Apink အဖွဲ့ဝင် ဘိုမီ ၈ နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့လက်ထပ်တော့မည်

 86

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈

တောင်ကိုရီးယား 2nd gen K POP အဖွဲ့တွေထဲမှာ နည်မည်ကျော်ကြား လူသိများတဲ့ အမျိုးသမီး K POP အဖွဲ့ Apink ရဲ့ အဖွဲ့ဝင် ဘိုမီ ဟာ ၈ နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူဖြစ်သူ နာမည်ကြီး တေးရေးဆရာ/ပရိုဂျူဆာ ရာဒို နဲ့ လာမယ့် မေလ မှာ မင်္ဂလာပွဲကျင်းပတော့မယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲဟာ ၈ နှစ်ကြာ ခိုင်မြဲတဲ့အချစ်ရေးကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။Apink အဖွဲ့ရဲ့ "Only One" သီချင်းမှာ တေးရေးဆရာနဲ့ အဆိုတော်အဖြစ် စတင် ဆုံစည်းခဲ့ကြရာကနေ ဘဝလက်တွဲဖော်တွေ ဖြစ်လာခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့အချစ်ရေး အကြောင်းကိုတော့ ပြီးခဲ့တဲ့နှစ်ကမှ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး၊ အခုတော့ လာမယ့် မေလ မှာ မင်္ဂလာ လက်မှတ်ရေးထိုးတော့မှာဖြစ်ပါတယ်။
ဘိုမီ ဟာ ၂၀၁၁ ခုနှစ်မှာ Apink အဖွဲ့နဲ့အတူ စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး သူမဟာ အဖွဲ့ရဲ့ Main Dancer နဲ့ Lead Vocalist အဖြစ်တင်မကဘဲ၊ Variety Show တွေမှာလည်း ပရိသတ်ကို ရယ်မောပျော်ရွှင်စေတဲ့ "Variety Queen" အဖြစ် လူသိများပါတယ်။ မကြာသေးခင်ကမှ ကမ္ဘာတစ်ဝှမ်းအောင်မြင်ခဲ့တဲ့ 'Queen of Tears' ဒရာမာမှာ အတွင်းရေးမှူး နာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေ ပိုပြီးသတိထားမိခဲ့ကြတာဖြစ်ပါတယ်။

Zawgyi Version;
Apink အဖြဲ႕ဝင္ ဘိုမီ ၈ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူနဲ႔လက္ထပ္ေတာ့မည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
ေတာင္ကိုရီးယား 2nd gen K POP အဖြဲ႕ေတြထဲမွာ နည္မည္ေက်ာ္ၾကား လူသိမ်ားတဲ့ အမ်ိဳးသမီး K POP အဖြဲ႕ Apink ရဲ႕ အဖြဲ႕ဝင္ ဘိုမီ ဟာ ၈ ႏွစ္ၾကာလက္တြဲခဲ့တဲ့ ခ်စ္သူျဖစ္သူ နာမည္ႀကီး ေတးေရးဆရာ/ပ႐ိုဂ်ဴဆာ ရာဒို နဲ႔ လာမယ့္ ေမလ မွာ မဂၤလာပြဲက်င္းပေတာ့မယ္လို႔ သိရပါတယ္။
၂၀၁၇ ခုႏွစ္ကတည္းက စတင္လက္တြဲခဲ့ၾကတဲ့ သူတို႔စုံတြဲဟာ ၈ ႏွစ္ၾကာ ခိုင္ၿမဲတဲ့အခ်စ္ေရးကို တည္ေဆာက္ခဲ့ၾကတာျဖစ္ပါတယ္။Apink အဖြဲ႕ရဲ႕ "Only One" သီခ်င္းမွာ ေတးေရးဆရာနဲ႔ အဆိုေတာ္အျဖစ္ စတင္ ဆုံစည္းခဲ့ၾကရာကေန ဘဝလက္တြဲေဖာ္ေတြ ျဖစ္လာခဲ့ၾကတယ္လို႔ သိရပါတယ္။ သူတို႔ရဲ႕အခ်စ္ေရး အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ကမွ ပရိသတ္ေတြကို အသိေပးခဲ့တာျဖစ္ၿပီး၊ အခုေတာ့ လာမယ့္ ေမလ မွာ မဂၤလာ လက္မွတ္ေရးထိုးေတာ့မွာျဖစ္ပါတယ္။
ဘိုမီ ဟာ ၂၀၁၁ ခုႏွစ္မွာ Apink အဖြဲ႕နဲ႔အတူ စတင္ပြဲထြက္ခဲ့တာျဖစ္ၿပီး သူမဟာ အဖြဲ႕ရဲ႕ Main Dancer နဲ႔ Lead Vocalist အျဖစ္တင္မကဘဲ၊ Variety Show ေတြမွာလည္း ပရိသတ္ကို ရယ္ေမာေပ်ာ္႐ႊင္ေစတဲ့ "Variety Queen" အျဖစ္ လူသိမ်ားပါတယ္။ မၾကာေသးခင္ကမွ ကမာၻတစ္ဝွမ္းေအာင္ျမင္ခဲ့တဲ့ 'Queen of Tears' ဒရာမာမွာ အတြင္းေရးမႉး နာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ ပိုၿပီးသတိထားမိခဲ့ၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.