ထိုင်းရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ပါတီအနိုင်ရဖို့ အလားလာကောင်းနေ

 432

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉

ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင်ဦးဆောင်တဲ့ ပါတီက အနိုင်ရဖို့ အလားလာများနေတယ်လို့သတင်းများထွက်ပေါနေပါတယ်။ ရွေးကောက်ပွဲဆန္ဒမဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်မှာ ဝန်ကြီးချုပ် အနုတင်ဦးဆောင်တဲ့ Bhumjaithai ပါတီက မဲရလဒ်အများဆုံး ရရှိနေပြီး လွတ်တော်ကိုယ်စားလှယ်ပေါင်း ၅၀၀ ရှိမယ့် ထိုင်းလွတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၁၉၄ နေရာ အနိုင်ရထားတယ်လို့ သိရပါတယ်။
နက်သာပေါင် ဦးဆောင်တဲ့ ပြည်သူပါတီက လွတ်တော်ကိုယ်စားလှယ် ၁၁၆ နေရာနဲ့ မဲဒုတိယအများဆုံး အနိုင်ရထားတယ်လို့ သိရပါတယ်။ နက်သာပေါင်က အနုတင်ဦးဆောင်ပြီး ထိုင်းအစိုးရအဖွဲ့ ဖွဲ့စည်းမယ်ဆိုရင် အတိုက်ခံပါတီ အဖြစ်ရပ်တည်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။အနုတင် ဦးဆောင်တဲ့ ထိုင်းအစိုးရ ညွန့်ပေါင်းအဖွဲ့ဟာ အစိုးရတာဝန်ကို ၃ လကြာ တာဝန်ယူပြီးနောက် အငြင်းပွားမှုများ ဖြစ်ခဲ့ရာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဦးဆောင်တည်ထောင်ခဲ့တဲ့ ဖြူထိုင်းပါတီကတော့ ရွေးလွတ်တော်ကိုယ်စားလှယ် ၅၀၀ ရှိမယ့် ထိုင်းလွတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် ၇၇ နေရာသာ ရရှိထားတယ်လို့ သိရပါတယ်။
အနုတင်က "ကျွန်တော်တို့ပါတီ အနိုင်ရတာဟာ ထိုင်းပြည်သူတွေ အနိုင်ရတာပါပဲ။ ကနဦး မဲအရေအတွက်အရတော့ ကျွန်တော် ပါတီအသာစီးရနေပေမယ့် ရာနှုန်းပြည့် အနိုင်ရ/မရဆိုတာ လက်ရှိအချိန်မှာ အတိအကျမပြောနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ထိုင်းပြည်သူတွေအတွက် ကျွန်တော်တို့အပြည့်အဝ တာဝန်ထမ်းဆောင်သွားပါမယ်"လို့ ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲ ဆန္ဒမဲပေးမှုနဲ့အတူ ၂၀၁၇ ခုနှစ်မှာ ထိုင်းစစ်တပ် ဦးဆောင်ရေးဆွဲခဲ့တဲ့ ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ သင့်/မသင့်ကို ဆန္ဒခံယူပွဲလုပ်ဆောင်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ထောက်ခံမဲပေးမှုပိုများနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းေ႐ြးေကာက္ပြဲမွာ လက္ရွိဝန္ႀကီးခ်ဳပ္ အႏုတင္ ဦးေဆာင္တဲ့ပါတီအႏိုင္ရဖို႔ အလားလာေကာင္းေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉
ေဖေဖာ္ဝါရီ ၈ ရက္က က်င္းပခဲ့တဲ့ ထိုင္းေ႐ြးေကာက္ပြဲမွာ လက္ရွိဝန္ႀကီးခ်ဳပ္ အႏုတင္ဦးေဆာင္တဲ့ ပါတီက အႏိုင္ရဖို႔ အလားလာမ်ားေနတယ္လို႔သတင္းမ်ားထြက္ေပါေနပါတယ္။ ေ႐ြးေကာက္ပြဲဆႏၵမဲအားလုံးရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကို ေရတြက္ၿပီးခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ အႏုတင္ဦးေဆာင္တဲ့ Bhumjaithai ပါတီက မဲရလဒ္အမ်ားဆုံး ရရွိေနၿပီး လြတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၅၀၀ ရွိမယ့္ ထိုင္းလြတ္ေတာ္မွာ ကိုယ္စားလွယ္ေပါင္း ၁၉၄ ေနရာ အႏိုင္ရထားတယ္လို႔ သိရပါတယ္။
နက္သာေပါင္ ဦးေဆာင္တဲ့ ျပည္သူပါတီက လြတ္ေတာ္ကိုယ္စားလွယ္ ၁၁၆ ေနရာနဲ႔ မဲဒုတိယအမ်ားဆုံး အႏိုင္ရထားတယ္လို႔ သိရပါတယ္။ နက္သာေပါင္က အႏုတင္ဦးေဆာင္ၿပီး ထိုင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းမယ္ဆိုရင္ အတိုက္ခံပါတီ အျဖစ္ရပ္တည္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ ေျပာပါတယ္။အႏုတင္ ဦးေဆာင္တဲ့ ထိုင္းအစိုးရ ၫြန္႔ေပါင္းအဖြဲ႕ဟာ အစိုးရတာဝန္ကို ၃ လၾကာ တာဝန္ယူၿပီးေနာက္ အျငင္းပြားမႈမ်ား ျဖစ္ခဲ့ရာ ဒီဇင္ဘာလမွာ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ေၾကညာခဲ့ၿပီး ေဖေဖာ္ဝါရီလအတြင္း ေ႐ြးေကာက္ပြဲက်င္းပခဲ့တာျဖစ္ပါတယ္။
ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ဦးေဆာင္တည္ေထာင္ခဲ့တဲ့ ျဖဴထိုင္းပါတီကေတာ့ ေ႐ြးလြတ္ေတာ္ကိုယ္စားလွယ္ ၅၀၀ ရွိမယ့္ ထိုင္းလြတ္ေတာ္မွာ ကိုယ္စားလွယ္ အေရအတြက္ ၇၇ ေနရာသာ ရရွိထားတယ္လို႔ သိရပါတယ္။
အႏုတင္က "ကြၽန္ေတာ္တို႔ပါတီ အႏိုင္ရတာဟာ ထိုင္းျပည္သူေတြ အႏိုင္ရတာပါပဲ။ ကနဦး မဲအေရအတြက္အရေတာ့ ကြၽန္ေတာ္ ပါတီအသာစီးရေနေပမယ့္ ရာႏႈန္းျပည့္ အႏိုင္ရ/မရဆိုတာ လက္ရွိအခ်ိန္မွာ အတိအက်မေျပာႏိုင္ေသးဘူး။ ဘာပဲျဖစ္ျဖစ္ ထိုင္းျပည္သူေတြအတြက္ ကြၽန္ေတာ္တို႔အျပည့္အဝ တာဝန္ထမ္းေဆာင္သြားပါမယ္"လို႔ ေျပာပါတယ္။
ထိုင္းေ႐ြးေကာက္ပြဲ ဆႏၵမဲေပးမႈနဲ႔အတူ ၂၀၁၇ ခုႏွစ္မွာ ထိုင္းစစ္တပ္ ဦးေဆာင္ေရးဆြဲခဲ့တဲ့ ထိုင္းဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ျပင္ဆင္ဖို႔ သင့္/မသင့္ကို ဆႏၵခံယူပြဲလုပ္ေဆာင္ခဲ့ရာ ဖြဲ႕စည္းပုံအေျခခံဥပေဒေျပာင္းလဲဖို႔ ေထာက္ခံမဲေပးမႈပိုမ်ားေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.