Naypyitaw State Academy အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရေး မြန်မာ-အိန္ဒိယကြား MoU ‌ရေးထိုး

 108

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၁၀

Naypyitaw State Academy အတွက် ဓာတ်ခွဲခန်း သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် နားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur မှ နားလည်မှု စာချွန်လွှာ (MoU) ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍လည်းကောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမို တိုးတက်ခိုင်မာမှုရှိလာစေရန် ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်မည့်ဓာတ်ခွဲခန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နားလည်မှုစာချွန်လွှာ (MoU) ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် အိန္ဒိယ နိုင်ငံ သံအမတ်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဒေါက်တာချောချောစိန်က ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းအား ထိရောက်စွာနှင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့်ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံး သိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု Software များ အပါအဝင် ခေတ်မီပစ္စည်း ကိရိယာများကို ပေးအပ်သွားမည်ဖြစ်ပါသဖြင့် Naypyitaw State Academy ၏ သင်ကြားသင်ယူမှု နှင့် သုတေသနဆောင်ရွက်မှုများတွင် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
Naypyitaw State Academy အတြက္ ဓာတ္ခြဲခန္းသုံးပစၥည္းမ်ား ေထာက္ပံ့ေပးအပ္ႏိုင္ေရး ျမန္မာ-အိႏၵိယၾကား MoU ‌ေရးထိုး
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၁၀
Naypyitaw State Academy အတြက္ ဓာတ္ခြဲခန္း သုံးပစၥည္းမ်ား ေထာက္ပံ့ေပးအပ္သည့္ နားလည္မႈစာခြၽန္လႊာ (MoU) ကို ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါ Naypyitaw State Academy တြင္ ဓာတ္ခြဲခန္းသုံးပစၥည္းကိရိယာမ်ား ေထာက္ပံ့ႏိုင္ေရးနားလည္မႈ စာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးျခင္းအခမ္းအနားကို ယမန္ေန႔(ေဖေဖာ္ဝါရီ ၉ ရက္) က ေနျပည္ေတာ္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ျမန္မာႏိုင္ငံဆိုင္ရာ  အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Abhay Thakur မွ နားလည္မႈ စာခြၽန္လႊာ (MoU) ၏ ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံ ႏွစ္ႏိုင္ငံအၾကား ပညာေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေပးႏိုင္ရန္ ရည္႐ြယ္၍လည္းေကာင္း၊ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးပိုမို တိုးတက္ခိုင္မာမႈရွိလာေစရန္ ရည္႐ြယ္၍လည္းေကာင္း၊ ျမန္မာႏိုင္ငံ၏ ပညာေရးျမႇင့္တင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ သုေတသနလုပ္ငန္းမ်ားအတြက္ လိုအပ္မည့္ဓာတ္ခြဲခန္းသုံးပစၥည္းမ်ားအား ေထာက္ပံ့ေပးသြား မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ နားလည္မႈစာခြၽန္လႊာ (MoU) ကို ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္ ႏွင့္ အိႏၵိယ ႏိုင္ငံ သံအမတ္ႀကီးတို႔မွ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးမွ ေဒါက္တာေခ်ာေခ်ာစိန္က ယခုကဲ့သို႔ လက္မွတ္ေရးထိုးျခင္းသည္ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား မိတ္ဖက္ဆက္ဆံေရး၏ အဓိပၸာယ္ျပည့္ဝေသာ ရလဒ္တစ္ခုျဖစ္ေၾကာင္း၊ စီမံကိန္းအား ထိေရာက္စြာႏွင့္ ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ နားလည္မႈစာခြၽန္လႊာ (MoU) မွတစ္ဆင့္႐ူပေဗဒႏွင့္ ဓာတုေဗဒဓာတ္ခြဲခန္းသုံးပစၥည္းမ်ား၊ သုေတသနသုံး သိပၸံပစၥည္းမ်ား၊ ဓာတ္ခြဲခန္းသုံးကိရိယာမ်ားႏွင့္ အေထာက္အကူျပဳ Software မ်ား အပါအဝင္ ေခတ္မီပစၥည္း ကိရိယာမ်ားကို ေပးအပ္သြားမည္ျဖစ္ပါသျဖင့္ Naypyitaw State Academy ၏ သင္ၾကားသင္ယူမႈ ႏွင့္ သုေတသနေဆာင္႐ြက္မႈမ်ားတြင္ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.