မော်တော်ဆိုင်ကယ် တာယာစက်ရုံတည်ထောင်ရန်အတွက် တရုတ်က စိတ်ဝင်စားနေ

 5476

Pearl (NP News) - ဖေဖော်ဝါရီ ၁ဝ

မော်တော်ဆိုင်ကယ်တာယာထုတ်လုပ်သည့်စက်ရုံအတွက် တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး စိတ်ဝင်စားနေကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် မော်တော်ဆိုင်ကယ်တာယာထုတ်လုပ်သည့်စက်ရုံကို မြန်မာလုပ်ငန်းရှင်များနှင့် တရုတ်လုပ်ငန်းရှင်များကြား ဖက်စပ်လုပ်ကိုင်ရန် ရော်ဘာဈေးကွက်နှင့် တာယာဈေးကွက်ကို တရုတ် ဘက်မှ ဆာဗေးများကောက်ယူထားပြီး နိုင်ငံရေးအပြောင်းအလဲများကို ဆက်လက်စောင့်ကြည့်နေ ကြောင်း သိရသည်။
“လက်အိတ်ရော မော်တော်ဆိုင်ကယ် တာယာစက်ရုံလုပ်ဖို့ ကြိုးစားနေကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဖို့ကြိုးစားနေကြတယ်။ လက်ရှိအခြေအနေကတော့ ဆာဗေးလုပ်ပြီးတော့ နိုင်ငံရေး အပြောင်းအလဲကို စောင့်ကြည့်နေတဲ့သဘော။ ဆာဗေးလုပ်သွားတာတော့ ဈေးကွက်ရော ဘာရော လုပ် သွားပြီပေါ့။ လုပ်တာတော့ လုပ်ရမှာပေါ့။ လုပ်လည်း လုပ်ဖြစ်မှာပါ။ ကြိုးလည်း ကြိုးစားနေပါတယ်” ဟု ပြောသည်။
အဆိုပါစက်ရုံကို အကောင်အထည်ဖော်တည်ဆောက်ဖြစ်ပါက ရော်ဘာ ကုန်ကြမ်းထွက်ရှိသည့် တိုင်းနှင့်ပြည်နယ်များရှိ ပြည်ပသို့ Export တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည့် နေရာမျိုး တွင် ရွေးချယ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“Export အတွက်ပါ စဉ်းစားရတဲ့အခါကျတော့ ရန်ကုန်ဆိပ်ကမ်းနဲ့လည်း Transport အဆင်ပြေ ရမယ်။ ရော်ဘာ အမြောက်အမြားထွက်တဲ့ပြည်နယ်နဲ့တိုင်းတွေနဲ့လည်း အဆင်ပြေတဲ့နေရာမျိုးပေါ့ ရွေး ချယ်ရမှာပေါ့။ လက်ရှိ အားနည်းချက်ကဘာလဲဆိုတော့ တာယာစက်ရုံက အန်ကယ်တို့ဆီက ထွက်တဲ့ Natural ရော်ဘာက တကယ်တမ်းပြောရင် (၂၅) ရာခိုင်နှုန်းလောက် သုံးတာပေါ့နော်။ ကျန်တာတွေက Chemical တို့ Materials တို့ Black Carbon တို့ အများကြီး Import သွင်းရတာပေါ့။ ကိုယ့်နိုင်ငံက မထွက်ဘူးလေ။ အဲဒါတွေကိုလည်း ကိုယ့်နိုင်ငံထဲ ထုတ်လုပ်နိုင်အောင် ကြိုးစားဖို့တော့ လိုအပ်တာပေါ့။ ထုတ်ဖို့အတွက်လည်း နည်းပေါင်း စုံနဲ့တော့ကြိုးစားနေပါတယ်” ဟု ပြောသည်။
အလားတူ ဆိုင်ကယ်တာယာအပြင် အခြားတာယာများထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင် ရေးအတွက် အခြားတရုတ်လုပ်ငန်းရှင်များ ၊ ဘယ်လာရုစ်လုပ်ငန်းရှင်များကိုလည်း ကမ်းလှမ်းထား ကြောင်း သိရသည်။
“တကယ်တမ်းဆိုရင် မော်တော်ဆိုင်ကယ်တောင် မဟုတ်ဘူး။ အဓိက တိုင်းပြည်မှာသုံးနေတဲ့ High way မှာသွားတဲ့ Bus တွေ ၊ တွဲကားတွေ၊ ထရပ်ကားကြီးတွေသုံးတဲ့ တာယာက အမြောက်အမြား လိုအပ်တာလေ။ အဲဒါတွေကိုလည်း ဒီမှာ အမြောက်အမြားထုတ်လုပ်ဖို့လိုအပ်တာပေါ့။ အဲဒါတွေ ထုတ်ဖို့ ကိုတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ရော၊ တရုတ်က စက်ရုံတွေနဲ့ရော ကြိုးစားနေတယ်။ နောက်ပြီး တော့ ဘယ်လာရုစ်နိုင်ငံကိုလည်း လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတာပေါ့နော်။ တာယာက ရော်ဘာ ရာခိုင်နှုန်း အသုံးအများဆုံးဖြစ်နေတယ်။ ကုန်ကြမ်းရော်ဘာ အသုံးအများဆုံးဖြစ်နေလို့ အဓိကကတော့ တာယာစက်ရုံအတွက် ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာပါ” ဟု ပြောသည်။

Zawgyi Version;
ေမာ္ေတာ္ဆိုင္ကယ္ တာယာစက္႐ုံတည္ေထာင္ရန္အတြက္ တ႐ုတ္က စိတ္ဝင္စားေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ေမာ္ေတာ္ဆိုင္ကယ္တာယာထုတ္လုပ္သည့္စက္႐ုံအတြက္ တ႐ုတ္လုပ္ငန္းရွင္မ်ား လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံရန္ ရွိေနၿပီး စိတ္ဝင္စားေနေၾကာင္း ေရာ္ဘာလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေမာ္ေတာ္ဆိုင္ကယ္တာယာထုတ္လုပ္သည့္စက္႐ုံကို ျမန္မာလုပ္ငန္းရွင္မ်ားႏွင့္ တ႐ုတ္လုပ္ငန္းရွင္မ်ားၾကား ဖက္စပ္လုပ္ကိုင္ရန္ ေရာ္ဘာေဈးကြက္ႏွင့္ တာယာေဈးကြက္ကို တ႐ုတ္ ဘက္မွ ဆာေဗးမ်ားေကာက္ယူထားၿပီး ႏိုင္ငံေရးအေျပာင္းအလဲမ်ားကို ဆက္လက္ေစာင့္ၾကည့္ေန ေၾကာင္း သိရသည္။
“လက္အိတ္ေရာ ေမာ္ေတာ္ဆိုင္ကယ္ တာယာစက္႐ုံလုပ္ဖို႔ ႀကိဳးစားေနၾကတယ္။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ လုပ္ဖို႔ႀကိဳးစားေနၾကတယ္။ လက္ရွိအေျခအေနကေတာ့ ဆာေဗးလုပ္ၿပီးေတာ့ ႏိုင္ငံေရး အေျပာင္းအလဲကို ေစာင့္ၾကည့္ေနတဲ့သေဘာ။ ဆာေဗးလုပ္သြားတာေတာ့ ေဈးကြက္ေရာ ဘာေရာ လုပ္ သြားၿပီေပါ့။ လုပ္တာေတာ့ လုပ္ရမွာေပါ့။ လုပ္လည္း လုပ္ျဖစ္မွာပါ။ ႀကိဳးလည္း ႀကိဳးစားေနပါတယ္” ဟု ေျပာသည္။
အဆိုပါစက္႐ုံကို အေကာင္အထည္ေဖာ္တည္ေဆာက္ျဖစ္ပါက ေရာ္ဘာ ကုန္ၾကမ္းထြက္ရွိသည့္ တိုင္းႏွင့္ျပည္နယ္မ်ားရွိ ျပည္ပသို႔ Export တင္ပို႔ရန္ လမ္းပန္းဆက္သြယ္ေရးအဆင္ေျပသည့္ ေနရာမ်ိဳး တြင္ ေ႐ြးခ်ယ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
“Export အတြက္ပါ စဥ္းစားရတဲ့အခါက်ေတာ့ ရန္ကုန္ဆိပ္ကမ္းနဲ႔လည္း Transport အဆင္ေျပ ရမယ္။ ေရာ္ဘာ အေျမာက္အျမားထြက္တဲ့ျပည္နယ္နဲ႔တိုင္းေတြနဲ႔လည္း အဆင္ေျပတဲ့ေနရာမ်ိဳးေပါ့ ေ႐ြး ခ်ယ္ရမွာေပါ့။ လက္ရွိ အားနည္းခ်က္ကဘာလဲဆိုေတာ့ တာယာစက္႐ုံက အန္ကယ္တို႔ဆီက ထြက္တဲ့ Natural ေရာ္ဘာက တကယ္တမ္းေျပာရင္ (၂၅) ရာခိုင္ႏႈန္းေလာက္ သုံးတာေပါ့ေနာ္။ က်န္တာေတြက Chemical တို႔ Materials တို႔ Black Carbon တို႔ အမ်ားႀကီး Import သြင္းရတာေပါ့။ ကိုယ့္ႏိုင္ငံက မထြက္ဘူးေလ။ အဲဒါေတြကိုလည္း ကိုယ့္ႏိုင္ငံထဲ ထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ေတာ့ လိုအပ္တာေပါ့။ ထုတ္ဖို႔အတြက္လည္း နည္းေပါင္း စုံနဲ႔ေတာ့ႀကိဳးစားေနပါတယ္” ဟု ေျပာသည္။
အလားတူ ဆိုင္ကယ္တာယာအျပင္ အျခားတာယာမ်ားထုတ္လုပ္သည့္ စက္႐ုံတည္ေဆာက္ႏိုင္ ေရးအတြက္ အျခားတ႐ုတ္လုပ္ငန္းရွင္မ်ား ၊ ဘယ္လာ႐ုစ္လုပ္ငန္းရွင္မ်ားကိုလည္း ကမ္းလွမ္းထား ေၾကာင္း သိရသည္။
“တကယ္တမ္းဆိုရင္ ေမာ္ေတာ္ဆိုင္ကယ္ေတာင္ မဟုတ္ဘူး။ အဓိက တိုင္းျပည္မွာသုံးေနတဲ့ High way မွာသြားတဲ့ Bus ေတြ ၊ တြဲကားေတြ၊ ထရပ္ကားႀကီးေတြသုံးတဲ့ တာယာက အေျမာက္အျမား လိုအပ္တာေလ။ အဲဒါေတြကိုလည္း ဒီမွာ အေျမာက္အျမားထုတ္လုပ္ဖို႔လိုအပ္တာေပါ့။ အဲဒါေတြ ထုတ္ဖို႔ ကိုေတာ့ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ေရာ၊ တ႐ုတ္က စက္႐ုံေတြနဲ႔ေရာ ႀကိဳးစားေနတယ္။ ေနာက္ၿပီး ေတာ့ ဘယ္လာ႐ုစ္ႏိုင္ငံကိုလည္း လာၿပီး ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဖိတ္ေခၚထားတာေပါ့ေနာ္။ တာယာက ေရာ္ဘာ ရာခိုင္ႏႈန္း အသုံးအမ်ားဆုံးျဖစ္ေနတယ္။ ကုန္ၾကမ္းေရာ္ဘာ အသုံးအမ်ားဆုံးျဖစ္ေနလို႔ အဓိကကေတာ့ တာယာစက္႐ုံအတြက္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ဖိတ္ေခၚတာပါ” ဟု ေျပာသည္။

Related news

© 2021. All rights reserved.