ထိုင်းခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည့် Blackpink အဖွဲ့ဝင် လီဆာ

145

Pika (NP News) - ဖေဖော်ဝါရီ ၇
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့၏ Feel All The Feelings campaign အတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရ ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင်မွေးဖွားခဲ့သည့် လီဆာအား ထိုင်းခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းကို ဘန် ကောက်မြို့ရှိ Wat Arun ဗုဒ္ဓဘာသာဘုရားကျောင်းတွင် မီးရှူးမီး ပန်းများ၊ ဒရုန်းများဖြင့်ကျင်းပသည့် အခမ်းအနားတစ် ခုတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ Lalisa Manoban ဟုအမည်အပြည့်အစုံရသည့် လီဆာသည် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကို ကိုယ်စားပြုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွက် ရှုထောင့်အသစ်များကို ပေးစွမ်းသွားမည်ဖြစ်ကာ လာရောက်လည်ပတ်မည့်ခရီးသွားဧည့်သည်များကို ကောင်းမွန်စွာ ဧည့်ခံကြိုဆို မည့်အိမ်ရှင်များဖြစ်အောင် ဒေသခံများ ကို အားပေးသွားမည်ဖြစ်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်အဖွဲ့(TAT)နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရမည့်အတွက် စိတ်လှုပ်ရှားပြီးဂုဏ်ယူမိ ကြောင်း အသက်(၂၈)နှစ်အရွယ် လီဆာက ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင်ထိုင်းနိုင်ငံ၏ အသွင်အပြင်အသစ်ကို ပြသရန် နှင့် ခရီးသွားလုပ်ငန်းများကို ပံ့ပိုးရန်အတွက် အကောင်းဆုံးကူညီလုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်းလည်း လီဆာက ထုတ်ပြန်ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္းခရီးသြားသံတမန္အျဖစ္ ခန႔္အပ္ခံခဲ့ရသည့္ Blackpink အဖြဲ႕ဝင္ လီဆာ
Pika (NP News) - ေဖေဖာ္ဝါရီ ၇
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ Blackpink ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ လီဆာသည္ ထိုင္းႏိုင္ငံခရီးသြားအာဏာပိုင္အဖြဲ႕၏ Feel All The Feelings campaign အတြက္ ခရီးသြားသံတမန္အျဖစ္ ခန႔္အပ္ခံခဲ့ရ ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံတြင္ေမြးဖြားခဲ့သည့္ လီဆာအား ထိုင္းခရီးသြားသံတမန္အျဖစ္ ခန႔္အပ္ျခင္းကို ဘန္ ေကာက္ၿမိဳ႕ရွိ Wat Arun ဗုဒၶဘာသာဘုရားေက်ာင္းတြင္ မီးရႉးမီး ပန္းမ်ား၊ ဒ႐ုန္းမ်ားျဖင့္က်င္းပသည့္ အခမ္းအနားတစ္ ခုတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ Lalisa Manoban ဟုအမည္အျပည့္အစုံရသည့္ လီဆာသည္ ထိုင္းႏိုင္ငံ ခရီးသြားလုပ္ငန္းကို ကိုယ္စားျပဳသြားမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံအတြက္ ရႈေထာင့္အသစ္မ်ားကို ေပးစြမ္းသြားမည္ျဖစ္ကာ လာေရာက္လည္ပတ္မည့္ခရီးသြားဧည့္သည္မ်ားကို ေကာင္းမြန္စြာ ဧည့္ခံႀကိဳဆို မည့္အိမ္ရွင္မ်ားျဖစ္ေအာင္ ေဒသခံမ်ား ကို အားေပးသြားမည္ျဖစ္ေၾကာင္း Bangkok Post သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
ထိုင္းႏိုင္ငံ ခရီးသြားအာဏာပိုင္အဖြဲ႕(TAT)ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခြင့္ရမည့္အတြက္ စိတ္လႈပ္ရွားၿပီးဂုဏ္ယူမိ ေၾကာင္း အသက္(၂၈)ႏွစ္အ႐ြယ္ လီဆာက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ထိုင္းႏိုင္ငံ၏ အသြင္အျပင္အသစ္ကို ျပသရန္ ႏွင့္ ခရီးသြားလုပ္ငန္းမ်ားကို ပံ့ပိုးရန္အတြက္ အေကာင္းဆုံးကူညီလုပ္ကိုင္ေပးသြားမည္ျဖစ္ေၾကာင္းလည္း လီဆာက ထုတ္ျပန္ေျပာဆိုခဲ့သည္။