ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းဧက ၁၃ဝ ကျော်ကို ပူးပေါင်းအဖွဲ့ဖြင့် ဖျက်ဆီးရှင်းလင်း

354

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ရှာဖွေဖော်ထုတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၉ ရက်က တစ်ရက်အတွင်း သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၃၄ ဧကခန့်ကို ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ် ၅ မြို့နယ်တွင် တစ်ပြိုင်နက်တည်းနီးပါး ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး လွိုင်လင်မြို့နယ်၊ အဆောင်ကျေးရွာအုပ်စု၊ ဝါးတောကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်၊ ပင်လောင်းမြို့နယ်၊ တီပေါင်းကျေးရွာအုပ်စု၊ တီလုံကျေးရွာအနီးရှိ ၃၁ ဧကခန့်၊ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးရှိ ၃၀ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊မြောက်လောင်းကျေးရွာအနီးရှိ ၁၃ ဧကခန့် နှင့် မိုင်းတုံမြို့နယ်၊ အထက်လွယ်ခမ်းကျေးရွာအနီးရှိ ၁၀ ဧကခန့်တို့ကို အသီးသီး ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သီးပွင့်ဆဲ ဘိန်းစိုက်ခင်းများကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နံနက်ပိုင်းမှ စတင်ကာ မွန်းလွဲပိုင်းအထိ စနစ်တကျ သွားရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ် လျော့နည်းပပျောက်စေရန်အတွက် ယခုကဲ့သို့ ရှာဖွေဖော်ထုတ်ဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရွမ္းျပည္နယ္အတြင္းရွိ ဘိန္းစိုက္ခင္းဧက ၁၃ဝ ေက်ာ္ကို ပူးေပါင္းအဖြဲ႕ျဖင့္ ဖ်က္ဆီးရွင္းလင္း
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၁၁
ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆးဝါးပေပ်ာက္ေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက ရွာေဖြေဖာ္ထုတ္လ်က္ရွိရာ ေဖေဖာ္ဝါရီလ ၉ ရက္က တစ္ရက္အတြင္း သီးပြင့္ဆဲ ဘိန္းစိုက္ခင္း စုစုေပါင္း ၁၃၄ ဧကခန႔္ကို ဖ်က္ဆီးရွင္းလင္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ပူးေပါင္းအဖြဲ႕မ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းရွိ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္တြင္ တစ္ၿပိဳင္နက္တည္းနီးပါး ဝင္ေရာက္ရွင္းလင္းခဲ့ျခင္းျဖစ္ၿပီး လြိဳင္လင္ၿမိဳ႕နယ္၊ အေဆာင္ေက်း႐ြာအုပ္စု၊ ဝါးေတာေက်း႐ြာအနီးရွိ ဘိန္းစိုက္ခင္း ၅၀ ဧကခန႔္၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီေပါင္းေက်း႐ြာအုပ္စု၊ တီလုံေက်း႐ြာအနီးရွိ ၃၁ ဧကခန႔္၊ဟိုပုံးၿမိဳ႕နယ္၊ ေဘာ္ကုန္းေက်း႐ြာအုပ္စု၊ လီေမာေက်း႐ြာအနီးရွိ ၃၀ ဧကခန႔္၊ ဆီဆိုင္ၿမိဳ႕နယ္၊ေျမာက္ေလာင္းေက်း႐ြာအနီးရွိ ၁၃ ဧကခန႔္ ႏွင့္ မိုင္းတုံၿမိဳ႕နယ္၊ အထက္လြယ္ခမ္းေက်း႐ြာအနီးရွိ ၁၀ ဧကခန႔္တို႔ကို အသီးသီး ဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ သီးပြင့္ဆဲ ဘိန္းစိုက္ခင္းမ်ားကို သက္ဆိုင္ရာ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားက နံနက္ပိုင္းမွ စတင္ကာ မြန္းလြဲပိုင္းအထိ စနစ္တက် သြားေရာက္ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးအႏၲရာယ္ ေလ်ာ့နည္းပေပ်ာက္ေစရန္အတြက္ ယခုကဲ့သို႔ ရွာေဖြေဖာ္ထုတ္ဖ်က္ဆီးမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။