လက်ဘနွန်မှာ လူနေအဆောက်အဦနှစ်ခု ပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာ၊ ပျောက်ဆုံးနေသူများစွာ ကျန်ရှိနေသေး

 142

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၀

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း၊ ထရီပိုလီမြို့ရှိ လူနေထူထပ်ရာ ရပ်ကွက်တစ်ခုမှာ တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၈ ရက်နေ့) က လူနေအဆောက်အဦနှစ်ခု ပြိုကျပျက်စီးခဲ့ခြင်းကြောင့် တနင်္လာနေ့ (ဖေဖော်ဝါရီ ၉ ရက်) အထိအတွင်း သေဆုံးသူအရေအတွက် ၁၃ ဦးထိ ရှိလာခဲ့တယ်လို့သိရပါတယ်။
ဘာ့အယ်လ်တက်ဘန်နက်ဟ် ရပ်ကွက်အတွင်း ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး မြို့ပြကာကွယ်ရေး ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ကြိုးပမ်းနေကြပါတယ်။ လက်ရှိအချိန် အထိ လူ ၉ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ ကျန်ရှိ နေနိုင်သေးတာကြောင့် သေဆုံးသူ အရေအတွက်မှာ ထပ်မံတိုးလာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ယခုဖြစ်စဉ်ဟာ ထရီပိုလီမြို့မှာ သီတင်းပတ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက် အဆောက်အဦပြို ကျမှုဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းခဲ့ခြင်း၊ မြို့ပြအခြေခံအဆောက်အဦတွေ ယိုယွင်းလာခြင်းတို့ကြောင့် ပြိုကျမှုဖြစ်ခဲ့တယ်လို့ ယူဆထားပါတယ်။
စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတွေက အဆောက်အဦအတွင်း နေထိုင်သူ စုစုပေါင်း ၂၂ ဦးခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အလားတူ အန္တရာယ်ရှိနိုင်တဲ့ အနီးအနားရှိ အဆောက်အဦဟောင်းတွေကိုလည်း အရေးပေါ် စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Zawgyi Version;
လက္ဘႏြန္မွာ လူေနအေဆာက္အဦႏွစ္ခု ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၁၃ ဦးအထိ ရွိလာ၊ ေပ်ာက္ဆုံးေနသူမ်ားစြာ က်န္ရွိေနေသး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၀
လက္ဘႏြန္ႏိုင္ငံ ေျမာက္ပိုင္း၊ ထရီပိုလီၿမိဳ႕ရွိ လူေနထူထပ္ရာ ရပ္ကြက္တစ္ခုမွာ တနဂၤေႏြေန႔(ေဖေဖာ္ဝါရီ ၈ ရက္ေန႔) က လူေနအေဆာက္အဦႏွစ္ခု ၿပိဳက်ပ်က္စီးခဲ့ျခင္းေၾကာင့္ တနလၤာေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) အထိအတြင္း ေသဆုံးသူအေရအတြက္ ၁၃ ဦးထိ ရွိလာခဲ့တယ္လို႔သိရပါတယ္။
ဘာ့အယ္လ္တက္ဘန္နက္ဟ္ ရပ္ကြက္အတြင္း ၿပိဳက်မႈျဖစ္ခဲ့တာျဖစ္ၿပီး ၿမိဳ႕ျပကာကြယ္ေရး ကယ္ဆယ္ေရးအဖြဲ႕ေတြက အသက္ရွင္က်န္ရစ္သူေတြကို အပူတျပင္း ႀကိဳးပမ္းေနၾကပါတယ္။ လက္ရွိအခ်ိန္ အထိ လူ ၉ ဦးကို အသက္ရွင္လ်က္ ကယ္ထုတ္ႏိုင္ခဲ့ေပမယ့္ အပ်က္အစီးေတြေအာက္ ပိတ္မိေနသူေတြ က်န္ရွိ ေနႏိုင္ေသးတာေၾကာင့္ ေသဆုံးသူ အေရအတြက္မွာ ထပ္မံတိုးလာႏိုင္ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
ယခုျဖစ္စဥ္ဟာ ထရီပိုလီၿမိဳ႕မွာ သီတင္းပတ္အနည္းငယ္အတြင္း ျဖစ္ပြားခဲ့တဲ့ ဒုတိယေျမာက္ အေဆာက္အဦၿပိဳ က်မႈျဖစ္ၿပီး၊ ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းေစာင့္ေရွာက္မႈအားနည္းခဲ့ျခင္း၊ ၿမိဳ႕ျပအေျခခံအေဆာက္အဦေတြ ယိုယြင္းလာျခင္းတို႔ေၾကာင့္ ၿပိဳက်မႈျဖစ္ခဲ့တယ္လို႔ ယူဆထားပါတယ္။
စည္ပင္သာယာေရးအဖြဲ႕ တာဝန္ရွိသူေတြက အေဆာက္အဦအတြင္း ေနထိုင္သူ စုစုေပါင္း ၂၂ ဦးခန႔္ရွိမယ္လို႔ ခန႔္မွန္းထားၿပီး၊ အလားတူ အႏၲရာယ္ရွိႏိုင္တဲ့ အနီးအနားရွိ အေဆာက္အဦေဟာင္းေတြကိုလည္း အေရးေပၚ စစ္ေဆးမႈေတြျပဳလုပ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.