အီရန်၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုခွင့်ကို ထောက်ခံကြောင်း တရုတ်အစိုးရထုတ်ပြန်ပြောဆို

 137

Pika (NP News) - ဖေဖော်ဝါရီ ၇

အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခွင့်ကိုထောက်ခံကြောင်းနှင့် အင်အားသုံးခြိမ်း ခြောက်မှု နှင့် ပိတ်ဆို့အရေးယူ ဖိအားပေးမှုများကို တရုတ်နိုင်ငံကဆန့်ကျင်ကြောင်း တရုတ်၏လက် ထောက်နိုင်ငံခြားရေးဝန်ကြီး လူဘင်းက ထုတ်ပြန်ပြောကြားခဲ့သည်။ လူဘင်းသည် အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံ ဘေဂျင်း မြို့တွင်တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူဘင်းက ‘အီရန်ရဲ့ နျူက လီးယားပြဿနာကို သင့်တော်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ တရုတ်ဘက်က ထောက်ခံပါတယ်။ ဒါပေမဲ့လည်း အင်အား သုံးခြိမ်း ခြောက်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖိအားပေးမှုတွေကိုတော့ တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ပါတယ်’ဟုပြောဆိုခဲ့သည်။ အီရန်၏ နျူကလီးယား အရေး၊ ဆန္ဒပြပွဲများကို ကိုင်တွယ်ဖြေရှင်းပုံများနှင့် ပတ်သက်ပြီး အမေရိကန်နှင့်အီရန်ကြား တင်းမာမှုများမှာ ပြီးခဲ့သည့်လအတွင်း ဆိုးဆိုးရွားရွားမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အီရန်က နောက်ထပ်ဆန္ဒပြသူများကို သတ်ဖြတ်မှုများလုပ် ဆောင်ခဲ့မည်ဆိုပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွား မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့သလို အီရန်ကလည်း ၎င်းတို့အပေါ် တိုက်ခိုက်မှုများအားလုံးက ပျက်စီးခြင်းနှင့်အဆုံး သတ်သွားလိမ့်မည်ဟု ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်းသိရ သည်။ အီရန်ကို သတိပေးလိုသည့်အနေဖြင့် အမေရိကန်က ကြီးမားသည့်ရေတပ်အင်အားစု ကြီးတစ်ခုကို အရှေ့အလယ် ပိုင်းဒေသတွင် ဖြန့်ကြက်ချထားခဲ့သကဲ့သို့ ဒေသတွင်းရှိ ၎င်း၏စစ်အခြေစိုက်စခန်းများသို့ နောက်ထပ်လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ပေးပို့မှုများလုပ်ဆောင်ခဲ့ကြောင်းသိ ရသည်။

Zawgyi Version;
အီရန္၏ န်ဴကလီးယားစြမ္းအင္ ၿငိမ္းခ်မ္းစြာအသုံးျပဳခြင့္ကို ေထာက္ခံေၾကာင္း တ႐ုတ္အစိုးရထုတ္ျပန္ေျပာဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၇
အီရန္၏ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳခြင့္ကိုေထာက္ခံေၾကာင္းႏွင့္ အင္အားသုံးၿခိမ္း ေျခာက္မႈ ႏွင့္ ပိတ္ဆို႔အေရးယူ ဖိအားေပးမႈမ်ားကို တ႐ုတ္ႏိုင္ငံကဆန႔္က်င္ေၾကာင္း တ႐ုတ္၏လက္ ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး လူဘင္းက ထုတ္ျပန္ေျပာၾကားခဲ့သည္။ လူဘင္းသည္ အီရန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ တ႐ုတ္ႏိုင္ငံ ေဘဂ်င္း ၿမိဳ႕တြင္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လူဘင္းက ‘အီရန္ရဲ႕ န်ဴက လီးယားျပႆနာကို သင့္ေတာ္တဲ့နည္းလမ္းေတြနဲ႔ေျဖရွင္းဖို႔ တ႐ုတ္ဘက္က ေထာက္ခံပါတယ္။ ဒါေပမဲ့လည္း အင္အား သုံးၿခိမ္း ေျခာက္မႈေတြနဲ႔ ပိတ္ဆို႔အေရးယူဖိအားေပးမႈေတြကိုေတာ့ တ႐ုတ္က ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ ပါတယ္’ဟုေျပာဆိုခဲ့သည္။ အီရန္၏ န်ဴကလီးယား အေရး၊ ဆႏၵျပပြဲမ်ားကို ကိုင္တြယ္ေျဖရွင္းပုံမ်ားႏွင့္ ပတ္သက္ၿပီး အေမရိကန္ႏွင့္အီရန္ၾကား တင္းမာမႈမ်ားမွာ ၿပီးခဲ့သည့္လအတြင္း ဆိုးဆိုး႐ြား႐ြားျမင့္တက္ လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အီရန္က ေနာက္ထပ္ဆႏၵျပသူမ်ားကို သတ္ျဖတ္မႈမ်ားလုပ္ ေဆာင္ခဲ့မည္ဆိုပါက ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြား မည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့သလို အီရန္ကလည္း ၎တို႔အေပၚ တိုက္ခိုက္မႈမ်ားအားလုံးက ပ်က္စီးျခင္းႏွင့္အဆုံး သတ္သြားလိမ့္မည္ဟု ျပန္လည္ၿခိမ္းေျခာက္ေျပာဆိုခဲ့ ေၾကာင္းသိရ သည္။ အီရန္ကို သတိေပးလိုသည့္အေနျဖင့္ အေမရိကန္က ႀကီးမားသည့္ေရတပ္အင္အားစု ႀကီးတစ္ခုကို အေရွ႕အလယ္ ပိုင္းေဒသတြင္ ျဖန႔္ၾကက္ခ်ထားခဲ့သကဲ့သို႔ ေဒသတြင္းရွိ ၎၏စစ္အေျခစိုက္စခန္းမ်ားသို႔ ေနာက္ထပ္ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားကို ေပးပို႔မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိ ရသည္။

Related news

© 2021. All rights reserved.