ပလက်ဝတွင် ချင်းတိုင်းရင်းသား ကလေးငယ်များကိုပါ ရခိုင်စာ သင်ခိုင်းနေ

 201

သုတကျော် (NP News) - ဖေဖော်ဝါရီ ၉

လက်ရှိတွင် AA က ထိန်းချုပ်ထားသည့် ပလက်ဝ ဒေသတွင် ချင်းတိုင်းရင်းသား ကလေးငယ် များကိုပါ စာသင်ခိုင်းနေသည့်အတွက် ဒေသခံများအနေဖြင့် မပြောရဲဘဲ ငြိမ်ခံနေရသောအခြေအနေ ဖြစ်ကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
လက်ရှိ ရခိုင်စာကို သင်ကြားခိုင်းရာတွင် ဘာသာစကား ပြဿနာရှိနေသည့်အတွက် ကလေး ငယ်များ ကျောင်းမတက်လိုသောကြောင့် ငြင်းဆန်ခြင်းများရှိနေကြောင်းလည်း သိရသည်။
“စကားကို နားမလည်ဘူး။ နားမလည်တော့ အမေကျောင်းမှာ ဘာတွေသင်လဲ နားမလည်ဘူး။ မတက်ချင်တော့ဘူး ဖြစ်လာတာ”ဟု အဆိုပါ ဒေသခံက ဆိုသည်။ လက်ရှိ အခြေအနေမှာ ပြောမရသည့် အတွက် ငြိမ်ခံနေရသော အခြေအနေဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“ကလေးတွေ ကျောင်းတက်တဲ့အခါ သူတို့မှာ ပြဋ္ဌာန်းစာအုပ်ရှိတယ်။ အဲဒီ ရခိုင်စာပေါ့။ အဲဒါ သင်ရတယ်။ သူတို့ မျက်နှာ ကြည့်နေရတာကိုး။ ချင်းစာက နဂိုတည်းက လုပ်ထားတာရှိတယ်။ သူတို့ကို ပေးမသင်ဘူး ထင်တယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် AA က ပလက်ဝ နှင့် ၎င်းတို့ ထိန်းချုပ်ထား သည့်ဒေသများတွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနေရာ ယင်းမှာ ရခိုင်ဒေသမှ ရခိုင်တိုင်းရင်းသား များနှင့် ပလက်ဝမှ ချင်းတိုင်းရင်းသားတို့အတွက် အခက်အခဲတစ်ခု ဖြစ်လာနေသည်။
AA အနေဖြင့် ချင်းတိုင်းရင်းသားများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေခြင်းဖြစ်ပြီး ဒေသခံများ အနေဖြင့် စစ်မှုထမ်းပါက ဒေသနှင့် နီးစပ်ရာ နေရာများတွင် လုံခြုံရေးအဖြစ် ပြန်လည်နေရာချထားစေ လိုသော်လည်း စစ်သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်နေရာများသို့ စေလွှတ်နေရာ စိုးရိမ်မှုများ ပိုမိုရှိနေ ခြင်း ဖြစ်သည်။
ထို့ကြောင့် AA တွင် တာဝန်မထမ်းဆောင် လိုသည့်အတွက် အိန္ဒိယနိုင်ငံဘက်သို့ အစုလိုက် အပြုံလိုက် တိမ်းရှောင်ခြင်းများ ရှိနေသည်။ “ထင်ရှားတဲ့ဖြစ်စဉ်တစ်ခုကို ကောက်နုတ်ပြီးပြောရမယ် ဆိုရင် ခရစ်ယာန်အမှုတော်ဆောင် ဆရာတောင် သူတို့စစ်မှုထမ်းခေါ်တာ ခံရတယ်။ ဒါပေမဲ့ သူက ဘာ သာရေးဘက်ကဖြစ်လို့ ရပါတယ်တဲ့။ ဒါပေမဲ့ သူ့မိန်းမကို အစားထိုးပြီး ထမ်းခိုင်းမယ် ပြောပြန်တယ်။ သူ့မိန်းမမှာက ကလေး သုံး ယောက် ရှိတာ။ အငယ်ဆုံး ကလေးက သုံးနှစ်ရှိပြီ။ ဒါကြောင့် စစ်မှုထမ်းရ မယ်လို့ ခေါ်နေတာ။ ကန့်သတ်ချက်ကတော့ စစ်မှုထမ်းကာလက နှစ်နှစ်ပေါ့” ဟု အခြား ဒေသခံတစ်ဦး က ဆိုသည်။

Zawgyi Version;
ပလက္ဝတြင္ ခ်င္းတိုင္းရင္းသား ကေလးငယ္မ်ားကိုပါ ရခိုင္စာ သင္ခိုင္းေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၉
လက္ရွိတြင္ AA က ထိန္းခ်ဳပ္ထားသည့္ ပလက္ဝ ေဒသတြင္ ခ်င္းတိုင္းရင္းသား ကေလးငယ္ မ်ားကိုပါ စာသင္ခိုင္းေနသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ မေျပာရဲဘဲ ၿငိမ္ခံေနရေသာအေျခအေန ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိ ရခိုင္စာကို သင္ၾကားခိုင္းရာတြင္ ဘာသာစကား ျပႆနာရွိေနသည့္အတြက္ ကေလး ငယ္မ်ား ေက်ာင္းမတက္လိုေသာေၾကာင့္ ျငင္းဆန္ျခင္းမ်ားရွိေနေၾကာင္းလည္း သိရသည္။
“စကားကို နားမလည္ဘူး။ နားမလည္ေတာ့ အေမေက်ာင္းမွာ ဘာေတြသင္လဲ နားမလည္ဘူး။ မတက္ခ်င္ေတာ့ဘူး ျဖစ္လာတာ”ဟု အဆိုပါ ေဒသခံက ဆိုသည္။ လက္ရွိ အေျခအေနမွာ ေျပာမရသည့္ အတြက္ ၿငိမ္ခံေနရေသာ အေျခအေနျဖစ္ေၾကာင္း အျခားေဒသခံတစ္ဦးက ဆိုသည္။
“ကေလးေတြ ေက်ာင္းတက္တဲ့အခါ သူတို႔မွာ ျပ႒ာန္းစာအုပ္ရွိတယ္။ အဲဒီ ရခိုင္စာေပါ့။ အဲဒါ သင္ရတယ္။ သူတို႔ မ်က္ႏွာ ၾကည့္ေနရတာကိုး။ ခ်င္းစာက နဂိုတည္းက လုပ္ထားတာရွိတယ္။ သူတို႔ကို ေပးမသင္ဘူး ထင္တယ္” ဟု ၎ကဆိုသည္။ လက္ရွိတြင္ AA က ပလက္ဝ ႏွင့္ ၎တို႔ ထိန္းခ်ဳပ္ထား သည့္ေဒသမ်ားတြင္ စစ္မႈမထမ္းမေနရစနစ္ကို က်င့္သုံးေနရာ ယင္းမွာ ရခိုင္ေဒသမွ ရခိုင္တိုင္းရင္းသား မ်ားႏွင့္ ပလက္ဝမွ ခ်င္းတိုင္းရင္းသားတို႔အတြက္ အခက္အခဲတစ္ခု ျဖစ္လာေနသည္။
AA အေနျဖင့္ ခ်င္းတိုင္းရင္းသားမ်ားကို အတင္းအဓမၼ စစ္မႈထမ္းခိုင္းေနျခင္းျဖစ္ၿပီး ေဒသခံမ်ား အေနျဖင့္ စစ္မႈထမ္းပါက ေဒသႏွင့္ နီးစပ္ရာ ေနရာမ်ားတြင္ လုံၿခဳံေရးအျဖစ္ ျပန္လည္ေနရာခ်ထားေစ လိုေသာ္လည္း စစ္သင္တန္းေပးၿပီးေနာက္ တိုက္ပြဲျဖစ္ေနရာမ်ားသို႔ ေစလႊတ္ေနရာ စိုးရိမ္မႈမ်ား ပိုမိုရွိေန ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ AA တြင္ တာဝန္မထမ္းေဆာင္ လိုသည့္အတြက္ အိႏၵိယႏိုင္ငံဘက္သို႔ အစုလိုက္ အၿပဳံလိုက္ တိမ္းေရွာင္ျခင္းမ်ား ရွိေနသည္။ “ထင္ရွားတဲ့ျဖစ္စဥ္တစ္ခုကို ေကာက္ႏုတ္ၿပီးေျပာရမယ္ ဆိုရင္ ခရစ္ယာန္အမႈေတာ္ေဆာင္ ဆရာေတာင္ သူတို႔စစ္မႈထမ္းေခၚတာ ခံရတယ္။ ဒါေပမဲ့ သူက ဘာ သာေရးဘက္ကျဖစ္လို႔ ရပါတယ္တဲ့။ ဒါေပမဲ့ သူ႔မိန္းမကို အစားထိုးၿပီး ထမ္းခိုင္းမယ္ ေျပာျပန္တယ္။ သူ႔မိန္းမမွာက ကေလး သုံး ေယာက္ ရွိတာ။ အငယ္ဆုံး ကေလးက သုံးႏွစ္ရွိၿပီ။ ဒါေၾကာင့္ စစ္မႈထမ္းရ မယ္လို႔ ေခၚေနတာ။ ကန႔္သတ္ခ်က္ကေတာ့ စစ္မႈထမ္းကာလက ႏွစ္ႏွစ္ေပါ့” ဟု အျခား ေဒသခံတစ္ဦး က ဆိုသည္။

Related news

© 2021. All rights reserved.