PDF ကြောင့် ကန့်ဘလူတွင် ဆား(၁)ပိဿာ (၈၅ဝဝ)အထိစျေးမြင့်နေပြီး ငပိပြတ်လပ်

 442

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၈

PDF ကြောင့် ကန့်ဘလူတွင် ဆား(၁)ပိဿာ (၈၅ဝဝ)ထိစျေးမြင့်နေပြီး ငပိပြတ်လပ်နေကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
"ဆား (၁)ပိဿာ ကို (၈၅၀၀)ပါ။ ကုန်အဝင်အထွက်ပိတ်သွားမှ ဆိုင်တွေကလည်း စျေးပိုတက်ကြတာ။ ငပိ ကတော့ ဝယ်မရတော့ မတက်ဘူး။ (၆၀၀၀)နဲ့တင် ပြတ်သွားတာ။ (၁)ပိဿာ မဟုတ်ဘူး။ အစိတ်သားကို (၆ဝဝဝ)" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကန့်ဘလူမြို့ရှိ ဆိုင်များတွင် ဆီ၊ ဆန်၊ ဆား အစရှိသည့် အခြေခံ စားသောက်ကုန်များ ပြတ်လပ်နေပြီး ဝယ်ယူရန် ကုန်ပစ္စည်းများပင် မရှိကြောင်း သိရသည်။
"ပြည်သူတွေက စားစရာ သိပ်မရှိတော့ဘူး။ ဆိုင်တွေကလည်း ကုန်သွားပြီလေ။ ဆိုင်မှာကို မရှိတော့တာ။ ပစ္စည်း တွေက ဝယ်ကိုမရတော့တာ" ဟု ၎င်းက ပြောသည်။
PDF အဖွဲ့မှာ ရွှေဘိုမြို့နှင့် ဇီးကုန်းမြို့ကြားမှ ကန့်ဘလူမြို့သို့ ဝင်မည့်ကုန်ကားများအား ပိတ်ထားကြောင်း သိရသည်။
"ကန့်ဘလူ ကိုသွားမယ့် ကုန်ဆိုရင် အကုန်ဆွဲချတာ။ လူတော့ပြန်လွှတ်တယ်။ အချီကြီး ပါလာတဲ့ကားဆိုရင် သူတို့ သိမ်းတာပေါ့" ဟု ၎င်းက ပြောသည်။
ထိုသို့ PDF အဖွဲ့မှ သိမ်းယူထားသည့် ကုန်ပစ္စည်းများကို ၎င်းတို့အားထောက်ခံသူများသို့ ပုံမှန်စျေးနှုန်းဖြင့် ပြန်လည် ရောင်းချလုပ်ကိုင်ခြင်းများ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ကန့်ဘလူသို့ ဝင်မည့် ကုန်ကားများအား PDF အဖွဲ့မှ ပိတ်ထားသည် မှာ (၂)လ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သဖန်းဆိပ်လျှပ်စစ်ခွဲရုံမှာ PDF အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ တို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အခြေအနေရှိနေပြီး မြို့နေပြည်သူများအနေဖြင့် ရေရရှိရန် အခက်အခဲ များစွာရှိနေကြောင်း သိရသည်။

Zawgyi Version;
PDF ေၾကာင့္ ကန္႔ဘလူတြင္ ဆား(၁)ပိႆာ (၈၅ဝဝ)အထိေစ်းျမင့္ေနၿပီး ငပိျပတ္လပ္
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၈
PDF ေၾကာင့္ ကန္႔ဘလူတြင္ ဆား(၁)ပိႆာ (၈၅ဝဝ)ထိေစ်းျမင့္ေနၿပီး ငပိျပတ္လပ္ေနေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
"ဆား (၁)ပိႆာ ကို (၈၅၀၀)ပါ။ ကုန္အဝင္အထြက္ပိတ္သြားမွ ဆိုင္ေတြကလည္း ေစ်းပိုတက္ၾကတာ။ ငပိ ကေတာ့ ဝယ္မရေတာ့ မတက္ဘူး။ (၆၀၀၀)နဲ႔တင္ ျပတ္သြားတာ။ (၁)ပိႆာ မဟုတ္ဘူး။ အစိတ္သားကို (၆ဝဝဝ)" ဟု ၎က ေျပာသည္။
လက္ရွိတြင္ ကန္႔ဘလူၿမိဳ႕ရွိ ဆိုင္မ်ားတြင္ ဆီ၊ ဆန္၊ ဆား အစရွိသည့္ အေျခခံ စားေသာက္ကုန္မ်ား ျပတ္လပ္ေနၿပီး ဝယ္ယူရန္ ကုန္ပစၥည္းမ်ားပင္ မရွိေၾကာင္း သိရသည္။
"ျပည္သူေတြက စားစရာ သိပ္မရွိေတာ့ဘူး။ ဆိုင္ေတြကလည္း ကုန္သြားၿပီေလ။ ဆိုင္မွာကို မရွိေတာ့တာ။ ပစၥည္း ေတြက ဝယ္ကိုမရေတာ့တာ" ဟု ၎က ေျပာသည္။
PDF အဖြဲ႕မွာ ေ႐ႊဘိုၿမိဳ႕ႏွင့္ ဇီးကုန္းၿမိဳ႕ၾကားမွ ကန္႔ဘလူၿမိဳ႕သို႔ ဝင္မည့္ကုန္ကားမ်ားအား ပိတ္ထားေၾကာင္း သိရသည္။
"ကန္႔ဘလူ ကိုသြားမယ့္ ကုန္ဆိုရင္ အကုန္ဆြဲခ်တာ။ လူေတာ့ျပန္လႊတ္တယ္။ အခ်ီႀကီး ပါလာတဲ့ကားဆိုရင္ သူတို႔ သိမ္းတာေပါ့" ဟု ၎က ေျပာသည္။
ထိုသို႔ PDF အဖြဲ႕မွ သိမ္းယူထားသည့္ ကုန္ပစၥည္းမ်ားကို ၎တို႔အားေထာက္ခံသူမ်ားသို႔ ပုံမွန္ေစ်းႏႈန္းျဖင့္ ျပန္လည္ ေရာင္းခ်လုပ္ကိုင္ျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
လက္ရွိတြင္ ကန္႔ဘလူသို႔ ဝင္မည့္ ကုန္ကားမ်ားအား PDF အဖြဲ႕မွ ပိတ္ထားသည္ မွာ (၂)လ နီးပါးရွိၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သဖန္းဆိပ္လွ်ပ္စစ္ခြဲ႐ုံမွာ PDF အဖြဲ႕မ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ ကန္႔ဘလူၿမိဳ႕ႏွင့္ ကြၽန္းလွၿမိဳ႕ တို႔တြင္ လွ်ပ္စစ္မီးျပတ္ေတာက္ေနသည့္အေျခအေနရွိေနၿပီး ၿမိဳ႕ေနျပည္သူမ်ားအေနျဖင့္ ေရရရွိရန္ အခက္အခဲ မ်ားစြာရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.