မာက်ပ္ေငြဘီလ်ံ (၇၉၇၉)ေက်ာ္ အေမရိကန္ေဒၚလာသန္း (၃၈၀ဝ) ခန႔္ ျဖစ္ေၾကာင္း သိရသည္။