ဂျပန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် တာကိုင်ချီ ဦးဆောင်နေတဲ့ LDP ပါတီ အပြတ်သတ်အနိုင်ရ

493

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉
ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီ ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ဟာ ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီများကို အပြတ်သတ် အနိုင်ရသွားခဲ့ပါတယ်။
LDP ပါတီဟာ လွတ်တော်ကိုယ်စားလှယ် ၄၆၅ ဦးရှိမယ့် ဂျပန်လွတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၃၅၂ နေရာ မှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
ဂျပန်သမိုင်းတစ်လျှောက်မှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ တာကိုင်ချီဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူပြီးနောက် ၄ လအကြာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဥ်ခဲ့ပြီး လူထုထောက်ခံမှုအခြေနေကို စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။
တာကိုင်ချီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် LDP ပါတီခေါင်းဆောင်ရာထူးက နုတ်ထွက်မယ်လို့ ကတိပြုခဲ့ရာ ရွေးကောက်ပွဲက ၄င်းအတွက် အလောင်းအစားကြီးမားခဲ့ပါတယ်။LDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်နှစ်ရပ်စလုံးမှာ ရှုံးနိမ့်ခဲ့ဖူးပြီး အခြားပါတီနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ခဲ့ရဖူးပါတယ်။
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်တာကိုင်ချီကို ပုဂ္ဂိုလ်ရေးအရ လူကြိုက်များမှုမြင့်တက်ခဲ့ရာ သူမ ဦးဆောင်နေတဲ့ LDP ပါတီကို အနိုင်ရဖို့ အကူညီများစွာ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီးချုပ်တာကိုင်ချီ ဦးဆောင်တဲ့ ဂျပန်အာဏာရ ညွန်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့ Innovation ပါတီက ရွေးကောက်ပွဲမှာ ၃၆ နေရာ အနိုင်ရခဲ့ပြီး အတိုက်ခံပါတီ အားလုံးပေါင်းရဲ့အနိုင်ရမှုက လွှတ်တော်ကိုယ်နေရာပေါင်း ၁၁၃ နေရာသာရှိခဲ့တယ်လို့ သိရပါတယ်။ရွေးကောက်ပွဲအနိုင်ရမှုကြောင့် ဝန်ကြီးချုပ်တာကိုင်ချီဟာ ၄င်းရဲ့အမျိုးသားရေးအယူဆနဲ့ ကွန်ဆာဗေးတစ် အယူဆများကို ပိုမိုလုပ်ပိုင်ခွင့်ရဖွယ်ရှိနေတယ်လို့ သုံးသပ်မှုများရှိနေပါတယ်။

Zawgyi Version;
ဂ်ပန္ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီ ဦးေဆာင္ေနတဲ့ LDP ပါတီ အျပတ္သတ္အႏိုင္ရ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉
ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီ ဦးေဆာင္တဲ့ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ LDP ဟာ ေဖေဖာ္ဝါရီ ၈ ရက္က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဘက္ပါတီမ်ားကို အျပတ္သတ္ အႏိုင္ရသြားခဲ့ပါတယ္။
LDP ပါတီဟာ လြတ္ေတာ္ကိုယ္စားလွယ္ ၄၆၅ ဦးရွိမယ့္ ဂ်ပန္လြတ္ေတာ္မွာ ကိုယ္စားလွယ္ေပါင္း ၃၅၂ ေနရာ မွာ အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။
ဂ်ပန္သမိုင္းတစ္ေလွ်ာက္မွာ ပထမဆုံး အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ တာကိုင္ခ်ီဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူၿပီးေနာက္ ၄ လအၾကာမွာ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ စီစဥ္ခဲ့ၿပီး လူထုေထာက္ခံမႈအေျခေနကို စစ္ေဆးခဲ့တာလည္းျဖစ္ပါတယ္။
တာကိုင္ခ်ီဟာ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္မယ္ဆိုရင္ LDP ပါတီေခါင္းေဆာင္ရာထူးက ႏုတ္ထြက္မယ္လို႔ ကတိျပဳခဲ့ရာ ေ႐ြးေကာက္ပြဲက ၄င္းအတြက္ အေလာင္းအစားႀကီးမားခဲ့ပါတယ္။LDP ပါတီဟာ ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္က က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ႏွစ္ရပ္စလုံးမွာ ရႈံးနိမ့္ခဲ့ဖူးၿပီး အျခားပါတီနဲ႔ ၫႊန္႔ေပါင္းအစိုးရဖြဲ႕ခဲ့ရဖူးပါတယ္။
ဂ်ပန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီကို ပုဂၢိဳလ္ေရးအရ လူႀကိဳက္မ်ားမႈျမင့္တက္ခဲ့ရာ သူမ ဦးေဆာင္ေနတဲ့ LDP ပါတီကို အႏိုင္ရဖို႔ အကူညီမ်ားစြာ ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီ ဦးေဆာင္တဲ့ ဂ်ပန္အာဏာရ ၫြန္ေပါင္းအဖြဲ႕မွာ ပါဝင္တဲ့ Innovation ပါတီက ေ႐ြးေကာက္ပြဲမွာ ၃၆ ေနရာ အႏိုင္ရခဲ့ၿပီး အတိုက္ခံပါတီ အားလုံးေပါင္းရဲ႕အႏိုင္ရမႈက လႊတ္ေတာ္ကိုယ္ေနရာေပါင္း ၁၁၃ ေနရာသာရွိခဲ့တယ္လို႔ သိရပါတယ္။ေ႐ြးေကာက္ပြဲအႏိုင္ရမႈေၾကာင့္ ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီဟာ ၄င္းရဲ႕အမ်ိဳးသားေရးအယူဆနဲ႔ ကြန္ဆာေဗးတစ္ အယူဆမ်ားကို ပိုမိုလုပ္ပိုင္ခြင့္ရဖြယ္ရွိေနတယ္လို႔ သုံးသပ္မႈမ်ားရွိေနပါတယ္။