ပါတီများအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို သံသယရှိပါက UEC သို့ လုပ်ထုံးလုပ်နည်းနှင့်အညီတင်ပြဆောင်ရွက်နိုင်

 285

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၀

ယခုရရှိလာသည့် ရွေးကောက်ပွဲရလဒ်များကိုလည်း ပါတီများအနေဖြင့် သံသယရှိပါက ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကို ပါတီပေါင်း (၅၇) ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
(၃၁) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၁) ဦး ရွေးကောက်ခံခဲ့ရကြောင်း လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မဲစာရင်းရလာဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် (၄၄ ဒသမ ၁၉) ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအနေဖြင့် (၁၃ ဒသမ ၃၄) ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ (၈ ဒသမ ၈၅) ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် (၇ ဒသမ ၆၅) ရာခိုင်နှုန်း၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီအနေဖြင့် (၆ ဒသမ ၁၇) ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အလားတူ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်အနိုင်ရရှိခဲ့ကြသည်ကို တွေ့ရကြောင်းနှင့် မိမိတို့အနေဖြင့် PR စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပါတီစုံစနစ် (Multi Party စနစ်) ကို ပီပြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုရရှိသည့် မဲရလဒ်များကို ကြည့်ခြင်းအားဖြင့် ပါတီဝင်အင်အားကို ခန့်မှန်း၍ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။
နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူနှင့်ကင်းကွာ၍ မရကြောင်း၊ ပြည်သူများနှင့် ထိတွေ့မှုများပြားသည့် ပါတီများ၊ ပါတီဝင်စည်းရုံးရေးကို ဆောင်ရွက်နိုင်ခဲ့သည့် ပါတီများအနေဖြင့် ပြည်သူများ၏ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ် ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်မတိုင်မီကတည်းက စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ရမည်ကို သင်ခန်းစာဖော်ထုတ်နိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ပါတီ၏မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများအား ပြည်သူများ သိရှိစေရေးဆောင်ရွက်ပြီး စည်းရုံးဆောင်ရွက် ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် နောင်တစ်ချိန်ပြုလုပ်သွားမည့်ရွေးကောက်ပွဲများတွင် ယခုထက်ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version;
ပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲရလဒ္ကို သံသယရွိပါက UEC သို႔ လုပ္ထုံးလုပ္နည္းႏွင့္အညီတင္ျပေဆာင္႐ြက္ႏိုင္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၀
ယခုရရွိလာသည့္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကိုလည္း ပါတီမ်ားအေနျဖင့္ သံသယရွိပါက ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ လုပ္ထုံးလုပ္နည္းႏွင့္အညီ တင္ျပေဆာင္႐ြက္ႏိုင္ေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာ ေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔ (ေဖေဖာ္ဝါရီ ၉ ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲကို ပါတီေပါင္း (၅၇) ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားလုံးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္မွာ ၆ ပါတီရွိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
(၃၁) ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တစ္သီးပုဂၢလကိုယ္စားလွယ္ (၁) ဦး ေ႐ြးေကာက္ခံခဲ့ရေၾကာင္း လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
မဲစာရင္းရလာဒ္မ်ားအရ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ (၄၄ ဒသမ ၁၉) ရာခိုင္ႏႈန္း၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရးပါတီအေနျဖင့္ (၁၃ ဒသမ ၃၄) ရာခိုင္ႏႈန္း၊ ျပည္သူ႔ပါတီ (၈ ဒသမ ၈၅) ရာခိုင္ႏႈန္း၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္ (၇ ဒသမ ၆၅) ရာခိုင္ႏႈန္း၊ ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္ တစ္ပါတီအေနျဖင့္ (၆ ဒသမ ၁၇) ရာခိုင္ႏႈန္းရရွိခဲ့သည္ကို ေတြ႕ရွိရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အလားတူ တိုင္းရင္းသားပါတီမ်ားမွ ကိုယ္စားလွယ္မ်ားလည္း ပါဝင္အႏိုင္ရရွိခဲ့ၾကသည္ကို ေတြ႕ရေၾကာင္းႏွင့္ မိမိတို႔အေနျဖင့္ PR စနစ္ျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သျဖင့္ ပါတီစုံစနစ္ (Multi Party စနစ္) ကို ပီျပင္စြာ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
မိမိတို႔အေနျဖင့္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒကို စနစ္တက်ျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ယခုရရွိသည့္ မဲရလဒ္မ်ားကို ၾကည့္ျခင္းအားျဖင့္ ပါတီဝင္အင္အားကို ခန႔္မွန္း၍ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ဆိုသည္။
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ျပည္သူႏွင့္ကင္းကြာ၍ မရေၾကာင္း၊ ျပည္သူမ်ားႏွင့္ ထိေတြ႕မႈမ်ားျပားသည့္ ပါတီမ်ား၊ ပါတီဝင္စည္း႐ုံးေရးကို ေဆာင္႐ြက္ႏိုင္ခဲ့သည့္ ပါတီမ်ားအေနျဖင့္ ျပည္သူမ်ား၏ေထာက္ခံမႈကို ရရွိခဲ့ျခင္းျဖစ္ ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲက်င္းပခ်ိန္မတိုင္မီကတည္းက စနစ္တက်ျဖင့္ ႀကိဳတင္ျပင္ဆင္၍ ေဆာင္႐ြက္ရမည္ကို သင္ခန္းစာေဖာ္ထုတ္ႏိုင္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ပါတီ၏မူဝါဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားအား ျပည္သူမ်ား သိရွိေစေရးေဆာင္႐ြက္ၿပီး စည္း႐ုံးေဆာင္႐ြက္ ၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ ေနာင္တစ္ခ်ိန္ျပဳလုပ္သြားမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ ယခုထက္ပိုမိုေကာင္းမြန္သည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.