တိုက်ခိုက်ခံခဲ့ရမယ်ဆိုရင် အမေရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သွားနိုင်တယ်လို့ အီရန်သတိပေး

455

Pika (NP News) - ဖေဖော်ဝါရီ ၉
အမေရိကန်က တိုက်ခိုက်မှုတွေလုပ်ဆောင်လာခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းတွေကို အီရန်က တိုက်ခိုက်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက သတိပေးပြောဆို ခဲ့ပါတယ်။
နှစ်နိုင်ငံကြားတင်းမာမှုတွေရှိနေပေမယ့်လည်း အမေရိကန်နဲ့အီရန်တို့ဟာ အချိန်(၈)လနီးပါးအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အိုမန်နိုင်ငံမှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်က ဆွေးနွေးပွဲတွေ ပြန်မစခဲ့ရင် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့စစ်ရေး တည်ဆောက်မှုတစ်ခုကို စတင်တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ဆွေးနွေးပွဲတွေ ပြန်လည်စတင်တာက ကောင်းမွန်တဲ့ အစပြုမှုတစ်ခုဖြစ်ပေမယ့်လည်း အပြီးသတ် မယုံကြည်မှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ အာဘတ်စ်အာဂရာချီက မှတ်ချက်ပြုပြောခဲ့ပါတယ်။
၎င်းက “အမေရိကန်က ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ကျွန်တော်တို့ပြန်လည်တိုက်ခိုက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တိုက္ခိုက္ခံခဲ့ရမယ္ဆိုရင္ အေမရိကန္စစ္စခန္းေတြကို ျပန္လည္တိုက္ခိုက္သြားႏိုင္တယ္လို႔ အီရန္သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၉
အေမရိကန္က တိုက္ခိုက္မႈေတြလုပ္ေဆာင္လာခဲ့မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းမွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္ စခန္းေတြကို အီရန္က တိုက္ခိုက္သြားမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက သတိေပးေျပာဆို ခဲ့ပါတယ္။
ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြရွိေနေပမယ့္လည္း အေမရိကန္နဲ႔အီရန္တို႔ဟာ အခ်ိန္(၈)လနီးပါးအတြင္း ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြးမႈကို အိုမန္ႏိုင္ငံမွာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္က ေဆြးေႏြးပြဲေတြ ျပန္မစခဲ့ရင္ တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ပိုင္းကတည္းက အေမရိကန္ဟာ အေရွ႕အလယ္ပိုင္းမွာ ႀကီးမားတဲ့စစ္ေရး တည္ေဆာက္မႈတစ္ခုကို စတင္တည္ေဆာက္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔ေဆြးေႏြးပြဲေတြ ျပန္လည္စတင္တာက ေကာင္းမြန္တဲ့ အစျပဳမႈတစ္ခုျဖစ္ေပမယ့္လည္း အၿပီးသတ္ မယုံၾကည္မႈေတြက ဆက္ရွိေနဆဲျဖစ္တယ္လို႔ အာဘတ္စ္အာဂရာခ်ီက မွတ္ခ်က္ျပဳေျပာခဲ့ပါတယ္။
၎က “အေမရိကန္က ကြၽန္ေတာ္တို႔ကို တိုက္ခိုက္ခဲ့ရင္ ေဒသတြင္းမွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္စခန္းေတြကို ကြၽန္ေတာ္တို႔ျပန္လည္တိုက္ခိုက္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။