အမေရိကန်-အီရန်ပဋိပက္ခဖြစ်ပွားမလာစေဖို့ အကောင်းဆုံးကြိုးပမ်းနေတယ်လို့ တူရကီအစိုးရပြော

 180

Pika (NP News) - ဖေဖော်ဝါရီ ၇

အမေရိကန်-အီရန်တင်းမာမှုတွေက အရှေ့အလယ်ပိုင်းဒေသကို ပဋိပက္ခအသစ်တစ်ခုဆီသို့ တွန်းပို့တာမျိုး မဖြစ်စေ ဖို့အတွက် တူရကီက အပြင်းအထန်လုပ်ဆောင်နေတယ်လို့ တူရကီသမ္မတအာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားအရေး၊ဆန္ဒပြပွဲကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြား တင်းမာမှု တွေမြင့်တက်လာချိန်မှာပဲ အာဒိုဂန်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ‌ပေမယ့်လည်း လာမယ့်ရက်ပိုင်းအတွင်းလုပ်ဆောင်မယ့် အမေရိကန်နဲ့အီရန်တို့ရဲ့ခေါင်းဆောင်ပိုင်းတွေ့ဆုံ ဆွေးနွေးပွဲက တင်းမာမှုတွေကို လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း အာဒိုဂန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်က အီရန်ကို သတိပေးတဲ့အနေနဲ့ ကြီးမားတဲ့ရေတပ်အင်အားစုကြီးတစ်ခုကို အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ချထားခဲ့သလို အီရန်ကလည်း ၎င်းတို့အပေါ်တိုက်ခိုက်မှုတွေရှိလာခဲ့မယ်ဆိုရင် တိုက်ခိုက်မှုတွေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ စတင်ဖြစ်ပွားလာခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အီရန်ကြား တင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္-အီရန္ပဋိပကၡျဖစ္ပြားမလာေစဖို႔ အေကာင္းဆုံးႀကိဳးပမ္းေနတယ္လို႔ တူရကီအစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၇
အေမရိကန္-အီရန္တင္းမာမႈေတြက အေရွ႕အလယ္ပိုင္းေဒသကို ပဋိပကၡအသစ္တစ္ခုဆီသို႔ တြန္းပို႔တာမ်ိဳး မျဖစ္ေစ ဖို႔အတြက္ တူရကီက အျပင္းအထန္လုပ္ေဆာင္ေနတယ္လို႔ တူရကီသမၼတအာဒိုဂန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားအေရး၊ဆႏၵျပပြဲကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈ ေတြျမင့္တက္လာခ်ိန္မွာပဲ အာဒိုဂန္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒါ‌ေပမယ့္လည္း လာမယ့္ရက္ပိုင္းအတြင္းလုပ္ေဆာင္မယ့္ အေမရိကန္နဲ႔အီရန္တို႔ရဲ႕ေခါင္းေဆာင္ပိုင္းေတြ႕ဆုံ ေဆြးေႏြးပြဲက တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္တယ္လို႔လည္း အာဒိုဂန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေမရိကန္က အီရန္ကို သတိေပးတဲ့အေနနဲ႔ ႀကီးမားတဲ့ေရတပ္အင္အားစုႀကီးတစ္ခုကို အေရွ႕အလယ္ပိုင္းမွာ ျဖန႔္က်က္ခ်ထားခဲ့သလို အီရန္ကလည္း ၎တို႔အေပၚတိုက္ခိုက္မႈေတြရွိလာခဲ့မယ္ဆိုရင္ တိုက္ခိုက္မႈေတြအားလုံးကို ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္တိုက္ခိုက္သြားမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းမွာ စတင္ျဖစ္ပြားလာခဲ့တဲ့ ဆႏၵျပပြဲေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အီရန္ၾကား တင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.