နေတိုးအဖွဲ့ လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့ပြီး တရုတ်စပိုင်ဖြစ်သူကို ဖမ်းဆီး

1012

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉
ဂရိလေတပ် ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးသည် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဂရိအမျိုးသားထောက်လှမ်းရေးအဖွဲ့ (EYP) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသူမှာ အသက် (၅၄) နှစ်အရွယ်ရှိ ဂရိလေတပ် ဗိုလ်မှူးကြီးအဆင့်ရှိသူ ဖြစ်ပြီး ၎င်းသည် လေတပ်၏ အီလက်ထရွန်နစ်နှင့် ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်
ကြောင်း သိရသည်။ ၄င်းသည် ဂရိစစ်တပ်၏ လျှို့ဝှက်ချက်များသာမက နေတိုးတပ်ဖွဲ့ဝင်များ မျှဝေထားသည့် အဆင့်မြင့်စစ်ဘက်ဆိုင်ရာနည်းပညာများကိုပါ ဝင်ရောက်ကြည့်ရှုခွင့်ရရှိထားသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂရိလေတပ်မှ အဆင့်မြင့်အရာရှိကြီးပေါက်ကြားစေခဲ့သည့် သတင်းအချက်အလက်များထဲတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ အသုံးပြုနေသည့် Patriot လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းစနစ် အဆင့်မြှင့်တင်မှုများ နှင့် အခြားသော မဟာဗျူဟာမြောက်နည်းပညာပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များ ပါဝင်ကြောင်း သတင်းများထွက်နေသည်။
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဟု ယူဆရသော အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု၏ "တိကျသော သတင်းပေးပို့ချက်" ကို လက်ခံရရှိပြီးနောက်ဂရိထောက်လှမ်းရေးက အဆိုပါ ဗိုလ်မှူးကြီးအား လပေါင်းများစွာ အနီးကပ်စောင့်ကြည့်လေ့လာကာ ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်သည်။
၎င်းသည် ကုဒ်ဝှက်ထားသော ဆော့ဖ်ဝဲတစ်ခုကို အသုံးပြုကာ တရုတ်အေးဂျင့်များထံ နောက်ထပ် လျှို့ဝှက်ချက်အသစ်များပေးပို့ရန် ပြင်ဆင်နေစဉ် လက်ပူးလက်ကြပ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဂရိအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိပြီးနောက်ပြုလုပ်သော စစ်ဆေးမေးမြန်းမှုများတွင် ဂရိဗိုလ်မှူးကြီးက ပြစ်မှုကို ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

Zawgyi Version;
ေနတိုးအဖြဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားေစခဲ့ၿပီး တ႐ုတ္စပိုင္ျဖစ္သူကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉
ဂရိေလတပ္ ၏ အဆင့္ျမင့္အရာရွိႀကီးတစ္ဦးသည္ တ႐ုတ္ႏိုင္ငံအတြက္ သူလွ်ိဳလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီးေနာက္ ဂရိအမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕ (EYP) က ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးခံရသူမွာ အသက္ (၅၄) ႏွစ္အ႐ြယ္ရွိ ဂရိေလတပ္ ဗိုလ္မႉးႀကီးအဆင့္ရွိသူ ျဖစ္ၿပီး ၎သည္ ေလတပ္၏ အီလက္ထ႐ြန္နစ္ႏွင့္ ဆက္သြယ္ေရးနည္းပညာပိုင္းဆိုင္ရာကြၽမ္းက်င္သူတစ္ဦးျဖစ္
ေၾကာင္း သိရသည္။ ၄င္းသည္ ဂရိစစ္တပ္၏ လွ်ိဳ႕ဝွက္ခ်က္မ်ားသာမက ေနတိုးတပ္ဖြဲ႕ဝင္မ်ား မွ်ေဝထားသည့္ အဆင့္ျမင့္စစ္ဘက္ဆိုင္ရာနည္းပညာမ်ားကိုပါ ဝင္ေရာက္ၾကည့္ရႈခြင့္ရရွိထားသူျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဂရိေလတပ္မွ အဆင့္ျမင့္အရာရွိႀကီးေပါက္ၾကားေစခဲ့သည့္ သတင္းအခ်က္အလက္မ်ားထဲတြင္ အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ား အသုံးျပဳေနသည့္ Patriot ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးခြင္းစနစ္ အဆင့္ျမႇင့္တင္မႈမ်ား ႏွင့္ အျခားေသာ မဟာဗ်ဴဟာေျမာက္နည္းပညာပိုင္းဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္မ်ား ပါဝင္ေၾကာင္း သတင္းမ်ားထြက္ေနသည္။
အေမရိကန္ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (CIA) ဟု ယူဆရေသာ အေနာက္ႏိုင္ငံ ေထာက္လွမ္းေရးအဖြဲ႕အစည္းတစ္ခု၏ "တိက်ေသာ သတင္းေပးပို႔ခ်က္" ကို လက္ခံရရွိၿပီးေနာက္ဂရိေထာက္လွမ္းေရးက အဆိုပါ ဗိုလ္မႉးႀကီးအား လေပါင္းမ်ားစြာ အနီးကပ္ေစာင့္ၾကည့္ေလ့လာကာ ဖမ္းဆီးလိုက္ျခင္းလည္းျဖစ္သည္။
၎သည္ ကုဒ္ဝွက္ထားေသာ ေဆာ့ဖ္ဝဲတစ္ခုကို အသုံးျပဳကာ တ႐ုတ္ေအးဂ်င့္မ်ားထံ ေနာက္ထပ္ လွ်ိဳ႕ဝွက္ခ်က္အသစ္မ်ားေပးပို႔ရန္ ျပင္ဆင္ေနစဥ္ လက္ပူးလက္ၾကပ္ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ဂရိအာဏာပိုင္မ်ားက သတင္းထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိၿပီးေနာက္ျပဳလုပ္ေသာ စစ္ေဆးေမးျမန္းမႈမ်ားတြင္ ဂရိဗိုလ္မႉးႀကီးက ျပစ္မႈကို ဝန္ခံထြက္ဆိုထားေၾကာင္း သိရသည္။