အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့်နှစ်မှ ယနေ့အထိ(၁၅၈)ဆုကို နှစ်အလိုက် အသီးသီးရရှိခဲ့

400

Pearl (NP News) - ဖေဖော်ဝါရီ ၁၀
အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ် ချီးမြှင့်ခဲ့သည့်နှစ်မှ ယနေ့အထိ (၁၅၈)ဆုကို နှစ်အလိုက် အသီးသီးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်-၂ဝ၂၆ တွင် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုရရှိသူများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်က အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးရန် မဟာ ဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆေင်ရာတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သူအားလုံး ကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်း များကို ၂၀၀၈ ခုနှစ်ကတည်းကပင် စတင်သတ်မှတ်ပြဌာန်းခဲ့ကြောင်း ပြောသည်။
လက်ရှိအချိန်အထိစုစုပေါင်း စံနှုန်း(၁၁)ခုအထိ အတည်ပြုထားကာသက်ဆိုင်ရာစံနှုန်းများအလိုက် ဆုပေးအပ်ခြင်း များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆု (၂၄) ဆုရရှိခဲ့ပြီး ဆုများ စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ စုစုပေါင်း စံနှုန်းဆု (၁၅၈)ဆုကို နှစ်အလိုက် အသီးသီးရရှိထားခဲ့ကြောင်း ပြောသည်။
အာဆီယံဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁၃၈ သန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၁၄၄ သန်း အသီးသီးဝင်ရောက်လည်ပတ်ကြပါသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေထက် ကျော်လွန်ပြီးဖြစ်ကြောင်း၊ ထူးခြားချက်အနေဖြင့် အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်စုစုပေါင်းအရေအတွက်၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအကြား အပြန်အလှန်လည်ပတ်မှုဖြစ်သည့် အတွက် Intra-ASEAN ခရီးသွားလုပ်ငန်းများ၏ အရေးပါမှုကို သတိပြုမိစေလိုပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွားဈေးကွက်ကိုရရှိနိုင်ရန်သာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံ များဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံများမှ ခရီးသွားဈေးကွက်ကို ရရှိနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများအား ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှု၊ ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားသော အတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ရေးနှင့် လည်ပတ်ချင်စရာ ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး တို့အတွက် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းများနှင့်အညီ လိုက်ပါ အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ကြောင်းလည်း ပြောသည်။
အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုရရှိခဲ့သူများအနေဖြင့်လည်း ဝန်ဆောင်မှုစံနှုန်းများကို ဆက်လက်ထိန်းသိမ်း နိုင်ရေး ကြိုးစားကြရန်၊ စံနှုန်းပါလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် နှင့် အခြားသော စံနှုန်း ဆုများကိုပါ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
အာဆီယံခရီးသြားလုပ္ငန္းစံႏႈန္းဆု စတင္ေပးအပ္ခ်ီးျမႇင့္ခဲ့သည့္ႏွစ္မွ ယေန႔အထိ(၁၅၈)ဆုကို ႏွစ္အလိုက္ အသီးသီးရရွိခဲ့
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၀
အာဆီယံခရီးသြားလုပ္ငန္းစံႏႈန္းဆု စတင္ေပးအပ္ ခ်ီးျမႇင့္ခဲ့သည့္ႏွစ္မွ ယေန႔အထိ (၁၅၈)ဆုကို ႏွစ္အလိုက္ အသီးသီးရရွိခဲ့ေၾကာင္း အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၆ ခုႏွစ္၊ ဇန္နဝါရီလတြင္ ဖိလစ္ပိုင္ႏိုင္ငံ၊ စီဘူးၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံ ခရီးသြားလုပ္ငန္းဖိုရမ္-၂ဝ၂၆ တြင္ အာဆီယံခရီးသြားလုပ္ငန္းဆိုင္ရာစံႏႈန္းဆုရရွိသူမ်ားအား ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ဆုတံဆိပ္ႏွင့္ ဂုဏ္ျပဳလက္မွတ္မ်ား ထပ္ဆင့္ဂုဏ္ျပဳခ်ီးျမႇင့္ပြဲ အခမ္းအနားကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) က က်င္းပခဲ့ေၾကာင္း သိရသည္။
အခမ္းအနားတြင္ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး JengPhang ေနာ္ေတာင္က အာဆီယံေဒသတြင္း ခရီးသြားလုပ္ငန္းက႑ ေရရွည္ဖြံ႕ၿဖိဳးရန္ မဟာ ဗ်ဴဟာမ်ား ခ်မွတ္အေကာင္အထည္ေဖာ္ေဆင္ရာတြင္ ခရီးသြားလုပ္ငန္းႏွင့္ဆက္စပ္သူအားလုံး က႑ အလိုက္ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုအားေကာင္းခိုင္မာလာေစရန္ ရည္႐ြယ္၍ အာဆီယံခရီးသြားလုပ္ငန္း စံႏႈန္း မ်ားကို ၂၀၀၈ ခုႏွစ္ကတည္းကပင္ စတင္သတ္မွတ္ျပဌာန္းခဲ့ေၾကာင္း ေျပာသည္။
လက္ရွိအခ်ိန္အထိစုစုေပါင္း စံႏႈန္း(၁၁)ခုအထိ အတည္ျပဳထားကာသက္ဆိုင္ရာစံႏႈန္းမ်ားအလိုက္ ဆုေပးအပ္ျခင္း မ်ားကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ က်င္းပျပဳလုပ္ေပးျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ယခုႏွစ္တြင္ အာဆီယံ ခရီးသြားလုပ္ငန္းစံႏႈန္းဆု (၂၄) ဆုရရွိခဲ့ၿပီး ဆုမ်ား စတင္ေပးအပ္ခ်ီးျမႇင့္ခဲ့သည့္ ၂၀၀၈ ခုႏွစ္မွ ယေန႔အခ်ိန္အထိ စုစုေပါင္း စံႏႈန္းဆု (၁၅၈)ဆုကို ႏွစ္အလိုက္ အသီးသီးရရွိထားခဲ့ေၾကာင္း ေျပာသည္။
အာဆီယံေဒသတြင္းသို႔ ႏိုင္ငံတကာခရီးသြားဧည့္သည္ေရာက္ရွိမႈအေနျဖင့္ ၂၀၂၄ ခုႏွစ္တြင္ ၁၃၈ သန္းႏွင့္ ၂၀၂၅ ခုႏွစ္တြင္ ၁၄၄ သန္း အသီးသီးဝင္ေရာက္လည္ပတ္ၾကပါသျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါမတိုင္မီခရီးသြားဧည့္သည္ ဝင္ေရာက္မႈအေျခအေနထက္ ေက်ာ္လြန္ၿပီးျဖစ္ေၾကာင္း၊ ထူးျခားခ်က္အေနျဖင့္ အာဆီယံေဒသတြင္းသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားဧည့္သည္စုစုေပါင္းအေရအတြက္၏ ထက္ဝက္ခန႔္မွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ မ်ားအၾကား အျပန္အလွန္လည္ပတ္မႈျဖစ္သည့္ အတြက္ Intra-ASEAN ခရီးသြားလုပ္ငန္းမ်ား၏ အေရးပါမႈကို သတိျပဳမိေစလိုၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ယင္းခရီးသြားေဈးကြက္ကိုရရွိႏိုင္ရန္သာမက အာဆီယံ၏ မိတ္ဖက္ႏိုင္ငံ မ်ားျဖစ္သည့္ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အိႏၵိယ ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမ်ားမွ ခရီးသြားေဈးကြက္ကို ရရွိႏိုင္ရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ျမန္မာႏိုင္ငံအေနျဖင့္ လာေရာက္လည္ပတ္သည့္ ႏိုင္ငံတကာခရီးသြားမ်ားအား ျပည့္စုံေကာင္းမြန္ေသာ ဝန္ေဆာင္မႈ၊ ယုံၾကည္စိတ္ခ်ရၿပီး အရည္အေသြးျမင့္မားေသာ အေတြ႕အႀကဳံေကာင္းမ်ား ဖန္တီးေပးႏိုင္ေရးႏွင့္ လည္ပတ္ခ်င္စရာ ခရီးစဥ္ေဒသတစ္ခုျဖစ္ေစေရး တို႔အတြက္ အာဆီယံ ခရီးသြားလုပ္ငန္းစံႏႈန္းမ်ားႏွင့္အညီ လိုက္ပါ အေကာင္အထည္ေဖာ္ေဆာင္ရန္ လိုအပ္ေၾကာင္းလည္း ေျပာသည္။
အာဆီယံခရီးသြားလုပ္ငန္းစံႏႈန္းဆုရရွိခဲ့သူမ်ားအေနျဖင့္လည္း ဝန္ေဆာင္မႈစံႏႈန္းမ်ားကို ဆက္လက္ထိန္းသိမ္း ႏိုင္ေရး ႀကိဳးစားၾကရန္၊ စံႏႈန္းပါလမ္းၫႊန္ခ်က္မ်ားကို တိက်စြာလိုက္နာေဆာင္႐ြက္ၾကရန္ ႏွင့္ အျခားေသာ စံႏႈန္း ဆုမ်ားကိုပါ ရရွိေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။