ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးများ ရှင်းလင်းရေးလုပ်သူ အမျိုးသား(၂)ဦး အောက်စီဂျင်ပျက်၍ သေဆုံး

472

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၁ဝ
ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးများ ရှင်းလင်းရေးလုပ်သူ အမျိုးသား(၂)ဦးမှာ အောက်စီဂျင်ပျက်၍ သေဆုံးခဲ့ ကြောင်း မှော်ဘီမီးသတ်ဌာန မှ တာဝန်ရှိသူ တစ်ဉီးထံ မေးမြန်းချက်အရသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) ၊ ညပိုင်း(၆)နာရီ (၁၂)မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဂါလန်(၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ရဲဘက်က လှမ်းအကြောင်းကြားမှ သိရတာဗျ။ အဲဒီရောက်တော့မှ ကျွန်တော်တို့က ဒီဟာကို အပြင်ကို ပြန်သယ်ထုတ်ပေးတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစဉ်ကြောင့် ဂါလန်(၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း၌ သန့်ရှင်းရေးလုပ်သူ အမျိုးသား(၂)ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ အသက်(၂ဝ)ကျော်ဖြစ်၍ ကျန်တစ်ဉီးမှာ အသက်(၃ဝ)ကျော် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ အမျိုးသား(၂)ဦးအား မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ဆီေဘာက္ဆာယာဥ္အတြင္း ဆီဂ်ိဳးမ်ား ရွင္းလင္းေရးလုပ္သူ အမ်ိဳးသား(၂)ဦး ေအာက္စီဂ်င္ပ်က္၍ ေသဆုံး
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၁၀
ဆီေဘာက္ဆာယာဥ္အတြင္း ဆီဂ်ိဳးမ်ား ရွင္းလင္းေရးလုပ္သူ အမ်ိဳးသား(၂)ဦးမွာ ေအာက္စီဂ်င္ပ်က္၍ ေသဆုံးခဲ့ ေၾကာင္း ေမွာ္ဘီမီးသတ္ဌာန မွ တာဝန္ရွိသူ တစ္ဉီးထံ ေမးျမန္းခ်က္အရသိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၉ ရက္) ၊ ညပိုင္း(၆)နာရီ (၁၂)မိနစ္အခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕ နယ္၊ ဘြက္ႀကီးေက်း႐ြာအနီး ၿမိဳ႕ေရွာင္လမ္းတြင္ ဂါလန္(၇၅၀၀)ဆံ့ ဆီေဘာက္ဆာယာဥ္အတြင္း၌ ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။
ထိုသို႔ျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ ေမွာ္ဘီၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၁)စီးႏွင့္ ရွာေဖြကယ္ဆယ္ ေရးတပ္ဖြဲ႕ဝင္မ်ားျဖင့္ သြားေရာက္ကူညီေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကို ရဲဘက္က လွမ္းအေၾကာင္းၾကားမွ သိရတာဗ်။ အဲဒီေရာက္ေတာ့မွ ကြၽန္ေတာ္တို႔က ဒီဟာကို အျပင္ကို ျပန္သယ္ထုတ္ေပးတာေပါ့” ဟု ၎က ေျပာသည္။
အဆိုပါျဖစဥ္ေၾကာင့္ ဂါလန္(၇၅၀၀)ဆံ့ ဆီေဘာက္ဆာယာဥ္အတြင္း၌ သန႔္ရွင္းေရးလုပ္သူ အမ်ိဳးသား(၂)ဦးမွာ ေသဆုံးခဲ့ၿပီး တစ္ဦးမွာ အသက္(၂ဝ)ေက်ာ္ျဖစ္၍ က်န္တစ္ဉီးမွာ အသက္(၃ဝ)ေက်ာ္ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူ အမ်ိဳးသား(၂)ဦးအား ျမန္မာႏိုင္ငံဘက္စုံလူမႈကူညီေရးအသင္းယာဥ္ျဖင့္ ေမွာ္ဘီၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။