Sky Villa ကို ဆောက်လုပ်သည့် NTL ဆောက်လုပ်ရေး ပိုင်ရှင်ကို အမှုဖွင့် ထားကြောင်း သိရ

415
သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၀
Sky Villa ကို ဆောက်လုပ်သည့် NTL ဆောက်လုပ်ရေး ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အမှုဖွင့် လိုက်ပြီ ဖြစ်ကြောင်း NP News က စုံစမ်း သိရှိရသည်။
Sky Villa ကွန်ဒို အဆောက်အဦးတွင် ၁၁ ထပ်အမြင့်ရှိ တိုက် လေးတိုက် ပါဝင်သည့် အနက် A အဆောင်မှာ ငါးထပ် ပြိုကျခဲ့ပြီး ကျန် အဆောင်များမှာ လုံးဝ ပြိုကျသွားခဲ့ခြင်း ဖြစ်ပြီး လူအယောက် ၂၀၀ နီးပါးသေဆုံးခဲ့ရပြီး အရေအတွက် အနည်းငယ်သာ ပိတ်မိရာမှ အသက်ရှင် ခဲ့သည်။
“ဒီရက်ထဲမှာ အမှုဖွင့်လိုက်တာပါ။ ပုဒ်မတော့ မသိဘူး။ အဲဒါတော့ သေချာတယ်။ အဓိက ကတော့ ကွန်ဒို ကို သတ်မှတ် စံချိန် စံညွှန်းနဲ့ မဆောက်တာပေါ့” ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
NTL ဆောက်လုပ်ရေး ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကိုလည်း တာဝန်ရှိသူများက ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီးနောက် ယခု ကဲ့သို့ သိရခြင်း ဖြစ်သည်။
“သိရသလောက်က မြေညီမှာ ရေကူးကန် ပါတာတို့။ ဒါက ခွင့်ပြုချက်မပေးထားဘူးလေ။ ပြီးတော့ အင်ဂျင်နီယာ တွေ လိုက်နာရမယ့် စည်းကမ်းမျိုးလည်း အဲဒီမှာ မရှိတာ ပေါ်ပေါက်တယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
Sky Villa ကို ေဆာက္လုပ္သည့္ NTL ေဆာက္လုပ္ေရး ပိုင္ရွင္ကို အမႈဖြင့္ ထားေၾကာင္း သိရ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၀
Sky Villa ကို ေဆာက္လုပ္သည့္ NTL ေဆာက္လုပ္ေရး ပိုင္ရွင္ ဦးႏိုင္ထြန္းလင္းကို အမႈဖြင့္ လိုက္ၿပီ ျဖစ္ေၾကာင္း NP News က စုံစမ္း သိရွိရသည္။
Sky Villa ကြန္ဒို အေဆာက္အဦးတြင္ ၁၁ ထပ္အျမင့္ရွိ တိုက္ ေလးတိုက္ ပါဝင္သည့္ အနက္ A အေဆာင္မွာ ငါးထပ္ ၿပိဳက်ခဲ့ၿပီး က်န္ အေဆာင္မ်ားမွာ လုံးဝ ၿပိဳက်သြားခဲ့ျခင္း ျဖစ္ၿပီး လူအေယာက္ ၂၀၀ နီးပါးေသဆုံးခဲ့ရၿပီး အေရအတြက္ အနည္းငယ္သာ ပိတ္မိရာမွ အသက္ရွင္ ခဲ့သည္။
“ဒီရက္ထဲမွာ အမႈဖြင့္လိုက္တာပါ။ ပုဒ္မေတာ့ မသိဘူး။ အဲဒါေတာ့ ေသခ်ာတယ္။ အဓိက ကေတာ့ ကြန္ဒို ကို သတ္မွတ္ စံခ်ိန္ စံၫႊန္းနဲ႔ မေဆာက္တာေပါ့” ဟု သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
NTL ေဆာက္လုပ္ေရး ပိုင္ရွင္ ဦးႏိုင္ထြန္းလင္း ကိုလည္း တာဝန္ရွိသူမ်ားက ဖမ္းဆီး စစ္ေဆးေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီး လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေနခဲ့ၿပီးေနာက္ ယခု ကဲ့သို႔ သိရျခင္း ျဖစ္သည္။
“သိရသေလာက္က ေျမညီမွာ ေရကူးကန္ ပါတာတို႔။ ဒါက ခြင့္ျပဳခ်က္မေပးထားဘူးေလ။ ၿပီးေတာ့ အင္ဂ်င္နီယာ ေတြ လိုက္နာရမယ့္ စည္းကမ္းမ်ိဳးလည္း အဲဒီမွာ မရွိတာ ေပၚေပါက္တယ္လို႔ သိရတယ္” ဟု ၎က ဆိုသည္။