ဂျပန် - မြန်မာ ရိုးရာမုန့်မျိုးစုံပြိုင်ပွဲကို နှစ်စဉ်ကျင်းပရန်စီစဉ်နေပြီး ဆုရရှိသူများအတွက် ဈေးကွက်ချဲ့ထွင်ပေးမည်

65

စော (NP News) - ဖေဖော်ဝါရီ ၁ဝ
ဂျပန်-မြန်မာ ရိုးရာမုန့်မျိုးစုံပြိုင်ပွဲကို နှစ်စဉ်ကျင်းပရန်စီစဉ်နေပြီး ဆုရရှိသူများကို ဈေးကွက် ချဲ့ထွင်ပေးမည်ဖြစ်ကြောင်း Association of Myanmar Japan Socio-Economic Development Cooperation (AMSEDC) ထံမှသိရသည်။
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ (၁၆)ရက်မှ (၂၀)ရက်အထိ ပြုလုပ်ခဲ့ရာ ဆုရရှိသူ(၂၀)ဦးသည် ရန်ကုန် မြို့ရှိ ကန်တော်ကြီးသဘာဝဥယျာဉ်၊ ပုလဲကျွန်းတွင် ဇန်နဝါရီ(၃၁)ရက်နေ့ကကျင်းပခဲ့သော ဂျပန်-မြန်မာ ရိုးရာမုန့်မျိုးစုံ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာမုန့်များ ပြန်လည်ထွန်းကားလာပြီး အသင့်စားနိုင်ငံခြားထုတ်မုန့်များလျှော့ချနိုင်ရန် ရည်ရွယ်၍ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း (AMJSEDC) က ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
“တစ်နှစ်တစ်ခါ အနည်းဆုံးလုပ်ဖို့တော့ရည်ရွယ်ထားပါတယ်။ အခုကျင်းပထားပြီးတဲ့အထဲမှာ ရထားတဲ့လူတွေကိုလည်း (၆)လတစ်ကြိမ် သူတို့ရဲ့ ဆိုင်တွေကိုသွားကြည့်မှာပါ။ Hygiene တွေကောင်း၊ မကောင်း၊ ထိန်းထားလား၊ မထိန်းထားဘူးလား။ သေချာလုပ်လား၊ မလုပ်လား ကြည့်မယ်။ ကြည့်ပြီးလို့ (၁) နှစ်ပြည့်တဲ့အချိန်မှာ တစ်ခေါက်ပြန်ကြည့်မယ်။ ကြည့် ပြီးသွားရင် အဲဒီလူတွေကို ဆက်လက် ထောက်ပံ့ပေးမှာတို့ အဲဒီလိုအစီအစဉ်တွေရှိပါသေးတယ်”ဟု AMSEDC မှ အထွေထွေအတွင်းရေးမှူး ဦးသန်းနိုင်ကပြောသည်။
လက်ရှိတွင် ပြိုင်ပွဲ၌ဆုရရှိသူများကို အရင်းအနှီးမတည်ငွေရင်းအဖြစ် ယင်လုံမုန့်ပုံးအပါ ပထမဆု ကျပ်သိန်း(၅၀) (၂)ဆုနှင့် ကျန်လူများအတွက် ယင်လုံမုန့်ပုံးအပါ ကျပ်သိန်း (၂၀) စီ ချီးမြှင့်ခဲ့ကြောင်း သိ ရသည်။ “Data-Based တွေ အကုန်လုပ်နေတယ်။ အဲဒီ Data-Based တွေနဲ့ သူတို့ဒေတာတွေကို ကျွန် တော်တို့ FB Page တွေ၊ Web Page တွေမှာ တင်မယ်ပေါ့နော်။ တင်ပြီးတော့ သူတို့ရဲ့ဟာတွေကို Prom -ote လုပ်ပေးမယ်။ Promote လုပ်တယ်ဆိုတာက တစ်နိုင်တစ်ပိုင်လုပ်နေရာကနေပြီးတော့ လက်ဖက် ရည်ဆိုင်လိုဟာမျိုး၊ ထမင်းဆိုင်လိုမျိုးမှာ အချိုုပွဲအနေနဲ့ သူတို့ တင်လို့ရမလား။ အဲဒီလို သူတို့အတွက် ဈေးကွက်ချဲ့ထွင်လို့ရအောင် ဝိုင်းပြီးတော့ လေ့လာပေးဖို့ရှိပါတယ်။ အကယ်၍ အဲဒီလိုအဆင်ပြေလို့ လို အပ်လို့ အရင်းအနှီးလိုအပ်ရင် အနည်းအကျဉ်း ပံ့ပိုးပေးမယ်ဆိုတဲ့အစီအစဉ်မျိုးလည်းရှိပါတယ်”ဟု ၎င်း က ဆက်လက်ပြောသည်။
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)နှင့်ဘဏ်လမ်းကဲ့သို့နေရာမျိုးတွင် နိုင်ငံခြား သားခရီးသွားများအားဆွဲဆောင်ရန်အတွက် ဆုရရှိသည့်ပြိုင်ပွဲဝင်များ၊ မြန်မာမုန့်ရောင်းသူများကို ညနေ ပိုင်းတွင်ရောင်းချနိုင်ရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ - ျမန္မာ ႐ိုးရာမုန႔္မ်ိဳးစုံၿပိဳင္ပြဲကို ႏွစ္စဥ္က်င္းပရန္စီစဥ္ေနၿပီး ဆုရရွိသူမ်ားအတြက္ ေဈးကြက္ခ်ဲ႕ထြင္ေပးမည္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ဂ်ပန္-ျမန္မာ ႐ိုးရာမုန႔္မ်ိဳးစုံၿပိဳင္ပြဲကို ႏွစ္စဥ္က်င္းပရန္စီစဥ္ေနၿပီး ဆုရရွိသူမ်ားကို ေဈးကြက္ ခ်ဲ႕ထြင္ေပးမည္ျဖစ္ေၾကာင္း Association of Myanmar Japan Socio-Economic Development Cooperation (AMSEDC) ထံမွသိရသည္။
အဆိုပါၿပိဳင္ပြဲကို ဇန္နဝါရီ (၁၆)ရက္မွ (၂၀)ရက္အထိ ျပဳလုပ္ခဲ့ရာ ဆုရရွိသူ(၂၀)ဦးသည္ ရန္ကုန္ ၿမိဳ႕ရွိ ကန္ေတာ္ႀကီးသဘာဝဥယ်ာဥ္၊ ပုလဲကြၽန္းတြင္ ဇန္နဝါရီ(၃၁)ရက္ေန႔ကက်င္းပခဲ့ေသာ ဂ်ပန္-ျမန္မာ ႐ိုးရာမုန႔္မ်ိဳးစုံ ေဈးေရာင္းပြဲေတာ္တြင္ ဆိုင္ခန္းမ်ားျဖင့္ ဖြင့္လွစ္ေရာင္းခဲ့ေၾကာင္း သိရသည္။
ျမန္မာ့႐ိုးရာမုန႔္မ်ား ျပန္လည္ထြန္းကားလာၿပီး အသင့္စားႏိုင္ငံျခားထုတ္မုန႔္မ်ားေလွ်ာ့ခ်ႏိုင္ရန္ ရည္႐ြယ္၍ ျမန္မာ-ဂ်ပန္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္႐ြက္မႈအသင္း (AMJSEDC) က က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္းသိရသည္။
“တစ္ႏွစ္တစ္ခါ အနည္းဆုံးလုပ္ဖို႔ေတာ့ရည္႐ြယ္ထားပါတယ္။ အခုက်င္းပထားၿပီးတဲ့အထဲမွာ ရထားတဲ့လူေတြကိုလည္း (၆)လတစ္ႀကိမ္ သူတို႔ရဲ႕ ဆိုင္ေတြကိုသြားၾကည့္မွာပါ။ Hygiene ေတြေကာင္း၊ မေကာင္း၊ ထိန္းထားလား၊ မထိန္းထားဘူးလား။ ေသခ်ာလုပ္လား၊ မလုပ္လား ၾကည့္မယ္။ ၾကည့္ၿပီးလို႔ (၁) ႏွစ္ျပည့္တဲ့အခ်ိန္မွာ တစ္ေခါက္ျပန္ၾကည့္မယ္။ ၾကည့္ ၿပီးသြားရင္ အဲဒီလူေတြကို ဆက္လက္ ေထာက္ပံ့ေပးမွာတို႔ အဲဒီလိုအစီအစဥ္ေတြရွိပါေသးတယ္”ဟု AMSEDC မွ အေထြေထြအတြင္းေရးမႉး ဦးသန္းႏိုင္ကေျပာသည္။
လက္ရွိတြင္ ၿပိဳင္ပြဲ၌ဆုရရွိသူမ်ားကို အရင္းအႏွီးမတည္ေငြရင္းအျဖစ္ ယင္လုံမုန႔္ပုံးအပါ ပထမဆု က်ပ္သိန္း(၅၀) (၂)ဆုႏွင့္ က်န္လူမ်ားအတြက္ ယင္လုံမုန႔္ပုံးအပါ က်ပ္သိန္း (၂၀) စီ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိ ရသည္။ “Data-Based ေတြ အကုန္လုပ္ေနတယ္။ အဲဒီ Data-Based ေတြနဲ႔ သူတို႔ေဒတာေတြကို ကြၽန္ ေတာ္တို႔ FB Page ေတြ၊ Web Page ေတြမွာ တင္မယ္ေပါ့ေနာ္။ တင္ၿပီးေတာ့ သူတို႔ရဲ႕ဟာေတြကို Prom -ote လုပ္ေပးမယ္။ Promote လုပ္တယ္ဆိုတာက တစ္ႏိုင္တစ္ပိုင္လုပ္ေနရာကေနၿပီးေတာ့ လက္ဖက္ ရည္ဆိုင္လိုဟာမ်ိဳး၊ ထမင္းဆိုင္လိုမ်ိဳးမွာ အခ်ိဳုပြဲအေနနဲ႔ သူတို႔ တင္လို႔ရမလား။ အဲဒီလို သူတို႔အတြက္ ေဈးကြက္ခ်ဲ႕ထြင္လို႔ရေအာင္ ဝိုင္းၿပီးေတာ့ ေလ့လာေပးဖို႔ရွိပါတယ္။ အကယ္၍ အဲဒီလိုအဆင္ေျပလို႔ လို အပ္လို႔ အရင္းအႏွီးလိုအပ္ရင္ အနည္းအက်ဥ္း ပံ့ပိုးေပးမယ္ဆိုတဲ့အစီအစဥ္မ်ိဳးလည္းရွိပါတယ္”ဟု ၎ က ဆက္လက္ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ မဟာဗႏၶဳလပန္းၿခံလမ္း (ဘားလမ္း)ႏွင့္ဘဏ္လမ္းကဲ့သို႔ေနရာမ်ိဳးတြင္ ႏိုင္ငံျခား သားခရီးသြားမ်ားအားဆြဲေဆာင္ရန္အတြက္ ဆုရရွိသည့္ၿပိဳင္ပြဲဝင္မ်ား၊ ျမန္မာမုန႔္ေရာင္းသူမ်ားကို ညေန ပိုင္းတြင္ေရာင္းခ်ႏိုင္ေရးေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။