အာဖဂန်နစ္စတန်နိုင်ငံမှာ မီနီဘတ်စ်ကားတစ်စီး ချောက်ထဲကိုထိုးကျခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး

 245

Pika (NP News) - ဖေဖော်ဝါရီ ၉

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မီနီဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီးချောက်ထဲကို ထိုးကျခဲ့တာ ကြောင့် အနည်းဆုံးလူ(၁၅)ဦးသေဆုံးပြီး အခြားလူ(၃)ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲဒီမီနီဘတ်စ်ကားဟာ ဘာဒါရှန်ပြည်နယ် ဖိုင်ဇာဘတ်မြို့ကို ဦးတည်သွားလာနေစဉ်အချိန်အတွင်း ပျက်စီးနေတဲ့ လမ်းကြောင့် လမ်းချော်သွားပြီးတော့ ချောက်တစ်ခုထဲကို ထိုးကျသွားခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေက “ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့တဲ့လူတွေထဲမှာ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ လည်း ပါဝင်ပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူတွေကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ပြုပြင်မှုမရှိတဲ့လမ်းတွေ၊ စည်းမျည်းစည်းကမ်းမလိုက်နာမှုတွေနဲ့ ယာဉ်မောင်းတို့ရဲ့ မဆင်မခြင်မောင်းနှင်မှုတွေကြောင့် လူအသေအပျောက်များတဲ့ယာဉ်တိုက်မှုတွေက မကြာခဏဖြစ်ပွားလေ့ရှိတယ် လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း အီရန်ကနေပြန်လာတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ကလေး(၁၂)ဦး အပါအဝင် လူ(၇၈)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အာဖဂန္နစၥတန္ႏိုင္ငံမွာ မီနီဘတ္စ္ကားတစ္စီး ေခ်ာက္ထဲကိုထိုးက်ခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၉
အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ မီနီဘတ္စ္ကားတစ္စီး တိမ္းေမွာက္ၿပီးေခ်ာက္ထဲကို ထိုးက်ခဲ့တာ ေၾကာင့္ အနည္းဆုံးလူ(၁၅)ဦးေသဆုံးၿပီး အျခားလူ(၃)ဦး ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီမီနီဘတ္စ္ကားဟာ ဘာဒါရွန္ျပည္နယ္ ဖိုင္ဇာဘတ္ၿမိဳ႕ကို ဦးတည္သြားလာေနစဥ္အခ်ိန္အတြင္း ပ်က္စီးေနတဲ့ လမ္းေၾကာင့္ လမ္းေခ်ာ္သြားၿပီးေတာ့ ေခ်ာက္တစ္ခုထဲကို ထိုးက်သြားခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အာဏာပိုင္ေတြက “ဒီျဖစ္ရပ္အတြင္း ေသဆုံးခဲ့တဲ့လူေတြထဲမွာ အမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြ လည္း ပါဝင္ပါတယ္။ ၿပီးေတာ့ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူေတြကလည္း စိုးရိမ္ရတဲ့အေျခအေနမွာရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံမွာ ျပဳျပင္မႈမရွိတဲ့လမ္းေတြ၊ စည္းမ်ည္းစည္းကမ္းမလိုက္နာမႈေတြနဲ႔ ယာဥ္ေမာင္းတို႔ရဲ႕ မဆင္မျခင္ေမာင္းႏွင္မႈေတြေၾကာင့္ လူအေသအေပ်ာက္မ်ားတဲ့ယာဥ္တိုက္မႈေတြက မၾကာခဏျဖစ္ပြားေလ့ရွိတယ္ လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လတုန္းကလည္း အီရန္ကေနျပန္လာတဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို တင္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ ကေလး(၁၂)ဦး အပါအဝင္ လူ(၇၈)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.