မြန်မာနှင့် နီကာရာဂွါတို့အကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး

 263

သန့်မင်းအိမ်(NP News) ဖေဖော်ဝါရီ ၁၁
မြန်မာနှင့် နီကာရာဂွါတို့အကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒို မာတင်ကယ်လီရို အက်စကို စီယာနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) ၌ နေပြည်တော် တွင် သီးခြား လက်ခံတွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများအပြန်အလှန် ဖွင့်လှစ်နိုင်ရေး၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး အပါအဝင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးတို့ ဒုတိယ ဝန်ကြီး နှင့် နီကာရာဂွာ သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။
နီပေါသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နီကာရာဂွါနိုင်ငံသည် အလယ်အမေရိကတွင် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး မြောက်ဘက်တွင် ဟွန်ဒူးရပ်စ်နိုင်ငံ နှင့် တောင်ဘက်တွင် ကော်စတာရီကာနိုင်ငံတို့ နှင့် ထိစပ်နေကာ မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကို ဆက်ထားသော ကုန်းမြေပေါ်တွင် တည်ရှိခြင်း ဖြစ်သည်။

Zawgyi Version:
ျမန္မာႏွင့္ နီကာရာဂြါတို႔အၾကား ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ ပိုမိုနီးကပ္စြာ ပူးေပါင္း ေဆာင္႐ြက္ရန္ ေဆြးေႏြး
သန႔္မင္းအိမ္(NP News) ေဖေဖာ္ဝါရီ ၁၁
ျမန္မာႏွင့္ နီကာရာဂြါတို႔အၾကား ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ ပိုမိုနီးကပ္စြာ ပူးေပါင္း ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္ အရ သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ အထူးအာဏာ ကုန္လႊဲအပ္ျခင္းခံရေသာ နီကာရာဂြါသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ရန္ သေဘာတူညီၿပီးျဖစ္သည့္ မစၥတာ ဆီဂြမ္ဒို မာတင္ကယ္လီ႐ို အက္စကို စီယာႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ နီေပါ သံအမတ္ႀကီး မစၥတာ ဟာရီရွ္ခ်န္ဒရာ ဂီမီေရးတို႔အား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးကိုကိုေက်ာ္က ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၀ ရက္) ၌ ေနျပည္ေတာ္ တြင္ သီးျခား လက္ခံေတြ႕ဆုံ ခဲ့ျခင္း ျဖစ္သည္။
ႏွစ္ႏိုင္ငံၿမိဳ႕ေတာ္မ်ားတြင္ သံ႐ုံးမ်ားအျပန္အလွန္ ဖြင့္လွစ္ႏိုင္ေရး၊ ႏွစ္ဖက္အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္ေရးႏွင့္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားေရး အပါအဝင္ ျမန္မာ-နီကာရာဂြါ ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုခိုင္မာလာေစေရးတို႔ ဒုတိယ ဝန္ႀကီး ႏွင့္ နီကာရာဂြာ သံအမတ္ႀကီးတို႔ ေဆြးေႏြးခဲ့ၾကသည္။
နီေပါသံအမတ္ႀကီးႏွင့္ ေတြ႕ဆုံရာတြင္လည္း ႏွစ္ႏိုင္ငံႏွင့္ ျပည္သူမ်ားအၾကား ကာလရွည္ၾကာ တည္ရွိေနသည့္ ခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးကို ပိုမိုတိုးျမႇင့္သြားရန္ႏွင့္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ကိစၥရပ္မ်ားကို အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
နီကာရာဂြါႏိုင္ငံသည္ အလယ္အေမရိကတြင္ အႀကီးဆုံးႏိုင္ငံ ျဖစ္ၿပီး ေျမာက္ဘက္တြင္ ဟြန္ဒူးရပ္စ္ႏိုင္ငံ ႏွင့္ ေတာင္ဘက္တြင္ ေကာ္စတာရီကာႏိုင္ငံတို႔ ႏွင့္ ထိစပ္ေနကာ ေျမာက္အေမရိကတိုက္ႏွင့္ ေတာင္အေမရိကတိုက္ကို ဆက္ထားေသာ ကုန္းေျမေပၚတြင္ တည္ရွိျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.