MNDAA ၏ ထိန်းချုပ်နယ်မြေများတွင် တရုတ်လုပ်ငန်းရှင်များ ခေါ်သွင်း၍ ရွှေတူးဖော်ခြင်းများ ဆက်တိုက်လုပ်နေ

1027

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA က ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် တရုတ်လုပ်ငန်းရှင်များ ခေါ်သွင်းကာ ပြည်သူပိုင်မြေပေါ်တွင် ရွှေတူးဖော်ခြင်းများ ဆက်တိုက်လုပ်နေကြောင်း ဒေသခံများက NP News သို့ပြောသည်။
MNDAA သည် (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းနောက်ပိုင်း ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေများတွင် တရားမဝင်ရွှေတူးဖော်ခြင်း၊ သတ္တုထုတ်လုပ်ခြင်း၊ လောင်းကစားရုံများနှင့် တရားမဝင် စိုက်ပျိုးရေးလုပ်ငန်းများကို တရုတ်လုပ်ငန်းရှင်များ နှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့်လုပ်ဆောင်လာခြင်းဖြစ်သည်။
‘MNDAA ကတော့ တရုတ်လုပ်ငန်း ရှင်တွေခေါ်ပြီးတော့ ရွှေတွေ တူးတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ စိုက်ပျိုးရေးလုပ်ငန်းတွေ တရားမဝင်လုပ်ငန်းလောင်းကစားရုံတွေနဲ့ တော်တော်လေး ကိုကြီးစိုးနေတယ်။ ရှမ်းမြောက် သီပေါနဲ့ သန္နီဘက်မှာပေါ့။ နည်းနည်းတော့ အခြေအနေအဆိုး ဖြစ်လာတာပေါ့’ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁)ရက်ကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေး ရွာ၌ ဒေသခံ ကျေးရွာများ၏မြေဧရိယာပေါ်တွင် ခွင့်ပြု ချက်မရှိဘဲ MNDAA က လာရောက်ရွှေတူးဖော်ခဲ့ သည့်အတွက် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။
ထိုသို့ဆန္ဒပြခြင်းကြောင့် MNDAA နှင့် ဒေသခံတို့အကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံ(၃၆)ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရကာ MNDAA ၏ ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်းလည်း ၎င်းကဆိုသည်။
‘ဟိုတလောက ဆန္ဒပြတယ်လေ။ အဲဒါကို ဖမ်းသွားတယ်။ ရိုက်နှက်ပြီးဖမ်းသွားတာ အခုထိ မလွတ်သေးဘူး။ အဲဒီသတင်း တော်တော်ထွက်နေတယ်။ ဆိုးတယ်။ သီပေါမှာဆိုရင် ရိုက်လိုက်တာ တစ် ယောက်ဆုံးသွားတယ်။ အဲဒါ လျော်ကြေးတော့ရတယ်။ တော်တော်ဆိုးဆိုးဖြစ်နေတယ်။ ရွှေတူးတာကို ဆန္ဒပြ တာကို ရိုက်ပြီးတော့ သံကြိုးနဲ့ လက်နောက်ပြန်တုပ် ပြီးခေါ်သွားတယ်’ဟု ၎င်းကပြောသည်။
အလားတူ ဇန်နဝါရီ (၃၁) ရက်ကလည်း လားရှိုး-သိန္နီလမ်းပေါ်ရှိ မိုင်းလီကျေးရွာတွင် အိမ်ထောင်စု (၂၇) ပိုင်မြေ (၁၀ဝ) ဧကကို MNDAA က ငှက်ပျောစိုက်ပျိုးရန်ဆိုကာ တရုတ်လုပ်ငန်းရှင်များ ကိုခေါ်၍ စိုက်ပျိုးပြီး သီးနှံများကို အဓမ္မသိမ်းယူခြင်း များလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် တပ်မတော်နှင့် MNDAA တို့အကြား တွေ့ဆုံညှိနှိုင်းမှုများလုပ်ဆောင်နေသော်လည်း ၎င်း တို့ထိန်း ချုပ်ရာဒေသများတွင်မူ စီးပွားရေး အရအမြတ်ထုတ်ခြင်းကို အလွန်အမင်းလုပ်ဆောင် နေကြောင်းလည်း ၎င်းက ဆိုသည်။
‘သူကတော့ စစ်ရေးအရလျှော့ပေးတယ်။ ဒါပေမဲ့ ဒေသခံတွေအပေါ်မှာတော့ အဲဒီလိုလုပ်တယ်။ စီးပွားရေးအရ အမြတ်ထုတ်တာတွေများတာပေါ့’ ဟု ၎င်းက ပြောသည်။

Zawgyi Version;
MNDAA ၏ ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ တ႐ုတ္လုပ္ငန္းရွင္မ်ား ေခၚသြင္း၍ ေ႐ႊတူးေဖာ္ျခင္းမ်ား ဆက္တိုက္လုပ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၈
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ MNDAA က ၎တို႔ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ တ႐ုတ္လုပ္ငန္းရွင္မ်ား ေခၚသြင္းကာ ျပည္သူပိုင္ေျမေပၚတြင္ ေ႐ႊတူးေဖာ္ျခင္းမ်ား ဆက္တိုက္လုပ္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
MNDAA သည္ (၁၀၂၇) စစ္ဆင္ေရး ဒုတိယပိုင္းေနာက္ပိုင္း ၎တို႔သိမ္းပိုက္ထားသည့္ နယ္ေျမမ်ားတြင္ တရားမဝင္ေ႐ႊတူးေဖာ္ျခင္း၊ သတၱဳထုတ္လုပ္ျခင္း၊ ေလာင္းကစား႐ုံမ်ားႏွင့္ တရားမဝင္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို တ႐ုတ္လုပ္ငန္းရွင္မ်ား ႏွင့္ပူးေပါင္းကာ အရွိန္အဟုန္ျဖင့္လုပ္ေဆာင္လာျခင္းျဖစ္သည္။
‘MNDAA ကေတာ့ တ႐ုတ္လုပ္ငန္း ရွင္ေတြေခၚၿပီးေတာ့ ေ႐ႊေတြ တူးတယ္။ သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ တရားမဝင္လုပ္ငန္းေလာင္းကစား႐ုံေတြနဲ႔ ေတာ္ေတာ္ေလး ကိုႀကီးစိုးေနတယ္။ ရွမ္းေျမာက္ သီေပါနဲ႔ သႏၷီဘက္မွာေပါ့။ နည္းနည္းေတာ့ အေျခအေနအဆိုး ျဖစ္လာတာေပါ့’ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁)ရက္ကလည္း လားရႈိးၿမိဳ႕နယ္ နမ့္ေပါင္ေက်း႐ြာအုပ္စု မန္စယ္ေက်း ႐ြာ၌ ေဒသခံ ေက်း႐ြာမ်ား၏ေျမဧရိယာေပၚတြင္ ခြင့္ျပဳ ခ်က္မရွိဘဲ MNDAA က လာေရာက္ေ႐ႊတူးေဖာ္ခဲ့ သည့္အတြက္ ေဒသခံမ်ားက ကန႔္ကြက္ဆႏၵျပခဲ့ ေၾကာင္းသိရသည္။
ထိုသို႔ဆႏၵျပျခင္းေၾကာင့္ MNDAA ႏွင့္ ေဒသခံတို႔အၾကား အျငင္းပြားမႈမ်ားျဖစ္ေပၚခဲ့ၿပီး ေဒသခံ(၃၆)ဦးထက္ မနည္း ဖမ္းဆီးခံခဲ့ရကာ MNDAA ၏ ႐ိုက္ႏွက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ရေၾကာင္းလည္း ၎ကဆိုသည္။
‘ဟိုတေလာက ဆႏၵျပတယ္ေလ။ အဲဒါကို ဖမ္းသြားတယ္။ ႐ိုက္ႏွက္ၿပီးဖမ္းသြားတာ အခုထိ မလြတ္ေသးဘူး။ အဲဒီသတင္း ေတာ္ေတာ္ထြက္ေနတယ္။ ဆိုးတယ္။ သီေပါမွာဆိုရင္ ႐ိုက္လိုက္တာ တစ္ ေယာက္ဆုံးသြားတယ္။ အဲဒါ ေလ်ာ္ေၾကးေတာ့ရတယ္။ ေတာ္ေတာ္ဆိုးဆိုးျဖစ္ေနတယ္။ ေ႐ႊတူးတာကို ဆႏၵျပ တာကို ႐ိုက္ၿပီးေတာ့ သံႀကိဳးနဲ႔ လက္ေနာက္ျပန္တုပ္ ၿပီးေခၚသြားတယ္’ဟု ၎ကေျပာသည္။
အလားတူ ဇန္နဝါရီ (၃၁) ရက္ကလည္း လားရႈိး-သိႏၷီလမ္းေပၚရွိ မိုင္းလီေက်း႐ြာတြင္ အိမ္ေထာင္စု (၂၇) ပိုင္ေျမ (၁၀ဝ) ဧကကို MNDAA က ငွက္ေပ်ာစိုက္ပ်ိဳးရန္ဆိုကာ တ႐ုတ္လုပ္ငန္းရွင္မ်ား ကိုေခၚ၍ စိုက္ပ်ိဳးၿပီး သီးႏွံမ်ားကို အဓမၼသိမ္းယူျခင္း မ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ MNDAA တို႔အၾကား ေတြ႕ဆုံညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ေနေသာ္လည္း ၎ တို႔ထိန္း ခ်ဳပ္ရာေဒသမ်ားတြင္မူ စီးပြားေရး အရအျမတ္ထုတ္ျခင္းကို အလြန္အမင္းလုပ္ေဆာင္ ေနေၾကာင္းလည္း ၎က ဆိုသည္။
‘သူကေတာ့ စစ္ေရးအရေလွ်ာ့ေပးတယ္။ ဒါေပမဲ့ ေဒသခံေတြအေပၚမွာေတာ့ အဲဒီလိုလုပ္တယ္။ စီးပြားေရးအရ အျမတ္ထုတ္တာေတြမ်ားတာေပါ့’ ဟု ၎က ေျပာသည္။