ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်သည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို UEC အတည်ပြုကြေညာ

 1399

Pearl (NP News) - ဖေဖော်ဝါရီ ၉

ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်သည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အတည်ပြုကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၈) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သား ၅၆ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၁ အရ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း UECက အသိပေးထားသည်။
အမျိုးသားလွှတ်တော်အတွက် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးကို ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် (၆) ဦး၊ ဗိုလ်မှူးကြီး ၁၆ ဦး၊ ဒုတိယဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး ၂၁ ဦးနှင့် ဗိုလ်ကြီး (၇)ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးအနက် အမျိုးသမီးကိုယ်စားလှယ် (၆) ဦးပါဝင်ကြောင်းလည်း သိရသည်။

Zawgyi Version;
ဗိုလ္ခ်ဳပ္ေက်ာ္သူရေအး ဦးေဆာင္သည့္ တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို UEC အတည္ျပဳေၾကညာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၉
ဗိုလ္ခ်ဳပ္ေက်ာ္သူရေအး ဦးေဆာင္သည့္ တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၅၆ ဦးကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က အတည္ျပဳေၾကညာခဲ့သည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္မွစတင္၍ အပိုင္းလိုက္က်င္းပခဲ့သည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားလႊတ္ေတာ္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ အခန္း(၈) ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အမည္စာရင္းေပးပို႔လာသည့္ တပ္မေတာ္သား ၅၆ ဦးအား ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စိစစ္ၿပီးျဖစ္၍ အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၃၁ အရ တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း UECက အသိေပးထားသည္။
အမ်ိဳးသားလႊတ္ေတာ္အတြက္ တပ္မေတာ္သားကိုယ္စားလွယ္ ၅၆ ဦးကို ဗိုလ္ခ်ဳပ္ေက်ာ္သူရေအး ဦးေဆာင္ၿပီး ဗိုလ္မႉးခ်ဳပ္ (၆) ဦး၊ ဗိုလ္မႉးႀကီး ၁၆ ဦး၊ ဒုတိယဗိုလ္မႉးႀကီး (၅) ဦး၊ ဗိုလ္မႉး ၂၁ ဦးႏွင့္ ဗိုလ္ႀကီး (၇)ဦးတို႔ျဖင့္ ဖြဲ႕စည္းထားသည္။
အဆိုပါ တပ္မေတာ္သားကိုယ္စားလွယ္ ၅၆ ဦးအနက္ အမ်ိဳးသမီးကိုယ္စားလွယ္ (၆) ဦးပါဝင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.