မန္တလေးငလျင်တွင် လူအများအပြား သေဆုံးခဲ့ရသည့် Sky Villa ပိုင်ရှင်ကို အမှုဖွင့်တော့မည်

 13556

သုတကျော် (NP News)-ဇန်နဝါရီ-၈
မန္တလေးငလျင်ကြီးတွင် လူအများအပြား သေဆုံးခဲ့ရသော Sky Villa ကွန်ဒိုပိုင်ရှင်ကို အရေး ယူတော့မည်ဖြစ် ကြောင်း NP News က စုံစမ်းသိရှိရသည်။
Sky Villa ကွန်ဒို အဆောက်အအုံတွင် (၁၁) ထပ်အမြင့်ရှိ တိုက်လေးတိုက်ပါဝင်သည့်အနက် A အဆောင်မှာ ငါးထပ်ပြိုကျခဲ့ပြီး ကျန်အဆောင်များမှာ လုံးဝပြိုကျသွားခဲ့ခြင်းဖြစ်၍ လူပေါင်း (၂၀ဝ) နီးပါး သေဆုံးခဲ့ရကာ အရေ အတွက်အနည်းငယ်သာ ပိတ်မိရာမှ အသက်ရှင်ခဲ့သည်။ ယင်းနောက် အဆိုပါ ကွန်ဒိုကို ဆောက်လုပ်သော NTL Construction Co. Ltd ၏ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး လူမြင်ကွင်းမှပျောက်ကွယ်နေခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း အဆိုပါကွန်ဒိုတွင် နေထိုင်ခဲ့သူများက ၎င်းတို့၏နစ်နာမှုများအတွက် ကုမ္ပဏီဘက်က လျော်ကြေးပေးရန် တောင်းဆိုမှုများ ရှိခဲ့ သည်။
“ကျွန်တော်သိရတာတော့ Sky Villa ပြိုကျတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ရှိတယ်။ သိရ တာကတော့ သူက မန္တလေး အမှတ် (၁) နယ်မြေ စခန်းအပိုင်ဆိုတော့ အဲဒီမှာပဲ အမှုဖွင့်မယ် ထင်တယ်”ဟု ယင်းနှင့်ပတ်သက်၍ သိရှိသူ သတင်းရင်း မြစ်တစ်ဦးကဆိုသည်။
NP News က စုံစမ်း သိရှိရသော အချက်အလက်များအရ ယခင်ကပင် ဦးနိုင်ထွန်းလင်း ကို ဖမ်းဆီးစစ်ဆေး နေခြင်းဖြစ်ပြီး အမှုတည် ဆောက်ပြီးစီးသော ကာလ ဖြစ်ကြောင်းလည်း သိရ သည်။
အဆိုပါ အမှုကို အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာနက အမှုဖွင့်မည်ဟု ကနဦး သိရသော်လည်း အဆိုပါ အချက်ကို သီးခြား အတည်ပြုနေဆဲ ဖြစ် သည်။
“ဒီလထဲ အမှုဖွင့်မယ်လို့ ထင်တယ်။ သေချာ တော့ မပြောတတ်ဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ယင်းဖြစ်စဉ်တွင် မိသားစုများစွာ အသက်ဆုံးရှုံးခဲ့ ရသည့်အပြင် ပြန်လည်အစားမရတော့သည့် အတွက် ဥပဒေအရ အရေးယူမည် ဆိုလျှင် ထိရောက်စွာ အရေးယူစေလိုကြောင်း Sky Villa ကွန်ဒို ပိုင်ရှင် ဟောင်း တစ်ဦးက တောင်းဆို ပြောကြားသည်။
“ကျွန်တော်တို့လည်း တောက်လျှောက် စောင့်ကြည့်နေတာပေါ့နော်။ ဥပဒေအရ ထိရောက်စွာ အရေးယူစေချင် တာ။ သေဆုံးသွားတာက ကြက်က လေး ငှက်ကလေးတွေ မဟုတ်ဘူးလေ” ဟု ၎င်းက NP News သို့ ပြောကြား ထားဖူးသည်။

Zawgyi Version:
မႏၲေလးငလ်င္တြင္ လူအမ်ားအျပား ေသဆုံးခဲ့ရသည့္ Sky Villa ပိုင္ရွင္ကို အမႈဖြင့္ေတာ့မည္
သုတေက်ာ္ (NP News)-ဇန္နဝါရီ-၈
မႏၲေလးငလ်င္ႀကီးတြင္ လူအမ်ားအျပား ေသဆုံးခဲ့ရေသာ Sky Villa ကြန္ဒိုပိုင္ရွင္ကို အေရး ယူေတာ့မည္ျဖစ္ ေၾကာင္း NP News က စုံစမ္းသိရွိရသည္။
Sky Villa ကြန္ဒို အေဆာက္အအုံတြင္ (၁၁) ထပ္အျမင့္ရွိ တိုက္ေလးတိုက္ပါဝင္သည့္အနက္ A အေဆာင္မွာ ငါးထပ္ၿပိဳက်ခဲ့ၿပီး က်န္အေဆာင္မ်ားမွာ လုံးဝၿပိဳက်သြားခဲ့ျခင္းျဖစ္၍ လူေပါင္း (၂၀ဝ) နီးပါး ေသဆုံးခဲ့ရကာ အေရ အတြက္အနည္းငယ္သာ ပိတ္မိရာမွ အသက္ရွင္ခဲ့သည္။ ယင္းေနာက္ အဆိုပါ ကြန္ဒိုကို ေဆာက္လုပ္ေသာ NTL Construction Co. Ltd ၏ ပိုင္ရွင္ ဦးႏိုင္ထြန္းလင္းကို တာဝန္ရွိသူမ်ားက ဖမ္းဆီးစစ္ေဆးေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီး လူျမင္ကြင္းမွေပ်ာက္ကြယ္ေနျခင္း ျဖစ္သည္။
တစ္ဖက္တြင္လည္း အဆိုပါကြန္ဒိုတြင္ ေနထိုင္ခဲ့သူမ်ားက ၎တို႔၏နစ္နာမႈမ်ားအတြက္ ကုမၸဏီဘက္က ေလ်ာ္ေၾကးေပးရန္ ေတာင္းဆိုမႈမ်ား ရွိခဲ့ သည္။
“ကြၽန္ေတာ္သိရတာေတာ့ Sky Villa ၿပိဳက်တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အမႈဖြင့္ဖို႔ရွိတယ္။ သိရ တာကေတာ့ သူက မႏၲေလး အမွတ္ (၁) နယ္ေျမ စခန္းအပိုင္ဆိုေတာ့ အဲဒီမွာပဲ အမႈဖြင့္မယ္ ထင္တယ္”ဟု ယင္းႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္း ျမစ္တစ္ဦးကဆိုသည္။
NP News က စုံစမ္း သိရွိရေသာ အခ်က္အလက္မ်ားအရ ယခင္ကပင္ ဦးႏိုင္ထြန္းလင္း ကို ဖမ္းဆီးစစ္ေဆး ေနျခင္းျဖစ္ၿပီး အမႈတည္ ေဆာက္ၿပီးစီးေသာ ကာလ ျဖစ္ေၾကာင္းလည္း သိရ သည္။
အဆိုပါ အမႈကို အထူး စုံစမ္း စစ္ေဆးေရး ဦးစီး ဌာနက အမႈဖြင့္မည္ဟု ကနဦး သိရေသာ္လည္း အဆိုပါ အခ်က္ကို သီးျခား အတည္ျပဳေနဆဲ ျဖစ္ သည္။
“ဒီလထဲ အမႈဖြင့္မယ္လို႔ ထင္တယ္။ ေသခ်ာ ေတာ့ မေျပာတတ္ဘူး” ဟု အဆိုပါ သတင္းရင္းျမစ္က ဆိုသည္။
ယင္းျဖစ္စဥ္တြင္ မိသားစုမ်ားစြာ အသက္ဆုံးရႈံးခဲ့ ရသည့္အျပင္ ျပန္လည္အစားမရေတာ့သည့္ အတြက္ ဥပေဒအရ အေရးယူမည္ ဆိုလွ်င္ ထိေရာက္စြာ အေရးယူေစလိုေၾကာင္း Sky Villa ကြန္ဒို ပိုင္ရွင္ ေဟာင္း တစ္ဦးက ေတာင္းဆို ေျပာၾကားသည္။
“ကြၽန္ေတာ္တို႔လည္း ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ေနတာေပါ့ေနာ္။ ဥပေဒအရ ထိေရာက္စြာ အေရးယူေစခ်င္ တာ။ ေသဆုံးသြားတာက ၾကက္က ေလး ငွက္ကေလးေတြ မဟုတ္ဘူးေလ” ဟု ၎က NP News သို႔ ေျပာၾကား ထားဖူးသည္။

Related news

© 2021. All rights reserved.