ရန်ကုန်တွင် ငွေကျပ်သိန်း (၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေ

1075

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် နှင့် ကမာရွတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း (၂၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၇ ရက်)၊ ညပိုင်း(၆)နာရီ (၃၀) မိနစ်အချိန်ခန့်တွင် သတင်းအရ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်တွင် စောင့်ဆိုင်းစဉ် အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင် မောင်းနှင်ပြီး ဇော်မျိုးဆွေ လိုက်ပါလာသည့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား (၉၅,၀၀၀) ပြား နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ဖမ်းမိခဲ့ရာ တန်ဖိုးငွေကျပ် သိန်း (၉၅၀) ရှိကြောင်း သိရသည်။
ဖမ်းမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ ညပိုင်း(၇)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဦးသန်းမောင် နှင့် ဦးကျော်ဇောလှတို့အား တာမွေမြို့နယ်၊ (၁၆၅)လမ်းထောင့်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညပိုင်း(၈)နာရီ (၃၀)မိနစ်အချိန်တွင် အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင် ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၀,၀၀၀) ပြား နှင့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်( ၁) စီးတို့အား ဖမ်းဆီးမိခဲ့ပြီး ငွေကျပ်သိန်း (၁,၁၀၀) ရှိကြောင်း သိရသည်။
ထို့ကြောင့်မှုးယစ်ဆေးဝါးများကို သိုဝှက်သယ်ဆောင်လာသော အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင်(၃၀)နှစ်၊ ဇော်မျိုးဆွေ(၃၇)နှစ်၊ ဦးသန်းမောင်(၅၉)နှစ် နှင့် ဦးကျော်ဇောလှ(၆၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ ရက်) ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ငွေကျပ် (၃၉၆) သိန်းရှိသော မှုးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တြင္ ေငြက်ပ္သိန္း (၂၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ၿပီး ကြင္းဆက္မ်ားအား ဆက္လက္ေဖာ္ထုတ္ေန
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ ႏွင့္ ကမာ႐ြတ္ၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္သိန္း (၂၀၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ၿပီး ကြင္းဆက္မ်ားအား ဆက္လက္ေဖာ္ထုတ္ေနေၾကာင္း CCDAC MYANMAR ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၇ ရက္)၊ ညပိုင္း(၆)နာရီ (၃၀) မိနစ္အခ်ိန္ခန႔္တြင္ သတင္းအရ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (ဆ/က)ရပ္ကြက္တြင္ ေစာင့္ဆိုင္းစဥ္ ေအာင္ကိုကို(ခ)ေအာင္ေလး(ခ)ေက်ာ္ေမာင္ေမာင္ ေမာင္းႏွင္ၿပီး ေဇာ္မ်ိဳးေဆြ လိုက္ပါလာသည့္ TOYOTA MARK X အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ယာဥ္ေပၚမွ သိုဝွက္သယ္ေဆာင္လာေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၅,၀၀၀) ျပား ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ဖမ္းမိခဲ့ရာ တန္ဖိုးေငြက်ပ္ သိန္း (၉၅၀) ရွိေၾကာင္း သိရသည္။
ဖမ္းမိသူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ညပိုင္း(၇)နာရီ (၃၀)မိနစ္ အခ်ိန္ခန႔္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ေရာင္းဝယ္ရာ၌ ပူးေပါင္းပါဝင္သူ ဦးသန္းေမာင္ ႏွင့္ ဦးေက်ာ္ေဇာလွတို႔အား တာေမြၿမိဳ႕နယ္၊ (၁၆၅)လမ္းေထာင့္တြင္ လက္ကိုင္ဖုန္း ၂ လုံးႏွင့္အတူ ဖမ္းမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ညပိုင္း(၈)နာရီ (၃၀)မိနစ္အခ်ိန္တြင္ ေအာင္ကိုကို(ခ)ေအာင္ေလး(ခ)ေက်ာ္ေမာင္ေမာင္ ငွားရမ္းေနထိုင္သည့္ ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္ရွိ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁၀,၀၀၀) ျပား ႏွင့္ TOYOTA MARK X အမ်ိဳးအစား ေမာ္ေတာ္ယာဥ္( ၁) စီးတို႔အား ဖမ္းဆီးမိခဲ့ၿပီး ေငြက်ပ္သိန္း (၁,၁၀၀) ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္မႈးယစ္ေဆးဝါးမ်ားကို သိုဝွက္သယ္ေဆာင္လာေသာ ေအာင္ကိုကို(ခ)ေအာင္ေလး(ခ)ေက်ာ္ေမာင္ေမာင္(၃၀)ႏွစ္၊ ေဇာ္မ်ိဳးေဆြ(၃၇)ႏွစ္၊ ဦးသန္းေမာင္(၅၉)ႏွစ္ ႏွင့္ ဦးေက်ာ္ေဇာလွ(၆၄)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား ဆက္လက္ေဖာ္ထုတ္ေနေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၆ ရက္) ကလည္း ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ေငြက်ပ္ (၃၉၆) သိန္းရွိေသာ မႈးယစ္ေဆးဝါးမ်ား ဖမ္းမိခဲ့ေၾကာင္း သိရသည္။