ပြောင်းသီးနှံဈေးကွက်အတွင်း ပြည်ပပို့အမျိုးအစားနှင့် ပြည်တွင်းစားသုံးသောအမျိုးအစား နှစ်မျိုးစလုံးဈေးကောင်းရနေ

176

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၁
အခွန်သက်သာခွင့်ဖြင့် ထိုင်းနိုင်ငံမှ ပြောင်းစတင်၀ယ်ယူသည့်ကာလသို့ ရောက်ရှိလာချိန် ပြည်တွင်းပြောင်းဈေးအနည်းငယ်တက်လာကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် အရောင်းအ၀ယ်လည်း တိုးလာနေပြီး လက်ရှိ ရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးသည် ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ်အပြောင်းအလဲရှိနေကြောင်း သိရသည်။
ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာ ကျပ် (၁,၄၆၀ - ၁,၄၈၀မှ ၁,၄၈၀ - ၁,၄၉၀)သို့ဈေးပြောင်းလဲသွားပြီး ပြည်ပသို့ ရောင်းချသည့် ပြောင်း FOBဈေးသည် တစ်တန်ဒေါ်လာ (၂၄၀ - ၂၅၀) ဖြင့်ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင်လည်း ပြောင်းအမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများရှိနေကြောင်း သိရသည်။
ပြောင်း (CP )သစ် တစ်တန် ကျပ် (၈၆၁,၀၀၀)ကျော် ဖြင့်ဈေးငြိမ်နေသော်လည်း ရှမ်းပြောင်းတစ်တန်လျှင် ကျပ် (၈၄၄,၀၀၀)ကျော်မှ (၈၃၉,၀၀၀) ကျော်သို့ဈေးပြောင်းသွားသည်။
မြန်မာပြည်အလယ်ပိုင်းတွင် ဆောင်းပြောင်းဖူးများလည်း အထွက်ကောင်းသည့်အပြင် ဈေးကောင်းရနေကြောင်း အထက်အညာဒေသ ပြောင်း စိုက်တောင်သူနှင့် လက်ကားဒိုင်များမှ သိရသည်။
“ဒီနှစ်ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရတော့ တောင်သူတွေပျော်ကြတာပေါ့ဗျာ၊ တစ်ချိန်လုံးတထိတ်ထိတ်နဲ့နေ လာခဲ့ရတာ၊ ပြောင်းချိုးပြီးချိန် ဈေးကောင်းတယ်ဆိုမှ သက်ပြင်းချနိုင်တယ်၊ မနှစ်ကထက်ကို ဈေးပိုရတယ်ဗျ”ဟု တပ်ကုန်းမြို့နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ပြောင်းမချိုးခင်ရက်များအထိ ဈေးတန်းအကျဘက်ရှိနေရာမှ လွန်ခဲ့သည့်တစ်ပတ်အတွင်းမှစတင်ကာဈေးနှုန်း အတက်ပိုင်းသို့ရောက်ရှိလာကြောင်းသိရသည်။
ပြောင်းဖူးကို ပြည်တွင်းစားသုံးသူဈေးကွက်အတွင်း သကြားပြောင်းဖူးနှင့် ပြောင်းဖူးအစီးနှစ်မျိုးကိုသာ အဓိက အရောင်းအ၀ယ် ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေျပာင္းသီးႏွံေဈးကြက္အတြင္း ျပည္ပပို႔အမ်ိဳးအစားႏွင့္ ျပည္တြင္းစားသုံးေသာအမ်ိဳးအစား ႏွစ္ခုစလုံးေဈးေကာင္းရေန
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၁
အခြန္သက္သာခြင့္ျဖင့္ ထိုင္းႏိုင္ငံမွ ေျပာင္းစတင္၀ယ္ယူသည့္ကာလသို႔ ေရာက္ရွိလာခ်ိန္ ျပည္တြင္းေျပာင္းေဈးအနည္းငယ္တက္လာေၾကာင္း သိရသည္။
ျပည္တြင္းေဈးကြက္တြင္ အေရာင္းအ၀ယ္လည္း တိုးလာေနၿပီး လက္ရွိ ရက္သတၱပတ္ ရန္ကုန္ေဈးကြက္တြင္ ေျပာင္းေဈးသည္ ျပည္ပေရာင္းခ်သည့္ FOBေဈး ၿငိမ္ေနေသာ္လည္း ျပည္တြင္းေဈး အနည္းငယ္အေျပာင္းအလဲရွိေနေၾကာင္း သိရသည္။
ရန္ကုန္ေဈးကြက္တြင္ ေျပာင္းတစ္ပိႆာ က်ပ္ (၁,၄၆၀ - ၁,၄၈၀မွ ၁,၄၈၀ - ၁,၄၉၀)သို႔ေဈးေျပာင္းလဲသြားၿပီး ျပည္ပသို႔ ေရာင္းခ်သည့္ ေျပာင္း FOBေဈးသည္ တစ္တန္ေဒၚလာ (၂၄၀ - ၂၅၀) ျဖင့္ေဈးၿငိမ္ေနသည္။
မႏၲေလးေဈးကြက္တြင္လည္း ေျပာင္းအမ်ိဳးအစားအလိုက္ ေဈးႏႈန္းအေျပာင္းအလဲမ်ားရွိေနေၾကာင္း သိရသည္။
ေျပာင္း (CP )သစ္ တစ္တန္ က်ပ္ (၈၆၁,၀၀၀)ေက်ာ္ ျဖင့္ေဈးၿငိမ္ေနေသာ္လည္း ရွမ္းေျပာင္းတစ္တန္လွ်င္ က်ပ္ (၈၄၄,၀၀၀)ေက်ာ္မွ (၈၃၉,၀၀၀) ေက်ာ္သို႔ေဈးေျပာင္းသြားသည္။
ျမန္မာျပည္အလယ္ပိုင္းတြင္ ေဆာင္းေျပာင္းဖူးမ်ားလည္း အထြက္ေကာင္းသည့္အျပင္ ေဈးေကာင္းရေနေၾကာင္း အထက္အညာေဒသ ေျပာင္း စိုက္ေတာင္သူႏွင့္ လက္ကားဒိုင္မ်ားမွ သိရသည္။
“ဒီႏွစ္ေပၚဦးေပၚဖ်ားမွာ ေဈးေကာင္းရေတာ့ ေတာင္သူေတြေပ်ာ္ၾကတာေပါ့ဗ်ာ၊ တစ္ခ်ိန္လုံးတထိတ္ထိတ္နဲ႔ေန လာခဲ့ရတာ၊ ေျပာင္းခ်ိဳးၿပီးခ်ိန္ ေဈးေကာင္းတယ္ဆိုမွ သက္ျပင္းခ်ႏိုင္တယ္၊ မႏွစ္ကထက္ကို ေဈးပိုရတယ္ဗ်”ဟု တပ္ကုန္းၿမိဳ႕နယ္မွ ေျပာင္းစိုက္ေတာင္သူတစ္ဦးက ေျပာသည္။
ေျပာင္းမခ်ိဳးခင္ရက္မ်ားအထိ ေဈးတန္းအက်ဘက္ရွိေနရာမွ လြန္ခဲ့သည့္တစ္ပတ္အတြင္းမွစတင္ကာေဈးႏႈန္း အတက္ပိုင္းသို႔ေရာက္ရွိလာေၾကာင္းသိရသည္။
ေျပာင္းဖူးကို ျပည္တြင္းစားသုံးသူေဈးကြက္အတြင္း သၾကားေျပာင္းဖူးႏွင့္ ေျပာင္းဖူးအစီးႏွစ္မ်ိဳးကိုသာ အဓိက အေရာင္းအ၀ယ္ ျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။