ငါးနှစ်အတွင်း တရုတ်မှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာဘီလျံ (၆၀ဝ) ဝင်ရောက်စေရန် MCITP ရည်မှန်းထား

 347

သုတကျော် (NP News)-ဇန်နဝါရီ-၈
ငါးနှစ်တာကာလအတွင်း တရုတ်မှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ဘီလျံ (၆၀ဝ) ဝင်ရောက်စေရန် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)ကရည်မှန်းထား ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ ချစ်ကြည်ရေးကိုအခြေခံ၍ ရင်း နှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍများတွင် မကြုံစဖူး၊ တိုး တက်မှုများရရှိစေရန်ရည်ရွယ်ချက်ဖြင့် “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း” (Myanmar-China Investment and Trade Promotion Association MCITP) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂) ရက်အထိ စာရင်းများအရ မြန်မာဘက်မှ အသင်းဝင် (၄၆၂) ဦး နှင့် တရုတ်ဘက်မှ အသင်းဝင် (၈၅) ဦး၊ စုစုပေါင်း အသင်းဝင် (၅၄၇)ဦးဖြင့် စတင်လည်ပတ်နေပြီး အသင်းသည် မြန်မာနှင့် တရုတ် ကုမ္ပဏီများအကြား ပေါင်းကူးတံတားသဖွယ် ဆက်စပ်ပေးမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ၌ ကြုံတွေ့ရသည့် အ ခက်အခဲများ၊ အဟန့်အတားများကို ကူညီဖြေရှင်း ပေးခြင်းနှင့်သက်ဆိုင်ရာ အစိုးရဌာနများသို့ တိုက် ရိုက်တင်ပြ ဆောင်ရွက်ပေးခြင်း၊ မြန်မာ-တရုတ် ကုမ္ပဏီများအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်ရန် မိတ်ဖက်ရှာဖွေ ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးခြင်း၊ စီးပွားရေး ဇုန်များနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များပြုလုပ် ခြင်း စသည်တို့ပါဝင်သည်။
အဆိုပါအသင်းအနေဖြင့် (၂၀၂၆) ခုနှစ် မှ (၂၀၃၀)ပြည့်နှစ်အထိကာလအတွင်း တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၅၀ဝ) ဘီလျံ (ယွမ် ၃.၅ ထရီ လျံခန့်) ဝင်ရောက်လာစေရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ (၁၀ဝ) ဘီလျံ (ယွမ် ၇၀ဝ ဘီလျံခန့်) အထိရောက်ရှိစေရန် ရည်မှန်းထား ကြောင်းသိရသည်။
“တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကုမ္ပဏီတွေက များသောအားဖြင့် အစိုးရတစ်ပိုင်းကုမ္ပဏီတွေ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီကြီးတွေက တရုတ်ပြည်ရဲ့ အဓိကစီးပွားရေး မောင်းနှင်အားမှာပါတယ်။ ဒီဘက် မှာလည်း ကျွန်တော်တို့ နာယကအဖြစ် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့၊ နောက်တစ်ခါ UMFC CI ဥက္ကဋ္ဌကြီးတို့ကလည်း နာယက အနေနဲ့ လုပ်တဲ့အတွက် အစိုးရနဲ့ အရပ်ဘက်စီးပွားရေးလုပ်ငန်းရှင် တွေရဲ့ဆက်စပ်မှုဟာ ဒီဟာကတော်တော်လေး အောင် မြင်ဖို့အလားအလာရှိတယ်လို့ပြောလို့ရပါတယ်” ဟု MCITP အသင်းမှအကြံပေး ဦးညိုအုန်းမြင့်က NP News ဂျာနယ်သို့ပြောသည်။ MCITP သည် မြန်မာနိုင်ငံတွင် ထောက်ပံ့ပို့ဆောင်ရေး Logistic လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးစသည့် လုပ်ငန်း များ၌ တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ပြီး နည်းပညာနှင့်ကျွမ်းကျင်မှုများကို လွှဲပြောင်းပေး ခြင်းဖြင့် မြန်မာ့ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန် များအဖြစ် ပြည်တွင်းသုံးစွဲခြင်းသာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးရည်မှန်းထားခြင်းဖြစ်သည်။

Zawgyi Version:
ငါးႏွစ္အတြင္း တ႐ုတ္မွ ျမန္မာသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာဘီလ်ံ (၆၀ဝ) ဝင္ေရာက္ေစရန္ MCITP ရည္မွန္းထား
သုတေက်ာ္ (NP News)-ဇန္နဝါရီ-၈
ငါးႏွစ္တာကာလအတြင္း တ႐ုတ္မွ ျမန္မာသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ဘီလ်ံ (၆၀ဝ) ဝင္ေရာက္ေစရန္ ျမန္မာ-တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးအသင္း (MCITP)ကရည္မွန္းထား ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတို႔အၾကား ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကိုအေျခခံ၍ ရင္း ႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈက႑မ်ားတြင္ မႀကဳံစဖူး၊ တိုး တက္မႈမ်ားရရွိေစရန္ရည္႐ြယ္ခ်က္ျဖင့္ “ျမန္မာ-တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးအသင္း” (Myanmar-China Investment and Trade Promotion Association MCITP) ကို တည္ေထာင္ခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ (၂) ရက္အထိ စာရင္းမ်ားအရ ျမန္မာဘက္မွ အသင္းဝင္ (၄၆၂) ဦး ႏွင့္ တ႐ုတ္ဘက္မွ အသင္းဝင္ (၈၅) ဦး၊ စုစုေပါင္း အသင္းဝင္ (၅၄၇)ဦးျဖင့္ စတင္လည္ပတ္ေနၿပီး အသင္းသည္ ျမန္မာႏွင့္ တ႐ုတ္ ကုမၸဏီမ်ားအၾကား ေပါင္းကူးတံတားသဖြယ္ ဆက္စပ္ေပးမည္ျဖစ္သည္။
ယင္းသို႔ေဆာင္႐ြက္ရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ရာ၌ ႀကဳံေတြ႕ရသည့္ အ ခက္အခဲမ်ား၊ အဟန႔္အတားမ်ားကို ကူညီေျဖရွင္း ေပးျခင္းႏွင့္သက္ဆိုင္ရာ အစိုးရဌာနမ်ားသို႔ တိုက္ ႐ိုက္တင္ျပ ေဆာင္႐ြက္ေပးျခင္း၊ ျမန္မာ-တ႐ုတ္ ကုမၸဏီမ်ားအၾကား အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ ႏိုင္ရန္ မိတ္ဖက္ရွာေဖြ ေပးျခင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ားကို ခ်ိတ္ဆက္ေပးျခင္း၊ စီးပြားေရး ဇုန္မ်ားႏွင့္ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ မူဝါဒပိုင္းဆိုင္ရာ အႀကံျပဳခ်က္မ်ားျပဳလုပ္ ျခင္း စသည္တို႔ပါဝင္သည္။
အဆိုပါအသင္းအေနျဖင့္ (၂၀၂၆) ခုႏွစ္ မွ (၂၀၃၀)ျပည့္ႏွစ္အထိကာလအတြင္း တ႐ုတ္ႏိုင္ငံ မွ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၅၀ဝ) ဘီလ်ံ (ယြမ္ ၃.၅ ထရီ လ်ံခန႔္) ဝင္ေရာက္လာေစရန္ႏွင့္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ပမာဏကို အေမရိကန္ေဒၚလာ (၁၀ဝ) ဘီလ်ံ (ယြမ္ ၇၀ဝ ဘီလ်ံခန႔္) အထိေရာက္ရွိေစရန္ ရည္မွန္းထား ေၾကာင္းသိရသည္။
“တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံရဲ႕ ကုမၸဏီေတြက မ်ားေသာအားျဖင့္ အစိုးရတစ္ပိုင္းကုမၸဏီေတြ ျဖစ္တဲ့အတြက္ ဒီကုမၸဏီႀကီးေတြက တ႐ုတ္ျပည္ရဲ႕ အဓိကစီးပြားေရး ေမာင္းႏွင္အားမွာပါတယ္။ ဒီဘက္ မွာလည္း ကြၽန္ေတာ္တို႔ နာယကအျဖစ္ ကေမာၻဇဘဏ္ ဥကၠ႒ ဦးေအာင္ကိုဝင္းတို႔၊ ေနာက္တစ္ခါ UMFC CI ဥကၠ႒ႀကီးတို႔ကလည္း နာယက အေနနဲ႔ လုပ္တဲ့အတြက္ အစိုးရနဲ႔ အရပ္ဘက္စီးပြားေရးလုပ္ငန္းရွင္ ေတြရဲ႕ဆက္စပ္မႈဟာ ဒီဟာကေတာ္ေတာ္ေလး ေအာင္ ျမင္ဖို႔အလားအလာရွိတယ္လို႔ေျပာလို႔ရပါတယ္” ဟု MCITP အသင္းမွအႀကံေပး ဦးညိဳအုန္းျမင့္က NP News ဂ်ာနယ္သို႔ေျပာသည္။ MCITP သည္ ျမန္မာႏိုင္ငံတြင္ ေထာက္ပံ့ပို႔ေဆာင္ေရး Logistic လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ သတၱဳတူးေဖာ္ေရးစသည့္ လုပ္ငန္း မ်ား၌ တ႐ုတ္ကုမၸဏီမ်ားက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ ၿပီး နည္းပညာႏွင့္ကြၽမ္းက်င္မႈမ်ားကို လႊဲေျပာင္းေပး ျခင္းျဖင့္ ျမန္မာ့ထုတ္ကုန္မ်ားကို တန္ဖိုးျမင့္ထုတ္ကုန္ မ်ားအျဖစ္ ျပည္တြင္းသုံးစြဲျခင္းသာမက ျပည္ပသို႔ပါ တင္ပို႔ႏိုင္ေရးရည္မွန္းထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.