သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၂၉) မျိုးကို FDA အသိပေး

620

Pearl (NP News) - ဖေဖော်ဝါရီ ၁၀
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိပြီး သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၂၉) မျိုးကို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post - Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံ အသီးသီးမှ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၂၉)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်များ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် အများပြည်သူ လူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးအပ်ထားသည်။
အလှကုန်ပစ္စည်း(၂၉)မျိုးတွင် JC BEAUTY CULTURE RADIANCE RENEWAL SERUM (NA) အပါအဝင် မလေးရှား နိုင်ငံထုတ် အလှကုန်ပစ္စည်း(၃) မျိုး၊ ဘရူနိုင်းနိုင်ထုတ် (၁) မျိုး၊ အင်ဒိုနီးရှားနိုင်ငံထုတ် (၅) မျိုး၊ ဖိလစ်ပိုင်နိုင်ငံထုတ် (၈)မျိုး နှင့် နိုင်ငံထုတ် (၁၂) မျိုးတို့ ပါဝင်သည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှ တဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်နှင့် Online Shopping ဖြင့် ရောင်းချသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများ ကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထား သည်။

Zawgyi Version;
သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း (၂၉) မ်ိဳးကို FDA အသိေပး
Pearl (NP News) -ေဖေဖာ္ဝါရီ ၁၀
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ အရည္အေသြး စစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူတို႔ သုံးစြဲႏိုင္ရန္ စနစ္တက် ကြပ္ကဲလ်က္ရွိၿပီး သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း (၂၉) မ်ိဳးကို အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က အသိေပးထုတ္ျပန္ထားသည္။
အာဆီယံေဒသတြင္းႏိုင္ငံမ်ား၏ Post - Marketing Alert System (PMAS) Report အစီအစဥ္အရ အာဆီယံႏိုင္ငံ အသီးသီးမွ ေတြ႕ရွိရေသာ သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း(၂၉)မ်ိဳးသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲ ေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္ျခင္း၊ ဓာတ္ခြဲစစ္ေဆးခ်က္ရလဒ္မ်ား ေကာင္းမြန္မႈမရွိျခင္းတို႔ေၾကာင့္ အမ်ားျပည္သူ လူထုသုံးစြဲရန္ မသင့္ေတာ္ေၾကာင္း အသိေပးအပ္ထားသည္။
အလွကုန္ပစၥည္း(၂၉)မ်ိဳးတြင္ JC BEAUTY CULTURE RADIANCE RENEWAL SERUM (NA) အပါအဝင္ မေလးရွား ႏိုင္ငံထုတ္ အလွကုန္ပစၥည္း(၃) မ်ိဳး၊ ဘ႐ူႏိုင္းႏိုင္ထုတ္ (၁) မ်ိဳး၊ အင္ဒိုနီးရွားႏိုင္ငံထုတ္ (၅) မ်ိဳး၊ ဖိလစ္ပိုင္ႏိုင္ငံထုတ္ (၈)မ်ိဳး ႏွင့္ ႏိုင္ငံထုတ္ (၁၂) မ်ိဳးတို႔ ပါဝင္သည္။
တားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွ တဆင့္ ခႏၶာကိုယ္အတြင္းသို႔စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း ႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။
အလွကုန္ပစၥည္း တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီ၊ လက္လီလက္ကားဆိုင္ႏွင့္ Online Shopping ျဖင့္ ေရာင္းခ်သူမ်ားသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္း မရွိေသာ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်ျခင္းမ်ား ကို က်င့္ဝတ္ (Ethic) အရ လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္း မရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕ အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာဥပေဒ ပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ) အရ အေရးယူမည္ျဖစ္ေၾကာင္း အသိေပးထား သည္။