ဗန်းမောက်မြို့အား တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်နေ

 628

Pearl (NP News) - ဖေဖော်ဝါရီ ၉

အကြမ်းဖက်အဖွဲ့များ ယာယီစိုးမိုးခဲ့သည့် ဗန်းမောက်မြို့အား တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းများခဲ့၍ ၂၀၂၅ ခုနှစ် စက်တင်ဘာ (၂၄) ရက်မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများယာယီစိုးမိုးထားသည့် ပင်ဟင်းပါးများ ရွှေကျောင်းရွာ၊ နီပြင်ရွာ၊ နောင်သာယာရွာတာဝါတိုင်ကုန်း ခမိုးရွာနှင့် ဖြူးတောင်တစ်ဝိုက်တို့အားလည်းကောင်း အောင်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ စာအရေးကြီး နေရာများအား လည်းကောင်း ဦးစွာထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ် ဝင်များအနေဖြင့် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပြီး ဗန်းမောက်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ် နိုင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမောက်မြို့အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ စာသင်ကျောင်းများ ဆေးရုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ လူနေများ ဟိုတယ်များ နှင့် အထပ်မြင့် အဆောက်အအုံများတွင် သဲအိတ်ဘန်ကာများ အခိုင်အမာဆောက်လုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကိုလူသားတံတိုင်းအဖြစ် အကာကွယ်ယူ၍ ပတ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင် ခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ အဆိုပါအဆောက်အအုံများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ရေးအတွက်ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement)နှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်ခဲ့ရသည့်အတွက် စစ်ဆင်ရေး ကာလ လေးလကျော်ကြာမြင့်ခဲ့ပြီး ဖေဖော်ဝါရီ (၈) ရက် ဗန်းမောက်မြို့အားလုံးတပ်ဖွဲ့ဝင်များက အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ အတွင်း အကြမ်းမက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် (၆၉) ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံး/ထိန်ကို ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် သောင်းကျန်းသူများထံမှ လက်နက် မျိုးစုံ(၂၇) လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များ အနေ ဖြင့် ဗန်းမောက်မြို့အတွင်း နေရပ် စွန့်ဒေသပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများဖယ်ရှားရှင်းလင်း ပေးခြင်း စာသင်ကျောင်းဆေး) အဆောက်အအုံများ၏ ပျက်စီးမှု များအားပြန်လည်ပြုပြင်ပေးခြင်း မိုင်းရှင်းလင်းပေးခြင်းများ စသည့် အကြမ်းဖက်သမားများကြောင့်ယိုယွင်း ပျက်စီးခဲ့ရသည့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်တင်ရွက် နိုင် ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဗန္းေမာက္ၿမိဳ႕အား တပ္မေတာ္က အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ၿမိဳ႕ျပန္လည္ထူေထာင္ေရးမ်ား ေဆာင္႐ြက္ေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၉
အၾကမ္းဖက္အဖြဲ႕မ်ား ယာယီစိုးမိုးခဲ့သည့္ ဗန္းေမာက္ၿမိဳ႕အား တပ္မေတာ္က အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ၿမိဳ႕ျပန္လည္ထူေထာင္ေရးမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေန ျဖင့္ ဗန္းေမာက္ၿမိဳ႕အား ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ေရး စစ္ေၾကာင္းမ်ားခဲ့၍ ၂၀၂၅ ခုႏွစ္ စက္တင္ဘာ (၂၄) ရက္မွစ၍ နယ္ေျမရွင္းလင္းေရးလုပ္ငန္းေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားယာယီစိုးမိုးထားသည့္ ပင္ဟင္းပါးမ်ား ေ႐ႊေက်ာင္း႐ြာ၊ နီျပင္႐ြာ၊ ေနာင္သာယာ႐ြာတာဝါတိုင္ကုန္း ခမိုး႐ြာႏွင့္ ျဖဴးေတာင္တစ္ဝိုက္တို႔အားလည္းေကာင္း ေအာင္တိုဘာ ၂၆ ရက္တြင္ ဗန္းေမာက္ၿမိဳ႕၏ အေနာက္ဘက္ႏွင့္ အေနာက္ေျမာက္ဘက္ မီတာ ၂၀၀၀ ခန႔္ အကြာရွိ စာအေရးႀကီး ေနရာမ်ားအား လည္းေကာင္း ဦးစြာထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ ဝင္မ်ားအေနျဖင့္ လိုအပ္သည့္ ျပင္ဆင္စုဖြဲ႕မႈမ်ားေဆာင္႐ြက္ကာ နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ားကို တစ္ဆင့္ၿပီးတစ္ဆင့္ ေဆာင္႐ြက္ခဲ့ၿပီး ဗန္းေမာက္ၿမိဳ႕အား အလုံးစုံျပန္လည္ထိန္းခ်ဳပ္ ႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ဗန္းေမာက္ၿမိဳ႕အတြင္း ဘာသာေရးဆိုင္ရာ အေဆာက္အအုံမ်ား စာသင္ေက်ာင္းမ်ား ေဆး႐ုံမ်ား၊ ဌာနဆိုင္ရာအေဆာက္အအုံမ်ား လူေနမ်ား ဟိုတယ္မ်ား ႏွင့္ အထပ္ျမင့္ အေဆာက္အအုံမ်ားတြင္ သဲအိတ္ဘန္ကာမ်ား အခိုင္အမာေဆာက္လုပ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား တိုက္ခိုက္ျခင္း၊ ေဒသခံျပည္သူမ်ားကိုလူသားတံတိုင္းအျဖစ္ အကာကြယ္ယူ၍ ပတ္ခတ္ တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ ခဲ့သျဖင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အဆိုပါအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈ အနည္းဆုံးျဖစ္ေရးအတြက္ထုတ္ျပန္ထားသည့္ ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္း(Rules of Engagement)ႏွင့္အညီ ထိန္းထိန္းသိမ္းသိမ္းျဖင့္ တစ္ဆင့္ၿပီးတစ္ဆင့္ေဆာင္႐ြက္ခဲ့ရသည့္အတြက္ စစ္ဆင္ေရး ကာလ ေလးလေက်ာ္ၾကာျမင့္ခဲ့ၿပီး ေဖေဖာ္ဝါရီ (၈) ရက္ ဗန္းေမာက္ၿမိဳ႕အားလုံးတပ္ဖြဲ႕ဝင္မ်ားက အလုံးစုံျပန္လည္ သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ ျပန္လည္တိုက္ခိုက္ သိမ္းပိုက္ခဲ့ရာ စစ္ဆင္ေရးကာလ အတြင္း အၾကမ္းမက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီးငယ္ (၆၉) ႀကိမ္ျဖစ္ပြားခဲ့ၿပီး တပ္ဖြဲ႕ဝင္အခ်ိဳ႕ က်ဆုံး/ထိန္ကို ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားထံမွ လက္နက္ မ်ိဳးစုံ(၂၇) လက္၊ ခဲယမ္း၊ ဗုံးသီးမ်ား၊ အၾကမ္းဖက္သမား ႐ုပ္အေလာင္းမ်ားႏွင့္ အၾကမ္းဖက္လုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ အသုံးျပဳသည့္ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕မ်ား အေန ျဖင့္ ဗန္းေမာက္ၿမိဳ႕အတြင္း ေနရပ္ စြန႔္ေဒသျပည္သူမ်ား ျပန္လည္ဝင္ေရာက္ ေနထိုင္ႏိုင္ေရးႏွင့္ အပ်က္အစီးမ်ားဖယ္ရွားရွင္းလင္း ေပးျခင္း စာသင္ေက်ာင္းေဆး) အေဆာက္အအုံမ်ား၏ ပ်က္စီးမႈ မ်ားအားျပန္လည္ျပဳျပင္ေပးျခင္း မိုင္းရွင္းလင္းေပးျခင္းမ်ား စသည့္ အၾကမ္းဖက္သမားမ်ားေၾကာင့္ယိုယြင္း ပ်က္စီးခဲ့ရသည့္ ၿမိဳ႕ျပန္လည္ထူေထာင္ေရးလုပ္ငန္း မ်ားကို ေဒသခံျပည္သူမ်ားႏွင့္အတူ အျမန္ဆုံးဆက္လက္တင္႐ြက္ ႏိုင္ ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.