လေပြင်းဘေးကြောင့် အိုးအိမ်ပျက်စီးမှု လျော့နည်းစေရန် နိုင်ငံတော်ရန်ပုံငွေဖြင့် နေအိမ် (၁၅၀၀၀) နီးပါးကို အားဖြည့်မွမ်းမံပေးမည်

1433

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၇
လေပြင်းဘေးကြောင့် အိုးအိမ်ပျက်စီးမှု လျော့နည်းစေရန် နိုင်ငံတော်ရန်ပုံငွေဖြင့်နေအိမ် (၁၅၀၀၀) နီးပါးကို အားဖြည့်မွမ်းမံပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီး ဌာန၏ အချက်အလက်များအရ သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လေပြင်းဘေးစီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်ပေါင်း(၄၂)မြို့နယ်၌ နေအိမ်ပေါင်း(၁၅၀၀၀)နီးပါးအား အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ငွေကျပ်သန်းပေါင်း(၁၁၀၀)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသအလိုက် လေပြင်းဘေးကြောင့် အများဆုံး ထိခိုက်နိုင်သည့် နေအိမ်များကို ဦးစားပေးရွေးချယ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေအိမ်ပေါင်း (၈၆၀၀၀) ကို နမူနာပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အိမ်အမျိုးအစားအလိုက် လိုက်နာဆောင်ရွက်နိုင်သော ဆောက်လုပ်ရေးနည်းပညာများကို လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ အိုးအိမ်ပေါင်း ၈၆၀၀၀ ကျော်ကို နိုင်ငံတော်ရန်ပုံငွေ ငွေကျပ်သန်းပေါင်း (၃၄၅၀၀) ကျော် အသုံးပြုပြီး လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရာသီအလိုက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ပြည်သူများသို့ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နှိုးဆော်ရေးလုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ေလျပင္းေဘးေၾကာင့္ အိုးအိမ္ပ်က္စီးမႈ ေလ်ာ့နည္းေစရန္ ႏိုင္ငံေတာ္ရန္ပုံေငြျဖင့္ ေနအိမ္ (၁၅၀၀၀) နီးပါးကို အားျဖည့္မြမ္းမံေပးမည္
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၇
ေလျပင္းေဘးေၾကာင့္ အိုးအိမ္ပ်က္စီးမႈ ေလ်ာ့နည္းေစရန္ ႏိုင္ငံေတာ္ရန္ပုံေငြျဖင့္ေနအိမ္ (၁၅၀၀၀) နီးပါးကို အားျဖည့္မြမ္းမံေပးမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဦးစီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဦးစီး ဌာနအေနျဖင့္ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ ေလျပင္းေဘးစီမံခ်က္ျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၈)ခုရွိ ၿမိဳ႕နယ္ေပါင္း(၄၂)ၿမိဳ႕နယ္၌ ေနအိမ္ေပါင္း(၁၅၀၀၀)နီးပါးအား အားျဖည့္မြမ္းမံ ျပင္ဆင္ျခင္းလုပ္ငန္းကို ေငြက်ပ္သန္းေပါင္း(၁၁၀၀)သန္းျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လုပ္ငန္းမ်ားကို တနသၤာရီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေဒသအလိုက္ ေလျပင္းေဘးေၾကာင့္ အမ်ားဆုံး ထိခိုက္ႏိုင္သည့္ ေနအိမ္မ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္ ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္တြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ေနအိမ္ေပါင္း (၈၆၀၀၀) ကို နမူနာျပအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ေဒသခံျပည္သူမ်ား၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈေရးအဖြဲ႕အစည္းမ်ား၊ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား ပူးေပါင္း၍ အိမ္အမ်ိဳးအစားအလိုက္ လိုက္နာေဆာင္႐ြက္ႏိုင္ေသာ ေဆာက္လုပ္ေရးနည္းပညာမ်ားကို လက္ေတြ႕ျပသေပးခဲ့ေၾကာင္း သိရသည္။
၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္မွ ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္အထိ အိုးအိမ္ေပါင္း ၈၆၀၀၀ ေက်ာ္ကို ႏိုင္ငံေတာ္ရန္ပုံေငြ ေငြက်ပ္သန္းေပါင္း (၃၄၅၀၀) ေက်ာ္ အသုံးျပဳၿပီး ေလျပင္းေဘးဒဏ္ခံႏိုင္ေရးအတြက္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ရာသီအလိုက္ ျဖစ္ပြားတတ္သည့္ ေဘးအႏၲရာယ္မ်ားေၾကာင့္ ထိခိုက္ဆုံးရႈံးမႈမ်ား ေလ်ာ့နည္းေစရန္အတြက္ ျပည္သူမ်ားသို႔ ေဆာင္ရန္ေရွာင္ရန္အခ်က္မ်ား အသိပညာေပးျခင္း၊ လက္ကမ္းစာေစာင္မ်ား ျဖန႔္ေဝျခင္းႏွင့္ ႏႈိးေဆာ္ေရးလုပ္ငန္းမ်ားကို ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနအေနျဖင့္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။