ရွေးကောက်ပွဲပြီး ဒီမိုကရေစီနှင့်လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်းများ ပြန်လည်ပေါ်ပေါက်လာတော့မည်

491

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၈
ရွေးကောက်ပွဲပြီး ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်းများ ပြန်လည်ပေါ်ပေါက်လာတော့ မည်ဖြစ်ကြောင်း ယာယီသမ္မနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC1) ၌ ကျင်းပသော ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးခဲ့ပြီး မကြာမီ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်းများ ပြန်လည်ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အနုပညာရှင်များ နှင့် တိုင်းရင်းသားပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း ယင်းစနစ်ကို ကျင့်သုံးနိုင်ရန် အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များကို “ဒီမိုကရက်တိုင်ဇေးရှင်း” ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်းပြီးပြီးရောပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ယင်းအဆင့်ကို ရောက်ရန်ဆိုပါက မိမိတို့လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါ ကြောင်း၊ လက်တွေ့မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍လည်း မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဒီမိုကရက်တိုင်ဇေးရှင်းအခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ ဖြစ်တည်ပုံများနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင်ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်းပုံစံများ မျိုးစုံရှိကြသော်လည်း မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြုစတင်ခဲ့ခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တိုင်းပြည်၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ဖွံ့ဖြိုးမှုများအပေါ် အခြေခံစဉ်းစား ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition) ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှုဖြစ်စဉ်ပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်း စဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲၿပီး ဒီမိုကေရစီႏွင့္လိုက္ေလ်ာညီေထြျဖစ္မည့္ အင္စတီက်ဴးရွင္းမ်ား ျပန္လည္ေပၚေပါက္လာေတာ့ မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၈
ေ႐ြးေကာက္ပြဲၿပီး ဒီမိုကေရစီႏွင့္ လိုက္ေလ်ာညီေထြျဖစ္မည့္ အင္စတီက်ဴးရွင္းမ်ား ျပန္လည္ေပၚေပါက္လာေတာ့ မည္ျဖစ္ေၾကာင္း ယာယီသမၼႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔ (ဒီဇင္ဘာ ၇ ရက္) ညေနပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန - ၁ (MICC1) ၌ က်င္းပေသာ ၂၀၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယခုအခ်ိန္တြင္ ၂ဝ၂၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာၿပီးဆုံးခဲ့ၿပီး မၾကာမီ အုပ္ခ်ဳပ္ေရးက႑၊ ဥပေဒျပဳေရးက႑၊ တရားစီရင္ေရးက႑မ်ားတြင္ ဒီမိုကေရစီႏွင့္ လိုက္ေလ်ာညီေထြျဖစ္မည့္ အင္စတီက်ဴးရွင္းမ်ား ျပန္လည္ေပၚေပါက္လာေတာ့မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္ေအာင္ ဝိုင္းဝန္းကူညီပါဝင္ေဆာင္႐ြက္ေပးခဲ့ၾကသည့္ အႏုပညာရွင္မ်ား ႏွင့္ တိုင္းရင္းသားျပည္သူအားလုံးကို ေက်းဇူးတင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဒီမိုကေရစီဆိုသည္မွာ ျပည္သူလူထုအုပ္ခ်ဳပ္သည့္စနစ္ဟု ေျပာႏိုင္ေသာ္လည္း ယင္းစနစ္ကို က်င့္သုံးႏိုင္ရန္ အတြက္ ေဆာင္႐ြက္ၾကရသည့္ ဒီမိုကေရစီကူးေျပာင္းေရးလုပ္ငန္းစဥ္မ်ားကို “ဒီမိုကရက္တိုင္ေဇးရွင္း” ဟု ေခၚဆိုၾကျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
တစ္နည္းအားျဖင့္ ေျပာရလွ်င္ ဗဟိုဦးစီးအုပ္ခ်ဳပ္ေရးစနစ္ကေန ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ကို ကူးေျပာင္းရာတြင္ ခ်က္ခ်င္းလက္ငင္းၿပီးၿပီးေရာေျပာင္းလဲေပး၍မရဘဲ အဆင့္ဆင့္ကူးေျပာင္းရျခင္းကို ဒီမိုကရက္တိုင္ေဇးရွင္းဟု ေခၚဆိုၾကျခင္းျဖစ္ေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ယင္းအဆင့္ကို ေရာက္ရန္ဆိုပါက မိမိတို႔လူ႔အဖြဲ႕အစည္းအားလုံးက ပကတိအေျခအေနကို မ်က္ႏွာမူၾကရပါ ေၾကာင္း၊ လက္ေတြ႕မက်သည့္ ဆြဲေဆာင္စည္း႐ုံးမႈမ်ားကို အမ်ားအႀကိဳက္ လႈံ႕ေဆာ္ႏႈိးဆြေပး၍ မရသကဲ့သို႔ မိမိတို႔၏ စိတ္ဆႏၵမ်ားကို ေရွ႕တန္းတင္၍ ခ်ဥ္းကပ္၍လည္း မျဖစ္ႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဒီမိုကရက္တိုင္ေဇးရွင္းအေျခတည္ရာ လူ႔အဖြဲ႕အစည္း၏ လူမႈစီးပြားအေနအထားမ်ား၊ လူမႈအုပ္စုမ်ား၏ စုဖြဲ႕ ျဖစ္တည္ပုံမ်ားႏွင့္ ႏိုင္ငံေရးယဥ္ေက်းမႈတို႔၏ အေပၚတြင္သာ အေျခခိုင္ခိုင္ေဆာင္႐ြက္ရသည့္ သေဘာရွိသည္ကို ေတြ႕ၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ဒီမိုကရက္တိုင္ေဇးရွင္းပုံစံမ်ား မ်ိဳးစုံရွိၾကေသာ္လည္း မိမိတို႔ ျမန္မာႏိုင္ငံ၏ ဒီမိုကရက္တိုင္ေဇးရွင္းပုံစံမွာ ဒီမိုကေရစီစံႏႈန္းမ်ားကို အေျချပဳစတင္ခဲ့ျခင္းမဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
တိုင္းျပည္၏ ပကတိအေျခအေနျဖင့္ လူမႈစီးပြားျဖစ္ထြန္းမႈမ်ား၊ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ႀကဳံေတြ႕ခဲ့ရသည့္ ႏိုင္ငံေရးဓေလ့ဖြံ႕ၿဖိဳးမႈမ်ားအေပၚ အေျခခံစဥ္းစား ၿပီး ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ သတ္မွတ္ျပ႒ာန္းၿပီးပုံစံ (Imposed Transition) ျဖင့္ ကူးေျပာင္းခဲ့ရသည့္ ေျပာင္းလဲမႈျဖစ္စဥ္ပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တစ္နည္းအားျဖင့္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီကူးေျပာင္းေရးလုပ္ငန္း စဥ္မ်ားအတြက္ မပ်က္မကြက္ လိုက္နာေဆာင္႐ြက္ရမည့္ အသက္ခႏၶာႀကီးတစ္ခုျဖစ္သည္ကို ႏိုင္ငံေရးတြင္ ပါဝင္ပတ္သက္ၾကသည့္ ပုဂၢိဳလ္မ်ားႏွင့္ ျပည္သူအားလုံးက သိရွိထားရန္ လိုအပ္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။